April Maung Maung
ဒေါ်အောင်ဆန်းစုကြည်၏ အကျဉ်းကျခံ မှတ်တမ်း
(အကျဉ်းကျ) ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နေအိမ်တွင် နေအိမ်အကျယ်ချုပ် ချခံခဲ့ရသည်။
အရေးပေါ်ဥပဒေ သည် လူတစ်ယောက်အား ၃ နှစ်တိုင်အောင် ခုံရုံးမတင်ပဲ ထိန်းသိမ်းခွင့် ရှိသည့် ဥပဒေဖြစ်သည်။

(လွတ်မြောက်) ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသည်။
(အကျဉ်းကျ) ၂၀၀၀ ခုနှစ် ဆက်တင်ဘာလ ၂၃ ရက်နေ့တွင် အောင်ဆန်းစုကြည်သည် ထပ်မံ နေအိမ်အကျယ်ချုပ် ချမှတ်ခံရပြန်သည်။
(လွတ်မြောက်) ၂၀၀၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ၁၉ လတိုင်အောင် အကျယ်ချုပ် ထိမ်းသိမ်းခဲ့ပြီးမှ ပြန်လည် လွတ်မြောက်လာသည်။
(အကျဉ်းကျ) ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဒီပဲယင်း လုပ်ကြံ သက်ဖြတ်မှုတွင် သူ့အား ၃ လတိုင်အောင် လျှို့ဝှက် ဖမ်းဆီးထားခဲ့ပြီး၊ နေအိမ်အကျယ်ချုပ် ပြန်ချခဲ့သည်။
(အကျဉ်းကျ) ၂၀၀၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ထပ်မံ၍ နေအိမ်အကျယ်ချုပ် တစ်နှစ် တိုးခံခဲ့ရသည်။
၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့သည် သူ၏ နေအိမ်အကျယ်ချုပ် သက်တမ်းသည် ၁၂ ပြည့်ဖြစ်ပြီး၊ နိုင်ငံတကာရှိ မြို့ကြီး ၁၂ ခုတွင် ဘားမားကမ်ပိန်းယူကေ (Burma Campain UK) မှ ဦးစီး၍ ဆန့်ကျင် ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။
၂၀၀၈ ခုနှစ် မေလ ၂၇ ရက်နေ့တွင် စစ်အစိုးသည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်း ၁ နှစ်ခွဲ ထပ်မံတိုးခဲ့သည်။
နေအိမ်အကျယ်ချုပ်ဖြင့် ၇နှစ်နှင့် ၆လကြာ ဆက်တိုက် ထိန်းသိမ်းခံထားရပြီးနောက် မြန်မာစစ်အစိုးရသည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ၁၇ နာရီ ၄၀ မိနစ် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးလိုက်ပြီ ဖြစ်သည်။
ခွပ်ဒေါင်း သခင် ချစ်သောသူ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။