ခြေခင်းလက်ခင်း သာယာသည့် နေ့တစ်နေ့။ ကျွန်တော်တို့ နှစ်ယောက် တူတူ ကစားကွင်း
တွင် လေ့ကျင့်ခန်းဆင်းကာ ပြင်ဆင်နေခဲ့သည်။ သူနဲ့ကျွန်တော်က အသင်းတွင် တူတူကစား
ပြီး ကိုယ့်ဘ၀တက်လှမ်းအတွက် ကိုယ်စီကိုယ်ငှ ကြိုးစားနေသည့် အသင်းဖော်တွေဆိုလည်း
မှားမည်မထင်..။ သည်လိုပဲ ဘ၀အတွက် ပြင်ဆင်ပြီးတော့ ကိုယ့်ရည်မှန်းချက်တွေ အကောင်
အထည်ဖော်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နှင့် ကြိုးစားနေခဲ့သည့် ၀ါသနာတူ သူငယ်ချင်းနှစ်ဦးသာ
ဖြစ်သည်။
တစ်နေ့ ကျွန်တော်တို့ ဖလားပွဲကစားဖို့အတွက် နေ့ရက်ရောက်ရှိလာခဲ့သည်။ ပွဲက အသက် (၁၈)နှစ်
အောက် ဖလားပြိုင်ပွဲတစ်ခု။ လူငယ်တွေရဲ့ အနာဂတ်တွေ ထိုးတက်သွားအောင်၊ ဆုတ်ယုတ်သွားအောင်
ဖန်တီးပေးနိုင်သည့် ကြေးကြီးကြီးကစားဝိုင်းတစ်ခု (သို့) ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသည့် ပြိုင်ပွဲ
တစ်ခုအဖြစ် အသွင်ဆောင်နေသည်။ လူငယ်တိုင်းရဲ့ မျှော်လင့်ချက် အိပ်မက်တွေ အကောင်အထည်ဖော်
ဖို့အတွက် ဒီပြိုင်ပွဲက လှေကားထစ်သဖွယ် အရေးပါသည်ဆိုလျှင်လည်း မမှား။ အဲဒီတော့ အားလုံးက
ခြေကုန်ထုတ်ကာ ကမ္ဘာအနှံ့မှ ဘောလုံးကင်းထောင်များ မျက်စိကျအောင် ကစားပြသည်ဆိုတော့ အကြိတ်
အနယ်ရှိသည်ကားအမှန်။
ကျွန်တော်တို့နှစ်ယောက် အဆိုပါပွဲအတွက် ပြင်ဆင်နေခိုက် အနားသို့ လူတစ်ယောက် ရောက်လာသည်။
မော့ကြည့်လိုက်တော့ စပို့တင်းလစ္စဘွန်းအသင်းမှ တာဝန်ရှိသူတစ်ဦး ဖြစ်နေသည်။ ကျွန်တော်နဲ့သူ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး နားမလည်နိုင်ဖြစ်နေကြသည်။ ကျွန်တော်တို့ဆီကို အဆိုပါ တာဝန်ရှိသူ
က ဘာကြောင့်များ လာပါသလဲဆိုသည့် မေးခွန်းကို တစ်ယောက်မျက်လုံးမှတဆင့် ကိုယ်စီမေးမြန်းနေကြသည်
ဆိုသည်ကိုကား နှစ်ယောက်လုံး သဘောပေါက်ခဲ့ကြသည်။ ထိုစဉ်မှာပင် အဆိုပါ လူက စကားစပြောသည်။
" မင်းတို့ နှစ်ယောက်ထဲက တစ်ယောက်အတွက်တော့ ကံကောင်းပြီဟေ့။ ဒီနေ့ပွဲမှာ မင်းတို့နှစ်ယောက်က
ဂိုးပိုသွင်းတဲ့သူ စပို့တင်းအသင်းရဲ့ အကယ်ဒမီကို အရောက်လှမ်းနိုင်ဖို့ အခွင့်အရေးရလာလိမ့်မယ်။ ကြိုးစားကြ
