Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 9, 2013

အလှမယ် ပြိုင်ပွဲ တွေ ထပ်မပြိုင် ဘူး လို့ ခင်ဝင့်ဝါ ထုတ်ဖော် ပြောလိုက်ပြီ

 
Golden Land Myanmar
အလှမယ် ပြိုင်ပွဲ တွေ ထပ်မပြိုင် ဘူး လို့ ခင်ဝင့်ဝါ ထုတ်ဖော် ပြောလိုက်ပြီ

ဘီလာရုစ်နိုင်ငံမှာ ကျင်းပတဲ့ Top Ten စာရင်းဝင် မော်ဒယ် ပြိုင်ပွဲမှာ မြန်မာ နိုင်ငံ ကိုယ်စားပြု ၀င် ရောက် ယှဉ်ပြိုင် တဲ့ ခင်ဝင့်ဝါ ဟာ နောက်ဆုံး ဆန်ခါတင် အဆင့် အထိ တက်လှမ်း နိုင် တဲ့ အပြင် Miss Internet, Most Beautiful Girl in the World, People Choice Award နဲ့ Face of Miss Supranational စတဲ့ ဆုတွေ ကို ဆွတ်ခူး နိုင်ခဲ့သူ တစ်ဦး ပါ။ ဒီလိုဆုတွေ ကို ဆွတ်ခူး ခဲ့တဲ့ သူမ ဟာ စက်တင်ဘာ ၈ ရက်မွန်းလွဲ ၁၂ နာရီ ကျော် မှာ အမိ မြန်မာ နိုင်ငံ ကို မျက်နှာပန်း လှလှနဲ့ ပြန်လာ ခဲ့ပေမယ့် လည်း ခရီးရောက် မဆိုက်မှာ ဘဲ သူမ အနေနဲ့ ရှေ့ဆက်ပြီး ဒီလို မော်ဒယ်ပြိုင်ပွဲ တွေ ၀င်ပြိုင် တော့မှာ မဟုတ်တဲ့ အကြောင်း ကို ထုတ်ဖော် ပြောပြ ခဲ့ပါတယ်။ ဘာကြောင့်လဲ၊ ဘာပြု လို့လဲ စတဲ့ အတွေးပေါင်း များစွာကို အဖြေ ပေးထားတဲ့ ဒီအင်တာဗျူး လေး ကို ဖတ်ရှု ကြည့်ကြ ပါစို့လား။

ခင်ဝင့်ဝါအနေနဲ့ အခုလိုဆုတွေတပွေ့ကြီးနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာနိုင်ခဲ့ တဲ့ခံစား ချက်က ဘယ်လိုရှိလဲ။

အတိုင်းမသိပျော်မိပါတယ်။ ဟိုမှာ ပြိုင်ပွဲဝင်ကတည်းက ပြန်ချင်ခဲ့တာပါ။ မြန်မာနိုင်ငံကလူတွေနဲ့ တွေ့ ချင်စိတ်က အတိုင်းမသိပါပဲ။

ရရှိတဲ့ဝင်ငွေထဲက ၃၀ ရာခိုင်နှုန်း လှူဒါန်းမယ်လို့ သိရတယ်။ ဘယ်လိုနေရာတွေကို လှူဒါန်းဖို့ ရည်ရွယ် ထားလဲ။

ဟုတ်ပါတယ်။ Organization က အစ်ကိုတွေနဲ့ တိုင်ပင်ပြီးတကယ်လိုအပ်တဲ့နေရာတွေကို လှူဒါန်းဖို့ စဉ်းစားထားပါတယ်။

ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်စဉ်မှာ ဟိုကသတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ရတာရောရှိခဲ့လား။ တခြား အနုပညာနဲ့ ပတ်သက်တဲ့အလုပ်တွေ ပြောဆိုလုပ်ကိုင်ခဲ့တာတွေရော ရှိခဲ့လား။

မရှိပါဘူး။ Miss တွေက ပြိုင်ပွဲပြီးတာနဲ့ ချက်ချင်းတန်းပြန်ရမယ့်သူတွေရှိတာကြောင့် မြန်မြန်ပဲပြန်လာခဲ့ ရပါတယ်။

အခုပြိုင်ပွဲမှာ ကိုယ်ကဆုလေးဆု ရရှိခဲ့ပြီဆိုတော့ နောက်ထပ် Miss ပြိုင်ပွဲတွေ ထပ်မံယှဉ်ပြိုင်ဖို့ စဉ်းစားထားသေးလား။

Miss ပြိုင်ပွဲ တွေ ထပ်မပြိုင် ဖြစ်တော့ ပါဘူး။ မပြိုင်တော့ဘူး လို့လည်း ဆုံးဖြတ် ထားတယ်။ ဒါပေမဲ့ နောက်ထပ် သွားပြိုင် မယ့် သူတွေ အတွက် ဘာတွေ လိုအပ်လဲ။ လိုအပ် တာရှိရင် ကူညီပေး မှာပါ။ Miss Universe အတွက် ညီမ ကို ကမ်းလှမ်း တာမျိုး ရှိတယ်။ ဒါပေမဲ့ ညီမ အနေနဲ့ ၀င်မပြိုင် ဖြစ်တော့ဘူး။ Miss ပြိုင်ပွဲတွေ ၀င်မပြိုင် တော့ ပေမယ့် အနုပညာ အလုပ်တွေ တော့ ဆက်လုပ် သွားမှာပါ။

