Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 20, 2013

ဝေလမင်းသမီး ဒိုင်ယာနာ အသွင်နဲ့ အင်္ဂလန်မှာ တာစားနေတဲ့ နာအိုမီဝပ်

19 September 2013 |By Venus News Journal
    Candle In The Wind နှုတ်ဆက် အလွမ်းတေး သွားနဲ့ ဝေလ မင်းသမီး ဒိုင်ယာနာရဲ့ ဈာပနမှာ အဆိုကျော် အယ်လ်တန်ဂျွန် ဆွေး ဆွေးမြေ့မြေ့ ကြေကြေကွဲကွဲ သီဆိုခဲ့တဲ့မြင်ကွင်း ပုံရိပ်တွေဟာ အခုဒိုင်ယာ နာတစ်ကျော့ပြန် ဇာတ်ကားသစ် Diana ရုံတင်ချိန်ရောက် လာတော့ အင်္ဂလန်သားတွေ အတွက် အဟောင်းတွေက အသစ်ပြန်ဖြစ် ရပြန်ပြီလို့ မိုင်ရာကအမှတ်တရ စကားဆို လာပါတယ်။ ပါရီမှာ ယာဉ်တိုက်မှုနဲ့ အင်္ဂလန် နှင်းဆီကြွေလွင့် ခဲ့ရတာ နှစ်တွေလတွေကြာညောင်း ခဲ့ပြီဖြစ်သလို သားကြီး ဩရသဝီလျံ မင်းသားတောင် ကလေး အဖေဘဝရောက်ရှိ လာပြီ ဖြစ်ပေမယ့် ဝေလမင်းသမီးဒိုင်ယာနာကို မမေ့ကြသေးသူတွေက အများကြီးမှ အများ ကြီးပါလို့လည်း မိုင်ရာကဖွလာတာ အကြောင်းတော့ ရှိပါတယ်။ အခုရက် သတ္တပတ်ထဲမှာ ဗြိတိန်မှာ စတင်ပြသတော့မယ့် ဇာတ်ကားသစ် Diana အတွက် ဖွပေးနေခြင်းဖြစ်သလို အင်္ဂလန်သူချော နာအိုမီဝပ်ကိုယ်တိုင် တော်ဝင်နှင်းဆီ အသွင်သဏ္ဍာန်နဲ့ ဖမ်းစားထားတယ် ဆိုတာကိုပါ လက်တို့ အသိပေး လာခြင်းပဲ ဖြစ်ပါတယ်။
ချားလ်မင်းသားနဲ့ ရင်ခုန်သံတွေအေးစက် လာပြီး နောက်ပိုင်းမှာ ဒိုင်ယာနာရဲ့ဘဝထဲကို ထဲထဲဝင်ဝင်ဝင် ရောက်ခဲ့ကြသူနှစ်ဦးက နှလုံးအထူး ကုသမားတော်ကြီး ဒေါက်တာဟာနက်ခန်နဲ့ မီလျံနာ ဒိုဒီဖာရက်တို့ ဖြစ်ကြ ပါတယ်။ အခုပရိသတ်တွေကိုဖမ်းစားလာတဲ့ Diana ဇာတ်ကားသစ်ဟာ ဒိုင်ယာနာပရိသတ်တွေကြားမှာရေပန်းစားတဲ့ ဘတ်ဆဲလာ ဝတ္တု တစ်ပုဒ် ဖြစ်တဲ့ Her Last Love ကို အခြေခံပြီးဒိုင်ယာနာ မတိမ်းပါးမီ နောက်ဆုံး နှစ်နှစ်တာကာလပုံရိပ်တွေကိုဖြစ်ရပ်မှန်တွေနဲ့ ရောယှက်ခြယ်မှုန်းတင်ဆက် လာခြင်းပဲဖြစ်ပါတယ်။ Basildon University Hospital မှာ အတိုင်ပင်ခံ သမားတော်ကြီး အဖြစ် တာဝန်ထမ်းရွက်နေတဲ့ ပရော်ဖက်ဆာဟာနက်ခန် ကတော့ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဘာ မှတ်ချက်မှတော့ မပြုသေး တာတွေ့ရပါ တယ်။ ဒါရိုက်တာ အိုလီဗာဟာ့ရှ်ဘီဂယ် ခံစားတင်ပြပြီး ဇာတ်ညွှန်း ဆရာစတီဖင် ဂျက်ဖရီရဲ့ လက်ရာဖြစ်တဲ့ Diana မှာ ဟာနက်နဲ့ တော်ဝင်မင်းသမီး ဘယ်လိုသိ ကျွမ်း ရင်းနှီးခဲ့တာတွေ၊ ဒိုဒီနဲ့ဘယ်လို ခင်မင်ကျွမ်းဝင်ခဲ့တယ် ဆိုတာတွေ ကိုပါ ရင်ခုန်ရှုစားကြရ မှာဖြစ်ပါတယ်။