ကွာ "
သူကတော့ တိုတိုတုတ်တုတ် လိုရင်းပြောပြီး ပြန်လှည့်ထွက်သွားသည်။ ကျန်ခဲ့သည့် ကျွန်တော်တို့ နှစ်ယောက်မှာသာ
ရင်ခုန်နှုန်းတွေမြန်ပြီးတော့  ခြေမကိုင်မိ လက်မကိုင်မိဖြစ်ခဲ့ရသည်။ ကန်ခါနီးမှ စိတ်လှုပ်ရှားစရာ သတင်းကြားပြီး ကျွန်တော့်
စိတ်ထဲမှာ ရင်ခုန်သံစည်းချက်တွေက မြန်ဆန်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ အခွင့်အရေးကိုတော့ ဆုပ်ကိုင်ရဖို့က
ကျွန်တော့် တာဝန်ပင် မဟုတ်လား။
တကယ်တမ်း ဘောလုံးပွဲမှာ ကျွန်တော်ရော သူရော ဂိုးသွင်းနိုင်ခဲ့သည်။ အဲဒီနေ့က သုံးဂိုးပြတ်ဖြင့် ကျွန်တော်တို့ အနိုင်ရခဲ့သည်။
ကျွန်တော် တစ်ဂိုးသွင်းသည်။ သူကလည်း လှပသည့် ဟန်ပန်တစ်ခုဖြင့် ဂိုးသွင်းကာ ခြေစွမ်းပြနိုင်ခဲ့သည်။ ဒီလိုနှင့် ကျွန်တော်တို့
နှစ်ဂိုးပြတ်နိုင်နေချိန်တွ င် ကျွန်တော့်ဘ၀အတွက်အလှည့်အြေ ပာင်းဖြစ်စေမည့် ဖြစ်ရပ်တစ်ခုက ဖြစ်ပေါ်လာခဲ့တော့သည်။ သူသည်
ဂိုးသမားကိုပါလိမ်ခေါက်ပြီး တော့ လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းလို့ရနေသည့် အနေအထားတစ်ရပ်ကို ရရှိသွားသည်။ ကျွန်တော့်ရင်ထဲ ဟာတာတာ
ကြီးဖြစ်သွားသည့်နှယ် ခံစားလိုက်ရမိသည်။ ပြီးသွားပြီ.. ကျွန်တော့်အတွက် တိုက်ပွဲတစ်ခုပြီးသွားခဲ့ပြီဟု ကျွန်တော်ထင်လိုက်မိသည်။
သို့သော် မထင်မှတ်စွာနှင့်ပင် သူ့ဆီက ဘောလုံးက ကျွန်တော့်ရှိရာဆီသို့ တန်းတန်းမတ်မတ်ကြီးကို ရောက်ချလာသည်။ ကျွန်တော်
အံ့သြခြင်းများနှင့်အတူ မင်သက်မိသည်။ ဒါပေမယ့် ဘောလုံးကိုတော့ ဂိုးပေါက်ထဲရောက်အောင် ကျွန်တော် သွင်းယူခဲ့သည်။
ပွဲပြီးသွားတော့ ကျွန်တော် သူ့ဆီကို သွားသည်။ သူ့ကို မေးခွန်းတွေ မေးခဲ့သည်။
" မင်း.. ဘာလို့ ဂိုးမသွင်းခဲ့တာလဲ.. ငါနားမလည်နိုင်အောင်ကို ဖြစ်ခဲ့ရတယ် "
" ငါ့ထက်စာရင် မင်းက ပိုပြီးတော့ ခြေစွမ်းကောင်းတယ်။ အဲဒါကြောင့် မင်းဆီကို ငါ ဘောလုံးပို့ပေးခဲ့တာ "
သူ့အဖြေက တိုတောင်းသည်။ ဒါပေမယ့် ကျွန်တော် မျက်ရည်ဝဲခဲ့ရမတတ် ခံစားလိုက်မိသည်။ သူ့ကို တင်းကျပ်စွာ
