Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 11, 2013

Artist Review

 
► ဂီတလောကထဲ စဝင်ဖြစ်ပုံနဲ့ အတွေ့အကြုံ လေးတွေ ပြောပြပေးပါဦး။
ကျွန်တော် ဆယ်တန်းဖြေပြီးတော့ ၂ဝဝ၂ ခုနှစ်မှာ ရန်ကုန်ရောက်တယ်။ ၂ဝဝ၃ ခုနှစ် မတ်လ ၈ ရက်နေ့မှာWanted လူစုံစဖွဲ့တယ်။ ၂ဝဝ၄ ခုနှစ် ဂျူလိုင် ၁၉ မှာ ရောင်ခြည်ဆိုတဲ့ အခွေစ ထွက် တယ်။
► မွေးရပ်မြေဖြစ်တဲ့ ရခိုင်မှာ ဖျော်ဖြေခဲ့တဲ့အခါ ဘယ်လိုခံစားမိလဲ။
ရန်ကုန်ပွဲတွေလောက်ပဲ Wanted နဲ့ တီး ဖြစ်တာ။ နယ်ပွဲတွေ တစ်ခါပဲဆိုဖူးတယ်။ စစ်တွေ မှာ အဲဒီတုန်းက တစ်ယောက်တည်း လိုက်သွားတာ ရခိုင်အဆိုတော်တွေချည်းပဲ။
 
► Wanted အနေနဲ့ရော ရခိုင်မှာ ကိုယ်တိုင် စီစဉ်ပြီး ဖျော်ဖြေဖို့ စိတ်ကူးရှိလား။
လောလောဆယ်တည်ထားတဲ့အထဲမှာတော့ မပါသေးဘူးဗျ။ အခြေအနေတစ်ချက်ကြည့်လိုက် ဦးမယ်။ လုပ်ချင်တာတော့ တစ်နိုင်ငံလုံးကိုလုပ်ချင် တာ အခြေအနေပေးသလောက်ပေါ့။
► ဖော်ကာအနေနဲ့ ဘယ်အချိန်လောက်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုပြင်းထန်လာပြီး လုပ် ရတာ လွယ်ကူလာတယ်လို့ထင်လဲ။
ဒီအလုပ်လုပ်ကတည်းက ယုံကြည်မှုအပြည့်နဲ့ပဲ လုပ်တာ။ အရမ်းကြီး အကြီးကြီးလည်းမမျှော်လင့် ထားဘူး။ ဒီဟာလေးလုပ်နေရရင်ပဲ ကျေနပ်တယ် ဆိုတဲ့ ယုံကြည်မှုလောက်တော့ရှိတယ်။ လုပ်ရကိုင် ရတာကတော့ ကွာတာပေါ့။ အဲဒီတုန်းက တိုင်ပတ် တယ်။ ဒုတိယအခွေ ‘ငါ့ဂီတ ငါ့ဗီဇ’ ထွက်ပြီးစအထိ တိုင်ပတ်တုန်းပဲ။ စားဝတ်နေရေးကအစ။ အခုတော့ အဲဒီလောက် မပင်ပန်းတော့ ဘူး။ နည်းနည်းလေး ထမင်းလေးဝပြီး လုပ်ရတာပေါ့။ ပြီးတော့ ပရိုဂျူ ဆာ ကောင်းမှုတွေပေါ့။ ပရိုဂျူဆာကောင်းတွေနဲ့ တွေ့ခဲ့တော့ သူတို့ရဲ့ ကျေးဇူးတွေနဲ့ အေးအေးဆေး ဆေးလေးလုပ်ရတယ်။
 
► အခက်အခဲတွေအများကြီးကျော်ဖြတ်ပြီးမှ ဒီ နေရာကို ရောက်လာတဲ့Wanted အနေနဲ့ ရုန်း ထွက်ခဲ့တဲ့ အခက်အခဲထဲက အမှတ်တရတစ်ခု လောက်ပြောပြပါဦး။
