Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 8, 2017

'' မြန်မာ့သမိုင်းတစ်လျှောက်အယုတ်မာ ဆုံး အဖွဲ့အစည်းတစ်ခု၏ သမိုင်းညစ် - ၂ ''



Khant Naing added 4 new photos.

'' မြန်မာ့သမိုင်းတစ်လျှောက်အယုတ်မာ
•••••••••••••••••°°°°°°°°°°••••••••••••••••
ဆုံး အဖွဲ့အစည်းတစ်ခု၏ သမိုင်းညစ် - ၂ ''
••••••••••••••°°°°°°°°°°°°°••••••••••••••••
2010 Election မှာ သူတို့အနေဲ့ ဘယ်အချိန်
ပြိုင်ပြိုင်ရှုံးမယ်ဆိုတာကို သိနေတဲ့အတွက်
အဓိကပြိုင်ဘက် NLD ပါတီဝင်ပြိုင်ခွင့်မရ
အောင် အမျိုးမျိုးညစ်ပတ်ခဲ့တဲ့အပြင် NLD
ပါတီထဲက အရည်အချင်းရှိတဲ့ ဒုတိယတန်း
ခေါင်းဆောင်တွေကို ခွဲထွက်အောင် သပ်
လျှိုနိုင်ခဲ့တဲ့အတွက် ဦးသိန်းညွန့်ဦးဆောင်
တဲ့ပါတီနဲ့ ဒေါက်တာသန်းငြိမ်း + ဦးခင်မောင်
ဆွေတို့ဦးဆောင်တဲ့ပါတီဆိုပြီး ပါတီသစ်နှစ်
ခုပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီပါတီနှစ်ခုဟာ
NLD ဝင်မပြိုင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ
နေရာအချို့(ကြံ့ဖွံ့ကဟ,ပေးထားတဲ့အ
ကွက်ထဲ ဝင်သွားခြင်း) အနိုင်ရပြီး အရူးပါး
စပ်ထဲ အမဲသားအခွံ့ခံလိုက်ရပါတယ်။

