Today Myanmar
ဗြိတိန်ပေါင် ၉.၇ သန်း ထီပေါက်သော်လည်း အမှိုက်ကောက်သမား ဘဝ ပြန်ရောက်သူ
သက္ကရာဇ် ၂၀၀၂ ခုနှစ်တုန်းကပါ။ ဗြိတိန်နိုင်ငံက Michael Carroll လို့ အမည်ရတဲ့ အမှိုက်ကောက်သမား တစ်ဦးဟာ ဗြိတိန်ပေါင် ၉.၇ သန်းတန် ထီဆုကြီး ပေါက်ခဲ့ ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၁၄.၃ သန်း ဖြစ်ပါတယ်။
သို့ပေမယ့် ၂၀၁၀ ခုနှစ်မှာ အမှိုက်ကောက်သမားဘဝ ပြန်ရောက် သွားပါတယ်။ ဖြစ်ပုံက ဒီလိုပါ။
ထီပေါက်ပြီး ရတဲ့ ငွေတွေနဲ့ ၈ နှစ်ပတ်လုံး ဘာအလုပ်မှ မလုပ်ပါဘူး။ တစ်ပတ်ကို ပျမ်းမျှအားဖြင့် ကန်ဒေါ်လာ ၁သိန်းခွဲနီးပါး သုံးစွဲ ပါတယ်။ ဈေးအကြီးဆုံးကားများ ဝယ်စီး ပါတယ်။ အိမ်ကောင်းမှာ နေ ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲပါတယ်။ မိန်းမအပျော်အပါးလိုက်စား ပါတယ်။ နောက်တော့ အကြွေးတွေ တင်ပြီး တစ်ခုပြီး တစ်...ခု ပြန်လည် ရောင်းချလိုက်ရာမှာ ၂၀၁၀ ခုနှစ်ရောက်တော့ အမှိုက်ကောက်သမား အလုပ်ကို ပြန်လုပ်ဖို့ အလုပ်သမားဝန်ကြီးဌာနကို မှတ်ပုံတင်ပြန်လျှောက်ပါတယ်။ အခုတော့ အမိုက်ကောက်သမား ဘဝနဲ့ပဲ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်လျက် ရှိပါတယ်။

ပြည်ဗာရာက သူဌေးသား ပုံပြင်တစ်ပုဒ်လိုပဲ အပြင်မှာ တကယ် ဖြစ်ခဲ့ တာလေး ဖြစ်ပါတယ်။
-
Ref: dailymail
သင်ခန်းစာ -
လက်ထဲမှာ ငွေရှိပြီး အကျိုးရှိရှိ အသုံးမချတတ်သူဟာ ပိုက်ဆံကို မီးရှို့ ပြီး မီးလှုံနေသူနဲ့ အတူတူပါပဲ။ --------------- အောင်ခမ်း
-
International news for myanmar
-
http://www.innewsmyanmar.com/2013/06/blog-post_7.html

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။