Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 12, 2013

သူကတော့ ဟန်ထူးလွင်။

Myanmar-Rock-Organization
သူက Big Bag ဆိုတဲ့ တီးဝိုင်းနဲ့အားလုံးအ တွက် ပန့်ခ်ဆိုပြီး ပရိသတ်ရှေ့ကို ပွဲထွက်ခဲ့သူ။ Green Day တီးဝိုင်းရဲ့ ဟန်တွေပါတဲ့ အားလုံးအ တွက် ပန့်ခ်၊ ပန့်ခ်အေ ကြာင်းမပြောနဲ့ စတဲ့ စီးရီး ခွေတွေနဲ့ ပရိသတ်အားပေးမှုတွေ လက်ခံရရှိလာ ပြီးနောက် ကိုယ်ပိုင်သံစဉ်ပန့်ခ်ရော့ခ် သီချင်းများနဲ့ မြန်မာပြည်ဂီတလောကမှာရပ်တည်ခဲ့ပြီး ၂ဝ၁၂ ဝန်းကျင်မှာတော့ Blood Sugar Politik ဆိုတဲ့ တီးဝိုင်းခွဲတစ်ခုကိုလည်း ထပ်မံတည်ထောင်ခဲ့ပြီး တစ်နှစ်အတွင်းမှာ ပြည်ပနို င်ငံတွေမှာပါ ၂ ကြိမ် တိုင် သွားရောက်ဖျော်ဖြေခဲ့သူလည်းဖြစ်ပါတယ်။ သူကတော့ ဟန်ထူးလွင်။သူဟာ Underground အဖွဲ့တွေကိုလည်း လက်တွဲခေါ်ချင်တဲ့ ဆန္ဒရှိပြီး SIR လိုမျိုး Band တွေ အများကြီး ပူးပေါင်းပြီး စည်းစည်းလုံးလုံး သိုက်သိုက်ဝန်းဝန်းနဲ့ ဂီတအလုပ်တွေ ကို ပျော်ပျော် ပါးပါးလုပ်ကိုင်ချင်သူပါ။ ပကာသနမဆန်ဘဲ ပွင့် လင်းတဲ့ ဟန်ပန်မျိုး ကိုလည်း သူ့ဆီမှာတွေ့ရပါတယ်။ Band နှစ်ခုရဲ့ကိစ္စတွေ၊ ပြည်ပဖျော်ဖြေပွဲတွေ၊ ဗီစီဒီရိုက်ကူးမှုတွေနဲ့ အလုပ်ရှုပ်နေတဲ့ကြားက Mr. အတွက် အားတက်သရော အချိန်ပေးတဲ့အတွက် လည်း ဟန်ထူးလွင်ကို ကျေးဇူးတင်ရပါတယ်။

11 copy

► Big Bag နဲ့ စပြီးတော့ အောင်မြင်မှုတွေရ နေတဲ့အချိန်မှာ Blood Sugar Politik ကို ပြောင်းလိုက်တယ်။ ပြီးတဲ့အခါ Lucid ဆိုတာ ထပ် လုပ်လိုက်ပြန်တယ်။ အဲဒီလို တစ်ခုပြီးတစ်ခုပြောင်း နေတာ ဘယ်လိုကြောင့်များလဲ။

အကြောင်းကြောင်းကြောင့်ဆိုတာက Lucid က Band မဟုတ်ဘူးဗျ။ ကိုလက်ဗရေးရှင်း လုပ်တဲ့ Project ပေါ့နော်။ သူတို့ကလည်း ခဏလာတယ်။ ကိုယ့်နဲ့ရင်းနှီး သွားတဲ့ အချိန်ခဏလေး မှာMusic သမားအချင်းချင်းဆိုတော့ လုပ်ပြစရာ ဒါပဲရှိတာ။ တစ်ခုခုထွက်လာတာကို Record လုပ်ပြီးသိမ်းထား တဲ့သဘောပါပဲ။ ပြီးတော့ ဆက်လုပ်ဖို့ကလည်း မသေချာဘူးလေ။ ဆက်သွား မှာကတော့ Big Bag နဲ့ Blood Sugar Politik ပါပဲ။ ဘာလို့ အဲဒါ တွေခွဲပြီး လုပ်နေရလဲဆိုရင် ကျွန်တော် အခွေစထွက် ထွက်ချင်းကတည်းက အခုချိန်ထိ Big Bag နဲ့လည်း ကိုယ်လုပ်ချင် တာတွေလုပ်နေရတာပဲ။ ဒါပေမဲ့ အဲဒီမှာ ကိုယ်စမ်းသပ်လို့ လုပ်ကြည့်လို့ မရတဲ့ဟာတွေလည်း ရှိတယ်။ ဘာလို့လဲဆိုတော့ Commercialize ဖြစ်သွားတာကိုး။ Commercial လမ်းကြောင်းမှာက ကိုယ်လုပ်တဲ့ Product ကို လူတွေအများကြီးဆီကိုရောက်နိုင်သလောက် ရောက်အောင် ဖြန့်မယ် ဆိုရင် သေချာတာကတော့ ကိုယ်ကြိုက်တာချည်းလုပ်လို့ ဘယ်တော့မှ မရဘူး။ အဲဒီတော့ အစောကြီးကတည်းက ကျွန်တော်လမ်း ရွေးခဲ့ရတယ်ဗျာ။

