ပြည်သူချစ်အနုပညာရှင် ဗိုလ် ကလေးဦးတင့်အောင်ဟာ ခရစ်သက္က ရာဇ် ၁၉၂၂ခုနှစ်၊ ဇွန်လ ၃ရက်နေ့ စနေနေ့၊ မနက် ၇နာရီအချိန် ဘိုကလေးမြို့မှာ ဖွားမြင် ခဲ့သူဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ်၊ ဇွန်လ၃ရက်နေ့မှာ တော့ အသက် ၉၁နှစ်ပြည့်ခဲ့ပါပြီ။ ဗိုလ်ကလေးဦးတင့်အောင်သည် ပြည်သူ ပရိသတ်များချစ်ခင် သလို၊ ရုပ်ရှင်ေ လာကသားများကလည်း လေးစားမြတ်နိုး တန်ဖိုးထားကြပါတယ်။ အနု ပညာလောကမှာ ပရိသတ်များ အတွက် ဇာတ်ကားကောင်းများစွာကို ဖန်တီးပေး သလို၊ တေးသီချင်း ကောင်းများကိုလည်း မွေးဖွားပေးတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အောက်တိုဘာ ၁၃ရက်နေ့မှာ ကျရောက် မယ့် မြန်မာ ရုပ်ရှင်နေ့မှာ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တစ်သက်တာ ဆုချီးမြှင့်သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒါကြောင့် ဘဘဗိုလ် ကလေးဦးတင့်အောင်ရဲ့ တွေ့ ကြုံ ဖူးခဲ့တဲ့ အနုပညာလောကမှ အမှတ်တရ များကို ပေါ်ပြူလာ ဂျာနယ်မှ တွေ့ဆုံမေးမြန်းခဲ့ ပါတယ်။
မေး- မြန်မာ့ရုပ်ရှင်လောက သမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ရုပ်ရှင်နေ့နဲ့ ပတ်သက်ပြီး ရှေ့မီ နောက်မီ အနုပညာရှင်ကြီး တစ်ဦးအနေနဲ့ ဘဘ
ဗိုလ်ကလေး ဦးတင့်အောင် တွေ့ကြုံခဲ့ပုံကို သိပါရစေ။
ဗိုလ်ကလေး ဦးတင့်အောင် တွေ့ကြုံခဲ့ပုံကို သိပါရစေ။
ဖြေ- အဲဒီတုန်းက ဘဘကိုယ် တိုင် အနုပညာလောကထဲကို ဝင်လာဖို့ ရုန်းကန်နေတုန်း အခြေအနေပါ။ သတင်းစာထဲ မှာပဲ ဖတ်ရတယ်။ ဘဘနယ်မှာ ရှိနေတုန်းဆိုပေမယ့် ကိုယ်က ဒီလောကကို စိတ်ဝင်စား ဝါသနာပါတဲ့ သူတစ်ယောက် ဖြစ်တဲ့ အတွက် ဘဘအားလုံးကို ဖတ်ပြီး သိအောင်လုပ်တယ်။ ရွှေတိဂုံနောက် ဘက် ဖွင့်ပွဲလား မမှတ်မိတော့ဘူး။ အဲဒီဖွင့်ပွဲမှာ မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးက တာဝန်ယူတဲ့အတွက် လည်း ဖြစ်တယ်။ ဗိုလ်ချုပ် အောင်ဆန်းက ပြည်သူ တစ်ရပ် လုံးကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ် ဆိုတော့ ရုပ်ရှင်သမား တွေ ဘယ်လောက်ထိ ပြည်သူ အကျိုးပြုအလုပ် လုပ်သလဲဆို တာ သူကရိပ်မိမှာ သိမှာပေါ့ လေ။ အနုပညာရှင်တွေက ရှေးအခါတွေ ကတည်းက ပြည်သူလူထုကို ဖျော်ဖြေရေး ရော၊ပညာရေးရော၊ အမျိုးမျိုး သော အထောက်အပံ့ကို ဝိုင်းဝန်းလုပ်ပေးနေတယ်။ အနု ပညာအားဖြင့် လုပ်ပေးတာကို လူကြီးတွေက သိတယ်။ အား ပေးတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်က တက် ရောက် အားပေး တာပါ။
မေး- ရုပ် ရှင် အစည်း အရုံးလို့ တစ်သမတ်တည်း မဖြစ်ခင်ကတည်းက ပြဇာတ် တွေရှိခဲ့တယ်။ ဘဘလက် လှမ်းမီသလောက် ပြောပြ ပေးပါ။
ဖြေ- ဗိုလ်ချုပ်က အဲဒီအချိန်မှာ ပြဇာတ်တွေကိုလည်း အားပေး တယ်။ ရုပ်ရှင်ရယ်လို့ ဖြစ်လာ တာက ဒုတိယ ကမ္ဘာ စစ်ပြီးတဲ့ အချိန်မှာ ရုပ်ရှင်အစည်း အရုံးဆို တာ ဖြစ်ပေါ်လာ တယ်။ ရုပ်ရှင်အစည်း အရုံး ကလည်း ပဒေသာကပွဲတွေ လုပ်လာတာပဲ။ ပြဇာတ်တွေ လည်း ဆက်လက်က မြဲပါပဲ။ လုပ်တဲ့အချိန်မှာ ဗိုလ်ချုပ် အောင်ဆန်းသာမက ဗိုလ် ချုပ်ရဲ့ ကတော် ဒေါ်ခင်ကြည် လည်း တက်ရောက် အားပေး တာကိုလည်း သတင်းစာတွေ ထဲမှာ ရေးသားဖော် ပြခဲ့ပါတယ် ဆိုတော့ အဲဒီပုံကြီးတွေက ရုပ်ရှင်အစည်းအရုံးမှာ သက် သေပါ။ ဘဘတို့က ကိုယ်တိုင် ရိုက်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရုပ်ရှင် အစည်းအရုံးမှာ တော့ ပုံက သက်သေရှိ ပါတယ်။ ခေတ်အဆက်ဆက်က ဦး ဆောင်တဲ့ နိုင်ငံခေါင်း ဆောင်လူကြီးတွေက အနု ပညာနယ်ပယ်က အနုပညာ ရှင်တွေကို အမြဲတပြေးညီ ကူညီတယ်။ ကြည့်ကြတယ်။ နိုင်ငံတစ်ခုကို ပြုစုပျိုး ထောင်နေတဲ့ အချိန်မှာ အသီး သီးသော ပုဂ္ဂိုလ်တွေဟာ တာဝန် ကျရာကို ဆောင်ရွက်ကြတယ်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာ ရေး၊ ပညာရေးအပြင် ဘဘတို့ အနုပညာရှင်တွေက ပြဇာတ်၊ ဇာတ်လမ်း၊ဂီတ၊ သဘင်အား ဖြင့်လည်း ကိုယ်ကျရာ တာဝန် ကို ကျေပွန်စွာလုပ်ဆောင်နေ ပါတယ်။
မေး- မြန်မာနိုင်ငံရုပ်ရှင်နေ့ကို စတင်ကျင်းပခဲ့ကြတယ်။ အခု ဆိုရင် နှစ်ပေါင်း ၉၃နှစ်တိုင် တည်တံ့ခိုင်မာစွာ ရှိလာပါပြီ။ ရုပ်ရှင်အစည်းအရုံး လို့ဆိုလာရင် အဖွဲ့အစည်း တစ်ခုမှာ အဓိကလိုအပ်တဲ့ အရေးပါတဲ့အရာလို့ ပြောရင် ဘဘရဲ့ အမြင်က ဘယ်လိုရှိ ပါသလဲ။
