Maukkha Education Magazine
၃ တန်းနဲ့ပြိုင် ဘယ်သူနိုင် (ပညာရေး ဟာသ.....)
ကျောင်းသားလေးတစ်ယောက်ကို သူ့အမေက ကျောင်းလာအပ်တယ် … သူ့သားက အရမ်းတော်လွန်း၊ ဥာဏ်ထက်လွန်းလို့
သူငယ်တန်းကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့ တောင်းဆိုတယ်တဲ့ … အဲဒါနဲ့ကျောင်းအုပ်ဆရာကြီးကလည်း စာမေးတာပေါ့ …

ကျောင်းအုပ်။ ။ ငါး .. ငါးလီ …
ကျောင်းသား ။ ။ နှစ်ဆယ့်ငါး
ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
ကျောင်းသား ။ ။ ကိုး
ကျောင်းအုပ်။ ။ ကိုး … ကိုးလီ ..
ကျောင်းသား။ ။ ရှစ်ဆယ့်တစ်
ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း …
ဒါပေမဲ့ .. သုံးတန်း ဆရာမက ကဲ ဒီအတိုင်းတော့ မရဘူး … ငါလည်း မေးဦးမယ် ဆိုပြီး စစ်ပါလေရောတဲ့
ဆရာမ > ဆီမပါ၊ ပျားမပါ၊ ကောင်းလိုက်တဲ့အရသာ၊ ပေါင်ကြားထဲကဟာ အဲတာဘာတုန်း သားသိလား
ကျောင်းသား> နွားနို့ပါ ဆရာမ
ဆရာမ> အင်း အဲဒီ နွားမမှာ ၄ ခု ပါပြီး ဆရာမမှာ ၂ခုပဲ ပါတာ ဘာလဲ သိလားသား
ကျောင်းသား> ခြေထောက်ပါ ဆရာမ
ဆရာမ> အင်း နောက်ဆုံးမေးခွန်း မေးမယ် သားဘောင်းဘီထဲမှာ ၂လုံးပါပြီး၊ ဆရာမလုံခြည်ထဲမှာ တစ်လုံးမှ မပါတာ ဘာလဲ။
ကျောင်းသား> ဘောင်းဘီအိပ်ထောင်ပါ ဆရာမ။
ဆရာမ> အင်း သားအဖြေတွေ မှန်တယ်။ ကဲ ဆရာကြီး ၃ တန်းကို ထားလို့ ရပါပြီနော်
ကျောင်းအုပ်>> နေ...နေ ဆရာမ ၃ တန်းမှာ မထားနဲ့ ကျနော် သူ့ကို အလယ်တန်းကျောင်း ပြောင်းအပ်ပေးမယ်။ ဆရာမမေးခွန်းတွေ ကျနော်ဖြေတာ တစ်ခုမှ မမှန်ဘူး....
credit: origenal uploader
အခမဲ့ ကြော်ငြာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။