ဘယ်လိုရွေးခဲ့ရလဲဆိုရင် လုပ်ချင် တာတွေလုပ်ပြီးတော့ လူမသိသူမသိနဲ့ပဲ ကိုယ်လုပ်ခဲ့ တဲ့ Music လည်း အရာမထင်ဘူး။ အဲဒီလိုပဲ ပြီးသွားမလား။ လုပ်ချင်တာတွေကို ၅ဝ ရာခိုင်နှုန်း လောက် လျှော့ချပြီးတော့ တစ်ဝက်တစ်ဝက်ဆီ လောက်နဲ့ လူတွေအများကြီး ဆီရောက်အောင် သွား မလား သိတယ်မဟုတ်လား။ မင်းတို့ကြိုက် တာလေး တွေလည်းပေးမယ်။ ငါကြိုက်တာလေးတွေလည်း နည်းနည်းနားထောင်ကြည့်ဆိုပြီးတော့ လုပ်ခဲ့ ရတာကို။ အဲဒီလို လုပ်တော့ အပြောခံရတယ်ဗျ။ အပြောခံ ရတယ်ဆိုတာ တချို့က Commerciailism ကိုလည်း နားမလည်ဘူး။ Commercializeလည်း မလုပ်လိုက်ဘူး။ တချို့က ကျတော့ လုပ်ဖို့အထိလည်း အရည်အ ချင်းမရှိဘူး။ ဒါပွင့်ပွင့်လင်းလင်းပြောတာ။ အဲဒါမျိုးတွေက ကျွန် တော်တို့ကို တိုက်ခိုက်တာမျိုးတွေရှိတယ်။ Punk မစစ်ဘူးတို့ထားပါတော့။ ကြာလာတော့ ကိုယ်က အဘိုးကြီးလည်း မဟုတ်သေးဘူး။ ဘုန်းကြီးလည်း မဟုတ်ဘူး ဆိုတော့ ဒေါသထွက်တာတွေ ရှိတယ်။ စိတ်ထဲက မခံချင်စိတ်ပေါ့ ဘာလို့လဲဆိုတော့ ကိုယ်လုပ်နိုင်တာ ကိုယ်ပဲသိတယ်။ အဓိက တွန်း အားတွေက အဲဒါပဲဗျ။ အဲဒီအချိန်မှာ ကိုယ့်ရဲ့ မခံချင်စိတ်တစ်ခုကြောင့် လုပ်လိုက်တာကိုကြားထဲ က ကိုယ့်ကိုချစ်နေတဲ့ ပရိသတ်ကို မထိခိုက်စေ ချင်ဘူး။

သူတို့စိတ်ညစ်သွားမယ်ဗျာ။ တစ်သက်လုံး လည်း ကိုယ့်ကို အခြေအနေကောင်းလာအောင်၊ ဒီ လောက်အချိန်ထိရောက်လာအောင် သူတို့က စောင့်ရှောက်ပေး တယ်၊ ဖေးမအားပေး တယ်။ ကိုယ်ကတစ်ကိုယ်ကောင်းဆန်လိုက်တာလေးတစ် ခုတည်းနဲ့ သူတို့ကို မထိခိုက်စေချင်ဘူး။ ဒါပေမဲ့ အဲဒီလိုဘေးထိုင်ပြီး ကိုယ့်ကိုဘာမှ အရည်အချင်း မရှိတော့ဘူးလို့ ထင်ရအောင်ပြောနေတဲ့ ကောင် တွေကိုလည်း ပြန်ပြီးတော့ ”အေး မင်းတို့ ငါဘာ ကောင်လဲ ဆိုတာပြချင်သေးတယ်” အဓိကက အဲဒါ ပဲ။ အဲဒီ Conflictကြားမှာ ကျွန်တော်က Band ကို ခွဲလိုက်ရတယ်။ ကိုယ်လုပ်ချင်တာတစ်ခုကြောင့်နဲ့ ကိုယ့်ကို ရှေ့မှာ တောက်လျှောက်အမာခံ အားပေး လာတဲ့ ပရိသတ်ကို မထိတော့ဘူး။ နောက်ပြီးတော့ ပိုဆိုးတာက ဒီကြားထဲမှာလုပ် ရင်လည်း Commercialize လုပ်လာပြီးမှ ပရိသတ်မင်း နားမှာ ခိုင်သွားပြီဆိုမှ ဝုန်းဒိုင်းထကြဲပြ တယ်လို့ အဲဒါမျိုးတွေကလည်းလာဦးမယ်။ လူတွေရဲ့ ပါးစပ် က သိပ်ကြောက်ဖို့ကောင်းတာ။ အဲဒီတော့ အေး မင်းတို့ပြောချင်တဲ့ ကောင်တွေက ပြောကြတော့ မင်းတို့ပြောချင် တိုင်းပြောဖို့ အဲဒီမှာ ငါ Big Bag ကို ထားပေးထားတယ်။ Blood Sugar Politik ကိုတော့လာမပြောနဲ့ သေ သွားမယ်ဆိုတာ မျိုး ကျွန်တော် အခုလုပ်တာ။

► ဒါဆိုရင် Big Bag မှာတော့ အစ်ကို့အကြိုက် ပရိသတ်အကြိုက်မျှထားတယ်။ BSP မှာတော့ ကိုယ့်စိတ်ကြိုက်တွေချည်းပဲ လုပ်ထားတာပေါ့။