ပွေ့ဖက်ခဲ့ပြီး ကျွန်တော်တို့နှစ်ယောက် အတန်ကြာ ငြိမ်သက်ခဲ့ဖူးသည်။ တစ်ယောင်စိတ်ကို တစ်ယောက် နားလည်ခဲ့သည့်အထိကို
ကျွန်တော်တို့ရင်ဘတ်ချင်း နီးကပ်ခဲ့ရသည့် အခိုက်အတန့်လေးတစ်ခု ဖြစ်ခဲ့သည်။ သူ့နေရာမှာ ကျွန်တော်ဆိုလျှင်ရော သူ့လိုမျိုး
ကြီး ပေးဆပ်နိုင်စွမ်းရှိပါ့မလား ဟု စိတ်ကူးမိတော့ ခေါင်းကို ချက်ချင်းခါယမ်းမိသည်။ ကျွန်တော် သူ့လို သဘောမျိုး မထားနိုင်တာ
သေချာသည်။ သူ့မျက်နှာကို ကျွန်တော် ကြည့်တော့ ကျေနပ်အားရဖြစ်နေသော သူ့ပုံစံကိုမြင်ရသည်။ ပီတိဖြစ်နေသော မျက်ဝန်းအစုံဖြင့်
ကျွန်တော့်ကို ပြန်စိုက်ကြည့်နေသော သူ့ကိုကြည့်ပြီး ကျွန်တော် မျက်ရည်တစ်ပေါက်ကျလာမိသည်။ ကျွန်တော့်ဆီက မျက်ရည်စတွေကို
သုတ်ပေးပြီးတော့ ကျွန်တော့်ကို သူ နှစ်သိမ့်ပေးခဲ့သည်။
" မငိုပါနဲ့ကွာ.. မင်း ခြေစွမ်းအတွက် ငါ့ပေးဆပ်မှုက ထိုက်တန်ပါတယ် " မငိုပါနှင့်ဟု ပြောသည့် သူ့မျက်ဝန်းတွေမှာလည်း မျက်ရည်စလေးတွေက
ဝေ့သီလျက်....။ ကျွန်တော့်အတွက် ပီတိဖြစ်ခါ ကျလုဆဲဆဲ မျက်ရည်စများဟု ကျွန်တော် တစ်ထစ်ချ ယုံကြည်မိပါသည်။
အဲဒီနောက်တော့ ကျွန်တော့်ဘ၀က အကြီးအကျယ်ကိုပြောင်းလဲခဲ့သ ည်။ စပို့တင်းကိုရောက်သည်။ သိပ်မကြာခင်မှာပင် ကမ္ဘာကျော်
မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်သည်။ ထိုမှတဆင့် ဥရောပအင်အားကြီး ရီးရဲလ်မက်ဒရစ်ကို ရောက်သည်။ ကျွန်တော့်
အတွက် အောင်မြင်မှုများကတော့ ခင်ဗျားတို့ သိတဲ့အတိုင်း ရရှိခဲ့သည်ပင်။ ငွေကြေးဆိုတာလည်း ဒလဟောစီးဆင်းပြီး ကျွန်တော့်အတွက်
မထူးဆန်းတော့သည့် အရာတစ်ခုနှယ်ဖြစ်ခဲ့ရတော့သည်။ သို့ပေမယ့် ကျွန်တော့်ဘ၀ တစ်ဆစ်ချိုးအတွက်တော့ သူ့ကို ကျွန်တော် ခုထိမမေ့နိုင်ခဲ့။
သူလုပ်ပြခဲ့သည့် လုပ်ရပ်လေးကို ကျွန်တော် ခုထိမြင်ယောင်နေသေးသည်။ သူ့ အဖြေစကားကို ခုထိကြားယောင်နေဆဲ။ " မင်းက ငါ့ထက် ပိုခြေစွမ်း
ကောင်းပါတယ်ကွာ " ဆိုသည့် စကားလုံးတွေက နားထဲမှာ ပဲ့တင်သံထပ်လျှက် မြည်ဟီးနေဆဲပင်။
----------------