၂ဝဝ၅ ခုနှစ်လောက်တုန်းက စိတ်ဓာတ်ကျ ပြီး ပြန်သွားတယ်။ မလုပ်ချင်တော့ဘူး။ ရောင်ခြည် ကလည်း မဖြစ်တော့ ယုံကြည်မှုရှိတယ်ဆိုပေမယ့် စိတ်ကတော့ လူ့စိတ်ဆိုတော့လေ ယိုင်တိုင် တိုင် လေးဖြစ်သွားတယ်။ နယ်ပြန်ပြီး ဘုန်းကြီးဝတ်တယ်။ ၁ လခွဲထက်ပိုမနေနိုင်ဘူးဗျ။ မရဘူးသွားမှာပဲ ဆို ပြီးတော့ ပြန်လှည့်လာတယ်။ ပြီးတော့ စိတ်ထဲမှာ ယုံကြည်ထားတာတစ်ခုက ကိုယ်ကောင်းတာလုပ် ရင် ကောင်းတာဖြစ်မယ်။ ခံယူချက်ပြင်းပြင်းထားရင် တစ်နေ့မဟုတ်တစ်နေ့ဖြစ်မှာပဲ။ ပေးရတာချင်းတော့ ကွာမယ်။ ကံအကျိုးပေးချင်းကွာတာကိုးနော်။ တချို့ ကတော့ လွယ်လွယ်လေးနဲ့ဖြစ်မယ်။ တချို့ကတော့ ခက်ခက်ခဲခဲနဲ့ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဖြစ်တဲ့ ဟာလေးကို တန်ဖိုးထားတတ်ရင် ခံယူချက်ပြင်းပြင်း ထားရင် ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။

► ကိုသားကြီး (ဒွေး)အတွက်လည်း သီချင်းရေး ပေးဖူးတယ်နော်။ အဲဒီအကြောင်းလေးလည်း ပြော ပြပါဦး။
ကိုသားကြီးက ၂ဝဝ၆ ခုနှစ်လောက်တုန်းက ပရိုဂျူဆာ ကျွန်တော့်ကိုထုတ်တော့မယ်ဆိုပြီးတော့ သူ Sound Track တွေ လိုက်ရေးဖို့ဆိုပြီး ကျွန်တော့်ကို မေမြို့ခေါ်ထားတယ်။ ကျွန်တော့် အသက် ၁၉ နှစ်လောက်တုန်းကပေါ့။ နောက်ပိုင်းကျ တော့ သူက သဘောကျပြီးတော့ ပြန်လာရင် အခွေ ထုတ်မယ် PTL မှာ date ယူလိုက်တို့ဘာတို့ ပြောထားပြီးသွားပြီ။ ပြီးတော့ ရောက်လာပြီး သိပ် မကြာဘူး သူ ဆုံးသွားရော။ ရွှေတောင်ကြီးပြိုကျ သွားတာပေါ့။

► ကိုသားကြီးနဲ့ ဘယ်လိုတွေ့တာလဲ။
၂ဝဝ၅ ခုနှစ်လောက်တုန်းက ကိုမောင်မောင် ဇော်လတ်တို့နဲ့ The Ant ရှိုးနဲ့ Refound of Regin ဆိုပြီးတော့ Band တွေချည်းပဲ လုပ်မယ် ဆိုပြီးလုပ်ကြတာလေ။ အဲဒီမှာကိုသားကြီးက သဘောကျတယ် စပွန်ဆာပေးတယ်။ တစ်ပွဲပဲလုပ် ဖြစ်လိုက်ပါတယ်။ AIDSဝေဒနာရှင်တွေကို လှူတဲ့ ပွဲလေးပေါ့။ ဒီမှာ အဲဒီလောက် မရင်းနှီးဘူး။ ကိုသားညီ ကျွန်တော့်ဆီမှာ သီချင်းအပ်တယ်။ သူ့ကို သီချင်းပေးတာ အဲဒီသီချင်းကို ကိုသားကြီး က ကြိုက်တယ်။ နောက်ပိုင်း သူတို့အခွေထဲမှာ သီချင်းဝင်ရေးဖြစ်သွားတာပေါ့။ သူ့ဆီမှာကျတော့ ကလေးလိုဖြစ်သွားတယ်။ သူကိုယ့်ကို တော်တော် ချစ်ပါတယ်။ အမှတ်တရပဲ ကိုယ့်ကိုဆို ‘သောက်က လေး’ လို့ခေါ်တယ်။