ဟုတ်တယ်။ ကိုယ့်ဖက်ကလည်းCommercialize လုပ်ရလွန်းအားကြီးတော့ ဘာဖြစ်လာ လဲဆိုတော့ Big Bag ခွေထွက်ပြီး နားထောင်ပြီး ရင် ကိုယ်မကြိုက်တဲ့ဟာတွေ လည်းရှိတယ်။ ကိုယ် ကျော်ကျော်ပြီး နားထောင်နေရတာတွေလည်းရှိ တယ်ဗျ။ အဲဒီတော့ တစ်ခွေလုံး ကိုယ်ဂုဏ်ယူရတဲ့ အခွေဖြစ်ချင်တယ်ပေါ့နော်။ လူကြိုက်တာ မကြိုက် တာ အဲဒါကျတော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူးဗျ။ ငါလုပ်ချင်တာတွေ လုပ်ထားတယ်ဆိုတာ ပြလို့ရ တယ်ပေါ့နော်။ ကိုယ်တကယ်လုပ်ချင်တာ ဘာလဲ ဆိုတာလည်း ပရိသတ်က ကြာလာတော့ မသိတော့ ဘူးဗျ။

► အဲဒီလို ခွဲလိုက်တဲ့အခါမှာ ဝေဖန်သံတွေ လည်း ညံခဲ့တယ်လေ။ အားလုံးက Big Bag နဲ့ အ ရိုးစွဲနေတာဆိုတော့ BSP ထွက်လာတဲ့အချိန်မှာ သံစဉ်တွေက တစ်မျိုးေ တွပြောင်းပြီးေ တာ့ ခြောက် ခြောက်ကပ်ကပ်ကြီးဖြစ်နေတယ်တို့ ဘာတို့လည်း ပြောကြတယ်။ အဲဒီလို ဝေဖန်သံတွေဖြစ်တဲ့အချိန် မှာရော အစ်ကို့ အနေနဲ့ ငါ့ပရိသတ်ေ တွတော့ ငါ့ ကို တစ်မျိုးထင်မှာပဲလို့ နောင်တရတာတွေရှိလား။

ဟင့်အင်း။ တစ်ခါမှ မဖြစ်ဖူးဘူး။ နောင်တ မရမယ့်အလုပ်မျိုးပဲလုပ်တယ်။ ဘာလို့လဲ ဆိုတော့ ဝေဖန်တာတွေကလည်း ပထမစစချင်း BSP နဲ့ Big Bag နဲ့ကို မကွဲဘူး။ သူတို့ဖက် ကလည်း ကိုယ့်ကို ချက်ချင်းကြီး ခွဲကြိုက်ပေးဖို့ဆိုတာ ဘယ် လိုလုပ်လွယ်မလဲ။ ကျွန်တော် အားလုံးကို နားလည် ပေးတယ်။ သူတို့လည်း ကိုယ့်အသံနဲ့ ကိုယ့်ဂစ်တာနဲ့ ကိုယ့် Mixing နဲ့က တစ်သက်လုံး အသားကျနေ ပြီဆိုတော့ ရုတ်တရက်ပြောင်းလာတဲ့အချိန်မှာ မခံ နိုင်ဘူးပေါ့ေ နာ် ပြောကြတာပေါ့။ အခု မပြောတော့ ဘူးလေ။ ပြောတာကလည်း ဘယ်လောက်မှ မ ကြာ ဘူး။ နောက်ပိုင်းကျသိသွားတယ်။BSP က BSP ပဲ Big Bag က Big Bag ပဲ။ ကျွန်တော် တို့က Mixing တောင် မတူအောင် လုပ်ပြချင်တာ ကိုး။ အဲဒီတော့ ရုတ်တရက် ကျွန်တော်တို့ ထွက် နေတဲ့ အသံက မတူတော့ဘူး။ ဟိုတစ်နေ့ကဆို နည်းနည်းလေးချောက်ချားတယ်။ Jam it မှာ ဆိုတုန်းကလေ။ ဘယ်လိုလဲဆိုတော့ ကျွန်တော် BSP ဆိုပြီး စတီးကတည်းကိုက ၆ဝ% လောက် က နိုင်ငံခြား သားတွေပဲရှိတဲ့နေရာမှာချည်း တီးခဲ့ရတာ။ ကိုယ် လုပ်တဲ့ပွဲတွေအကုန်လုံးက လာတာတွေ အများစုက နိုင်ငံခြားသားတွေဆိုတော့ သူတို့နဲ့က ကိုယ်က ပြဿနာမရှိတော့ဘူး။ အခု တကယ် Jam it မှာ ဆိုရမယ်ဆိုတော့ ဗမာတွေ လာမယ်။ ငါ့ကို Big Bag နဲ့မှ ကွဲပါ့မလား။ Big Bag သီ ချင်းတွေဆိုခိုင်းမှာလား၊ ဘာလို့လဲဆိုတော့ ဒီလူတွေ ပဲကိုး။ ဆိုခိုင်းနိုင်တယ် မဆိုရင် တချို့အလိုက် မသိတဲ့ လူတွေက ဆဲနိုင်တယ်။ ကျွန်တော့် Band က လူ တွေကိုလည်း ကြိုပြော ထားတယ်။ ငါတို့ဆဲရင် ဆဲ ခံရမှာနော်။ ဘာလို့လဲဆိုတော့ ငါတို့က ဒီအချိန်မှာ အသစ် Big Bag တွေဘာတွေ ခေါင်းထဲမရှိနဲ့ မိန်းမကိုလည်း ကြိုပြောထားတယ်။ သူက လိုက် ကြည့်ချင် တယ်။ အေးလိုက်ကြည့်ရင်လည်း လိုက် ကြည့်။ ငါဆဲရင်လည်း ဆဲခံရမှာ။ အကုန်ပြောထား တယ်။ ပြောထားပြီးမှ ကဲဆဲရင်လည်း ဆဲတော့ဆို ပြီး ရင်ကော့ပြီးတော့ ဝင်သွားတာ။ ဒါပေမဲ့ ကိုယ် ထင်တာထက် အများကြီး ပိုကောင်း တယ်။ စတက် လာကတည်းက Band လို့တောင် မအော်ဘူး။ Band လို့ပဲ အော်တာဆိုတော့၊ အဲဒီလိုမျိုးကျတော့ ကျေးဇူးလည်း တင်ရတယ်ဗျ။ အဲဒီလို ကိုယ့်နောက် ကို ကိုယ့်ကိုနားလည်ပေးပြီး ပြန်လိုက်လာတဲ့အခါ ကျတော့လေ။ သူတို့အနေနဲ့လည်း အောင့်ထားရမှာ ပဲ။ တစ်ခါတလေ Big Bagသီချင်းတွေကြားချင် တာတွေ ဘာတွေ ရှိတယ်လေ။ ဒါပေမဲ့ ကိုယ်က လည်း Big Bag နာမည်နဲ့ ဒီပွဲကို တက်လာတာ မဟုတ်တော့ Blood Sugar သီချင်းပဲဆိုချင်တယ် လေ။ ဟုတ်တယ်မဟုတ်လား။ Big Bag အနေနဲ့ တက်ဆိုရင်လည်း ကျန်တဲ့ Band တွေကပြောမှာ ဒီကောင်လာပြီးတော့ ပွဲလာခံနေပြန်ပြီ ဆိုပြီး ပြော မှာ (ရယ်လျက်)။ အခုခေတ်မှာ အပြောလွတ်ဖို့က အရမ်းခက်တာ။ ကိုယ်က Blood Sugar အနေ နဲ့ဆိုပြန်ရင်လည်း အောက်ကဆဲမှာလည်း ကြောက် ရသေးတယ်။ ဒါပေမဲ့ အဲဒီနေ့က လူတွေက တော် တော်နား လည်ပေးတယ်ဗျ။ နောက်ပြီးတော့လိုက် လည်းဆိုကြတယ်။ ကျွန်တော် မထင်ထားဘူး။ ‘ဘာလုပ်မလဲ’ တို့ဘာတို့ လိုက်ဆိုကြတယ်။ ကျွန် တော်အရမ်းအံ့သြသွားတယ်။ တစ်ယောက်မှ မသိ ဘူး။ ပရိသတ်ကို Fan Page ‘O’ ဆိုပြီးလာတာ။ အနည်းဆုံးတစ်ယောက် နှစ်ယောက်သိဆိုတော့ လည်း ပျော်တာပေါ့။