အောက်က အကြောင်းအရာကတော့ နောက်မှ ကျွန်တော် သိခဲ့ရခြင်းဖြစ်သည်။
အိမ်မှာ ပျင်းပျင်းနှင့် ရှိနေစဉ် ခြံဝတွင် လူတစ်ယောက်ကို တွေ့လိုက်ရတော့ အပြင်ထွက်ခါ အကျိုးအကြောင်းမေးမြန်းကြည့်သည်။
ပါပါရာဇီ သို့ သတင်းထောက်တစ်ဦးဖြစ်နေသည်။ ကျွန်တော့်လို အညတရ တစ်ဦးဆီသို့ ခုလို လာရောက်စရာ ကိစ္စက မရှိ။ အနည်းငယ်
တီးခေါက်ကြည့်တော့ မေးမြန်းစရာလေးရှိလို့ပါဟုဆိုတော့ အိမ်ထဲဖိတ်ခေါ်ပြီးတော့ သူမေးချင်သည်ကို မေးရန် ခွင့်ပေးခဲ့သည်။
" စီရော်နယ်ဒိုနဲ့ ပတ်သတ်ခဲ့တဲ့ ဖြစ်ရပ်လေးက တကယ်ပဲလား သိချင်လို့ပါ "
ကျွန်တော် မဆိုင်းမတွပဲ ခေါင်းညိတ်ပြခဲ့သည်။ အဲဒီအဖြစ်အပျက်ကလည်း မနေ့တစ်နေ့ကလိုပင် မျက်လုံးထဲ ပြန်မြင်ယောင်လာမိသည်။
ကျွန်တော် ပြုံးလိုက်သည်ကို သတိထားသော သတင်းထောက်က အံ့သြဟန်ဖြင့် " ဘာကြောင့်ပြုံးတာလဲ " ဟု ထပ်မေးသည်။
" အဲဒီအဖြစ်အပျက်လေးကို တွေးမိတိုင်း ကျွန်တော် ဂုဏ်ယူမိလို့ပါ။ ကျွန်တော့်အတွက် မဟုတ်ပါဘူး။ သူ့အတွက် ဂုဏ်ယူမိခဲ့လို့ပါ။
ဖြစ်ပျက်ခဲ့တာတွေကိုလည်း ခင်ဗျားသိပြီးပြီပဲလေ။ ခင်ဗျားသိထားတဲ့အတိုင်း မှန်ကန်ပါတယ်" ဟု ကျွန်တော် ဖြေကြားလိုက်သည်။
" ဒါနဲ့ ခင်ဗျားက အခု အလုပ်လက်မဲ့ဖြစ်နေတယ်ဆို။ ခင်ဗျားကြည့်ရတာ အိမ်ကြီးရခိုင်နဲ့ အဖိုးတန်ကားနဲ့ ဇီမ်ခံပစ္စည်းတွေကလည်း
စုံလို့ပါလား" ဒုတိယမ္ပိ သူ အံ့သြသွားဟန်တူသည်။ ကျွန်တော် အားရပါးရကို ထရယ်ခဲ့မိသည်။ သူကတော့ မျက်လုံးအ၀ိုင်းသားဖြင့်
ကျွန်တော့်ကို နားမလည်ဟန်ဖြင့် စိုက်ကြည့်သည်။
" ဒါတွေက သူဖန်တီးပေးခဲ့တာတွေပါ။ ခုလိုမျိုး နေနိုင်အောင် သူ ကျွန်တော့်ကို ပြန်ပြီးတော့ ကြည့်ရှုပေးခဲ့ပါတယ်။ သူဆိုတာ
ဘယ်သူလဲ ခင်ဗျား သဘောပေါက်လောက်ပါပြီ" ဟု ကျွန်တော် ဂုဏ်ယူဝံ့ကြွားစွာ ပြန်ဖြေကြားခဲ့တော့ ထိုင်နေရာမှ ထကာ
ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ လက်ဆွဲနှုတ်ဆက်ပြီး ဂုဏ်ပြုစကားဆိုသည်။
" ခင်ဗျားတို့နှစ်ယောက်ရဲ့ စိတ်ဓာတ်ကို အရမ်းလေးစားမိတယ်။ တစ်ယောက်နဲ့တစ်ယောက် သူမတူတဲ့ စိတ်ထားကိုယ်စီနဲ့
