Shu Maw
သမိုင်းမကောင်းသူတို့၏ လုပ်ရပ်များ
======================================
======================================
======================================
======================================
ခေတ်အဆက်ဆက်တွင် ပြန်လည်ကြည့်ပါက အာဏာရှင်တို့သည် သူခိုးကလူပြန်ဟစ်ကြမြဲဆိုတာ သမိုင်းက သက်သေခံနေလျှက် ရှိကြပါသည်
ပြည်တွင်းမငြိမ်သက်မှု့များကို ကြည့်ပါက ရေရာတိကျသော ဖေါ်ထုတ်ဆောင်ရွက်မှု့များကို လုပ်ဆောင်ခြင်းမရှိခဲ့ကြပါ
ယ္ခုလည်း အမျိုးစားဒီမိုကရေစီ အဖွဲ့ချုပ်မှ ခြေဥ ပြင်ရန်နှင့် အောက်ခြေထိ ကွန်းဆင်းပညာပေးဟောပြောပွဲများ ပြုလုပ်သည်နှင့်
ပြည်သူများကြောက်လန့်၍ မထွက်ရဲစေရန် ချိန်ကိုက်ဖန်တီးနေကြပေပြီ ၎င်းတို့သည် နိုင်ငံရေးလှည့်ကွက် နိုင်ငံရေးအမြတ်ထုတ်တာ ဖြစ်လင့်ကစား
လာမည့် ဒီဇင်ဘာလတွင် sea game ပြိုင်ပွဲကြီး ကျင်းပါ့ကြပေတော့မည် ထိုအတွက်၎င်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးအတွက်၎င်း ထိခိုက်နိုင်သည်ဆိုတာ သိရက်နှင့် နိုင်ငံရေးအမြတ်ထုတ် လုတ်ကြံနေကြလေသည်
သိက္ခာတရားဆိုတာ မရှိသော၎င်းတို့အတွက် အာဏာအတွက်မူ ပြည်သူအားလုံးအားချနင်းကြမည်မှာ သမိုင်းကသက်သေခံနေပါသည်
ထို့ကြောင့် လွတ်လပ်မှု့အားမြတ်နိုးသော မြန်မာတိုင်းရင်း လုပ်သားပြည်သူအပေါင်းတို့သည် ဆင်ကောင်ကြီးမြင်နေရပါပြီ ၎င်းတို့၏ နိုင်ငံရေးလှည့်ကွက်များကို တွေးတောနားဝင်မှု့ မရှိကြပါရန်နှင့်
အရှိကိုအရှိအတိုင်း မြင်အောင်ကြည့်ရန် ကြိုးစားသင့်ကြပါသည် လွတ်လပ်မှု့ကိုပေးလိုက်ပါက ၎င်းတို့ချယ်လှယ်နိုင်သော အခြေအနေမှ လက်လွှတ်လိုက်ရမည်ကို စိုးရိမ်နေသောကြောင့်
ကမ္ဘာ၌ သိက္ခာကျခြင်းကို၎င်း စီးပွါးရေပိတ်ဆို့မှု့များအား၎င်း စဉ်းစားနေမည်မဟုတ်ဘဲ အာဏာဆက်လက်ချုပ်ကိုင်နိုင်ရေးအတွက် ဘာမဆိုချစတေးကြပါလိမ့်မည်
မြန်မာပြည်သူများဆင်းရဲနေကြခြင်း နိုင်ငံဖွင့်ဖြိုးမှု့နိမ့်ကျနေခြင်းတို့သည် ၎င်းတို့တရားခံပင် ဖြစ်ပါသည် နိုင်ငံတကာပိတ်ဆို့ခံရမှု့ကြောင့် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ရှိမနေခြင်းက
ပြည်သူများအားတိုက်ရိုက် ထိခိုက်စေခြင်းဖြစ်နေပါတော့သည် ထိုအချိန်တွင်မူ ၎င်းတို့သည် နတ်စည်းစိမ်ရသည့်အလား ပျော်ပွဲစားခဲ့ကြတာကိုလည်း သမိုင်း၌ တည်ရှိနေပါသေးသည်
ပြည်သူသည် သားသ္မီးဖြစ်သည့်အားလျှော်စွာ အုပ်ချုပ်သူများသည် မိဘသဖွယ်ဖြစ်နေပါသည် သားသ္မီးများ၏အနာဂါတ် သားသ္မီးများ၏ ကောင်းမှု့ဆိုးမှု့သည် အုပ်ချုပ်သူနိုင်ငံ့ခေါင်းဆောင်များတွင် လုံးဝ လုံးဝ တာဝန်ရှိပါသည်
တို့ကြောင့် ၈၀%နှုန်းသော ဆင်းရဲသားလူတန်းစားများသည် ဆင်းရဲမွဲတေမှု့ကြောင့် ပညာရေးအား ဆုံးခန်းတိုင်နေဘို့ဝေးစွ အရွယ်မတိုင်မှီမှာပင် လုပ်ငန်းခွင်ဝင်၍ တစ်ဝမ်းစာအတွက် မလုံလောက်ငွေကြေးအား ရှာဖွေနေကြရပါသည်
လူချင်းတူသော်လည်း လူဖြစ်ရှုံးနေပါသော မြန်မာပြည်သူများမှာ အဘယ်လောက်မျှရှိနေမည်ကို ကျွှန်ုပ်တို့ခန့်မှန်း၍ပင် ရနိုင်ပါလေသည် ထို့ကြောင့် တိုင်းရင်းသားညီအကို မောင်နှမများသည်
လွတ်လပ်သော လုံချုံသော တရားမျှတသော ဒီမိုကရေစီစနစ်သို့ ရရှိရန် နှစ်ပေါင်း ၂၅ နှစ်ကျော် တိုက်ပွဲဝင်ခဲ့ကြရပါသည် ယ္ခုတိုင်ပင် တိုက်ပွဲက ပြင်းထန်နေဆဲဟု ခေါ်ရပေလိမ့်မည် ထို့ကြောင့် ပီပြင်သော ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နိုင်ရန် အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အထူးပင်လိုအပ်နေပါသည်
ထိုသို့ပြင်ဆင်နိုင်မှသာ ပြည်သူ၏ဥပဒေ ပြည်သူ၏အစိုးရစစ်စစ် ဖြစ်လာနိုင်ပါလိမ့်မည် ပြည်သူများအားတင်ယူ၍ ဒီမိုကရေစီစနစ်သို့ဟုဆိုကာ လှေလှော်ပြနေပါသော်လည်း ငုတ်၌ချည်ထားသောကြိုးအား မဖြုတ်သေးသည်မှာ မြင်သာထင်သာ ရှိနေရပါပြီ
အထူးတင်ပြလိုသည်မှာ ခေါင်းဆောင်ကောင်းကို ရွေးချယ်မှု့ မမှားကြပါရန် အထူးပင်လိုအပ်လှပါကြောင်း စေတနာရှေ့ထား၍ တင်ပြလိုက်ရပါသည်
ရှု့မော်
၁၅း ၁၀း ၂၀၁၃
အင်္ဂါနေ့ ည... ၁၁း ၂၇ မိနစ်
feeling အော့နှလုံးနာ ဖြစ်နေခြင်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။