► အစ်ကိုတို့ဆို ဟိုးအရင်ကတည်းက ရှိုးပွဲတွေ တီးပြီဆိုရင် ဒီလို Jurniss ပွဲတို့ Fifhty Bar မှာလုပ်တဲ့ပွဲတို့ အဲဒီလိုမျိုးလေးတွေက ဒီဖက်ပိုင်းကျ မှပေါ်လာတာလေ။ ဟိုးအစ်ကို တို့ ခေတ်တုန်းက မရှိခဲ့ဖူးဘူးလေ။ အဲဒါလေးတွေနဲ့ ပတ်သက်လို့ အမှတ်တရေ လးတွေ ပြောပြပေးပါဦး။

လုပ်ခဲ့ဖူးတယ်ဗျ။ မအောင်မြင်တာ။ ကျွန် တော်ကြိုးစားခဲ့ဖူးတယ်။ အရင်တုန်းက တစ်ပွဲမှ မရခဲ့လိုက်ဘူး။ တစ်ခေါက်မှာ နောက်ဆုံး ကျွန် တော်ဘယ်လိုဖြစ်လည်းဆိုေ တာ့ ကရဝိတ်မှာ (အဲဒီ တုန်းက SIR လည်း မရှိသေးဘူး)။ New Year ရောက်ဖို့ ငါးရက်လောက်အလိုမှာ New Year ပွဲ လုပ်မယ့်သူ ကရဝိတ်မှာ မရှိဘူးဆိုတော့ ကျွန်တော် နဲ့ ဇုံဇုံနဲ့ အဲဒီပွဲ date ကို ကိုယ့်ဘာသာကိုယ် ပိုက် ဆံတွေစိုက်ပြီးတော့ ယူလိုက်ရော။ ယူပြီးတော့ ကိုယ့်ဘာသာကိုယ် Under ground တွေနဲ့ လုပ် မယ်ဆိုပြီးလုပ်တယ်။ အဲဒီတုန်းကကျတော့ ldiots တို့ဘာတို့က အခွေမထွက်သေးဘူးလေ။ အဲဒီတုန်း က အဲဒီ Band တွေပါတယ်။ Side Effect တောင်ပါလားမသိ ဘူး။ ဖော်ကာတို့ ဘာတို့ အဲဒီ Band တွေ ခေါ်ပြီးသွားတော့ ပွဲတော့ ဖြစ်သွား တယ်။ သိပ်ပျော်စရာမကောင်းဘူး။

