Burmese Treasure
ဆယ်ကျော်သက် တုန်းက ပန်းချီဆရာမ ဖြစ်ချင်ခဲ့တာဆိုတဲ့ မေပန်းချီ
7/9/2013
လူတိုင်း လူတိုင်းမှာ ဆယ် ကျော်သက် ဘဝက ဖြစ်ချင် ခဲ့တဲ့စိတ် ကူးတွေ၊ မျှော်လင့်ချက် တွေရှိခဲ့ ကြမယ်ထင် ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာ ရှိသလို၊ တချို့လည်း စိတ် ကူးနဲ့ထပ်တူ မကျတဲ့ လက်တွေ့ ဘဝကို ရောက်နေကြရတာ တွေရှိ ပါတယ်။ ဆယ်ကျော်သက် အရွယ် တုန်းက ဖြစ်ချင်ခဲ့ တာဘယ် လို.. ဆိုပြီး ပရိသတ် စိတ်ဝင်စားမယ့် အနုပညာ...ရှင် များရဲ့ဆယ်ကျော် သက်ဘဝက စိတ်ကူးတွေ အကြောင်း ကို တင်ဆက်ပေး လိုက်ပါတယ်။

ဆယ်ကျော်သက်တုန်းက ဘာဖြစ်ချင်ခဲ့တာလဲ
သိတတ်စ အရွယ် ကတည်းက စပြီးမင်းသမီးဖြစ်ချင် ခဲ့တာပါ။ နောက်ပြီး ပန်းချီဆရာမတစ် ယောက်ဖြစ်ချင် မိခဲ့တယ်။ အခုတော့ ဝါသနာပါတဲ့ အလုပ်တွေကို အခုချိန် မှာ အကောင်အထည် ဖော်နိုင်ပြီ ပေါ့။ ဝါသနာပါတဲ့သရုပ်ဆောင် အလုပ်ကိုလည်း အခုချိန်မှာလုပ်ခွင့် ရသလို၊ ပန်းချီဆွဲတဲ့ အလုပ်ကိုလည်း အခု အချိန် အထိလုပ် နေတုန်းပါပဲ။
မိဘတွေက ဘယ်လိုမျိုး သွန်းသင်ခဲ့လဲ
မိဘတွေက ဒါဖြစ်ရမယ်လို့ အတင်း တိုက်တွန်းပြီး လုပ်ခိုင်းခဲ့တာမျိုး တော့မရှိ ခဲ့ပါဘူး။ မေပန်းချီ ဝါသနာ ပါတဲ့အရာကိုပဲ အကောင်းဆုံးဖြစ် အောင်ပံ့ပိုး ကူညီခဲ့ တာပါ။ ဆယ် ကျော်သက်တုန်းက မိဘလက် အောက်မှာနေခဲ့တယ်။ အခုချိန်ထိ နေဆဲပါပဲ။ ငယ်စဉ်အခါ တုန်းက တော့ သူတို့ဖြစ်စေချ င်တာတွေ စည်းကမ်းတွေကို မိဘတွေကနေ ခိုင်းခဲ့တယ်။ မိဘစကားကို နား ထောင်ခဲ့တယ်။ ကြီးပြင်း လာတဲ့အခါ မှာလည်း မိဘရဲ့သွန်သင်ဆုံးမမှု ကြောင့် အများကြီး သိနားလည်ခဲ့ပါ တယ်။
ထိန်းချုပ်တဲ့ မိဘတွေကို အကြံပေးချင်တာက