ဟောလိဝုဒ်စူပါမင်းသမီးတစ်လက်ဖြစ်ပြီး UN AIDS ရဲ့ အထူး ကိုယ်စားလှယ်တစ်ဦးဖြစ်သူ နာအိုမီဝပ်ဟာအင်္ဂလန်၊ ဩစတြေးလျ နှစ် နိုင်ငံသားခံယူထားသူဖြစ်ပြီးသူမရဲ့ မွေးရပ်ဇာတိမြေက ကင့်ဒ်ဒေသက Shoreham မြို့နယ်လေးပဲဖြစ်ပါတယ်။ အသက် ၁၄ နှစ်အရွယ်မှာမှ ဆစ်ဒနီက ဘိုးဘွားတွေထံပြောင်းရွှေ့အခြေချခဲ့ပြီး ဆစ်ဒနီသူချောနစ် ကိုးလ်ကစ်မင်းနဲ့ကျောင်းနေဖက်တွေဖြစ်ခဲ့ကြရတာလည်း ကံကြမ္မာရဲ့ ဆန်းကြယ်တဲ့ ရွေ့ကွက်လို့ ယုံကြည်ရမှာပဲ မဟုတ်ပါလား။ ဘဝတူ သရုပ်ဆောင်မင်းသားလီရှရက်ဘာနဲ့ ဘဝတစ်ခုတည်ဆောက်ထားသူ နာအိုမီဝပ်ဟာ King Kong ဇာတ်ကားနဲ့ ဟစ်ဖြစ်လာခဲ့သလို The International တို့၊ The Painted Veil တို့၊ Fair Game တို့နဲ့ အောင်မြင် မှုကိုထိန်းထားနိုင်သူ ဩစီဝင်ငွေအကောင်းဆုံးငွေကြယ်ပွင့်တစ်ပွင့်ပဲဖြစ်ပါ တယ်။ အော်စကာဆုရှင် စူပါမင်းသမီးချောနာအိုမီဟာ အခုဝေလ မင်းသမီး အဖြစ်သရုပ်ဆောင်ရတာနဲ့ပတ်သက်ပြီး အခုလို ဝမ်းမြောက် ဂုဏ်ယူ စကားဆိုလာပါတယ်။
“တော်ဝင်နှင်းဆီ ဒိုင်ယာနာဟာ ကျွန်မတို့ဗြိတိန်သူအားလုံးရဲ့ စံပြ နတ်မိမယ်တစ်ဦးပါ၊ ပါရီမှာ သူကြေလွင့်ခဲ့ရတာ မယုံနိုင်စရာကောင်း သလို အခုဒိုင်ယာနာ အသွင်နဲ့ အစားဝင်ပီပြင်ခွင့် ရတာကိုလည်း အိပ်မက် လိုခံစား ရပါတယ်။ ချစ်ကံခေတဲ့ တော်ဝင်မင်းသမီးရဲ့စတိုင်တွေ ဟန်တွေ ကို ငယ်ငယ်လေး ကတည်းက သဘောကျ ခဲ့တာကြောင့် အခုလက်တွေ့ သရုပ်ဆောင်တော့ အခက်အခဲသိပ်မကြုံခဲ့ရပါဘူး။ ဒိုင်ယာနာ ပရိသတ် တွေ အလွမ်းပြေတယ်ဆိုရင် ကျွန်မအပင်ပန်း ခံရကျိုးနပ်ပါတယ်”လို့ ရင်ဖွင့်စကားဆိုလာပါတယ်။ မင်းသားချော နာမင်အင်ဒရူးက ဒေါက် တာဟာနက် ခန်အသွင်အနုပညာစွမ်းပြထားပြီး ဒိုဒီအသွင်နဲ့ ငွေကြယ်ပွင့် သစ်ကတ်စ်အန် ဗာတို့ပီပြင်ထားပြီး ဆစ်ဒနီအလန်းဇယား နာအိုမီဝပ်ရဲ့ ဒိုင်ယာနာပုံရိပ်တွေက ကမ္ဘာတစ်လွှားက ဝေလမင်းသမီးရဲ့ ပရိသတ်တွေ ကို အလွမ်းပြေကျေနပ်စေမှာသေချာနေပါကြောင်း သတင်းကောင်းပါး ရင်း။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။