ဖြေ- အနုပညာသမားဆိုတာ ကိုယ်ဝါသနာပါတဲ့ အနုပညာ နယ်ပယ်ကနေပြီးတော့ ကျရာ တာဝန်ကို ထမ်းဆောင် ကြ တာပါ။ ဘဘတို့ခေတ်က ဝင်ခွင့်လက်မှတ်လည်း မရှိ ပါဘူး။ဆရာတပည့်နဲ့ ဝင်ပြီး တော့ လုပ်ကြတာပါ။ ၁၉၂ဝ ခုနှစ်လောက် ကတည်းကစပြီး အခု ၂ဝ၁၃ခုနှစ်ထိ ခေတ် အဆက်ဆက် တည်လာခဲ့ပြီ။ စစခြင်း အစည်း အရုံးအသင်း အဖွဲ့မရှိဘဲ ကိုယ့်ဟာကိုယ် ကြိုးစားလာကြတယ်။ နောက်မှ အစည်းအရုံး အသင်းအဖွဲ့ ရယ် လို့ ဖြစ်လာကြတဲ့ အခါမှာ ပိုပြီး စည်းလုံးလာကြတယ်။ အရင်က အစည်းအရုံးမရှိခင်က တာဝန် ကျတဲ့ ပုဂ္ဂိုလ်တွေကလည်း တာဝန်ကို ကျေပွန်စွာ ထမ်း ဆောင်တယ်။တို့ အစည်းအရုံး လည်း စည်းကမ်းရှိရှိနဲ့ တာဝန် ကျေအောင် ထမ်းဆောင်ဖို့လို တယ်။ အဲဒီလို ထမ်းဆောင်မှ ပရိသတ်နဲ့တကွ လူကြီးတွေက လည်းကြည့်ကြမယ်။ အရင်က ဆိုရင် တတ်ကြတဲ့ အနုပညာ လေးနဲ့ အများ ပြည်သူ ကို ဖျော်ဖြေရင်းကနေ ဆက်သွယ် လာကြရာမှ အခုတော့ ရုပ်ရှင်အစည်းအရုံး ဆိုတာ လည်းရှိလာပါပြီ။ နှစ်ရှည်လ များ တည်ဆောက်လာပြီးပြီ။ ရုပ်ရှင် သမားအ များစု ပေါင်း ထားတဲ့ ရုပ်ရှင်စည်းရုံး ကြီးက လည်း ကြိုးစားပမ်းစားနဲ့ လုပ် ဆောင်လာတဲ့ ရုပ်ရှင်နေ့ ၉၃ နှစ်ထိ တိုင်ခဲ့ပြီ။ ဒါကြောင့် ဆက်လက်ပြီး အများပြည် သူက ပေး အပ်တဲ့ တာဝန်ကို ကျေကျေပွန်ပွန်နဲ့ ထမ်းဆောင် ဖို့လို တယ်လို့ ပြောချင်တယ်။ ကိုယ့်တာဝန်ကို ကိုယ်သိပြီးရင် လောကသာယာအောင် လုပ်ဆောင်မယ်။ ညီညွတ်မယ် ဆိုရင် ဒါအရေးအပါဆုံး အလို အပ်ဆုံးပါပဲလို့ ပြောချင် တယ်။
မေး- ရုပ်ရှင်ဆိုတာ အများ ပြည်သူအတွက် နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊ ပညာရေး စတဲ့ အရာတွေမှာ ထိထိ ရောက်ရောက် ပညာပေး နိုင်တဲ့အပေါ် ဘဘရဲ့ အမြင် ကို လည်း ပြောပြပေးပါ။