► ‘ငါ့ဂီတ ငါ့ဗီဇ’ မှာ SIR Group နဲ့ တွဲနေ ပြီလား။ ဘယ်လိုအခြေအနေမျိုးလဲ။
‘ငါ့ဂီတ ငါ့ဗီဇ’ တုန်းက အောင်လနဲ့ တွတ်ပီ (Raymond)ကတော့ ပါတာပေါ့။ ပထမဆုံးစတွဲ ကတည်းကWanted ၊ Idiots ဆိုပြီး တွဲလာတာ ကိုး။ ၂ဝဝ၅ ခုနှစ်ဇန်နဝါရီလောက်ကတည်း က ပေါ့နော်။ နောက်ပိုင်းကျတော့ အောင်လထပ် ရောက်လာတယ်။ သုံးယောက်ဖြစ်သွားတယ်။ ကိုကျား(ဟန်ထူးလွင်)နဲ့ကလည်း အစကတည်းက ခင်နေတာဆိုတော့ ပွဲတွေလည်း အတူတူတွဲေ နပြီး Family ပုံစံလေးလုပ်ကြမယ်ဆိုပြီးလုပ်ဖြစ်သွား တာပါ။ ဒါပေမဲ့ ‘ငါ့ဂီတ ငါ့ဗီဇ’ တုန်းကတော့ Raymond နဲ့ အောင်လနဲ့က တစ်ခွေလုံး Backing တွေ အကုန်လိုက်ဆိုထားကြတယ်။
► Wanted တစ်ခုတည်း လုပ်ရတာနဲ့SIR အနေနဲ့ တွဲလုပ်ရတာ ဘယ်လိုကွာခြားလဲ။
အားရှိတာပေါ့။ ဘယ်အရာမဆို စည်းစည်း လုံးလုံးလုပ်ရတာ အကောင်းဆုံးပဲပေါ့နော်။ တစ် ယောက်တည်းအားထက်စာရင် အဖော်ရှိတာပေါ့။ မိသားစုလိုပေါ့။ စိတ်ညစ်ပြီး ပြန်လာရင် အဖေ၊ အမေ၊ ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ရင် စိတ်ချမ်း သာသွားတယ်။ အားပေးဖော်ရှိတယ်ပေါ့။ တစ် ကောင်ကြွက်နဲ့ မိသားစုနဲ့ ကွာသလိုပါပဲ။
► ပူးပေါင်းတဲ့အခါ မတူညီတာလေးတွေရှိရင် ဘယ်လို ညှိနှိုင်းဖြေရှင်းကြလဲ။
ကျွန်တော်တို့က တဲ့ပဲပြောတာဗျ။ ကျွန်တော် တို့SIR တွေဆိုလည်း ခဏခဏ ရန်ဖြစ်နေကျပဲ။ ဟိုတစ်လောက ပရိုဂျူဆာ I entertain က နေလ အိမ်မှာ အကုန်စုံလိုက်တယ်။ ပြဿနာတွေက အကုန်ငြိနေကြပြီ။ မန်နေဂျာ ဒီမိုကနေပြီးတော့ ဆုံ မယ်ဆိုပြီးတော့ ဆုံလိုက်တယ်။ သူမကျေနပ်တာ သူပြောတယ်။ ကိုယ်မကျေနပ်တာ ကိုယ်ပြောတယ်။ သူမကြိုက်တဲ့ဟာ ကိုယ်ပြင်မယ် ကိုယ် မကြိုက်တဲ့ ဟာသူပြင်၊ အဲဒီလိုမျိုး ညှိလိုက်ရင်ပြီးပြီ။ ဘာလို့ လဲဆိုတော့ မိသားစုထဲမှာတောင်မှ မောင်နှမ အချင်းချင်းလည်း တစ်ခါတလေကျရင် အထစ်အ ငေါ့လေးရှိသေးတာပဲ။ ကြာလာရင်တော့ အဆင် ပြေသွားမှာပါ။ အဲဒီလို ရန်မဖြစ်ရင်လည်း ကျွန် တော်တို့ပေါင်းပြီး တရားစခန်းဝင်ရုံပဲရှိမယ်။ ဒီ အလုပ်လုပ်လို့တော့ မရဘူး။