လင်းလင်းတို့ သအိုတို့ လာဆိုပေးတယ်။ ဒါပေမဲ့ စက်ငှားတာတို့ ဘာတို့ကအစ ကိုယ့်ဟာကိုယ် လိုက်လုပ်ရတယ်။ နောက်ကိုယ်ပါနေတော့ Underground အစစ် ကြီးလည်း မဟုတ်သွားပြန်ဘူး။ အဲဒီတော့ Feeling မလာဘူး။ ကိုယ်လိုချင်တဲ့ ပျော်ရွှင်မှုလည်းမရဘူး။

စိတ်ရှုပ်ရတာတွေ များတယ်ဆိုတော့ တော်ပြီပေါ့ နော်။ အဲဒီတုန်းကတော့ ကိုယ့်ဟာကိုယ် Main String ထဲမှာပဲ Main String အလုပ်တွေပဲ လုပ် ရတော့မယ်လို့ ထင်လိုက်တာ။ နောက်ကျတော့ လည်း သူဟာသူ ဖြစ်သွားတာပဲ။ အခုကျတော့ အကုန်အဆင်ပြေတယ်။ Foreigner တွေ လုပ် တာကိုး။ Jam it ဆိုလည်း တစ်ယောက် ပါတယ်။ သူတို့ကျတော့ Artist ကိုလည်း ပိုနားလည်တယ်။

အဲဒီလိုပွဲမျိုးလေးတွေက ဘယ်တော့လောက် မှာ ထွန်းကားလာတာလဲ။ Side Effect တို့ဆို လည်း အခုနောက်ပိုင်း Club တွေမှာ ပွဲတွေ လုပ် တယ်လေ။

Fifty Art မှာ ကျွန်တော် စလုပ်တာဗျ။ Fifty Art Idea လေ။ ကျွန်တော်နဲ့ Side Effect စ တဲ့ အချိန်မှာFifty Art ကို သဘောကျနေတာကြာ ပြီ။ အဲဒီမှာ ကိုင်မယ်ေ ပါ့နော်။ အဲဒီလို ကွပ်ပျစ် လေးသေးသေးမှာပဲ။ အဲဒီလို နေရာကပဲ စရမှာ ပဲဆိုပြီး လုပ်တာ။ လုပ်ပြီးတော့မှ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ နယ်ချဲ့သေးတယ်။ ကုက္ကိုင်းရေကူး ကန်မှာ ပြောင်းလုပ်ကြည့်သေး တယ်။ အစက အဲ ဒီလောက် မလွတ်လပ်တော့ လုပ်လို့ မရဘူးလေ။ ကျွန်တော်တို့ဆီမှာ အရင်တုန်းက ဘာလုပ်လို့မရ ဘူးလဲဆိုတာတောင်မှ သေချာမသိတာ။ လုပ်ကြည့် ပြီး မရတော့မှ သြော် ဒါမရပါလားဆိုပြီး မှတ်လိုက် ရတာကိုး။ အခုနောက်ပိုင်း ရလာပြီဆိုတော့ ကျွန် တော်အခွေလေး စမ်းထုတ်ကြည့်တယ်။ အင်္ဂလိပ် လိုတွေချည်းပဲ ဘုတ် ကလေး ထောင်ကြည့်တယ်။ နောက် Show လေးတွေ၊ အဓိကက အဲဒီတုန်းက ပါမစ်လည်း မလျှောက်နိုင်ဘူးလေ။ ဟို ကုမ္ပဏီအ ကြီးကြီးတွေက Commercialize ချနေကြတဲ့ Show အကြီးကြီးတွေလောက် ဘယ်လိုမှ ဒီဖက် ကလိုက်လုပ်လို့ မဖြစ်နိုင်ဘူးပေါ့နော်။ ပျော်ရွှင်တာ ကျတော့ လည်းမတူဘူး။ Indie ပွဲတွေမှာ ပျော် တာမျိုးလည်း ကိုယ်ကပျော်ချင်တယ်။

► အဲဒီလိုပွဲမျိုးလေးတွေ လုပ်ခွင့်ရတာ ဒီ ၂ဝ၁ဝ ဝန်းကျင်လောက်ကထင်တယ်နော်။ဟုတ်တယ်။ ဒီမိုကရေစီရပြီးမှ။အဲဒါက အဲဒီလိုမျိုးနဲ့ရော ဆိုင်နေမလား။

ဆိုင်တာပေါ့။ အခုပေးလုပ်တဲ့သူတွေ တော် တော်များများက Foreigner တွေဗျ။ Fifty Art ဆိုလည်း မြန်မာသာပိုင်ကြည့်ပြောလို့ရချင်မှရမှာ။ ကိုယ့် Music နားေ ထာင်ပြီး မင်းငါ့ဆိုင်ထဲ ဘာလာ ဆူညံမှာလဲ ဆိုတာမျိုးလာမှာကိုး။ အဲဒီတော့ ကိုယ် ကလည်း အဲဒီလိုခေတ်နဲ့လိုက်ပြီးေ တာ့ အမြင်ရှိတဲ့ သူတွေနဲ့ သွားစကားပြောမိဖို့ ကလိုသေးတယ်။ နောက်ပိုင်းတော့ ဖြူးသွားပြီလေ။ ကိုယ့်ဟာကိုယ် ဘာလမ်းကြောင်း ဘာလမ်းကြောင်းဆိုတာ ပေါ် လာပြီ။Jam it ဆိုဗျာ။ ပါမစ်တွေ ဘာတွေ လည်း အရေးမကြီးဘူး။ ဆိုင်အတွင်းလေးမှာပဲဆိုတော့ အဲဒီလိုမျိုးကပဲ စရမှာပဲ။ စပြီးတော့ အခု တဖြည်း ဖြည်းကြီးလာမှာပေါ့။

