We Love Music
သူငယ်ချင်းတစ်ယောက်က #အယ်ဖြူ ကို သီချင်းခွေ တစ်ခွေ လက်ဆောင်ပေးရာမှ အစပျိုးသွားခြင်းဖြစ်သည်။ ဖွင့်နားထောင်ကြည့်လိုက်တော့ ဂွမ်ဂွမ် ဂွမ်ဂွမ် ၀ုန်းဒိုင်း ၀ုန်းဒိုင်းနှင့်။
အယ်ဖြူတစ်ချက်တွေ သွားသည်။
အယ်ဖြူတစ်ချက်တွေ သွားသည်။
သို့ဖြင့်နောက်ခေါက် ပြန်ရစ်ပြီး ဖွင့်သည်။ သေသေချာချာ နားထောင်ကြည့်လိုက်သည်။ ထိုအခါမှာတော့ သူအရမ်းကို ကြွေသွားတော့၏။ အခွေက #Nirvana ၏ Nevermind ။
နောက်ပိုင်းတွင် Pearl Jam. Smashing Pumpkin live အများကြီး နားထောင်ရသည်။ အဆိုပါ #Alternative တေးဂီတ ပုံစံများကြောင့် အယ်ဖြူ၏ ကျဉ်းမြောင်းနေသော တစ်ကိုယ်စာနေရာလေးမှာ အရမ်းကျယ်ဝန်းသွားပြီး သူအရမ်းအသက်ရှူချောင်သွားသည်။ အရမ်းကိုပဲ သူကျေနပ်သွားခဲ့သည်။
Alternative သီချင်းများ ရေးဖွဲ့သူဖြစ်လာခဲ့သော အယ်ဖြူက “ Alternative နဲ့ ပတ်သက်ပြီး ကျွန်တော် သိပ်မပြောတတ်ပါဘူး ” ဟု ရိုးရိုးသားသား ပြောဆိုခဲ့ဖူးသည်။ “မသိစိတ် အာရုံထဲက ကျွန်တော့်အတွက် နည်းနည်းပါးပါး လုံလုံလောက်လောက် သိနေတာကလွဲလို့ ကျွန်တော်သိပ်မသိပါဘူး” ဟုဆိုခဲ့သည်။
(နိုင်ဇော်- သီချင်းလေးညည်းရင်းလမ်းလျှောက်မယ် ဘာမှမလိုတော့ဘူး မှ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။