ဘာကြောင့် Miss ပြိုင်ပွဲတွေ ထပ်မပြိုင်ဖို့ ဆုံးဖြတ်လိုက်တာလဲ။

ပညာရေး ဘက် လည်း လုပ်ဖို့ ရှိတာရယ်၊ နောက်ပြီး တခြား အနုပညာ အလုပ်တွေ၊ ပရဟိတ အလုပ် တွေပဲ ဆက်လုပ်ချင် တာကြောင့်ပါ။ တခြား တော့ ဘာမှ မ ရှိပါဘူး။

ဒါဆို ခင်ဝင့်ဝါ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အနုပညာနဲ့ပတ်သက်တဲ့ အစီအစဉ်တွေရှိရင် လည်း ပြောပါဦး။

ကြော်ငြာတွေ ရိုက်မယ်။ rand Ambas- sador လုပ်ဖို့ ရှိလာခဲ့ ရင် လည်း သေချာ စဉ်းစားပြီး လုပ်ဖို့ အစီ အစဉ်ရှိပါတယ်။

ပရိသတ် အားပေးမှု အတိုင်းအတာက ခင်ဝင့်ဝါ မျှော်လင့်ထား တာနဲ့ ထပ်တူကျခဲ့လား။

အစက vote ပေးတဲ့နေရာမှာ နည်းနေ သေးတယ်။ ညီမရဲ့ official voting မှာ မဲရဖို့ မမျှော်လင့် ခဲ့မိပါဘူး။ အဲဒါက လည်း ညီမကိုချစ် တဲ့ ပရိသတ်ကြီး ကို စော်ကားတဲ့ စိတ်နဲ့ တွေးမိတာ မဟုတ်ပါဘူး နော်။ မြန်မာနိုင်ငံမှာ Credit\ Debit Card အွန်လိုင်းငွေ ချေ စနစ် ဆိုတာ မတွင် ကျယ်သလို နိုင်ငံတကာက နိုင်ငံသားတိုင်း မှာက Credit\ Debit Card အားလုံးမှာ ရှိကြ တယ်လေ။ အဲဒါကြောင့် မမျှော်မှန်း ရဲခဲ့တာပါ။ အခုညီမကို ချစ်တဲ့ ပြည်ပ က မြန်မာ ပရိသတ်ကြီး တွေ က ညီမအ တွက် ပိုက်ဆံတွေ အကုန်ခံပြီး မဲပေးကြ တဲ့ အတွက် ညီမ အတိုင်း မသိ ၀မ်းသာ ပျော်ရွှင် ရပါတယ်။

အခုရရှိခဲ့တဲ့ဆုတွေထဲမှာ ဘယ်ဆုကို အားရကျေနပ်ဆုံးလဲ။

Miss Internet ဆုကိုပါ။ မြန်မာနိုင်ငံက ကော်နက်ရှင်လည်း မကောင်းဘူး။ အဲဒီကြားထဲက vote တွေ ပေးကြတယ်။ ပရိသတ်အားပေးမှုနဲ့ တန်အောင်လည်း ညီမကြိုးစားခဲ့ပါတယ်။ ပရိသတ်ကပေးတဲ့ဆုဖြစ် တဲ့အတွက် ဒီဆုကို ပိုပြီးနှစ်သက်မိပါတယ်။

မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ခင်ဝင့်ဝါရဲ့သဘောထားကိုလည်း သိပါရစေ။

ညီမ အသက်အရွယ် နဲ့ ဆိုရင် ငယ်ပါသေးတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာမှမဝေဖန်ချင်ပါဘူး။

အခုအချိန်မှာ အားပေးခဲ့တဲ့ ခင်ဝင့်ဝါရဲ့ပရိသတ်တွေကို အပြောချင်ဆုံးစကားက ဘာများဖြစ်မလဲ။

ပရိသတ် အားပေးမှု နဲ့ တန်အောင် ညီမ ဆက် ကြိုးစား သွားမှာပါ။ ပရိသတ်ကြီးက ညီမကို ဆက်လက် အားပေး စေချင် ပါတယ်။ ပရိသတ်ကြီး ကုန်သွားတဲ့ ပိုက်ဆံ တွေ အလကား မဖြစ်ရ အောင် ညီမ ဆုရ တဲ့ ငွေကို ပရဟိတ လုပ်ပြီး လှူမှာပါ။ ညီမကို မျှော်လင့်ချက် အားမာန်တွေ၊ ယုံကြည်မှုတွေ၊ ပျော်ရွှင်မှုတွေ အမြဲအား ပေးနေတဲ့ ပရိသတ်ကြီး ရဲ့ကျေးဇူးကို ညီမ မမေ့ ပါဘူး။ နိုင်ငံနဲ့ လူမျိုး အတွက် တာဝန်ကျေပွန် တဲ့ Miss Myanmar တစ်ယောက် ဖြစ်စေရမယ် လို့ ကတိပေး ပါတယ်လို့ ပြောချင်ပါတယ်။

Profile
အမည်ရင်း ခင်ဝင့်ဝါ
မိဘအမည် ဦးလှဟန် + ဒေါ်ကြည်ကြည်ဆွေ
မွေးနေ့ စက်တင်ဘာလ ၂၁၊ ၁၉၉၄
ပညာအရည်အချင်း တတိယနှစ် (ရုက္ခဗေဒ)

Mizzima

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။