အလှပဆုံး ဇာတ်လမ်းတစ်ခုကို ပုံဖော်ခဲ့တာပဲဗျာ။ ဒီဇာတ်လမ်းလေးကို ကျွန်တော် ပြန်အသက်သွင်းမယ်လို့ စိတ်ကူးမိသွားပြီ။
ခင်ဗျား ခွင့်ပြုနိုင်မလားမသိဘူး"
ကျွန်တော် ကမန်းကတန်းပင် အားပါးတရ ခေါင်းညိတ် အဖြေပေးခဲ့မိပါသည်။
(ဆရာမန်ယူ ယခုပေ့ခ်ျတွင် ဖော်ပြခဲ့ပြီးသည့် စီရော်နယ်ဒိုနှင့် အဲလ်ဘတ် သူငယ်ချင်းနှစ်ဦး၏ ဇာတ်လမ်းကို ခံစားရေးမိခြင်း ဖြစ်ပါသည်။
ရေးသားရန် အားပေးသော ဆရာမန်ယူအားလည်း ကျေးဇူးတင်ရှိပါကြောင်း)
A Nge Kg
တွင် လေ့ကျင့်ခန်းဆင်းကာ ပြင်ဆင်နေခဲ့သည်။ သူနဲ့ကျွန်တော်က အသင်းတွင် တူတူကစား
ပြီး ကိုယ့်ဘ၀တက်လှမ်းအတွက် ကိုယ်စီကိုယ်ငှ ကြိုးစားနေသည့် အသင်းဖော်တွေဆိုလည်း
မှားမည်မထင်..။ သည်လိုပဲ ဘ၀အတွက် ပြင်ဆင်ပြီးတော့ ကိုယ့်ရည်မှန်းချက်တွေ အကောင်
အထည်ဖော်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နှင့် ကြိုးစားနေခဲ့သည့် ၀ါသနာတူ သူငယ်ချင်းနှစ်ဦးသာ
ဖြစ်သည်။
တစ်နေ့ ကျွန်တော်တို့ ဖလားပွဲကစားဖို့အတွက် နေ့ရက်ရောက်ရှိလာခဲ့သည်။ ပွဲက အသက် (၁၈)နှစ်
အောက် ဖလားပြိုင်ပွဲတစ်ခု။ လူငယ်တွေရဲ့ အနာဂတ်တွေ ထိုးတက်သွားအောင်၊ ဆုတ်ယုတ်သွားအောင်
ဖန်တီးပေးနိုင်သည့် ကြေးကြီးကြီးကစားဝိုင်းတစ်ခ
တစ်ခုအဖြစ် အသွင်ဆောင်နေသည်။ လူငယ်တိုင်းရဲ့ မျှော်လင့်ချက် အိပ်မက်တွေ အကောင်အထည်ဖော်
ဖို့အတွက် ဒီပြိုင်ပွဲက လှေကားထစ်သဖွယ် အရေးပါသည်ဆိုလျှင်လည်း မမှား။ အဲဒီတော့ အားလုံးက
ခြေကုန်ထုတ်ကာ ကမ္ဘာအနှံ့မှ ဘောလုံးကင်းထောင်များ မျက်စိကျအောင် ကစားပြသည်ဆိုတော့ အကြိတ်
အနယ်ရှိသည်ကားအမှန်။
ကျွန်တော်တို့နှစ်ယောက် အဆိုပါပွဲအတွက် ပြင်ဆင်နေခိုက် အနားသို့ လူတစ်ယောက် ရောက်လာသည်။
မော့ကြည့်လိုက်တော့ စပို့တင်းလစ္စဘွန်းအသင်းမှ တာဝန်ရှိသူတစ်ဦး ဖြစ်နေသည်။ ကျွန်တော်နဲ့သူ
တစ်ယောက်မျက်နှာတစ်ယောက်ကြည
က ဘာကြောင့်များ လာပါသလဲဆိုသည့် မေးခွန်းကို တစ်ယောက်မျက်လုံးမှတဆင့် ကိုယ်စီမေးမြန်းနေကြသည်
ဆိုသည်ကိုကား နှစ်ယောက်လုံး သဘောပေါက်ခဲ့ကြသည်။ ထိုစဉ်မှာပင် အဆိုပါ လူက စကားစပြောသည်။
