Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, April 16, 2017

မိုက်ကယ် အိန်ဂျလို


မိုက်ကယ် အိန်ဂျလို
===========
မိုက်ကယ်အန်ဂျလို ဗွိုနရိုးတီ (ခရစ် ၁၄၇၅-၁၅၆၄)
မိုက်ကယ်အန်ဂျလို ဗွိုနရိုးတီ (Michelangelo di Lodovico Buonarroti Simoni) ကား အီတာလျံလူမျိုး ဖြစ်၍ ပန်းချီ၊ ပုန်းပု၊ ဗိသုကာ၊ ကဗျာတို့တွင် လက်ရာပြောင်မြောက်သဖြင့် ကမ္ဘာ့အနုပညာသမိုင်းတွင် ထိပ်တန်းစာရင်းဝင် အနုပညာရှင်တစ်ဦးဖြစ်ပေသည်။ သူရေးဆွဲ ထုလုပ်ခဲ့သမျှသော ပန်းချီကားနှင့် ရုပ်တု ရုပ်လုံးများသည် ကောင်းမွန်၍ အသက်ဝင်လှရကား သာမန်လူတစ်ယောက်မှာ ယင်းကို တစ်ကယ့်လူဟူ၍ ထင်ယောင်မှားလောက်ပေသည်။ သို့သော် သူသည် ပန်းပုပညာနှင့် ရုပ်လုံးထုအတတ်တွင် ပိုမို ကျွမ်းကျင်၏။