သူတို့ ကလေးတွေကို မိဘတွေ က စိုးရိမ်မှုလွန်ကဲပြီးဖြစ်တတ်တာ နေမှာပါ။ မေပန်းချီတို့ခေတ်နဲ့ အခု ခေတ်ကလေးတွေက မတူတော့ဘူး။ နေပုံ၊ စားပုံ၊ သွားလာတာတွေက အစလုံးဝမတူတော့တာပေါ့။ ဒါ ကြောင့် မိဘတွေက သားသမီးတွေ အတွက် စိုးရိမ်လာခဲ့တယ်။ ဒါထိန်း ချုပ်မှုမဟုတ်ပါဘူး။ သူတို့အပြစ် လည်း မဟုတ်ပါဘူး။ ရင်နဲ့လွယ်ပြီး မွေးလာခဲ့ရတဲ့ ကိုယ့်ရဲ့သားသမီး တွေကို အကောင်းဆုံးဖြစ်စေချင် တာက မိဘတိုင်းရဲ့မေတ္တာတရားပါ။ ဒါကြောင့်မိဘတွေရဲ့ အပြစ်မဟုတ် ပါဘူး။ သူတို့သားသမီးတွေကို ကောင်းစေချင်လို့ပါ။
ဆယ်ကျော်သက်တုန်းက အမှတ်တရ
ဆယ်ကျော်သက်တုန်းက အမှတ်တရတွေကတော့ အများကြီးပါပဲ။ ဆယ်တန်းနှစ်တုန်းက မော်လမြိုင် ကနေ ရန်ကုန်ကို ကျောင်းပြောင်း လာခဲ့တယ်။ မေပန်းချီရဲ့နာမည်အ ရင်းက မေပန်းချီစိုးနောင်တဲ့။ ဖေဖေ ဦးစိုးနောင်က သူ့သမီးပန်းချီဆွဲတာ ကို အရမ်းဝါသနာပါမှန်းသိတော့၊ အနုပညာအလုပ်တွေ လုပ်တဲ့အခါ မှာ လွယ်ကူအောင်ဆိုပြီး မေပန်းချီ လို့ပေးခဲ့တာ။ မေပန်းချီစိုးနောင်လို့ ကျောင်းကိုရောက်တော့ ဆရာ၊ ဆရာမတွေက ထူးထူးဆန်းဆန်းဖြစ် ပြီးလာကြည့်ခဲ့ကြတာလေ။ နာမည် ကထူးဆန်းနေတာကိုး။ နောက်ပြီး ဆယ်ကျော်သက် ရင်ခုန်တတ်တဲ့ အရွယ်တုန်းကတော့ သူငယ်ချင်း တွေအချင်းချင်း စကြနောက်ကြတာ ပဲရှိတယ်။ ကိုယ်ဝါသနာပါတဲ့အနု ပညာအလုပ်ကို ဆက်တိုက်၊ အား သွန်ခွန်စိုက်ကြိုးစားခဲ့တာပါ။ ဒီ လောက်ပဲအမှတ်တရရှိပါတယ်။
ဆယ်ကျော်သက် အိပ်မက်နဲ့ ယခု အိပ်မက် ဘာတွေ ကွာခြားလဲ
စိတ်ခံစားမှု အပိုင်းကတော့ အများ ကြီးကွာခြားသွားပါပြီ။ အခုအချိန် မှာ အသက်အရွယ်အရ ရင့်ကျက်မှု တွေများလာခဲ့ပြီ။ မေပန်းချီတို့ ငယ် စဉ်တုန်းကနဲ့အခုခေတ်ကလေးတွေ နဲ့မတူဘူး။ မေပန်းချီတို့တုန်းကတော့ ကလေးသာသာအနေနဲ့နေထိုင်ခဲ့ တာ။ အခုခေတ်ကျတော့အမြင်တွေ ကျယ်လာတယ်။ စိတ်အလိုကိုလိုက် တယ်။ ရည်းစားထားတာတောင်မှ နားလည်မှုတွေရှိဖို့၊ စီးပွားရေးတို့ ကအစ အရာရာစဉ်းစားတတ်တယ် လေ။ ဒါကြောင့်မေပန်းချီတို့ခေတ် နဲ့မတူတော့ ဘူးပေါ့။ မေပန်းချီရဲ့ ဆယ်ကျော်သက် အိပ်မက်ကလည်း သရုပ်ဆောင် မင်းသမီးဖြစ်ဖို့၊ အခု အိပ်မက်နဲ့ထပ်တူပဲပေါ့။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။