သက်တန့်ချို
တစ်ခါတုန်းက လူငယ်တစ်ယောက်ဟာ နာမည်အရမ်းကြီးတဲ့ စူဖီဆီရောက်လာပါတယ် ။ စူဖီဆိုတာက ရှေးရိုး ယုံကြည်သက်ဝင်မှု တရားကျင့်စဉ်တွေကျင့်နေတဲ့ မျိုးနွယ်တွေဆိုပါတော့ ။ ဒီတော့ အဲဒီလူဟာ စူစီဆီလည်းရောက်ရော စူဖီတွေ ကျင့်ကြံတဲ့နည်းလမ်းက မမှန်တဲ့အကြောင်း စူဖီတွေလမ်းလွဲနေပါပြီဆိုတဲ့အကြောင်းပြောပါတော့တယ် ။
စူဖီဆရာကြီးက ငြိမ်သက်စွာ တရားထိုင်နေရင်းကနေ ဖြည်းဖြည်းချင်းမျက်စိဖွင့်လိုက်တယ် ။ ပြီးတော့ အဲဒီလူငယ်လက်ထဲကို လက်စွပ...်တစ်ကွင်းထည့်ပေးလိုက်ပါတယ် ။
“ ဒီလက်စွပ်ကို ဈေးထဲက ကုန်သည်တွေဆီမှာ သွားရောင်းကြည့် ငွေဘယ်လောက်ပေးသလဲသိရအောင် ”
လူငယ်ဟာ ဈေူးထဲကုန်သည်တွေဆီသွားရောင်းကြည့်ပါတယ် ။တစ်ဈေးလုံးမှာ ငွေဒဂါင်္းတစ်ပြားထက်ပိုပေးတဲ့သူမရှိပါဘူး ဒီတော့သူ စူဖီဆရာကြီးထံပြန်လာတယ် ။
“ တစ်ဈေးလုံးမှာ ငွေဒဂါင်္းတစ်ပြားထက်ပိုပေးတဲ့သူမရှိပါဘူး ”
“ ဒါဆို ရင် အဲဒီလက်စွပ်ကို ရွှေပန်းထိမ်ဆရာကိုသွားရောင်းကြည့်ပါသူဘယ်လောက်ပေးသလဲသိရအောင် ”
လူငယ်ဟာ လက်စွပ်ကိုယူပြီး နာမည်ကြီးရွေပန်းထိမ်ဆရာဆီသွားပါတော့တယ် ။ ရွှေပန်းထိမ်ဆရာက ငွေဒဂါင်္း ၁၀၀ ပေးပြီးဝယ်မယ်လို့ပြောလိုက်ပါတယ် ။
လူငယ်က စူဖီဆရာကြီးထံပြန်ရောက်လာတယ် ။
”“ ရွှေပန်းထိမ်ဆရာကငွေဒဂါင်္းတစ်ရာပေးပြီး ၀ယ်မယ်ပြောပါတယ် ။ ” စူဖီဆရာကြီး ကလူငယ်ကိုတည်ငြိမ်စွာကြည်ပြီး ပြောလိုက်တယ် ။
“ ကောင်လေး မင်းဟာစူဖီအကြောင်းသိတယ်ဆိုတာ ဈေးထဲကကုန်သည်တွေလောက်ပဲသိတာပါ .. တကယ်တော့အဖိုးတန်ရတနာပစ္စည်းကိုအကဲဖြတ်ချင်ရင်ကိုယ်ကိုယ်တိုင်က အဲဒီရတနာအကြောင်းနားလည်မှဖြစ်မယ် ”
==============================
တန်ဖိုးဆိုတာ သိတဲ့လူမှ မြင်နိုင်တာပါ
အကြောင်းအရာတစ်ခု ပစ္စည်းတစ်ခုကို တန်ဖိုးဖြတ်တော့မယ့်အခါ ကိုယ်ကိုယ်တိုင်ကအဲဒီအကြောင်းကို ပြည့်စုံစွာသိနားလည်ဖို့ .. အဲဒီပစ္စည်းအကြောင်းကို တန်ဖိုးသိထားဖို့လိုပါတယ် ။
သက်တန့်ချို
မူရင်း - Value

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။