အီတလီနိုင်ငံမှ စတင်ထွန်းကားသော ဉာဏ်သစ် အရေးတော်ပုံခေတ် (Renaissance) တွင် အထူးကျော်ကြားသူဖြစ်သည်။ သုခုမပညာတွင် ကိုယ်ချွတ်ရုပ်လုံးကို တစ်ကယ့်လူနှင့် တူအောင် ထုလုပ်ရသည့် အတတ်ကဲ့သို့ ခက်ခဲသိမ်မွေ့သော အတတ်ကား မရှိတော့ပြီ။ မိုက်ကယ်အန်ဂျလို၏ ကိုယ်ချွတ်ရုပ်လုံးကြီးများမှာ မူကား အံ့ဖွယ်ကောင်းအောင် တစ်ကယ့်လူနှင့် တူပေသည်။ ယခုခေတ်တိုင်အောင်ပင် သူ၏ရုပ်လုံးများထက် ကောင်းသော ရုပ်လုံးဟူ၍ မရှိသလောက်ပင် ဖြစ်တော့သည်။ ရုပ်လုံးများ ထုလုပ်ရာတွင် သရုပ်ပေါ်သည်ထက် ပေါ်စေရန် သူသည် လူသေအလောင်းများကိုပင် ဓားနှင့် ဖြတ်တောက်၍ လေ့လာခဲ့လေသည်။
ရောမမြို့တွင်ရှိသော စစ္စတင်းဘုရားကျောင်းကြီး (Sistine Chapel) ၏ မျက်နှာကြက်ဆီသို့ မော့၍ကြည့်သည်ရှိသော် ဆရာကြီး မိုက်ကယ်အန်ဂျလို၏ အကောင်းဆုံးသော ပန်းချီလက်ရာကို တွေ့ရပေမည်။ ထိုပန်းချီကားမှာ အင်္ဂတေဆေးကားဖြစ်၍ စတုရန်းပေ ၁ဝဝဝဝ ခန့်ရှိသော အင်္ဂတေမျက်နှာပြင်ပေါ်တွင် ရေးဆွဲထားလေသည်။ ထိုကားထဲတွင် လူရုပ်ပေါင်း ၃၄၃ ရုပ် ပါရှိသည့်အနက် အရုပ် ၂ဝဝဝ လောက်မှာ ၁ဝ ပေမှ ၁၈ ပေအထိ အမြင့်ရှိလေသည်။ ဆရာကြီးသည် ထိုကမ္ဘာကျော် ပန်းချီကား ချပ်ကြီးကို ၄ နှစ်တိတိ ရေးဆွဲခဲ့ရ၏။ ထိုသို့ ရေးဆွဲခဲ့ရာတွင် သူသည် ငြမ်းစင်တစ်ခုပေါ်တွင် ပက်လက်နေလျက် ရေးဆွဲခဲ့ရသည်က များလေသည်။
မိုက်ကယ်အန်ဂျလိုကို အီတလီပြည် တပ်စကန္နီမြို့(Tuscany) ၌ ၁၄၇၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် ဖွားမြင်သည်။ သူ၏ ဖခင်မှာ ထိုနယ်၏ ဘုရင်ခံဖြစ်သည်။ သူသည် ဖလော်ရင့်မြို့ (Florence) ၌ ကြီးပြင်းလာခဲ့၏။ ငယ်ရွယ်စဉ်ကတည်းကပင် ပုံဆွဲဝါသနာပါခဲ့ရာ သူနေသောအိမ်၏ နံရံများပေါ်တွင် မီးသွေးခဲဖြင့် အရုပ်များကို ရေးဆွဲခဲ့လေသည်။ သားငယ်၏ ဝါသနာနှင့် ပညာအစွမ်းအစကို ရိပ်မိသိရှိသော ဖခင်ကြီးသည် မိုက်ကယ်အန်ဂျလိုအား ဂါလန်ဒါဂျို (Domenico Ghirlandaio) အမည်ရှိသော ပန်းချီဆရာကြီးတစ်ဦးထံ၌ အပ်နှံကာ ပန်းချီဆေးရေးပညာကို လေ့လာ ဆည်းပူးစေလေသည်။ ထိုနောက် တစ်နှစ်ခန့်ကြာသောအခါ မိုက်ကယ်အန်ဂျလိုသည် ရုပ်ထုပညာတွင် ပို၍ စိတ်ဝင်စားလာသဖြင့် ဗာတောလဒို၏ ရုပ်ထုအတတ်သင်ကျောင်းသို့ ပြောင်းရွှေ့ပြီးလျှင် ရုပ်လုံးထုခြင်းကို သင်ယူခဲ့လေသည်။
များမကြာမီပင် အနုပညာဝါသနာပါသော မဲဒီချီ (Lorenzo de' Medici) အမည်ရှိ သူဌေးကြီးတစ်ဦး တည်ထောင်ထားသော သုခုမရိပ်သာသို့ ရောက်သွားလေသည်။ ထိုအချိန်ကစ၍ မိုက်ကယ်အန်ဂျလိုမှာ အီတလီယဉ်ကျေးမှု ပြန်လည်ဆန်းသစ်သည့် ဉာဏ်သစ်အရေးတော်ပုံခေတ်တွင် ထင်ရှားသော အနုပညာသည်ကြီးတစ်ဦးအဖြစ် ထင်ရှားကျော်ကြားလာခဲ့လေသည်။ အသက် ၂၄ နှစ်တွင် မိုက်ကယ်အန်ဂျလိုသည် မယ်တော်၏ရင်ခွင်ထက်၌ သေဆုံးနေသော ခရစ်ဘုရား၏ ရုပ်လုံးကိုထုလုပ်ခဲ့သည်။ ထိုနောက်တွင် ဒေးဗစ်အမည်ရှိ ကျောက်ရုပ်ကြီး (Statue of David) ကို ထုလုပ်ခဲ့လေသည်။ ထိုကျောက်ရုပ်ကြီးမှာ အမြင့် ၁၈ ပေရှိ၍ လေးလွန်းလှသဖြင့် ထိုကျောက်ရုပ်ကြီးကို အလုပ်ရုံမှ မြို့လယ်ရှိပန်းခြံသို့ ရောက်အောင် လူ ၄ဝ က လှိမ့်၍ ယူကြရလေသည်။
၁၅ဝ၅ ခုနှစ်တွင်ကား မိုက်ကယ်အန်ဂျလိုသည် ရောမမြို့သို့ ပြန်လည်ရောက်ရှိနေ၏။ သူ၏ကိစ္စမှာ ပုပ်ရဟန်းမင်း ဒုတိယဂျူးလယပ်အတွက် သင်္ချိုင်းဂူကြီးကို ဆောက်လုပ်ရန်ဖြစ်၏။ သို့သော်လည်း နိုင်ငံရေးလှုပ်ရှားမှုများနှင့် အခြားသောအကြောင်းများကြောင့် အဆိုပါ အဆောက်အအုံကြီးမှာ မူလက ရည်ရွယ်ခဲ့သလောက် မကြီးကျယ်တော့ချေ။
အသက် ၆ဝ အရွယ်တွင် မိုက်ကယ်အန်ဂျလိုသည် စစ္စတင်းဘုရားကျောင်း၏ အင်္ဂတေဆေးကားများကို ပုပ်ရဟန်းမင်း တတိယပေါ၏အမိန့်အရ အပြီးသတ်ရေးဆွဲခဲ့သည်။ ထိုမှ တစ်ပါးလည်း ဆရာကြီးသည် အခြားသောထင်ရှားသည့် ရုပ်တု၊ ရုပ်လုံးနှင့် ပန်းချီကားအမြောက်အမြားကိုလည်း အမွေအနှစ်အဖြစ် ထားရှိခဲ့ပေသေးသည်။ အနိစ္စရောက်သည့်အချိန်တွင် ဆရာကြီးမှာ အသက် ၈၉ နှစ်ပင်ရှိပေပြီ။ သူသည် မကွယ်လွန်မီကလေးမှာပင် စိန်ပီတာ ဘုရားရှိခိုးကျောင်းကြီးကို ဆောက်လုပ်ခဲ့သေးသည်။ ဆရာကြီးသည် ထိုလုပ်ငန်းအတွက် အခကြေးငွေ တစ်ပြားတစ်ချပ်မျှပင်လက်မခံခဲ့ချေ။ ဆရာကြီး၏ အလောင်းကို အီတလီပြည် ဖလော်ရင့်မြို့ရှိ ဆန်တာကရိုးချေး ဘုရားရှိခိုးကျောင်းထဲ၌ မြှုပ်နှံလိုက်ကြသည်။ ဆရာကြီး မိုက်ကယ်အန်ဂျလို ကွယ်လွန်ခဲ့သည်မှာ အနှစ် ၄ဝဝ နီးပါးခန့်ပင်ရှိပြီ ဖြစ်သော်လည်း ဆရာကြီး၏ နာမည်သည်ကား ကမ္ဘာတည်သမျှ တွင်ရစ်ပေတော့မည်။
Ref; မြန်မာ့စွယ်စုံကျမ်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။