► ပြည်ပမှာဆိုရင်တော့ အဲဒီလိုပွဲမျိုးလေးတွေ သူ့နေရာနဲ့သူ ရှိတယ်ပေါ့။

ပြည်ပက ကြီးတယ်။ ဟနွိုင်းကပွဲဆိုရင် လည်း Indie ပွဲပဲဗျာ။ လာကြည့်တဲ့သူတွေက တစ် ယောက်မှ မသိဘူး။ စင်ကာပူ၊ မလေးရှား အဲဒီလို တခြားမြို့တွေကလာတာ။ သူတို့နိုင်ငံက တစ် Band ပဲပါတာ။ ဒါပေမဲ့ အပြည့်ကြီးပဲ။ ဒီမှာက အဲဒီလို အသစ်ဆိုရင် ကြည့်ချင်တဲ့စိတ်များ လာဖို့လို တယ်။ အခုမရှိဘူးမဟုတ်ပါဘူး။ Face Book မှာ ဆို သွားချင်တယ်။ သွားကြည့် မယ်ဆိုတဲ့လူတွေ များလာပြီလေ။ အရင်တုန်းက Underground ပွဲဆိုရင် သိပ်မသွားချင်တာတို့ ဘာတို့ရှိသေးတယ်။ အခု သေဘာေ ပါက္သြားၿပီ။ အသစ်တွေ မိုက်တယ် ဆိုတာကို တဖြည်းဖြည်း ခံစားတတ်လာပြီပေါ့။

► ကျွန်တော်တို့ဆီမှာ Punk က ကိုမျိုးမျိုးတို့ဘာ တို့ လုပ်ခဲ့တယ်။ အဲဒီအချိန်တုန်းက သိပ်မသိကြ သေးဘူး။ အဲဒီအချိန်မှာ အားလုံးအတွက် ပန့်ခ် ဆိုပြီး ကိုကျားပေါက် အခွေထွက်လာတယ်။ သီချင်း လေးတွေကလည်း နားစွဲလွယ်တော့ လူကြီးလူငယ် တွေက Punk ဆိုရင် ဟန်ထူးလွင် ပဲပြေးမြင် ကြ တယ်။ အစ်ကို စောစော က ပြော သလို တံဆိပ်မ တပ်တော့ဘူးဆိုတာကရော။

စစထွက်ချင်းတုန်းက Band ထဲမှာ ကျွန်တော် အငယ်ဆုံး။ ကျွန်တော့်စကားကိုလည်း တစ်ယောက် မှ နားမထောင်ကြဘူး။ ကျွန်တော်ပြောတာက ကျွန် တော်က ဆရာကြီးမဟုတ်ဘူး။ ကျွန်တော် Drum တီးတယ်။ ကျွန်တော်တို့နဲ့ အလုပ်လုပ်ခဲ့တဲ့Vocal သမားတွေရှိတယ်။ အဆင်မပြေဘူး။ မပြေလို့ ကိုယ့်ဟာကိုယ် ကိုယ့်သီချင်း ကို Demo လုပ်ပြီး သီချင်းရောင်း စားမယ်ဆိုပြီး လုပ်ရင်းနဲ့မှ Producer တွေ့ပြီး အခွေထွက်ခဲ့ရတယ်ပေါ့။ ကျွန် တော့် ဆုံးဖြတ်ချက်က အဲဒီအခွေမှာ Percentage အရမ်းနည်းတယ် (ပထမနှစ်ခွေလုံး)။ အဲဒီအချိန် မှာ ကျွန်တော် ကိုယ့်ဟာကိုယ်လုပ်ဖို့အတွက် ပိုက် ဆံစုနေပြီ။ အဲဒီနှစ်ခွေထဲမှာလည်း Copy တွေ ဘာတွေပဲ လုပ်တတ် တယ်ဆိုတဲ့ ကောင်ဖြစ်မှာစိုး လို့ မိုးထက်တစ်ခွေလုံးကို ကျွန်တော်ကိုယ် တိုင်Producer လုပ်ခဲ့တယ်။ တစ်ခွေလုံးကျွန်တော် ရေးတယ်။ တစ်ပုဒ်ပဲ ဒီကောင်ရေးတာ။ ကျွန်တော် ကိုယ်တိုင်တီးတယ်။ လုပ်နိုင်တယ်ဆိုတာလေးကို ဘေးကနေ ကျွန်တော့်မှာ အဲဒီလိုသွယ်ဝိုက်ပြီး ပြခဲ့ ရတယ်။ ဗီလိန်စပြီးလုပ်ကတည်းကိုက ကျွန်တော် ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်ခြေကိုယ့်လက်လုပ်ရတော့မယ် ဆိုတော့ အကုန်လုံးကို Brake လုပ်တယ်။ လူပြန် စုတယ်။ အရှေ့မှာ အဲဒီလို Punk နာမည်တပ်တယ် ပဲထားပါေ တာ့။ အခုချိန်မှ ကျွန်တော် Punk ကို သိပ်ကြိုက်ပါတယ် မပြောချင်ဘူး။ သူတို့ထင်ချင် တာတွေ ထင်နေကြပါစေ။