" မင်းတို့ နှစ်ယောက်ထဲက တစ်ယောက်အတွက်တော့ ကံကောင်းပြီဟေ့။ ဒီနေ့ပွဲမှာ မင်းတို့နှစ်ယောက်က
ဂိုးပိုသွင်းတဲ့သူ စပို့တင်းအသင်းရဲ့ အကယ်ဒမီကို အရောက်လှမ်းနိုင်ဖို့ အခွင့်အရေးရလာလိမ့်မယ်။ ကြိုးစားကြ
ကွာ "
သူကတော့ တိုတိုတုတ်တုတ် လိုရင်းပြောပြီး ပြန်လှည့်ထွက်သွားသည်။ ကျန်ခဲ့သည့် ကျွန်တော်တို့ နှစ်ယောက်မှာသာ
ရင်ခုန်နှုန်းတွေမြန်ပြီးတော
စိတ်ထဲမှာ ရင်ခုန်သံစည်းချက်တွေက မြန်ဆန်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ အခွင့်အရေးကိုတော့ ဆုပ်ကိုင်ရဖို့က
ကျွန်တော့် တာဝန်ပင် မဟုတ်လား။
တကယ်တမ်း ဘောလုံးပွဲမှာ ကျွန်တော်ရော သူရော ဂိုးသွင်းနိုင်ခဲ့သည်။ အဲဒီနေ့က သုံးဂိုးပြတ်ဖြင့် ကျွန်တော်တို့ အနိုင်ရခဲ့သည်။
ကျွန်တော် တစ်ဂိုးသွင်းသည်။ သူကလည်း လှပသည့် ဟန်ပန်တစ်ခုဖြင့် ဂိုးသွင်းကာ ခြေစွမ်းပြနိုင်ခဲ့သည်။ ဒီလိုနှင့် ကျွန်တော်တို့
နှစ်ဂိုးပြတ်နိုင်နေချိန်တွ
ဂိုးသမားကိုပါလိမ်ခေါက်ပြီး
ကြီးဖြစ်သွားသည့်နှယ် ခံစားလိုက်ရမိသည်။ ပြီးသွားပြီ.. ကျွန်တော့်အတွက် တိုက်ပွဲတစ်ခုပြီးသွားခဲ့ပြ
သို့သော် မထင်မှတ်စွာနှင့်ပင် သူ့ဆီက ဘောလုံးက ကျွန်တော့်ရှိရာဆီသို့ တန်းတန်းမတ်မတ်ကြီးကို ရောက်ချလာသည်။ ကျွန်တော်
အံ့သြခြင်းများနှင့်အတူ မင်သက်မိသည်။ ဒါပေမယ့် ဘောလုံးကိုတော့ ဂိုးပေါက်ထဲရောက်အောင် ကျွန်တော် သွင်းယူခဲ့သည်။
ပွဲပြီးသွားတော့ ကျွန်တော် သူ့ဆီကို သွားသည်။ သူ့ကို မေးခွန်းတွေ မေးခဲ့သည်။
" မင်း.. ဘာလို့ ဂိုးမသွင်းခဲ့တာလဲ.. ငါနားမလည်နိုင်အောင်ကို ဖြစ်ခဲ့ရတယ် "
" ငါ့ထက်စာရင် မင်းက ပိုပြီးတော့ ခြေစွမ်းကောင်းတယ်။ အဲဒါကြောင့် မင်းဆီကို ငါ ဘောလုံးပို့ပေးခဲ့တာ "
သူ့အဖြေက တိုတောင်းသည်။ ဒါပေမယ့် ကျွန်တော် မျက်ရည်ဝဲခဲ့ရမတတ် ခံစားလိုက်မိသည်။ သူ့ကို တင်းကျပ်စွာ
ပွေ့ဖက်ခဲ့ပြီး ကျွန်တော်တို့နှစ်ယောက် အတန်ကြာ ငြိမ်သက်ခဲ့ဖူးသည်။ တစ်ယောင်စိတ်ကို တစ်ယောက် နားလည်ခဲ့သည့်အထိကို
