Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, June 20, 2013

လိုချင်တာရအောင်ယူ

 
နှိုင်းရင့်နွေ
လိုချင်တာရအောင်ယူ
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
အဆိုအမိန့်လေးတစ်ခု ဖတ်ဖူးပါတယ်...
"လိုချင်တာကို ရအောင်ယူပါ
လိုချင်တာကို ရအောင်မယူနိုင်တဲ့သူဟာ
ရထားတာတွေ ဆုံးရှုံးတတ်တယ်..."

တကယ့်ကို အနှစ်သာရရှိတဲ့စာသားလေးပါပဲ... ကျွန်တော်တို့လူသားတွေမှာ လိုအင်ဆန္ဒတွေကိုယ်စီရှိကြပါတယ်... ဖြစ်ချင်တဲ့ဆန္ဒ... မက်ခဲ့တဲ့အိပ်မက်... ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်... ခေါင်းစဉ်အမျိုးမျိုးနဲ့ ဖော်ပြကြပေမဲ့ လိုရင်းကတော့ လိုအင်ဆန္ဒလို့ပဲ ဆိုရပါမယ်...

လိုအင်ဆန္ဒဆိုတာကလည်း အမျိုးမျိုးပါပဲ... ဆင်းရဲတဲ့သူကချမ်းသားချင်တယ်... နိမ့်ကျတဲ့သူကတိုးတက်အောင်မြင်ချင်တယ်... ချမ်းသာတဲ့သူကလည်း ထင်ရှားကျော်ကြားချင်တယ်... ထင်ရှားကျော်ကြားတဲ့သူကလည်း ချမ်းသာချင်မယ်... သြဇာအာဏာရှိချင်မယ်... ကိုယ်ချစ်ခင်နှစ်သက်တဲ့သူတွေနဲ့ တူတူနေချင်ကြမယ်... လူငယ်လူရွယ်တွေက ပညာထူးချွန်ချင်တယ်... စူးစမ်းသိမြင်ချင်မယ်... လိုအင်ဆန္ဒတွေဟာ ပြင်းပြမှုအမျိုးမျိုးနဲ့ ကျွန်တော်တို့စိတ်ထဲမှာ နေရာယူထားတတ်ပါတယ်...

ဘဝမှာ တိုးတက်အောင်မြင်ချင်တယ်ဆိုရင်တော့ ရည်မှန်းချက်တွေ ဝေဝါးတွေဝေနေလို့မရပါဘူး... တစ်နည်းအားဖြင့် လိုအင်ဆန္ဒအသေးလေးတွေကို အလိုလိုက်လို့မရပါဘူး... ကိုယ်တကယ်အဖြစ်ချင်ဆုံး အရချင်ဆုံး လိုအင်ဆန္ဒကို အဓိကထားဖြည့်ဆည်းရပါမယ်... အဲ့ဒီအတွက် လိုအင်ဆန္ဒအသေးလေးတွေကို စွန့်လွှတ်ကောင်းစွန့်လွှတ်ရပါလိမ့်မယ်... ဒီလိုဖြည့်ဆည်းရင်း တစ်ချို့လိုအင်ဆန္ဒအသေးလေးတွေလည်း အလိုလိုပြည့်ဝလာကောင်းပြည့်ဝလာပါလိမ့်မယ်...

ဥပမာ စာမေးပွဲမှာ ထူးထူးချွန်ချွန်အောင်မြင်ချင်တဲ့ ကျောင်းသားဟာ ရုပ်ရှင်ကြည့်ချင်တဲ့ ဆန္ဒ.. အိပ်ရာကမထချင်တဲ့ဆန္ဒတွေကို ချိုးနှိမ်ပယ်ဖျောက်ရပါမယ်... မူလရည်မှန်းချက်ဖြစ်တဲ့ ထူးထူးချွန်ချွန်အောင်မြင်ဖို့ တစိုက်မတ်မတ်ကြိုးစားရင်း တခြားသူတွေရဲ့ အထင်ကြီးအားကျမှု.. အားကိုးယုံကြည်မှုတွေကိုလည်း ရလာနိုင်ပါတယ်... ကိုယ့်ကိုယ်ယုံကြည်မှုလည်း ပိုလာနိုင်ပါတယ်... ဒါတွေဟာ လူငယ်တိုင်းမှာ ရှိနေတတ်တဲ့ ဆန္ဒအသေးလေးတွေ ပြည့်ဝလာတာလည်းဖြစ်ပါတယ်...