ဖြေ- ဘဘတို့က အနုပညာ လို့ပြောရင် ပြည်သူတွေကို ဖျော်ဖြေပေးတယ်။ ပြည်သူတွေ ဘာလိုချင်လဲ။ ဘာလိုအပ်လဲ အရင်လေ့လာပြီးမှ ပေးမယ်။ ပြီးမှ ကိုယ်ပေး ချင်တာကို ပေးတယ်။ ပညာကို တုံးတိမပေး ပါဘူး။ အနက်အဓိပ္ပာယ်ရှိရှိနဲ့ ဖွဲ့နွဲ့ပြီးမှ ပေးတယ်။ လူ့လောက မှာ ကျန်းမာရေးက အရေးကြီး တယ်။ မူးယစ်ဆေးဝါးဆိုရင် ရုပ်ရှင်၊ဂီတ၊သဘင်၊ စာပေက အစ ပညာပေးတယ်။ မူးယစ် ဆေးဝါးအင်မတန် ကြောက် စရာကောင်းတယ်။ ဒီမူးယစ် ဆေးဝါးတွေက စိတ်ကို ပြောင်း လဲစေ တတ်တဲ့အရာ ဖြစ်တယ်။ ဖြူစင်တဲ့စိတ်ကို အရောင်ဆိုးတာလည်း ဒီ အရာပဲ။ ပညာတတ်ပေမယ့် ပတ်ဝန်းကျင်က ဆွဲခေါ်တာ ကိုပါပြီး ဘဝတွေ ဆုံးသွား တာ လည်းရှိတယ်။ အဲဒါကို အနုပညာရှင်တွေက ပညာ အသိပေးခြင်းနဲ့ လုပ် ဆောင် ကြတယ်။ ကိုယ်က အနုပညာ ရှင်မို့ ပညာပေးဇာတ် လမ်းတွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုေ ရး ကျန်းမာရေးစတဲ့ အရာတွေကို ပညာပေးရင် ကိုယ်တိုင်က သူတစ်ပါးအတု ယူနိုင်ရမယ်။ကိုယ်က သရုပ်ဆောင်မို့ကို သရုပ်ဆောင်ရ တဲ့ ကာရိုက်တာ ကို ကိုယ်ပေါင်း စိတ်ခွာနိုင် ရမယ်။
မေး- ရုပ်ရှင်အစည်းအရုံးက လောကသားတွေ စည်းစည်း လုံးလုံးနဲ့ အနုပညာအလုပ်တွေ ပရဟိတတွေ လုပ်ဆောင်နေတဲ့ အခါမှာ အခန့်မသင့် ဖြစ်ပေါ် တတ်တဲ့ လူ့စိတ် သဘော သဘာဝနဲ့ ပတ်သက်ပြီး ဘဘ သုံးသပ်ပေးပါဦး။
ဖြေ- ရုပ်ရှင်အစည်းအရုံးဒီ့ထက် တိုးတက်ဖို့ဆိုတာ လူငယ်တွေ မေးတော့ ဘဘက ပြောပြ တယ်။ နာမည်ဆိုတာ ဘယ် သူကမှ ချောမွေ့ပြီး တစ်သက် လုံး အကောင်းေ နနိုင် တယ်ဆို တာမရှိပါဘူး။ လောကမှာ အမှားအယွင်းဆိုတာဖြစ်တတ် ပါတယ်။ အမှားကို အမှား မှန်းသိရင် ပြင်ရပါမယ်။ မပြင် တာက အမှားပဲ။ဒီတော့ ကိုယ့် မှားသွား တာကို ပြောပြီး တော့ ဆက်လုပ်နေရင် အဲဒီလူက တော်ကြာ ဒုက္ခရောက်မယ်။ ကိုယ်လုပ်တာ မှန်တယ်ထင်ပြီး အများအမြင်မှာ မှားနေရင် ဟုတ်သားပဲ ငါမှားသွားတယ် ဆိုတာ ပြန်မပြင်သင့်ဘူးလား။ လူရယ်လို့ဖြစ်လာရင် အမှားနဲ့ မကင်းပါဘူး။ ကိုယ် မှားတာကို သိရင်ဝန်ခံလိုက်ပါ။ အဲဒီ ဝန်ခံ ခြင်း မလုပ်တာလည်း အင် မတန်ဆိုးတယ်။ ကိုယ့်အနုပညာ လောကသားတွေ လူအများ အပြောမခံရအောင် နေကြဖို့ လိုတယ်။ အပြစ်နည်းရင် အပြစ် ပြောတာခံရခြင်း နည်းပါးသွား မယ်။အဲဒီတော့ အများ အပြစ် ပြောတာမခံရအောင် အပြစ် တွေနည်းအောင်နေကြပါ။ စည်းလုံးကြပါ။
