FOOD Magazine
......................
Beef Rendang
......................
အုန်းနို့နံ့သင်းတဲ့ Nyonya Style အမဲသားနှပ်တစ်ခွက်နဲ့
မိတ်ဆက်ပေးချင်ပါတယ်။ ဒီဟင်းရဲ့ အဓိကအကျဆုံးအချက်ကတော့ ...
မီးနည်းနည်းနဲ့ အသားများကို နူးအိနေအောင်နှပ်တာပါပဲ။
ကြာကြာနှပ်နိုင်လေ ပိုကောင်းလေပါ။

ပါဝင်ပစ္စည်းများ
.....................
• အမဲသား - ၁ ကီလို ( အရွယ်တော်လေးများ တုံးထားပါ)
• ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
• သကြား - စားပွဲဇွန်း ၂ ဇွန်း
• မန်ကျည်းနှစ် - လက်ဖက်ရည်ဇွန်းတစ်ဝက်
• အုန်းနို့ - ၂၅၀ မီလီလီတာ
• ရေ - ၃၂၀ မီလီလီတာ
• စပါးလင် - ၁ ချောင်း (ထုထားပေးပါ)
• သစ်ကြံပိုး - အနည်းငယ်
• နံနံမှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ဖာလာစေ့ - ၃ စေ့
• ကြက်သွန်ဖြူ - ၃ မြွှာ
အနှစ်အတွက်
....................
• ကြက်သွန်နီဥကြီး - ၂ ဥ
• ကြက်သွန်ဖြူ - ၅ မြွှာ
• စပါးလင် - ၃ ချောင်း (အရင်းပိုင်းလေးပဲယူပါ)
• လှော်ထားသော အုန်းသီးဖတ် - ၂၅ ဂရမ်
• ချင်း - လက်တစ်ဆစ်စာ
• ငရုတ်သီးခြောက် - ၇ ခု
ချက်နည်း
၁။ အနှစ်အတွက် လှော်ထားသော အုန်းသီးဖတ်များမှလွဲပြီး
ကျန်ပစ္စည်းများအားလုံးကို ရောကြိတ်ပေးပါ။
၂။ ဆီ စားပွဲဇွန်း ၃ ဇွန်းခန့်ကို အပူပေးကာ စပါးလင်၊ သစ်ကြံပိုး၊
ဖာလာစေ့၊ ကြက်သွန်ဖြူ များကို ဆီသတ်ပါ။ အနံ့မွှေးလာပါက
နံနံမှုန့်ထည့်မွှေကာ ကြိတ်ထားသောပစ္စည်း များကို ထည့်မွှေပါ။
၃။ ကြက်သွန်နွမ်းလျှင် အမဲသားထည့်ကာ ၁ မိနစ်ခန့်တည်ပါ။
ဆား၊ သကြား၊ မန်ကျည်းနှစ်နှင့် အုန်းသီးဖတ်များဖြူးပေးပါ။
၎။ ရေနှင့် အုန်းနို့ကိုလည်းထည့်ကာ ပွက်ပွက်ဆူအောင်တည်ပါ။
၅။ ဆူသည်နှင့် မီးလျော့ကာ မီးနည်းနည်းဖြင့် ၄ နာရီခန့်ကြာအောင်တည်ပါ။
ရေလိုလျှင်ထပ်ဖြည့်ပေးပါ။
၆။ နူးအိနေသော Beef Rendang ကို ပေါင်မုန့်နှင့်ဖြစ်စေ
ထမင်းဖြူနှင့်ဖြစ်စေ တွဲဖက်စားသုံးနိုင်ပါပြီ။
..................
Evy Kitchen
..................
http://evyfoodlover.com/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။