Music is Heaven
တစ်သက်လုံး ကိုယ်ပိုင်သံစဉ် သီဆိုမယ်ဆိုတဲ့ မာရဇ္ဇ
အဆိုတော် မာရဇ္ဇက တစ်သက်လုံး ကိုယ်ပိုင်သံစဉ် များသာ သီဆိုသွားမည်ဟု ပြောသည်။
”အစ်ကို့ဂီတ သက်တမ်းတစ်လျှောက်မှာ ကော်ပီခွေ နှစ်ခွေထဲက သီချင်း အနည်းစုပဲ ကော်ပီ ဆိုဖူးတယ်။ ကျန်တာတွေ အားလုံးက ကိုယ်ပိုင် သံစဉ် သီချင်းတွေပဲ။ တချို့ Own Tune နဲ့ Copy ရဲ့ကွာခြားပုံ တန်ဖိုးကို ခွဲခွဲခြား ခြား နားမလည်ကြဘူး။ တအားကို ကွာပါတယ်”ဟု ၄င်းက ဆိုသည်။
”အစ်ကိုတို့က လက်ရှိမှာ အမှန်အတိုင်း ပြောရင် Current မဖြစ်ဘူး။ ဆိုလို ချင်တာက လွန်ခဲ့တဲ့ ၆ နှစ်၊ ၇ နှစ်အတွင်းမှာ ပေါက်သီချင်း မရှိခဲ့ဘူး။ ဒါ့အပြင် Basic ကိုမြှင့် လိုက်တဲ့ အခါကျတော့ အစ်ကို့အနေနဲ့ ပရိသတ် ကြိုက်လောက်တဲ့၊ ပေါက်လောက်တဲ့ သီချင်းတွေကို ဆိုခဲ့တာမျိုး မရှိခဲ့ပြန်ဘူး။ ဂုဏ်သိက္ခာ အရ ထိန်းခဲ့တာ လည်း ပါ ပါ တယ်။ ပေါက်မယ့် သီချင်း ဆိုခဲ့ရင်တော့ Current ဖြစ်မှာပေါ့လေ။ သီချင်းပေါက်မှ Current ဖြစ်မှာကိုး။ စင်ပေါ်ရောက်တဲ့ အခါ ဥပမာ ပရိသတ်ကြိုက် လောက်တဲ့ သီချင်း ဆယ်ပုဒ် ဆိုရင် ဆယ်ပုဒ်စလုံး ပရိသတ် လက်ခံပြီးသား၊ ဆိုပြီးသား သီချင်းတွေ ဖြစ်နေရမယ်။ အစ်ကို့ မှာလည်း ပေါက်ခဲ့တဲ့ သီချင်းတွေ ရှိခဲ့ပါတယ်” ဟု ပြောပါသည်။ Live Show ဆိုဖို့လည်း ပရိသတ်တချို့ တောင်းဆိုထားကြောင်း သိရပါသည်။ နောက်ပိုင်းမှာ Music Trend တွေ ပြောင်းလာပြီး ကိုယ်ပိုင် Music Band လေးတွေ ပေါ်ထွက် လာမယ်လို့ ထင်မြင်ယူဆ ကြောင်း အဆိုတော် မာရဇ္ဇက ပြောသည်။
Credit to > popular journal
admin \D/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။