မေး- မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ငွေရတု၊ ရွှေရတု၊ စိန်ရတု ကာလတွေကို ကျော်လွန်ခဲ့ပြီးပြီဖြစ်တဲ့ အတွက် နှစ်တစ်ရာပြည့် ပွဲ တော်ကို ကျင်းပတဲ့အခါမှာ ဘဘဖြစ်ချင်တဲ့ ဆန္ဒရှိပါ သလား။
ဖြေ- သိပ်ရှိတာပေါ့။ ဘဘအသက်က ၉၁ နှစ် ကျော်သွားပြီ။ ဘဘကိုယ် တိုင်လည်း အသက်တစ်ရာနေ ချင်တာပဲ။ ဘာဖြစ် လို့လဲ ဆိုတော့ အလုပ် လုပ်ချင်လို့။ ရုပ်ရှင် အစည်းအရုံးကို ငွေရတု၊ ရွှေ ရတု၊ စိန်ရတုထိတိုင် အောင် ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး ပြီ။ ခုဆို နှစ် ၁ဝဝပြည့်လုပ်ကြ တော့မယ်။ဒါကို မိဘပြည် သူတွေကလည်း စိတ်ဝင်စား ကြမှာပဲ။ အကောင်းဆုံးဖြစ် အောင် ကြီးကြီးကျုယ်ကျယ် ခမ်းခမ်းနားနားဖြစ်အောင် ခုကတည်းက ကြိုတင်ပြင် ဆင်ကြပါ။ ဘဘ နှစ်၁ဝဝ ပြည့်မီ ခဲ့ရင်လည်း ဘဘလည်း အင်တိုက် အားတိုက် ပါဝင် မှာပဲ။အခုလည်း အကြံÓဏ် တွေ တောင်းရင် ဘဘက ရှေု့ဆုံးက ပေးမှာပဲ။
မေး- ဘဘဘဝမှာ ငယ်ငယ် တုန်း က၊ သန်မာတဲ့ အရွယ်တုန်းက ကိုယ်ဖန်တီးခဲ့တဲ့ အနုပညာလက် ရာတွေကို ပြန်တွေ့ရင် ငယ်ငယ် တုန်းက ဘဝအမှတ်တရတွေ ကို ပြန်လွမ်းမိပါသလား။
ဖြေ- အနုပညာသမားဆိုတာ ဘဝ အာမခံချက်မရှိဘူး။ ပိုက်ဆံ ကျိန်းသေပေါက်၊ ပင်စင်လစာ ကျိန်းသေပေါက် ရမယ်လို့ အာမခံချက် မရှိဘူး။ လခမရှိပေမယ့် လခထ က် ကျော်တာလည်း ရှိသလို၊ လခ လောက် မရှိတာလည်း ရှိတယ်။ ကိုယ်ဖန်တီးလိုက်တဲ့ အနု ပညာကို ကိုယ်ပဲ တန်ဖိုးကို သိ တယ်။ သီချင်း၊ ဝတ္ထု၊ ဇာတ် ကားရိုက် လည်း ဒီလိုပဲ ကိုယ် ဖန်တီးလိုက်တဲ့ အနုပညာ လက်ရာတစ်ခုကို ပြန်ပြီး မြင်နေရင် သြော် ငါအဲဒီတုန်း က အဲဒီလိုလုပ်ခဲ့ပါလား ဆိုပြီး ပီတိဖြာတယ်။ သူများ ကို မေတ္တာပေး တယ်။ မေတ္တာ ပြန်ရရင်ပဲ ပီတိဖြာလှပါပြီ။
ထူးထူး
ဓာတ်ပုံ-မင်းမင်းထွန်း
ဓာတ်ပုံ-မင်းမင်းထွန်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။