ကျွန်တော်တို့ရင်ဘတ်ချင်း နီးကပ်ခဲ့ရသည့် အခိုက်အတန့်လေးတစ်ခု ဖြစ်ခဲ့သည်။ သူ့နေရာမှာ ကျွန်တော်ဆိုလျှင်ရော သူ့လိုမျိုး
ကြီး ပေးဆပ်နိုင်စွမ်းရှိပါ့မလား
သေချာသည်။ သူ့မျက်နှာကို ကျွန်တော် ကြည့်တော့ ကျေနပ်အားရဖြစ်နေသော သူ့ပုံစံကိုမြင်ရသည်။ ပီတိဖြစ်နေသော မျက်ဝန်းအစုံဖြင့်
ကျွန်တော့်ကို ပြန်စိုက်ကြည့်နေသော သူ့ကိုကြည့်ပြီး ကျွန်တော် မျက်ရည်တစ်ပေါက်ကျလာမိသည်။ ကျွန်တော့်ဆီက မျက်ရည်စတွေကို
သုတ်ပေးပြီးတော့ ကျွန်တော့်ကို သူ နှစ်သိမ့်ပေးခဲ့သည်။
" မငိုပါနဲ့ကွာ.. မင်း ခြေစွမ်းအတွက် ငါ့ပေးဆပ်မှုက ထိုက်တန်ပါတယ် " မငိုပါနှင့်ဟု ပြောသည့် သူ့မျက်ဝန်းတွေမှာလည်း မျက်ရည်စလေးတွေက
ဝေ့သီလျက်....။ ကျွန်တော့်အတွက် ပီတိဖြစ်ခါ ကျလုဆဲဆဲ မျက်ရည်စများဟု ကျွန်တော် တစ်ထစ်ချ ယုံကြည်မိပါသည်။
အဲဒီနောက်တော့ ကျွန်တော့်ဘ၀က အကြီးအကျယ်ကိုပြောင်းလဲခဲ့သ
မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်သည်။ ထိုမှတဆင့် ဥရောပအင်အားကြီး ရီးရဲလ်မက်ဒရစ်ကို ရောက်သည်။ ကျွန်တော့်
အတွက် အောင်မြင်မှုများကတော့ ခင်ဗျားတို့ သိတဲ့အတိုင်း ရရှိခဲ့သည်ပင်။ ငွေကြေးဆိုတာလည်း ဒလဟောစီးဆင်းပြီး ကျွန်တော့်အတွက်
မထူးဆန်းတော့သည့် အရာတစ်ခုနှယ်ဖြစ်ခဲ့ရတော့သည
သူလုပ်ပြခဲ့သည့် လုပ်ရပ်လေးကို ကျွန်တော် ခုထိမြင်ယောင်နေသေးသည်။ သူ့ အဖြေစကားကို ခုထိကြားယောင်နေဆဲ။ " မင်းက ငါ့ထက် ပိုခြေစွမ်း
ကောင်းပါတယ်ကွာ " ဆိုသည့် စကားလုံးတွေက နားထဲမှာ ပဲ့တင်သံထပ်လျှက် မြည်ဟီးနေဆဲပင်။
----------------
အောက်က အကြောင်းအရာကတော့ နောက်မှ ကျွန်တော် သိခဲ့ရခြင်းဖြစ်သည်။
အိမ်မှာ ပျင်းပျင်းနှင့် ရှိနေစဉ် ခြံဝတွင် လူတစ်ယောက်ကို တွေ့လိုက်ရတော့ အပြင်ထွက်ခါ အကျိုးအကြောင်းမေးမြန်းကြည့
ပါပါရာဇီ သို့ သတင်းထောက်တစ်ဦးဖြစ်နေသည်။ ကျွန်တော့်လို အညတရ တစ်ဦးဆီသို့ ခုလို လာရောက်စရာ ကိစ္စက မရှိ။ အနည်းငယ်
တီးခေါက်ကြည့်တော့ မေးမြန်းစရာလေးရှိလို့ပါဟုဆ
" စီရော်နယ်ဒိုနဲ့ ပတ်သတ်ခဲ့တဲ့ ဖြစ်ရပ်လေးက တကယ်ပဲလား သိချင်လို့ပါ "