► တခြားအတွဲခွေတွေနဲ့ SIR နဲ့ကျတော့ သီ ချင်းရွေးချယ်မှုအပိုင်းတွေ ဘာတွေမှာ ဘယ်လိုမျိုး တွေကွာခြားလဲ။
တခြားအခွေတွေဆို နည်းနည်းလေး ငဲ့ရ တာပေါ့။ ပရိုဂျူဆာငဲ့ရတာတို့ဘာတို့ရှိတာပေါ့။SIR ကျတော့ လုပ်ချင်ရာကိုလုပ်တာ။ ဒီ SIR အခွေတုန်းကဆို သီချင်းကို Tempo တောင် မချိန် လိုက်ကြဘူး။ ကိုယ့်သီချင်းကိုယ်သွင်းလာပြီးတော့ ရော့ ငါသီချင်း ၃ ပုဒ်ကွာဆိုပြီး အားလုံး ကိုယ် ကြိုက်တာကိုယ်လုပ်လာကြတာ။ နောက် အခွေ လည်း အဲဒီလိုပဲလုပ်မှာ။ အစကတည်းကလည်း ဒီလူတွေက ဒီအလုပ်လုပ်တာနည်းနည်းအချိန်ကြာ ပြီဆိုတော့ အဲဒီလောက်တော့ နည်းနည်းတွေး တတ်တာလည်း ပါတာပေါ့နော်။ ကိုယ့်သီချင်း Tempo ကို ကိုယ့်ဘာသာချိန်လိုက်တာပေါ့။
► ဖော်ကာရဲ့ရင်ထဲမှာ တခြားမျှော်လင့်ချက် ကြီးကြီးမားမားတွေရောရှိဦးမလား။
အဲဒီလိုစိတ်ကိုမရှိတာ။ ဒါလေးလုပ်နေရရင် ကို ကျေနပ်ပြီ။ ဂရမ်မီဆုယူမယ်တို့ ဘာတို့ အဲဒီလို မျိုးတွေပြောရမှာ သိပ်ပြီး ပါးစပ်က မဆန့်ဘူး။ အရမ်းကြီးဟော့ကြီးဖြစ်ဖို့လည်း ဘယ်တော့မှ မ မျှော်လင့်ခဲ့ဘူး။ အဲဒီအလုပ်ကို ခေါင်းထဲလည်း မရှိဘူး။ ဂီတလေးပုံမှန်လုပ်နေရရင် ကျေနပ်ပြီ။
► One Man Show ဘာကြောင့်လုပ်ဖြစ်တာ လဲ။ လုပ်မယ့်အစီအစဉ်လေးတွေလည်း ပြောပြပါ ဦး။
ဆယ်နှစ်ရှိပြီ။ အဆိုတော်တိုင်းကတော့ One Man Show ကို လုပ်ချင်ကြတာပဲ။ ကျွန်တော်တို့Band ကလည်းလုပ်ချင်တယ်။ တစ်ကိုယ်တော် လည်း ၃ ခွေထွက်ပြီးပြီ။ တခြားအတွဲခွေလေးေ တွ လည်းရှိတော့ လုပ်လို့ရပြီလို့ထင်လို့။ ကိုယ်တွေလည်း နေရာတိုင်းပါလေရာငါးပိချက် မဆိုဘူးလေ။ ရှေ့နှစ် က တောင်နည်းနည်းဆိုလိုက်တာ တချို့အရောပွဲတွေ ဆို ၄ ပုဒ်တည်းဆိုလို့ မကြည် ကြဘူး။ အခု SIR ပွဲတွေဆိုတယ်။ အဆင်ပြေမယ့်ပွဲတွေဆိုတယ်။ အခု က ၁ဝ ပုဒ်လောက် ဆိုမယ်ဆိုလည်း မရဘူး။ ဆိုရ တာပဲ ၁၇ ပုဒ်တို့ ဘာတို့။ တောင်ကြီးပွဲတွေဆို မဆင်းရဘူး။ ဒီတစ်ခေါ က်တော့ အားရပါးရဆိုချင်လို့ ၃ဝ ကျော်လောက် ဆိုချင်တယ်။ အဲဒါကြောင့် တောင်ကြီး ပထမဆုံးပေါ့ (ဒီဇင်ဘာထဲမှာ)။ မန္တလေးနဲ့က နှစ်ပတ်ခြားစီလုပ်မှာ။ ဒါပေမဲ့ ရန်ကုန် က နည်းနည်းနောက် ဆုတ်ဖြစ်မယ်ထင်တယ်။ ဘာ လို့လဲဆိုတော့Newyear ပွဲလည်းရှိနေတော့လေ။ အစကတော့ ရန်ကုန်ကို ဇန်နဝါရီလဆန်းပေါ့နော်။ ဒါပေမဲ့ ဇန်နဝါရီနောက်ဆုံးလောက်ဒါမှ မဟုတ် ဖေဖေါ်ဝါရီ ပထမအပတ်ထဲလောက်လုပ်ဖြစ်မယ် ထင်တယ်။ တောင်ကြီးနဲ့ မန္တလေးကကျတော့ ကိုယ့် ဟာကိုယ်လုပ်တာဗျ။ ရန်ကုန်ပွဲကတော့ ကျွန်တော့် ပရိုဂျူဆာကို ပေးထားတယ်။ ရိုက်ကူးရေးလေးပါ လုပ်ချင်လို့လေ။ အခွေထွက်မှာ။ သူထုတ်မယ်လို့ ပြောတယ်။ ဒါသူပဲပိုသိမယ်။ ရုပ်သံတွေနဲ့ ချိတ်ဖို့ တော့ လုံးဝအစီအစဉ်မရှိဘူး။ နောက်ဆုံး ကျွန်တော် စဉ်းစားတာတစ်ခုက ရှိုးပြီးတော့မှ ရိုက် ကူးရေးအခွေမထုတ်ဖြစ်ရင် CD နဲ့ အလကားဝေ ပစ်လိုက်မယ်။ အဲဒီလို ရုပ်သံက လွှင့်ဖို့အစီအစဉ် မရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ စင်ပေါ်မှာ ဆိုရတာလည်း ဘယ်လိုကြီးလဲမသိဘူး။ မျက်စိ ဒေါက်ထောက်ကြည့်နေသလိုကြီးဖြစ်နေတယ်။ ခဏနေကျရင် တိုင်ခံရမှာ လက်မှတ်ထိုးရမှာကြောက် နေတယ်။ လာကြည့်တဲ့သူတွေကလည်းRock ရှိုး ဆိုတော့ ပက်လက်ကုလားထိုင်ေ လးမှာ မှီပြီးကြည့် နေလို့ကောင်းတဲ့ဟာမဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ လည်း မရှိဘူးလို့ထင်တယ်။
► Newyear မှာSIR နဲ့ပဲလား။
မနေ့ကမှ လာချုပ်သွားတာSIR ရှိုးလား ဘာလားမသိဘူး။ ဂျွန်လွင်လာ Confirm လုပ် ထားတယ်လို့တော့ပြောတယ်။SIR လို့တော့ပြော တယ်။ အဲဒါ ဒီမိုကိုမေးကြည့်ရမယ်။ ဘာလို့လဲ ဆိုတော့ ဂျွန်လွင်က ရှေ့နှစ်ကလည်း ရောတတ် တယ်။ သင်္ကြန်တုန်းကလည်းရောတယ်။ အဲဒါ ကြောင့်။
► ‘တစ်ယောက်တစ်နေရာမှ’ ထဲက ကိုလေး (လေးဖြူ)နဲ့တွဲဆိုဖြစ်တဲ့အကြောင်းလေး ပြောပြပါ ဦး။