NLD ပဲ့ထွက် ပါတီနှစ်ခုဟာ ကြံ့ဖွံ့ရဲ့ လက်
ဝေခံအဆင့်ကို မသိမသာရောက်ရှိသွား
ရင်း ပြည်သူရဲ့ဒဏ်ခတ်မှုကို သိသိသာသာ
ခံခဲ့ရပါတော့တယ်။ ၂၀၁၂ ကြားဖြတ်မှာ အ
မတ်တစ်နေရာမှ မနိုင်တော့တဲ့အပြင် 2015
Election မှာတော့ NLD ကိုလည်းမကျော်
နိုင်၊ ကြံဖွံ့ရဲ့ပံ့ပိုးမှုကလည်း ဟုတ်တိပတ်တိ
မရခဲ့လေတော့ ''ရုပ်ဆိုးသူငိုပွဲ'' တေးသရုပ်
ဖော်ကရင်း နိုင်ငံရေးသေတဲ့အဆင့်အထိ
ထိုးကျသွားခဲ့တာကို နိုင်ငံရေးသံဝေဂ ယူ
စရာအဖြစ်အပျက်တစ်ခုအဖြစ် ကမ္ဘာက မြင်
တွေ့ခွင့်ရခဲ့ပါတယ်။ ဒေါက်တာသန်းငြိမ်း၊
ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ဟာ NLD
နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရိပ်ကို ဆက်
ခိုမှ ပြည်သူက လက်ခံမယ်ဆိုတာကို မစဉ်း စားနိုင်တော့ဘဲ (အနာဂတ်ကို ကြိုတင်မှန်း
ဆနိုင်မှုအားနည်းခြင်း၊ အာဏာငန်းဖမ်းခံရ
ခြင်း၊ ကိုယ့်ကိုယ်ကို အလွန်အမင်းအထင်
ကြီးလွန်းခြင်း စတဲ့အချက်တွေလည်း ပါဝင်
ပါတယ်။) ဆုံးဖြတ်ချက်တွေမှား၊ ခံစားချက်
ကို ရှေ့တန်းတင်မိတဲ့အတွက် မြန်မာ့နိုင်ငံ
ရေးလောကကနေ နောက်ဖေးပေါက်က ကုပ်ကုပ်ကလေး ထွက်သွားရပါတော့တယ်။
2010 Election (သို့) သူခိုး၊ လူလိမ်တို့ရဲ့ အာ
ဏာခွက်စောင်းခုတ်ပွဲကြီးမှာတော့ ကြံ့ဖွံ့
ဟာ ကြိုတင်မဲပေါင်း သန်းပေါင်းများစွာ
အားကိုးနဲ့ မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်
မြောက် ဘောင်းဘီချွတ်စစ်တစ်ပိုင်း အစိုး
ရဖြစ်အောင် အရှက်မဲ့စွာ အနိုင်ယူခဲ့ပါတော့
တယ်။ ကိုယ့်ဖဲထုပ်ကို ကိုယ်တိုင်ဖဲဆင်၊
ကိုယ်တိုင်ပဲ ဖဲချိုး၊ ကိုယ်တိုင်ပဲ ဖဲဝေတာ
တောင်မှ ဘူသာသာလေးနဲ့ အနိုင်ရရှိခဲ့
တဲ့ ကြံ့ဖွံ့ခေါင်းဆောင်တွေဟာ နောင်နှစ်
လေးငါးဆယ်အထိ နေမဝင်တော့ဘူးလို့
ဘဝင်လေဟပ်ရင်း ကြောင်ချေးပေ ဗိုလ်
သိန်းစိန်ကို သမ္မတအဖြစ် ဘိသိက်မြှောက်
လို့ ကမ္ဘာပတ် ပိုက်ဆံချေးရင်း ပြည်သူ့ဥစ္စာ
ဘဏ္ဍာတွေကို ခွေးသေကောင် ဠင်းတဆွဲ
သလို ဝိုင်းဆွဲပြီး အာဏာမစင်ပုံထဲမှာ ပျော်
ပျော်ကြီး ကူးခပ်ပါတော့တယ်။
မြစ်ဆုံဆိုင်းငံ့တာတို့၊ နိုင်ငံရေးအကျဉ်းသား
တွေလွှတ်ပေးတာတို့လို လူပြိန်းကြိုက် KG
နိုင်ငံရေးကစားကွက်ဖွင့်ပြပြီး ကမ္ဘာကိုရော
မြန်မာပြည်သူတွေကိုပါ နှစ်ကောင်စား ကင်း
ပေါက်လုပ်မယ့်လမ်း ချောမွေ့ပြီလို့ထင်ပြီး
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို
လည်း နိုင်ငံရေးလှုပ်ရှားမှုတွေ (မဖြစ်မနေ)
ခွင့်ပြုပေးကာ သူရို့အစိုးရအဖွဲ့ အနေချောင်
အစားချောင်ဖို့ ကလေးကွက်တွေကစားပြ
ရင်း ဗိုလ်ခင်ညွန့်နဲ့ ထောက်ပြုတ်တွေကို
အရေးရှိရင်သုံးဖို့ မျှောထားသလို ရာဇဝတ်
သားတွေကိုလည်း ဆက်တိုက်လွှတ်ပေးခဲ့
တာကို တွေ့ရပါတယ်။
နိုင်ငံတကာက ပတ်ချေးထားတဲ့ငွေတွေကို
တိုင်းပြည်အကျိုးရှိဖို့ ဘယ်လိုသုံးရမလဲ ဆို
တာထက် ခေါင်းစဉ်တစ်ခုပြလိုက် ဝိုင်းဖဲ့
လိုက်၊ ဝိုင်းလှီးလိုက်လုပ်ရင်း တိုင်းပြည်က
အကြွေးတွေသာ ထပ်ထပ်တင်လာခဲ့ပါ
တော့တယ်။ အခြေခံပြည်သူတွေနဲ့ တပ်မ
တော်အောက်ခြေလူ့အဖွဲ့အစည်းဟာလည်း ကြပ်တည်းသထက် ကြပ်တည်းလာတဲ့အ
တွက် အသစ်ဝင်လာတာထက် ထွက်ပြေး
နှုန်းက အဆမတန်များပြီး တပ်အင်အား
ပြုန်းတီးမှုကလည်း ကြောက်ခမန်းလိလိ
တိုးပွားလာခဲ့ပါတယ်။ ဒါဟာ ကြံ့ဖွံ့က မြန်
မာပြည်ကိုရော တပ်မတော်ကိုပါ အင်အား