ကျွန်တော်အစက မျိုး မျိုးရဲ့ Ghost Rider တီးဝိုင်းမှာ Drum သမား ဖြစ်ချင်ခဲ့တာ။ ကျွန်တော်ကြိုက်တဲ့ ဂစ်တာသမား ကိုဝေဘုန်းဆိုတာလည်း အဲဒီမှာတီးတယ်။ မျိုးမျိုး ကိုယ်တိုင်ကလည်း ကျွန်တော့်ကို ခေါ်ဖူးတယ်။ သူ့ Band မှာတီးဖို့။ ဒါပေမဲ့ ကျွန်တော် ဆယ်တန်းမှာ အဆောင်နေလိုက်ရတဲ့အတွက် မတီးလိုက်ရ ဘူး။ မ ဟုတ်ရင် ကျွန်တော် Drum သမားပဲဖြစ်သွားမှာ။ ကျွန်တော် တကယ်အခွေထွက်လာတော့ ကိုမျိုးမျိုး ကို ကျွန်တော် ဘယ်လောက်ကြိုက်ကြောင်း၊ The Ant ကို ဘယ်လောက်ကြိုက်ကြောင်းပြောတယ်။

ဒါပေမဲ့ ကိုယ့်ကို အသိအမှတ်ပြုလားဆိုတော့ မပြု ဘူးဗျ။ ကိုမျိုးမျိုးဆိုလည်းအင်တာဗျူးတစ်ခုမှာ ကျား ပေါက်အောင်မြင်တာ Copy သီချင်းတွေကြောင့် အောင်မြင်တာ ဆိုပြီး ဖြေခဲ့တယ်။ အရမ်းအံ့သြသွား တယ်။ Copy ဘာလို့ဆိုခဲ့ရလဲဆိုတဲ့အခြေအနေတစ် ခုက ကိုယ့်မှာရှိတယ်ဗျ။ ကျွန်တော် အဲဒါကို လိုက် ပြီးတော့ ကျွန်တော့်ကို သနားကြပါဗျာ။ ကျွန်တော် က အခြေအနေ မကောင်းလို့ Copy ဆိုရပါတယ် လို့ ဘယ်တော့မှ မပြောခဲ့ဘူး။ အပြောကို ကျွန်တော် ခံမယ်ပြောကြ။ နောက်ပြီးတော့ ကိုယ်သာ Copy တစ်ခုပဲ လုပ်ပြီး ကျန်တာ ဘာမှမလုပ်နိုင်တဲ့လူ ဆို ရင်တော့ ကိုမျိုးမျိုးပြောတဲ့စကားက ကျွန်တော်လုံးဝ မြေကြီးပေါ်မှာသဲဖြစ်သွားပြီ။ ကိုယ်အရမ်း ကြိုက်ခဲ့ ရတာ တအားလေးစားရတာဗျာ။ သူ့အခွေအကုန် လုံး ကျွန်တော့်မှာရှိခဲ့ဖူး တယ်။ ကိုယ်ပြီးတော့ ထွက် လာတဲ့ Punk Band တစ် Band ပေါ့နော်။ အဲဒီ တုန်းကလည်း အားလုံးက ကိုယ့်ကို Punk Band လို့ထင်နေတဲ့အချိန် ကိုယ်ကလည်း ကိုယ့်ကိုယ်ကိုယ် Punk Band လို့ ခံယူထားတဲ့အချိန်၊ သီချင်းအများ စုကိုလည်း Punk သီချင်းဖြစ်အောင် တီးခဲ့တဲ့အ ချိန်၊ အရမ်းသဘောကျတယ် သူတို့သတ္တိရှိတယ် ပေါ့။ ကိုယ့်ကျအကောင်းတစ်ချက်မှ မပြောဘူး။ ကိုယ်ကူညီခဲ့တာတွေလည်းရှိ တယ်။ သူတို့ လုပ်ချင် တယ်ဆိုရင် အကြံဥာဏ်ပေးတာရော၊ အကုန်လုပ် ပေးတယ်။ ပြောစရာ၊ တွယ်စရာရှိရင် ကိုယ့်ကို ထိပ်ဆုံးက တက်ပြောတယ်။ အဲဒီလို ဖြစ်လာတဲ့ အ ခါကျတော့ ကိုယ်ကလည်း ကြာတော့ ချဉ်လာရော။ ကိုယ့်ကို ပိုပြီးတော့ လုပ်နိုင်လာအောင် Push လုပ်တာတွေက အဲဒီလူတွေချည်းပဲ။ ကိုယ့်ကို ဝိုင်း သမခဲ့တဲ့လူတွေ ချည်းပဲ။ ကျေးဇူးတင်တယ်။ ဒီအတိုင်းဆိုရင် Commercial ထဲကMusic ကိုသစ္စာဖောက် ထားတဲ့ကောင်ကြီးဆိုပြီး သူတို့တပ်ပေး တဲ့နာမည်အောက်မှာပဲ ကိုယ်က လုံးပါးပါးပြီးပြီး သွားမှာ။ အခုကိုယ်ဘာကောင်လဲဆိုတာ ပြန်ပြီး လုပ်ပြတာ အကုန်လုံးက အဲဒီတုန်းက အားတွေ ကြောင့်ပဲ။ စိတ်နာအောင် လုပ်တယ်ဗျာ။ စိတ်ကို မခံချိမခံသာအောင် ကိုယ့်ကိုဝိုင်းပြီးပြောကြတယ်။ ကိုယ်ကလေးစားတန်ဖိုးထားသလောက် ကိုယ့်ကို သူတို့မျက်စိထဲမှာ အဲဒီလို မမြင်ဘူး။ အဲဒီတော့ နာမည်တပ်တယ် ဆိုတာလည်း အဲဒါပဲ။ Punk ခေါင်းစဉ်ကြီးကိုစွဲကိုင်လှုပ်ရှားပြီးတော့ ဒီနာမည်ကိုကျွန်တော်က အကြောင်းပြပြီးတော့ လူတွေရဲ့ အာရုံ စူးစိုက်မှုကို ယူတယ်လို့ ထင်နေကြတယ်။ အဲဒါကို ကျွန်တော် AD 3000 မှာကတည်းက လွှတ်ချထား တာကြာပြီ။ အဲဒီလို ကျွန်တော့်ကို ဝိုင်းပြောကြလွန်း လို့ အဲဒီလို လူတွေ စိတ်ချမ်းသာေ အာင် ကျွန်တော် တီးနေတာ Rock ပဲ ကျွန်တော် RockN’Roll တီးတယ်ဆိုပြီးတော့ ကျွန်တော်ပြောင်းပြောတယ်။ ကျွန်တော်လည်း ညာခဲ့တာ မဟုတ်ဘူးဗျာ။ ကိုယ် တကယ် Punk ကြိုက်တာ လုပ်ခဲ့တယ်။ ဒါပေမဲ့အ သိအမှတ်ပြု မခံရဘူး။ ဒါတွေက ကျွန်တော့်ပရိသတ် တွေက သိမှာမဟုတ်ဘူး။ ဒီလောက ကျဉ်းကျဉ်းလေး ထဲမှာဖြစ်နေတာ။ ဒါပေမဲ့ ကျွန်တော်က ဂရုစိုက် တယ်။ ဘာလို့လဲ ဆိုတော့ စိတ်တိုလို့။ အခု Range ကို အကျယ်ကြီးတပ်ထားတယ်။ Alternative ဆိုပြီးတော့။ Alternative ဆိုတာ ခေါင်းစဉ်အ ကျယ်ကြီးပဲ။Standard မဟုတ်တဲ့ Rock တွေ လုပ်ကြည့်ချင်လို့ ကျွန်တော် Alternative လို့ နာမည်တပ်တာ၊ နာမည်တပ်တယ် ဆိုတာလည်း နိုင်ငံခြား ကလူတွေ က မေးရင် မင်း Musicက ဘာ Music လဲဆို ငါက Normal မဟုတ်တဲ့ မြူးဇစ် ( Alternative)ပေါ့နော်။ ကျွန်တော်အဲဒီလိုပဲပြော တယ်။ ကိုယ့် Music ကောင်းနေရင် သူတို့ဘာသာ ပေးချင်တဲ့ နာမည်ပေးလိမ့်မယ်။

