Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 20, 2013

Cambridge ရဲ့ဝိညာဉ်

Nine Nine Sanay @ နိုင်းနိုင်းစနေ
Cambridge ရဲ့ဝိညာဉ်
________________

Cambridgeတက္ကသိုလ်ရဲ့တည်ထောင်ခြင်းက အရောင်အသွေးစုံလှတယ်။ ဒီတည်ထောင်ခြင်းက အမိန့်နာမခံသူတစ်စုရဲ့ ခိုလှုံရာကနေ စခဲ့တာလည်းဖြစ်တယ်။

ဘာကြောင့်တရုတ်ကဗျာဆရာ Xu Zhimoက Cambridgeတက္ကသိုလ်ကို "ထိုးဝါးရှည်တစ်ခုနဲ့ မြက်ခင်းစိမ်းထက်ပိုစိမ်းတဲ့အရပ်ဆီ ဆန်တက်မယ်" လို့ဖွဲ့ဆိုခဲ့မှန်း ဒီနေရာကိုရောက်မှ ကျွန်မသဘောပေါက်နားလည်တော့တယ်။ နှစ်ပေါင်း ၈ဝဝကျော်သမိုင်းရှိခဲ့တဲ့ ဒီတက္ကသိုလ်ဟောင်းကြီးကို Camမြစ်နားမှာ တည်ဆောက်ထားပါတယ်။ ဒီကျောင်းဖြစ်ပေါ်လာပုံက လူသတ်မှုတစ်ခုနဲ့ဆက်နွှယ်နေတယ်လို့ လှေသမားပြောပြမှ ကျွန်မတို့သိရပါတယ်။
၁၂ဝ၉ခုနှစ်မှာ Oxfordတက္ကသိုလ် ကျောင်းသားတစ်ဦးဟာ အရပ်သားတစ်ဦးအပေါ် လက်လွန်ပြီး မတော်တဆသတ်ခဲ့မိတယ်။ ဒါကို အရပ်သားတွေက စိတ်တိုဒေါသထွက်ပြီး Oxford တက္ကသိုလ်ထဲဝင်ရောက်ပြီး ကျောင်းသား၃ဦးကို တရားလက်လွတ် သတ်ခဲ့မိတယ်။

ဒီပဋိပက္ခမှာ ကျောင်းသား၊ ဆရာ ၃ဦးဟာ Oxford ကနေထွက်ပြေးခဲ့ကြပြီး လူသူကင်းမဲ့တဲ့ နေရာတစ်ခုဆီရောက်လာခဲ့ကြတယ်။ အဲဒီနေရာမှာပဲ တက္ကသိုလ်တစ်ခု တည်ထောင်ဖွင့်လှစ်ခဲ့တယ်။ အဲဒီတက္ကသိုလ်က ဒီကနေ့မှာ နိုဘယ်ဆုရှင်အယောက်(၈ဝ)ကျော် မွေးထုတ်ပေးခဲ့တဲ့ Cambridgeတက္ကသိုလ်ပဲဖြစ်ပါတယ်။

ပန်းသီးပင်တစ်ပင်

ဒီပန်းသီးပင်ဟာ ကမ္ဘာ့သမိုင်းမှာ အထင်ကရ ပန်းသီးပင်တစ်ပင်ပဲဖြစ်လိမ့်မယ်။ ဒီပန်းသီးပင်ဟာ စစမှာ Kentမြို့မှာရှိတဲ့ နယူတန်ရဲ့အိမ်နောက်ဖေးပန်းခြံမှာ စိုက်ထားခဲ့တာဖြစ်တယ်။ အသက်၂ဝကျော်စ နယူတန်ရဲ့ခေါင်းပေါ် အဲဒီပန်းသီးပင်က ပန်းသီးကြွေကျခဲ့တာဖြစ်ပြီး ဆွဲငင်အားအကြောင်းကို သူ စတွေးတောခဲ့တာဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝက Cambridgeဟာ ဒီပန်းသီးပင်ကို ကျောင်းဝင်းထဲက Trinity College ရှေ့မှာ ပြောင်းရွေ့စိုက်ပျိုးခဲ့ပြီး တက္ကသိုလ်ရဲ့သမိုင်းမှာ အမြင့်မြတ်ဆုံးကျောင်းသားဖြစ်ခဲ့တဲ့ နယူတန်ကို အထိမ်းအမှတ်ပြုခဲ့တယ်။

ပန်းသီးပင်အောက်မှာ ကျွန်မတို့အကြာကြီးရပ်နေခဲ့တယ်။ တကယ်တော့ ပန်းသီးပင်တစ်ပင်ရဲ့သက်တမ်းက ဒီလောက်မရှည်ပါဘူး။ ဒီပန်းသီးပင်က နယူတန်ရဲ့ပန်းသီးပင်မျိုးဆက်ပဲဖြစ်လိမ့်မယ်။ Cambridgeက ဘာဖြစ်လို့ ပန်းသီးပင်ကို နေရာရွေ့ခဲ့တာလဲ။ လမ်းမှာတွေ့တဲ့ကျောင်းသားတချို့ကို ကျွန်မတို့မေးခဲ့ကြတယ်။ ကျောင်းသားတစ်ဦးက "ကျောင်းက ကျောင်းသားတွေကို သတိပေးချင်တာပါ။ ပန်းသီးဘယ်အချိန်ကြွေကျမယ်ဆိုတာကို သင်မသိနိုင်ဘူး။ သုတေသနလုပ်တာကလည်း လျှပ်တစ်ပြက်ဉာဏ်လိုပါတယ်။ ဒါပေမယ့် အချိန်တော်တော်များများမှာ နှစ်ပေါင်းတော်တော်ကြာ စောင့်ရတာမျိုးလည်းရှိခဲ့ပါတယ်"လို့ ပြောပါတယ်။ Cambridgeက နိုဘယ်ဆုကို လောလောလတ်လတ်ရထားတဲ့ Father of IVF (In vitro fertilisation) လို့တင်စားခံခဲ့ရတဲ့ ပါမောက္ခ Robert G. Edwardsဟာ သူမအောင်မြင်ခင် နှစ်ပေါင်း၁၄နှစ်လုံးလုံး ကြိုးစားသမျှ ဘာအကျိုးမှ မဖြစ်ထွန်းခဲ့ပါဘူး။

