Myanmar International News
"လူပြောသူပြောများတဲ့နဂါးနိုင်ဓား"
Tuesday, 11 June 2013
Tuesday, 11 June 2013
နဂါးနိုင်ဓားဇာတ်ကားဟာ Copy လားဆိုပြီးမေးမြန်း သံသယရှိသူတွေကို
လည်းဒါရိုက်တာလွင်ဗိုက ” နဂါးနိုင်ဓားဇာတ်ကားကမထင်မှတ်ပဲ
စိတ်ဝင်စားတဲ့သူတွေများ တာတွေ့ရတာဝမ်းသာပါတယ်။
အဲဒီမှာကွန်မန့်လေးတွေလည်းအများကြီးတက်လာတော့ ကျွန်တော့ အနေနဲ့ပြောပြစရာလေးတွေရှိလာပါတယ်။ တကယ်တော့ဒီကားရဲ့ ဇာတ်လမ်းကကော်ပီလုံးဝမဟုတ်ဘူး ဆိုတာအာမခံပါတယ်ဗျာ။
နာမည်ကတော့နဂါးနိုင်ဓားဆိုတဲ့ တရုတ်သိုင်းဇာတ်လမ်းတွဲနာမည် နဲ့တူပါတယ်။ ဒါက လည်း မြန်မာလိုပြန် လိုက်စဉ် ခေါ်လို့ကောင်းမယ့် နာမည်မျိုးဖြစ်ပါလိမ့်မယ်။ နဂါးကိုနိုင်တဲ့ဓား၊နဂါးကြောက်သောဓား စသဖြင့်ပေးရင်လည်း ရပေမယ့်ခေါ်လို့ မကောင်းပြန်ဘူးဗျ။ဒီတော့ လူတွေနားယဉ်ပြီးသားနဂါးနိုင်ဓားဆိုပြီးနာမည်ပေးလိုက် ရတာခွင့်
လွှတ်နားလည်ပေးကြပါဗျာ” လို့ဖေ့စ်ဘုတ်စာမျက်နှာ ထက် မှာ ရေးသား ထားပြီး သူ့ရဲ့ဇာတ်ကားဖန်တီးမှုအပေါ် ” နောက်ပြီးနဂါးဆိုတဲ့ သတ္တဝါဟာ တရုတ်မှာပဲရှိတာမဟုတ်ဘူး ။မြန်မာမှာလည်း ကိုယ့်ရိုးရာနဂါး လေးရှိနေ
တော့ ဒီလိုနာမည်ပေး လိုက်ခြင်းဟာပရိသတ်တွေအတွက်စိတ်အနှောင့်
အယှက်မဖြစ်လောက်ဘူးလို့ ယူဆမိလို့ပါ။ မြန်မာမှာလည်း နဂါးနိုင် မင်းပေါက်ကြိုင်းလို ဇာတ်တွေလည်းရှိနေတာပဲ မဟုတ်လားခင်ဗျာ။
ဇာတ်လမ်းကကိုယ်ပိုင်စဉ်းစားတာဆိုပေမယ့်တချို့ sub plot တွေမှာ တရုတ်နဲ့ နိုင်ငံခြားကားတွေကို reference ယူရတာကိုတော့ ကျွန်တော်
ဝန်ခံရပါလိမ့်မယ်။ ဓားပျံပစ်တဲ့အိုင်ဒီယာဆိုရင် ဂျက်လီ ရဲ့ Flying sword
of dragon gate ထဲက စတိုင်လေးကိုအတု ယူပါတယ်။နဂါးပေါ်လာပုံ
လေးဆိုရင် dragon war,နောက် ဒါပေမဲ့ ကျွန်တော်တို့မြန်မာ VFX artist
တွေ ဒီကားလေးကို ဒီလောက် လေးထွက်လာဖို့မရယ်နိုင်ခဲ့ပါဘူး။ မြန်မာနဂါး
ဆိုတာ ပန်းချီတွေ၊ ဘုရားတွေမှာသာ မြင်ခဲ့ဖူးပေမယ့် ဘယ်လိုလှုပ်ရှားလဲ
ဆိုတာ မတွေ့ဖူးကြဘူး။ ဒီလိုနဲ့နဂါး Animation ဖန်တီးတဲ့ကိုဇော်ရဲမြင့်တို့
အဖွဲ့နဲ့ ခေါင်းချင်းဆိုင်ပြီး ခန့်မှန်းယူဆဖန်တီးခဲ့ကြရပါတယ်။
ကျွန်တော်တို့အားလုံးသိပ်စိတ်တိုင်းမကျလှပေမယ့်ရသလောက်လုပ်နိုင်သလောက်လေးတွေနဲ့ နောက်ဆိုဒီထက်ပိုကောင်းဖို့ပဲရှိပါ တယ်ကွာဆိုပြီး အချင်းချင်း အားပေးကာ ဆက် လက်ချီတက်ခဲ့ကြရပါတယ်။ ဒီအပေါ်မှာ
အပြစ်မြင်ကြတဲ့သူတွေကိုလည်း ကျွန်တော်အနေနဲ့ အပြစ် မမြင်ရက်ဘူး။ ကျွန်တော် သိပါတယ် ခင်ဗျားတို့ဟာ မြန်မာပြည်က မြန်မာလူမျိုးတွေလုပ်
တဲ့ ဖန်တီးမှုတွေကိုခြောက်ပြစ်ကင်းသဲ လည်းစင်ဖြစ် စေချင်ကြတယ်။
ဒါမြန်မာပြည်က လုပ်တာကွ ဆိုပြီး နိုင်ငံတကာကလူတွေ ကြားမှာ ဂုဏ်ယူချင်ကြတယ်။အဲဒီ လိုဖြစ်မလာနိုင်တော့ ကရုဏာ ဒေါသနဲ့ပြောကြ ဆိုကြတယ်။ ဘယ်လိုပဲ ပြောပြော အားလုံးရဲ့ ရင်ထဲမှာ မျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်တွေအပြည့်ရှိတယ်ဆိုတာ ကျွန်တော်အကြွင်းမဲ့ ယုံ ကြည်တယ်” လိုလည်း ရင်ဖွင့်ထားပါတယ်။
Popular Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။