သူကကိုယ့်အတွက် မြူးဇစ်ဟီးရိုးပဲလေ။ ဘဝမှာ ဟီးရိုးကအဖေ၊ ဂီတဟီးရိုးကသူ။ သူ့ကို လူ နေမှုစရိုက်တွေရော ဂီတစိတ်ဓာတ်တွေရော အကုန် လုံး ကျွန်တော်ကလေးစားတယ်။ အဲဒီလို ပဲများပြီး မနေတာတို့ သူနဲ့သိပြီးနောက်ပိုင်း ဆိုင်တွေဘာတွေ ထိုင်ရာကအစ ပိုလေးစားလာတာပေါ့။ လူဆန်တာ ပေါ့။ ဘယ်အချိန်ကြည့်ကြည့် ကိုယ်ဟာကိုယ် မရှက် ရမယ့်အလုပ်တွေပဲလုပ်တာ အဲဒါလေး သဘောကျ တယ်။ ‘ငါ့ဂီတ ငါ့ဗီဇ’ ထွက်ပြီး နှစ်လလောက်မှာ ဖုန်းဆက်လာတယ်။ ဖော်ကာလားပေါ့။ ကိုလေးဖြူ ပါဆိုတော့ နောက်နေတယ်ထင်ပြီး ဟောက်တောင် ဟောက်လိုက်သေးတယ်။ ဘယ်ကောင်လဲ ဟေ့ ကောင် မျက်ခွက်ပြောင်မနေနဲ့ ဘာညာဆိုပြီးတော့ လေ။ ကျွန်တော် IC က လေးဖြူပါခင်ဗျာဆိုတော့မှ ကျွတ်သွားတယ်။ လုံးဝမထင်ထားဘူးလေ။ The Sun က ဖုန်းနံပါတ်ေ တာင်းပြီး ဆက်လိုက်တာတဲ့။ ပထမဆုံးအနေနဲ့ Congratulation ပါ ညီလေး ဘာညာဆိုပြီး သူခေါ်တွေ့ တယ်။ တွေ့ချင်တယ်တဲ့။ ကျွန်တော်က အခုတွေ့မလားလို့ဆိုတော့ မလုပ်ပါနဲ့ ကွာ
မနက်လောက်တော့ လုပ်လိုက်ဆိုလို့ မနက် သွားတွေ့တယ်။ သူသဘောကျတယ်။ သူတတ် နိုင်သလောက် ကူညီပေးမယ်ပေါ့။MTV ရိုက်ဖို့ အကူအညီတောင်းတယ်။ ဆရာကြီးက လုပ်ပေး တယ်။ အခုကျတော့ အခွေလေးမှာဆို ပေးပါလို့ မပြောရဲပြောရဲနဲ့ ပြောတယ်။ ဆိုပေးပါတယ်။နောက် တစ်ခုလုပ်ဖို့ရှိသေးတယ်။ လာဆိုတဲ့နေ့ကလည်း သူ့ကို ထိုင်ကန်တော့မတတ်ပါပဲ။ အခွေမ ထွက်ခင် တစ်ရက်နေ့ကတောင်မှပဲ ဦးရှည်ကြီးနဲ့သွားပြီး အစ်ကို့ကို ကန်တော့ချင်လို့ဆိုတာ မရဘူး။ သူက လက်မခံဘူး။ တစ်ကယ် စိတ်ပါလက်ပါကန်တော့ ချင်လို့ပါ။ မခံဘူးရတယ်။ သူ ကူညီတာေ တာင် နည်းနေသေးတယ်လို့ပြောတယ်။ အဲဒါ အကူအညီ တောင်းရဦးမယ် (ရယ်လျက်။)
Mr. မဂ္ဂဇင်းမှာ လစဉ်တင်ဆက်ပေးနေကျ Artist Review ကဏ္ဍကနေ လွတ်လပ်ပွင့်လင်း တဲ့ ဟန်ပန်တွေနဲ့ လူငယ်ပရိသတ်ရဲ့ ရင်ကို တွန်း ဖွင့်နိုင်ခဲ့တဲ့ ဖော်ကာ (Wanted) ရဲ့ ရင်တွင်း စကား တွေကို ပရိသတ်ကြီး ကျေနပ်လိမ့်မယ်လို့ မျှော်လင့် ပါတယ်။
တင်ထက်
http://www.mrfashionmagazine.com/?p=1002

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။