တစ်ခုခုကို ဖြစ်ချင်ပြီ ရချင်ပြီ လိုချင်ပြီဆိုရင်တော့ မရရအောင် ကြိုးစားရပါမယ်... မဖြစ်နိုင်တာတွေကိုတွေးနေမယ်... အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲနေမယ်ဆိုရင်တော့ လိုချင်တာမရနိုင်တဲ့အပြင် ရထားတာတွေကိုပါ ဆုံးရှုံးသွားနိုင်ပါတယ်... ခုနက ဥပမာကို ပြန်သွားရင် ထူးထူးချွန်ချွန်အောင်မြင်ချင်ပေမဲ့ ဒီကျောင်းသားက သူ့ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ မကြိုးစားဘူးဆိုပါစို့... ပုံမှန်စာမကျက်တဲ့အတွက် စာကြွေးတွေပိုလာမယ်... မေးလိုက်တိုင်းစာမရတဲ့အတွက် ဆရာဆရာမတွေနဲ့ သူငယ်ချင်းတွေရဲ့ အထင်သေးမှုကိုခံရမယ်... ကိုယ့်ကိုယုံကြည်မှုလည်း လျော့ကျသွားတဲ့အတွက် မူလရှိပြီးသား ဥာဏ်ရည်ဥာဏ်သွေးလေးတွေ တဖြည်းဖြည်းမှေးမှိန်သွားမှာဖြစ်ပါတယ်... ရှေ့ဆက်မတိုးတဲ့သူဟာ မူလနေရာမှာ ဆက်ပြီးရပ်တည်နိုင်ဖို့မလွယ်ပါဘူး... တဖြည်းဖြည်းနောက်ကိုရွေ့သွားမှာသေချာပါတယ်...

လူမှုစီးပွားဝန်းကျင်တွေမှာလည်း ဒီသဘောပါပဲ... တစ်စုံတစ်ခုကို ဖြစ်ချင်ရချင်ပြီဆိုရင် ရယူအောင်မြင်ဖို့ မဖြစ်မနေကြိုးစားဖို့လိုပါမယ်... လိုအင်ဆန္ဒတွေ ရည်မှန်းချက်တွေဆိုတာ စိတ်ကူးယဉ်နေဖို့ အိပ်မက်မက်နေဖို့သက်သက်မဟုတ်ပါဘူး... အကောင်အထည်ဖော်ဖြည့်ဆည်းရမယ့် အရာဖြစ်ပါတယ်... ပြိုင်ဆိုင်မှုတွေ အဘက်ဘက်ကများပြားပြင်းထန်နေတဲ့ ဒီနေ့ခေတ်မှာ ပိုသိသာပါတယ်... တွေဝေစဉ်းစားနေတဲ့အချိန်မှာ ဘဝရဲ့အဆင့်အတန်းက အများကြီးကွားခြားသွားနိုင်ပါတယ်...

ဘဝဆိုတာ ပြေးပွဲတစ်ပွဲကြီးလို့ဆိုကြပါစို့... ပြိုင်ပွဲဝင်တစ်ချို့ရဲ့ရည်မှန်းချက်က ထိပ်ဆုံးကပန်းဝင်ဖို့ဖြစ်ပါတယ်... အဲ့ဒီလူတွေဟာ ထိပ်ဆုံးကဝင်နိုင်ဖို့ ကြိုးစားအားထုတ်ရပါမယ်... မိမိစိတ်ဆန္ဒပြင်းပြမှုနဲ့ ကြိုးစားအားထုတ်မှုအပေါ်မူတည်ပြီး တစ်စုံတစ်ယောက်တော့ ပထမနေရာကိုရပါလိမ့်မယ်... ကြိုးစားအားထုတ်မှုလို့ဆိုရာမှာလည်း ဒီပြိုင်ပွဲတစ်ခုထဲမှာတင်မဟုတ်ဘဲ ပြိုင်ပွဲမဝင်ခင် အထပ်ထပ်အခါခါလေ့ကျင့်ထားမှုတွေကလည်း အကျုံးဝင်ပါတယ်... ဒါဟာလိုချင်တာကိုရအောင်ယူဖို့ လုပ်ဆောင်ချက်တွေပါပဲ... တစ်ချို့ကတော့ ပထမနေရာတော့ရချင်တယ်... ရနိုင်တဲ့ စွမ်းဆောင်ရည်လည်းရှိတယ်... ဒါပေမဲ့ ကြိုတင်ပြင်ဆင်မှု ကြိုးစားအားထုတ်မှု တစ်ပိုင်းပိုင်းမှာ လျှော့ချမိလိုက်မယ်... ဒါဆိုရင် ပထမနေရာမရနိုင်ရုံတင်မကဘူး တခြားသူတွေရဲ့ ကျော်ဖြတ်တက်ခြင်းကိုပါခံရမှာဖြစ်ပါတယ်... အလယ်အလတ်က ပန်းဝင်ချင်တဲ့သူတွေကလည်း အလယ်အလတ်ကပန်းဝင်နိုင်လောက်အောင် ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်...