► အခု Band နှစ်ခုကို သေသေချာချာလုပ်နေ ရတဲ့အခါမှာ တိုက်နေတာမျိုးတွေရှိရင် ဘယ်လို လုပ်လဲ။ ဘယ် Band ကို ဦးစားပေးတာများလဲ။

ရှိတယ်။ ဒီနေ့ညက BSP နောက်နေ့က Big Bag အဲဒီလို နှစ်ရက်ဆက်တိုက် ဆိုဖူးတယ်။ တစ် ရက်တည်းတိုက်ရင်တော့ ကျွန်တော်လည်း ဘယ်လို မှ မလုပ်တတ်တော့ ဘူးလေ။ အဲဒီအခါကျရင်တော့ Big Bag ကို ပိုဦးစားပေးရတာပေါ့။ ဘာလို့လဲ ဆိုတော့ Big Bag က ကိုယ်ပြီးလို့ပြီးတာမဟုတ် တော့ဘူးလေ။ အများကြီးဖြစ်သွား ပြီး၊ နောက်မှာ အတွဲလိုက်ကြီး၊ ကျွန်တော်အလုပ်လုပ်ရတဲ့ ကုမ္ပဏီ တွေရှိတယ်။ ဥပမာ- I -Eentertainment ရှိမယ်။SIR ကျန်တဲ့ Band တွေရှိမယ်။ နောက်စပွန်ဆာ ကုမ္ပဏီတွေရှိမယ်။ ကျွန်တော်အဲဒီလောက် ခေါင်း မာလို့မရဘူးလေ။ ဒီလောက်ထိလုပ်လို့ရတာပဲ တော်ဦး (ရယ်လျက်)၊ သူများတွေက နှစ်Band မရလောက်ဘူး။ ကျွန်တော်လည်း အစက မရဘူး ထင်တာပဲ။ အခွေ ထွက်ပြီးရင် ပြီးသွားမှာပဲထင် တာ။ ဒါပေမဲ့ အချိန်ပေးရတာပေါ့ဗျာ။ သိပ်မနားနဲ့ ပေါ့။

Credit - ‪#‎MrMagazine‬
Admin - \J/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။