Myanmar News Update
ကြောင်မှန်းသိဖို့ ကြွက်ကသက်သေ
ကြောင်မတစ်ကောင်ဟာ ချောမောလှပတဲ့ လူရွယ်တစ်ယောက်ကို ချစ်မို့ အက်ဖရိုဒိုက် နတ်သမီးဆီမှာ သူ့ကို မိန်းကလေး အဖြစ် ပြောင်းလဲပေးဖို့ ဆုတောင်းပါတယ်. . .
နတ်သမီးက သူ့ရဲ့ အချစ်နာ ကျနေပုံကို သနားတာကြောင့် ချောမောလှပတဲ့ မိန်းကလေး အဖြစ် ဖန်ဆင်းပြောင်းလဲလိုက်တယ်. . .
လူရွယ်ဟာ မိန်းကလေးကို မြင်တဲ့အခါ ချစ်ကြိုက်သွားပြီး လက်ထပ်လိုက်တယ်. .
သျှောင်နောက် ဆံထုံးပါ ဆိုသလို သူ့အိမ်မှာ လိုက်နေရတယ်. . . .
အိမ်မှာ သူတို့ နားနေခိုက် အက်ဖရိုဒိုက် နတ်သမီးဟာ လူမိန်းကလေးအဖြစ် ပြောင်းလဲထားတဲ့ကြောင်ကို လူလို အသိညဏ်ရှိမှ ရှိပါလေစလို့ စူးစမ်းချင်လာတယ်. .
ဒါနဲ့ ကြွက်တစ်ကောင်ကို သူ့ရှေ့မှာ လွှတ်လိုက်သတဲ့. .
သူဟာ လူနဲ့ ညားနေပြီဆိုတာကို ရုတ်တရက်မေ့ပျောက်သွားတယ်. . .
အိပ်ရာက ချက်ချင်းထပြီး ကြွက်ကို လိုက်ဖမ်းတယ်. .
ကြွက်ကို တွေ့ပြန်တော့ စားချင်တာကိုး . . .
ဒါကြောင့် အက်ဖရိုဒိုက် နတ်သမီး က စိတ်ဆိုးပြီး နဂိုကြောင်ဘ၀ကို ပြန်ဖြစ်စေလိုက်တယ်. . .
(လူဆိုးတစ်ယောက်ဟာ အပြင်ပန်း ဟန်ပန်ပြောင်းလဲပေမယ့် သူ့အမူအကျင့်ကတော့ ရှိနေဦးမှာ ဖြစ်တယ်)
အီစွတ်ပုံပြင်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။