ကျွန်တော် မဆိုင်းမတွပဲ ခေါင်းညိတ်ပြခဲ့သည်။ အဲဒီအဖြစ်အပျက်ကလည်း မနေ့တစ်နေ့ကလိုပင် မျက်လုံးထဲ ပြန်မြင်ယောင်လာမိသည်။
ကျွန်တော် ပြုံးလိုက်သည်ကို သတိထားသော သတင်းထောက်က အံ့သြဟန်ဖြင့် " ဘာကြောင့်ပြုံးတာလဲ " ဟု ထပ်မေးသည်။
" အဲဒီအဖြစ်အပျက်လေးကို တွေးမိတိုင်း ကျွန်တော် ဂုဏ်ယူမိလို့ပါ။ ကျွန်တော့်အတွက် မဟုတ်ပါဘူး။ သူ့အတွက် ဂုဏ်ယူမိခဲ့လို့ပါ။
ဖြစ်ပျက်ခဲ့တာတွေကိုလည်း ခင်ဗျားသိပြီးပြီပဲလေ။ ခင်ဗျားသိထားတဲ့အတိုင်း မှန်ကန်ပါတယ်" ဟု ကျွန်တော် ဖြေကြားလိုက်သည်။
" ဒါနဲ့ ခင်ဗျားက အခု အလုပ်လက်မဲ့ဖြစ်နေတယ်ဆို။ ခင်ဗျားကြည့်ရတာ အိမ်ကြီးရခိုင်နဲ့ အဖိုးတန်ကားနဲ့ ဇီမ်ခံပစ္စည်းတွေကလည်း
စုံလို့ပါလား" ဒုတိယမ္ပိ သူ အံ့သြသွားဟန်တူသည်။ ကျွန်တော် အားရပါးရကို ထရယ်ခဲ့မိသည်။ သူကတော့ မျက်လုံးအ၀ိုင်းသားဖြင့်
ကျွန်တော့်ကို နားမလည်ဟန်ဖြင့် စိုက်ကြည့်သည်။
" ဒါတွေက သူဖန်တီးပေးခဲ့တာတွေပါ။ ခုလိုမျိုး နေနိုင်အောင် သူ ကျွန်တော့်ကို ပြန်ပြီးတော့ ကြည့်ရှုပေးခဲ့ပါတယ်။ သူဆိုတာ
ဘယ်သူလဲ ခင်ဗျား သဘောပေါက်လောက်ပါပြီ" ဟု ကျွန်တော် ဂုဏ်ယူဝံ့ကြွားစွာ ပြန်ဖြေကြားခဲ့တော့ ထိုင်နေရာမှ ထကာ
ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ လက်ဆွဲနှုတ်ဆက်ပြီး ဂုဏ်ပြုစကားဆိုသည်။
" ခင်ဗျားတို့နှစ်ယောက်ရဲ့ စိတ်ဓာတ်ကို အရမ်းလေးစားမိတယ်။ တစ်ယောက်နဲ့တစ်ယောက် သူမတူတဲ့ စိတ်ထားကိုယ်စီနဲ့
အလှပဆုံး ဇာတ်လမ်းတစ်ခုကို ပုံဖော်ခဲ့တာပဲဗျာ။ ဒီဇာတ်လမ်းလေးကို ကျွန်တော် ပြန်အသက်သွင်းမယ်လို့ စိတ်ကူးမိသွားပြီ။
ခင်ဗျား ခွင့်ပြုနိုင်မလားမသိဘူး"
ကျွန်တော် ကမန်းကတန်းပင် အားပါးတရ ခေါင်းညိတ် အဖြေပေးခဲ့မိပါသည်။
(ဆရာမန်ယူ ယခုပေ့ခ်ျတွင် ဖော်ပြခဲ့ပြီးသည့် စီရော်နယ်ဒိုနှင့် အဲလ်ဘတ် သူငယ်ချင်းနှစ်ဦး၏ ဇာတ်လမ်းကို ခံစားရေးမိခြင်း ဖြစ်ပါသည်။
ရေးသားရန် အားပေးသော ဆရာမန်ယူအားလည်း ကျေးဇူးတင်ရှိပါကြောင်း)
A Nge Kg
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။