ဘယ်တောမှာ နေနေ
ဘယ်ရေကို ပြောင်းပြောင်း
အရေးအကြောင်းဆို
သွေးမပြောင်း ပါဘူး
ရှေးဒေါင်းတို့ရဲ့ သမိုင်းအစဉ်.....။
တိုင်းပြည်နဲ့လူမျိုး
ပြည်သူ့အကျိုးဆို အကြောင်းမရွေး
ဒေါင်းသွေးနီရဲရဲခွပ်
ညီညွတ်ခဲ့ ရာဇ၀င်.....
ပြည်သူတွေနဲ့ ထာဝရမခွဲ
ပြည်သူထဲ အတူနေ
အပူဝေ အတူမျှ
ဒုက္ခအထွေထွေက လွတ်ကြောင်း
ခွပ်ဒေါင်းဟေ့ မာန်ဝင်
ရန်မြင်သမျှ ရင်ဆိုင်တွေ့........
စမ်းကလေးတွေ အေး
ပန်းကလေးတွေ မွှေး
ငှက်ကလေးတွေက တေးဆို
ငြိမ်းချမ်းရေးကို သူတို့ကြိုတော့
မြိုင်ယံညို ....ဟိုး.....ရိုးအခြေက
အိုးဝေ.....အိုးဝေ......
မင်္ဂလာသံအပေါင်း.....ခ.....ရအောင်
ဒေါင်းကတဲ့ နေ့....။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
ပြည်သူထဲ အတူနေ
အပူဝေ အတူမျှ
ဒုက္ခအထွေထွေက လွတ်ကြောင်း
ခွပ်ဒေါင်းဟေ့ မာန်ဝင်
ရန်မြင်သမျှ ရင်ဆိုင်တွေ့........
စမ်းကလေးတွေ အေး
ပန်းကလေးတွေ မွှေး
ငှက်ကလေးတွေက တေးဆို
ငြိမ်းချမ်းရေးကို သူတို့ကြိုတော့
မြိုင်ယံညို ....ဟိုး.....ရိုးအခြေက
အိုးဝေ.....အိုးဝေ......
မင်္ဂလာသံအပေါင်း.....ခ.....ရအောင
ဒေါင်းကတဲ့ နေ့....။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။