ချိနဲ့အောင်ဖန်တီးခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန်လို့
ဆိုရမှာပါပဲ။
ကြံ့ဖွံ့ရဲ့ တပ်မတော်အပေါ် စီးနင်းထားမှုရဲ့
အကျိုးဆက်အဖြစ် တပ်မတော်ထဲ ဝင်
ရောက်လိုတဲ့ (တပ်သားသစ်) အလွန့် အ
လွန်ကိုနည်းပါးသွားပြီး တိုက်ခိုက်ရေးတပ်
ရင်းတွေမှာ ဖွဲ့စည်းပုံမပြည့်တော့တာ၊ စိတ်
ပိုင်း၊ ရုပ်ပိုင်းနဲ့ စဉ်းစားတွေးခေါ်နိုင်မှုအပိုင်း
တွေမှာ ဒေါင်ဒေါင်မြည်စစ်သားကောင်း
တွေ ရှားပါးလာပြီး တကယ့်စစ်ဆင်ရေးကြီး
တွေကြုံလာရတဲ့အခါ ထိရောက် ပြောင်
မြောက်တဲ့ တိုက်ရည် ခိုက်ရည်နဲ့ ဇွဲသတ္တိ
မျိုးတွေ ခမ်းခြောက်လာတာကို ပထမအ
ကြိမ်လောက်ကိုင်တိုက်ပွဲနဲ့ ကချင်ပြည်နယ်
တိုက်ပွဲတွေမှာ ထင်ထင်ရှားရှား တွေ့ခဲ့ရ
ပါတယ်။
ကြံ့ဖွံ့ခေါင်းကိုင်ဖခင်ကြီး ဗိုလ်သန်းရွှေဟာ
မြန်မာပြည်ရဲ့အာဏာကို တပ်မတော်လက်
ထဲ ထာဝရအပ်ထားနိုင်ရေးအတွက် ၂၀၀၈
ခြေဥထဲမှာ ရေးဆွဲသတ်မှတ်ပေးခဲ့သလို
တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးကဏ္ဍ
အားလုံးမှာလည်း မိုးကျရွှေကိုယ်တွေကို
ကြိုတင်သွင်းပြီး ရာနှုန်းပြည့်ချုပ်ကိုင်ထား
နိုင်ဖို့ စီမံထားခဲ့ပါတယ်။ အဲဒီရဲ့အကျိုးဆက်
အဖြစ် ဝန်ကြီးဌာနတွေမှာရှိတဲ့ အရပ်သား
ဝန်ထမ်း(ကျွမ်းကျင်သူတွေ) ရဲ့ ဘဝတက်
လမ်းတွေပိတ်ကုန်ပြီး မထူးစိတ်မွေးကာ.....
လာဘ်ပေးလာဘ်ယူမှုတွေကို မကြောက်
မရွံ့လုပ်လာကြပါတော့တယ်။ တိုင်းပြည်
ကြီး ပုံမှန်လည်ပတ်နိုင်အောင် စွမ်းဆောင်
ပေးနေတဲ့ ပြည်သူ့ဝန်ထမ်းလောကကြီးတစ်
ခုလုံး စိတ်ဓာတ်ပိုင်းမှာ ဆွဲတင်လို့မရနိုင်
တော့အထိ ချွတ်ခြုံကျသွားပါတော့တယ်။
ကြံ့ဖွံ့ရဲ့ လှုပ်ရှားဖြစ်တည်ခဲ့မှုဖြစ်အင်တွေ
ကို အသေအချာ စေ့ငုကြည့်ရရင် ဗိုလ်နေ
ဝင်းရဲ့ မဆလပါတီထူထောင်ပုံနဲ့ နှိုင်းယှဉ်
စဉ်းစားတာက မြန်မာပြည်ကြီးကို ဖျက်ဆီး
ခဲ့တဲ့တာချင်းအတူတူ ဂုဏ်သိက္ခာပိုင်းအရ
ကွာခြားချက်တွေ အများကြီးတွေ့ရပါတယ်။
မဆလဟာ စတင်ထူထောင်ကတည်းက
စစ်တပ်ကို အခြေခံပြီး နိုင်ငံရေးပါတီအဖြစ်
တစ်ခါတည်း တန်းဖွဲ့လိုက်တဲ့ပါတီပါ။ ကြံ့ဖွံ့
လည်း စစ်တပ်ကိုအခြေခံထားပေမယ့် လူမှု
ရေးအသင်းကြီး (ဘယ်တော့မှ နိုင်ငံရေးပါ
တီအဖြစ်မကူးပြောင်းဘူးလို့အော်ခဲ့တဲ့အ
သင်းကြီး) အဖြစ် စဖွဲ့ခဲ့တာပါ။
ဗိုလ်နေဝင်းဟာ သူကိုယ်တိုင်သာ လုပ်ချင်
ရာလုပ်တာပါ။ ကျန်တဲ့ တပ်မတော်ခေါင်း
ဆောင်ပိုင်းတွေရော ပါတီတာဝန်ခံအဆင့်
ဆင့်အပြင် နိုင်ငံ့ဝန်ထမ်းတွေကိုပါ လာဘ်
ပေးလာဘ်ယူလုပ်ခွင့်မပေးတဲ့အတွက် တပ်
မတော်အပါအဝင် အုပ်ချုပ်ရေးပိုင်းက လူ
ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေဟာ ပြည်သူ
နဲ့ သိပ်မကင်းကွာလှပါဘူး။ အထူးသဖြင့် တ
ရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးကဏ္ဍ
တွေမှာ အတော့်ကို ကျေနပ်အားရစရာတွေ
ရှိခဲ့ပါတယ်။ မဆလခေတ်နှောင်းပိုင်းကာလ
ရောက်ချိန်ကျမှ အလယ်အလတ်နဲ့ အောက်
ခြေပိုင်းက ပါတီခေါင်းဆောင်တွေ မာန်ယစ်
လာရာကနေ ပြည်သူက သည်းမခံနိုင်တော့
တဲ့အတွက် ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်
ပွားပြီး မဆလတစ်ခန်းရပ်သွားခဲ့ရတာပါ။
ဒါပေမယ့် အဲဒီကာလအထိ မြန်မာ့တပ်မ
တော်ဟာ စစ်ရည်စစ်သွေးရော စာရိတ္တပိုင်း
မှာပါ လူရိုသေ ရှင်ရိုသေအဆင့်မှာ မားမား
မတ်မတ် ရပ်တည်နိုင်ခဲ့ပါသေးတယ်။
(ဆက်ပါဦးမည်။)
Ahshin SandarDica

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။