Ko Nay Myo
ကမ္ဘာ့အချမ်းသာဆုံး မြို့ကြီး ၁၀-မြို့
(အပိုင်း ၁)
ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုးThe Gross Domestic Product(GDP) ဒါမှမဟုတ် အကောင်းမွန်ဆုံးသော ဈေးကွက် နဲ့ ၀န်ဆောင်မှုတွေ ရဲ့တန်ဖိုးဟာ မြို့ကြီးတွေရဲ့ ချမ်းသာမှုကို တိုင်းတာတဲ့ စံနှုန်းတွေ ဖြစ်နေဆဲပါ...။ 2013 ခုနှစ် GDP ရဲ့တန်ဖိုးကို အခြေခံပြီး တွက်ချက်ထားတဲ့ ကမ္ဘာ့အချမ်းသာဆုံး မြို့ကြီး ၁၀ မြို့ကို ဖော်ပြပေးလိုက်ပါတယ်...။
◕N0:10>ရှန်ဟိုင်း(Shanghai), တရုတ်နိုင်ငံ(China)
(GDP:$ 516.5 billion, area: 6,340.5 square kilometers, population: 23,019,148)
ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၁၀ ဖြစ်တဲ့ ရှန်ဟိုင်းမြို့ဟာ စီးပွားရေးအချက်အချာ ကျတဲ့ မြို့ဖြစ်ပြီး သမိုင်းကြောင်းအရ 960 AD မှာအစောဆုံးတွေ့ရပါတယ်...။ Song ဆွန်မင်းဆက် လက်ထက် ခရစ်နှစ် 1074 ခုနှစ်မှာ ရှန်ဟိုင်း ဟာ တံငါရွာလေး တစ်ရွာသာဖြစ်ခဲ့ပါတယ်...။ အကြီးမားဆုံး နဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ steel production, oil နဲ့ chemicals တွေဖြစ်ပါတယ်...။
◕N0:9>မော်စကို(Moscow), ရုရှားနိုင်ငံ(Russia)
(GDP: $520.1 billion, area: 2,510 square kilometers, population: 11,503,501)
ရုရှာနိုင်ငံ ရဲ့ အနောက်ပိုင်းမှာ တည်ရှိတဲ့ မော်စကို မြို့ဟာ သမိုင်းမှတ်တမ်းအရ ခရစ်နှစ် 1147 AD ဖြစ်ပြီး အစောဆုံးတည်ဆောက်ခဲ့တယ်လို့ ယူဆရတဲ့ မြို့တံတိုင်းကိုတော့ ခရစ်နှစ် 1156 လို့ မှတ်တမ်းတင်ထားပါတယ်...။ အကြီးမားဆုံး နဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ ဓာတုဗေဒလုပ်ငန်း ၊ သတ္တု နဲ့ အစားအစာထုတ်လုပ်တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်...။
◕N0:8>ချီကာဂို(Chicago), USA
(GDP: $524.6 billion, area: 606.1 square kilometers, population: 2,707,120)
Windy City လို့နာမည်ကြီးတဲ့ Illinois ပြည်နယ်ရဲ့ ချီကာဂို မြို့နေရာဟာ အမေရိကန် တိုင်းရင်းသားတွေဖြစ်တဲ့ ရက်ဒ်အင်ဒီးယန်းတွေက အစကနဦးမှာ ပိုင်ဆိုင်ခဲ့ပါတယ်...။ စူးစမ်းရှာဖွေရေးသမား ပြင်သစ်နိုင်ငံသား Robert dela Salle က ဒေသခံတွေကိုခေါ်တဲ့ ‘shikaakwa’ ကိုပြင်သစ်လေသံ နဲ့ ‘Checagou’ လို့ ခေါ်ခဲ့ရာက ချီကာဂို ဆိုပြီး အမည်တွင်ခဲ့လေသတဲ့...။ 1833 ခုနှစ် မှာ ချီကာဂို မြို့ငယ်လေးအဖြစ် စတင်ခဲ့ပေမဲ့ လူဦးရေတိုးပွားမှုမြန်ဆန်လွန်းတာကြောင့် 1837 ခုနှစ်မှာတော့ မြို့တော်တစ်ခု ဖြစ်လာခဲ့ပါတယ်...။ အကြီးမားဆုံး နဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ ကုန်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်း နဲ့ ပုံနှိပ်ထုတ်ဝေတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်....။
◕N0:7>အိုဆာကာ(Osaka), ဂျပန်(Japan)
(GDP: $654.8 billion, area: 552.26 square kilometers, population: 1,545,410)
ဂျပန်နိုင်ငံရဲ့ တောင်ပိုင်း မှာတည်ရှိတဲ့ အိုဆာကာမြို့ဟာဖြင့် အစောဆုံး 6BC ကတည်းက လူသားတွေ စတင်အခြေချခဲ့တယ်လို့ ဆိုပါတယ်..။ Edo မင်းဆက် လက်ထက် 1603 to 1867 မှာ အဓိက မြို့ကြီးတစ်မြို့ အဖြစ်သာ တည်ရှိခဲ့ပြီး 1889 ခုနှစ်မှာတော့ မော်ဒန် မြူနီစပယ် မြို့တော်အဖြစ်တိုးချဲ့ခဲ့ပါတယ်...။ အကြီးမားဆုံး နဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ သတ္ထု..၊ အထည်အလိပ်လုပ်ငန်း နဲ့ ပလပ်စတစ် လုပ်ငန်းတွေဖြစ်ပါတယ်...။
◕N0:6>ပဲရစ်စ်/ပါရီ(Paris), ပြင်သစ်(France)
(GDP:$ 669.2 billion, area: 105.4 square kilometers, population: 10,413,386)
Celtic ဆဲလ်တစ် လူမျိုးကွဲ အုပ်စုတစ်ခုဖြစ်တဲ့ ပါရီစီး(Parisii) လူမျိုးတွေက Seine River စိန့်မြစ်ကမ်းနံဘေးမှာ ခရစ်နှစ် 250 BC လောက်မှာ တည်ထောင်ခဲ့တယ်လို့ဆိုပါတယ်...။ သူတို့လူမျိုးရဲ့ အမည်ကိုအစွဲပြုပြီး နောက်ပိုင်းတွေမှာ ပါရီ လို့ခေါ်ဝေါ်ခဲ့ပါသတဲ့...။ အကြီးမားဆုံး နဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ ခရီးသွားလုပ်ငန်း..၊ အ၀တ်အထည်လုပ်ငန်း တွေဖြစ်ပြီး တကယ့်နာမည်ကြီး ဒီဇိုင်းအ၀တ်အထည် brands တွေရဲ့ ရုံးချုပ်တွေဟာ ပါရီမှာ အခြေစိုက်ပါတယ်....။
(ဗဟုသုတ အနေနဲ့ပေါ့..။ 5/4/3/2/1 ကို ထပ်ပြီး တင်ပေးပါ့မယ်...။ ခင်မင်စွာဖြင့်..,နေမျိုး)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။