စာအုပ်တစ်အုပ်

"The Night Climbers of Cambridge" ဆိုတဲ့စာအုပ်ကို Cambridgeရဲ့စာအုပ်ဆိုင်တန်းမှာ ကျွန်မတို့ဝယ်ခဲ့တယ်။ ဒီစာအုပ်ကို Cambridgeကျောင်းသားတော်တော်များများ ဖတ်ခဲ့ကြတယ်လို့ဆိုတယ်။ ဒီစာအုပ်ထဲမှာ Cambridgeတက္ကသိုလ်ရဲ့ အဆောက်အဦးတစ်ခုစီကို ဘယ်လိုတွယ်တက်ရမယ့်အကြောင်း အသေးစိတ်ရေးထားသလို နှစ်ပေါင်းများစွာတည်းက ညအချိန်မှာ အဆောက်အဦးပေါ်တက်ခဲ့တဲ့ Cambridgeကျောင်းသားတွေရဲ့ ထူးဆန်းမှုတွေကိုလည်း မှတ်တမ်းတင်ထားပါတယ်။

Cambridgeတက္ကသိုလ်ရဲ့ ကောင်စီအစည်းအဝေးခန်းမ အဆောက်အဦးကို တင်းတင်းကြပ်ကြပ် စောင့်မတ်ထားပါတယ်။ ဒီအဆောက်အဦးကို Cambridgeရဲ့နှလုံးသားလို့ တင်စားကြပါတယ်။ နှစ်စဉ်နှစ်တိုင်းရဲ့ ဘွဲ့နှင်းသဘင်ကို ဒီနေရာမှာပဲ ကျင်းပပါတယ်။ Cambridgeတက္ကသိုလ်ရဲ့ တကယ့်မြင့်မြတ်တဲ့ နေရာတစ်ခုပါ။ ဒါပေမယ့် ၁၉၅၈ခုနှစ် မနက်ခင်းတစ်ခုမှာ လူတွေဒီအဆောက်အဦးရှေ့ ဖြတ်သန်းချိန် အဆောက်အဦးရဲ့ခေါင်မိုးထက်မှာ Austinတံဆိပ် ကားငယ်တစ်စီးကို ထူးထူးဆန်းဆန်းတွေ့ခဲ့ကြတယ်။ ခေါင်မိုးထက် ဒီကားဘယ်လိုရောက်နေကြောင်းကို ဘယ်သူမှမသိခဲ့ကြဘူး။ အဲဒီခေတ်က အလေးမကိရိယာ အနေအထားကလည်း ကားတစ်စီးကို မပျက်မယွင်းဘဲ မီတာ၂ဝကျော်အမြင့်ရှိတဲ့ ခေါင်မိုးပေါ်တင်ဖို့ရာလည်း မဖြစ်နိုင်ခဲ့ဘူး။ ကားကို ခေါင်မိုးထက်ကချဖို့တောင် တစ်စစီဖြုတ်ပြီးမှ ချခဲ့ရတယ်။

ခေါင်မိုးထက်က ကားက Cambridgeတက္ကသိုလ်ရဲ့ ထူးဆန်းအံ့သြမှုတစ်ရပ်ဖြစ်ခဲ့တယ်။ ဒီထက်ပိုပြီး ကျွန်မကို အံ့သြစေတာက ဘယ်ကျောင်းသားတွေက ကားကို ဘယ်လိုနည်းနဲ့အသုံးပြုပြီး ခေါင်မိုးပေါ်တင်ခဲ့တယ်၊ အမိန့်အာဏာကို ဖီဆန်ခဲ့တယ်ဆိုတာမဟုတ်ဘူး။ နောက်ပိုင်းမှာ ဒီကိစ္စကို ဘယ်ကျောင်းသားတွေလုပ်မှန်း သိရက်နဲ့ အဲဒီကျောင်းသားတွေကို ကျောင်းက မထုတ်ဖော်၊ မကြေညာခဲ့သလို ကျောင်းသားတွေကို ဒဏ်မပေးခဲ့ဘူး။ အဲဒီကျောင်းသားတွေကို ကျောင်းက ရှန်ပိုင်တစ်သေတ္တာတောင် တိတ်တိတ်လေးလက်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။


**** ဆက်ရေးဦးမယ်.. မပြီးသေးဘူး.. စာကရှည်တော့ ဖတ်ရတာ ပျင်းမှာစိုးလို့။ မနေ့ကငှားခဲ့တဲ့ Readers ဆိုတဲ့တရုတ်မဂ္ဂဇင်းတစ်စောင်ထဲက စာတစ်ပုဒ်ပါ.. စိတ်ဝင်စားစရာကောင်းလို့ ဘာသာပြန်မျှဝေပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။