Tun Wai
Facebook ကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပြီ
Facebook တွင် ယခင်က မြန်မာများအတွက် အင်္ဂလိပ်ဘာသာကို အဓိကထားအသုံးပြုကြပြီး အခြားဘာသာဖြင့် အနည်းငယ် အသုံးပြုနေကြသည်ကို တွေ့ ရပါသည်။
ယခုတွင်မူ မြန်မာတို့ အတွက် မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် မြန်မာတချို့ ကိုယ်တိုင်ပါဝင်ဘာသာပြန်နေသော Facebook translation team မှ မြန်မာဘာသာသို့ ၁၀၀ရာခိုင်နှုန်းပြောင်းလဲမှုပြုလုပ်ပေးပြီးဖြစ်ပါသည်။
...

သို့ သော် တချို့ စကားစုများမှာ voting စနစ်မပြီးသေး၍ ဖော်ပြနိုင်ခြင်းမရှိသေးပါ။ မြန်မာဘာသာအဖြစ်သို့ ပြောင်းလဲလိုလျှင် Facebook ညာဘက်ရှိ စက်သွားပုံ (setting) အောက်ရှိ account setting သို့ သွားပါ။ ထို့ နောက် General > Language တွင် edit ကို နှိပ်ပါ။ ထို့ နောက် မြန်မာဘာသာကို ရွေးချယ်ပါ။ မြန်မာဘာသာ Unicode standard ရှိသည့် မြန်မာ font များရှိလျှင် မိမိ၏ Facebook ကို မြန်မာစာများဖြင့် မြင်တွေ့ နိုင်မည်ဖြစ်ပါသည်။
Language တွင် မြန်မာဘာသာမပါရှိသူများ အနေဖြင့် https://www.facebook.com/translations သို့ သွားရောက်၍ ညာဘက်အောက်ခြေတွင် ရာခိုင်နှုန်းပြထားသော translation ခလုတ်ကို နှိပ်ပြီး turn on translation ကို နှိပ်၍ မြန်မာဘာသာသို့ ပြောင်းလဲ နိုင်မည်ဖြစ်ပါသည်။
မြန်မာဘာသာ Unicode standard ရှိသည့် မြန်မာ font များရှိလျှင် မိမိ၏ Facebook ကို မြန်မာစာများဖြင့် မြင်တွေ့ နိုင် မည်ဖြစ်ပါသည်။
မူရင်း Myanma LightSee More အတိုင်းမျှဝေလိုက်ပါတယ်။
8.6.2013

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။