နွားမတွေ သားမွေးတဲ့ အခါ နွားသားပေါက်နဲ့ အတူ ထွက်ရှိလာတဲ့ နွား အချင်း ကိုလူတွေက စွပ်ပြုပ်လုပ်သောက်လေ့ရှိတယ
တစ်နိုင်တစ်ပိုင် မမွေးမြူဖူးတဲ့ သူတွေ ကတော့ ကြားရတာနဲ့ နှာခေါင်းရှုံ့ ကြမယ်ထင်ပါတယ် ။ နောက်ပြီး ရှာရှာဖွေဖွေ အစားအသောက် ပက်စက်တယ်လို့လည်း ပြေကြလေမလားဘဲ ။
ဘယ်လိုဘဲ ပြောပြော အဲဒီနွားချင်းစွပ်ပြုတ်ဟာ တော်တော် အရသာကောင်းတဲ့ စွပ်ပြုပ်တစ်မျိ...ုးဖြစ်တယ် ဆိုတာကိုတော့ စားဖူးတဲ့ သူမှပဲသိမှာပါ ။
ကျတော်တို့ ငယ်ငယ် အိမ်မှာ နွားမမွေးခင်က အိမ်နီးချင်းနွားပိုင်ရှင်အ
ပေးလေ့ရှိပါတယ် ။ လာပို့ တဲ့ သူကလည်း ရှားရှားပါးပါး စားခွင့် ကြုံစေချင်တဲ့ စေတနာနဲ့ စားအသောက် ကောင်းတစ်ခုကို မျက်နှာလုပ်ပြီး လာပို့တာမျိုးဖြစ်ပါတယ် ။ အဲဒီ အခါမျိုးမှာ
ကျတော်တို့ မိသားစုတစ်စုလုံးက နွားချင်းစွပ်ပြုပ်ကို တော်တော်ကို ကြိုက်ကြတယ်ဆိုတော့ အိမ်ရှိလူစေ့ စားရအောင် နည်းနည်းလေးစီ မျှဝေပြီးစားသောက်လေ့ရှိပါတ
တော်တော်ကိုကောင်းတဲ့ စွပ်ပြုတ်တစ်မျိုးပါ ။ ၀က်ခြေတောက်စွပ်ပြုပ်တို့ ဆိပ်ပုဆိုးကြမ်း စွပ်ပြုပ်တို့ နဲ့ဆို နှိုင်းလို့ မရအောင်ကိုကောင်းတာ..။
ကျတော်တို့ အိမ်မှာ နွားမွေးပြီးနောက်မှာတော့ အိမ်က နွားမမှာ ကိုယ်ဝန်ရလာပြီဆိုရင် ကိုယ်ဝန်သည်နွားမကြီးရဲနို့
မဟုတ်ပါဘူး အနည်းဆုံး 2 နာရီလောက်ကြာလေ့၇ှိပါတယ် ။ တစ်ခါတစ်လေ နေ့ တစ်ဝက်လောက်တောင် ကြာသွားတတ်သေးတယ် ။ နွားမကြီးရဲ့ မွေးလမ်းကြောင်းမှာ တန်းလန်းကြီး ကျန်နေခဲ့ တဲ့နွားချင်းဟာ လူလစ်တုန်း ပြုပ်ကျသွားခဲ့ ရင် နွားမကြီးက သူ့ အချင်းကို သူပြန်စားလိုက်ကြတယ် ။ အဲဒီလို ဆိုရင် နွားကလေး မွေးမှ တစ်ခါ စားခွင့် ကြုံလေ့ရှိတဲ့
နွားချင်းစွပ်ပြုတ်နဲ့ ဝေးရတော့တာဘဲ။ဒါကြောင့်မို့
နွားမကြီးရဲ့မွေးလမ်းကြောင်
အဲဒီလို နွားချင်းစွပ်ပြုပ်ကို အသေလဲ ကြိုက်တဲ့ ကျတော်ဟာ တစ်နေ့ ( ကျတော်တို့ အိမ်မှာ နွားမမွေးခင် ) အိမ်နားက နွားမကြီးတစ်ကောင် နွားသားလေးမွေးတာကို သွားကြည့်မိတဲ့ အခါမှာတော့ ....တို့စားနေတဲ့ နွား အချင်းဆိုတာ နွားကလေး အမိဝမ်းကနေကျွတ်ပြီးနောက် နွားမကြီးရဲ့  မွေးလမ်းကြောင်းမှာ သွေးသံရဲရဲနဲ့
တန်းလန်းကြီးကျန်နေသးတဲ့ ဟာကြီးပါလား..ဆိုပြီး သိသွားတော့ အဲဒီနွားချက်စွပ်ပြုပ်ကို ဘယ်လိုမှ စားချင်စိတ်မရှိတော့ ဘူး ။ ဒါပေမယ့် လည်း သိပ်မကြာလိုက်ပါဘူး ကျန်တဲ့ အိမ်သားတွေ စားနေတုန်း မွေးနံ့ လေးတွေရနေတော့ မနေနိုင်ဘဲ ပြန်စားမိသွားတော့တာ အခုထိပါဘဲ ....။ အဲ.....အခုထိဆိုတာ မဟုတ်ပါဘူး ။ ကျတော်တို့ အဲဒီ နွားချင်းစွပ်ပြုပ်ကို မစားခဲ့ ရတာ 10 နှစ်တောင် မကတော့ ဘူးဘဲ ။ ရွာမှာ တစ်နိုင်တစ်ပိုင် နွားမွေးမြူတာတွေ တစ်စစ ပျောက်ကွယ်ကုန်တော့ နွားချင်းစွပ်ပြုပ်မပြောနဲ့
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။