နောက်တစ်နည်းကြည့်မယ်ဆိုရင် သင်က သင့်မိန်းကလေးသူငယ်ချင်းတစ်ယောက်အပေါ် တိတ်တခိုးချစ်နေတယ်ဆိုပါစို့... သင့်လိုအင်ဆန္ဒက သူမရဲ့ မေတ္တာကိုရဖို့ဖြစ်ပါတယ်... သင်လိုချင်တဲ့အတိုင်းဖြစ်လာဖို့ သင့်အနေနဲ့ကြိုးစားရပါမယ်... သင့်မေတ္တာကိုမြင်အောင်ပြမယ်... သူ့ကိုမေတ္တာရှိကြောင်း ဖော်ပြမယ်... သူ့အတွက် လိုအပ်တာတွေကို ဖြည့်ဆည်းပေးမယ်... သင့်အပေါ်မေတ္တာရှိလာနိုင်မယ့်နည်းလမ်းအားလုံးကို သုံးပြီးသင်ကြိုးစားရပါလိမ့်မယ်... သင့်မေတ္တာကိုအကြောင်းတစ်ခုခုကြောင့် မတုံ့ပြန်နိုင်ရင်တောင် သင်ဟာသူ့ဘဝအတွက်အကောင်းဆုံးလူတစ်ယောက်ဆိုတာကို အသိအမှတ်ပြုခံရပါလိမ့်မယ်... အဲ့ဒီလိုမျိုးကြိုးစားအားထုတ်မှုလည်း မလုပ်ခဲ့ဘူး... သင့်ဘာသာတိတ်တခိုးလေးနဲ့ ကျေနပ်နေမယ်ဆိုရင် သာမန်အားဖြင့် သူငယ်ချင်းဆိုတဲ့သင့်နေရာလေးမှာ သင်ရပ်နေမိသလိုပါပဲ... ဒါပေမဲ့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူမအတွက်သင့်တော်တဲ့သူတစ်ယောက်ကိုတွေ့သွားမယ်... အဲ့ဒီလို ချစ်သူရည်းစားနဲ့ယှဉ်လိုက်တဲ့အခါ သူငယ်ချင်းဆိုတာ အရေးပါးမှုတော်တော်နည်းသွားပါပြီ... ဒီလိုနဲ့ တဖြည်းဖြည်းစိတ်ချင်းလူချင်းဝေးသွားကြပါမယ်... ဒါကလည်း ရထားတဲ့အခြေအနေတစ်ရပ် ဆုံးရှုံးသွားတာပါပဲ...

ဥပမာတွေထပ်ပေးနေရင်တော့ ပေးလို့ကိုဆုံးနိုင်တော့မှာမဟုတ်ပါဘူး... နေ့စဉ်လူမှုဘဝဝန်းကျင်မှာ သတိထားကြည့်လိုက်ရင် ဒီလိုအဖြစ်မျိုးတွေကို တွေ့မြင်နိုင်ပါတယ်... တစ်ခုခုကိုဖြစ်ချင်ရချင်တဲ့ ဆန္ဒရှိတဲ့အခါ မိမိဆန္ဒရဲ့ အတိမ်အနက်ကို ခန့်မှန်းချင့်တွက်ရပါမယ်... တကယ်ဖြစ်ချင်သလား... ဖြစ်သင့်သလား... တခြားအရာတွေနဲ့ နှိုင်းယှဉ်ရင် တကယ်အရေးကြီးသလား... စသဖြင့် မိမိဆန္ဒရဲ့ အရေးပါမှုကို ဖော်ထုတ်ရပါမယ်... သေချာပြီဆိုတဲ့အခါ ဒီဆန္ဒကိုဖြည့်ဆည်းနိုင်မယ့်နည်းလမ်းတွေကို ရွေးချယ်ရပါမယ်... တစိုက်မတ်မတ်နဲ့ ဖြည့်ဆည်းကြိုးပမ်းရပါမယ်... ဒါမှသာ သင်ဖြစ်ချင်ရချင်တဲ့ ဘဝမျိုး အခြေအနေမျိုးကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်...

တစ်ခုခုကိုလိုချင်တဲ့အခါ ရပ်တန့်မနေပါနဲ့... ရယူနိုင်ဖို့ကြိုးစားပါ... အကြောင်းတစ်ခုခုကြောင့် လိုချင်တာကိုမရနိုင်ခဲ့ရင်တောင် ကြိုးစားမှုရဲ့အကျိုးရလဒ်တစ်ခုခုကို သင်လက်တွေ့ခံစားရပါလိမ့်မယ်... တွေဝေလေးဖင့်နေမယ်ဆိုရင်တော့ လက်ရှိအခြေအနေ အခွင့်အရေးတွေကိုတောင် သင်ဆုံးရှုံးသွားနိုင်ပါတယ်...

ကိုယ့်ကို သတိပေးစေ့ဆော်တဲ့အနေနဲ့ အဆိုအမိန့်လေးကို ထပ်ရွတ်ကြည့်လိုက်ကြရအောင်...
"လိုချင်တာကို ရအောင်ယူပါ
လိုချင်တာကို ရအောင်မယူနိုင်တဲ့သူဟာ
ရထားတာတွေ ဆုံးရှုံးတတ်တယ်..."
----------------------------------------------------------------

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။