Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, April 6, 2017

ကိုရီးယား ဒုက္ခ

 
 
ကိုရီးယား ဒုက္ခ
------ ------ ------
''သြော်-လူ့ဘုံခန်းဝါ လူ့ပြည်ရွာမှာ ၀မ်းစာခဲခက် မုရင်းထမင်း ချဉ်ပေါင်ဟင်းနှင့် ဆန်တွင်းကနက်လွန်းလို့ အသက်ရှိစဉ် မသေခင်ကို ကောက်လျင်ကြီး ဆန်နီတာလံနှင့် ငါးသန်သေးနုပ်၊ ရေလုံပြုတ်များကို တလုပ်ကယ်၀၀ စားလိုက်ရလျှင် အာဂပါးစပ်လူဖြစ်ကျိုးနပ်လေငဲ့''ဟု ဦးပုညက ရေသည် ပြဇာတ်အဖွင့်တွင် ရေးဖွဲ့ထားသည်။

ရေသည်ယောကျာ်းသည် မသေခင်အချိန်အတွင်း ကောက်လျင်ကြီးဆန်နီတာလံဆိုသည့် ဆန်ကြမ်းနှင့် ငါးသန်သေးနုပ်ရေလုံပြုတ် ဆီမပါသည့်ဟင်း ကိုပင် တလုပ်ကလေးများ စားလိုက်ရလျှင် လူဖြစ်ကျိုးနပ်မည်ဟု ကြုံးဝါးကြွေးကြော်ခြင်းဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံမှ လူငယ်အများစုမှာတော့ ရေသည် ယောကျာ်းကြွေးကြော်သကဲ့သို့မဟုတ်ဘဲ ကိုရီးယားသွားခွင့်ရလျှင်ပင် လူဖြစ်ကျိုးနပ်မည်ဟု ဆိုရမလိုဖြစ် နေလေသည်။

၂၀၁၇ မတ် ၂၀ ရက်တွင် မြောက်ဒဂုံမြို့နယ် ပင်လုံခန်းမအလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာနတွင် ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ ထုတ်ပေးသည့် ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲလျှောက်လွှာများ စတင်ရောင်းချပေးခဲ့သည်။

၂၀ ရက်လျှောက်လွှာ စတင်ရောင်းချသည့်နေ့တွင် လျှောက်လွှာလာရောက် ထုတ်ယူသူပေါင်းသုံး သောင်းကျော်ရှိသဖြင့် ပဋိပက္ခဖြစ်ပွားခြင်းများအပြင် နေပူပူတွင် တန်းစီရသည့် လူအုပ်ကြီးမှာ များပြားလွန်း သောကြောင့် မူးလဲသူအများအပြားပင်ရှိသည်။ ယင်းနေ့၌ လျှောက်လွှာပေါင်း ၁ သောင်းခန့်ထုတ်ပေးနိုင်ခဲ့ သည်ဟု လာရောက်လျှောက်ထားသူများက ပြော သည်။ ယင်းနေ့၌ပင် အနယ်နယ်အရပ်ရပ်မှလျှောက် လွှာထုတ်ယူရန် လာရောက်နေသူများလည်း ရန်ကုန်မြို့သို့ လာရောက်နေဆဲဖြစ်သည်။ ၂၀ ရက် ညနေ ပိုင်းကားဖြင့် မုံရွာမြို့၏ အနာက်ဘက်ကမ်းရွာများမှ လူငယ်ပေါင်း ၂၅၀ သည် ရွှေသလ္လာ Express ကား ကြီးသုံးစင်း၊ စင်းလုံးပြတ်ငှားကာ ကိုရီးယားလျှောက်လွှာဝယ်ယူရန် လာရောက်နေကြသည်ဟု ဒေသခံများက ပြောသည်။

မြောက်ဒဂုံရှိ ပင်လုံခန်းမသည် မြောက်ဒဂုံ ၇/၈ လမ်းဆုံနှင့် အတော်ပင်အလှမ်းဝေးလှပြီး မည်သည့် ဘတ်စ်ကား၊ ဆိုက်ကား၊ ဆိုင်ကယ်ကယ်ရီသမားများ မရှိသောကြောင့် ဘတ်စ်ကားစီးပြီး လျှောက်လွှာလာ ရောက်ထုတ်ယူသူများအဖို့ အလွန်ပင် အခက်တွေ့သည်။ နေပူပူတွင် နာရီဝက်ကျော်ခန့် လမ်းလျှောက်မှ ပင်လုံခန်းမသို့ ရောက်ရှိနိုင်ပြီး ပင်လုံခန်းမသို့ ရောက်သည်နှင့် သောင်းနှင့်ချီသော လူအုပ်ကြီးက ကြိုဆို နေသည်။ နည်းပညာအလွန်ထွန်းကားသည့်ခေတ် မိုဘိုင်းဖုန်း မှတ်ပုံတင်ခြင်းအတွက် နေအိမ်မှ ထိုင်ရာမထဘဲ လုပ်ဆောင်နိုင်သည့်ခေတ်ဖြစ်နေချိန်တွင်ပင် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ လူငယ်များအား မြောက်ဒဂုံကဲ့သို့ နေရာမျိုးအား စုပြုံ၍ လျှောက်လွှာထုတ်ယူရသည်ဆိုသည်မှာ အလွန်ပင် ညံ့ဖျင်းလွန်းသော စီမံခန့်ခွဲမှုဖြစ်သည်ဟု ပြော၍ရသည်။

အလွန်ပူပြင်းသော နေရောင်အောက် လူပေါင်းသောင်းနှင့်ချီ၍ တိုးကြိတ်ကာ ပတ်စပို့စာအုပ်ထပ်၍ လျှောက်လွှာထုတ်ယူရခြင်းဖြစ်၍ မူးလဲသူများ သတိလစ်သွားသူများ မကြာခဏ ဖြစ်ပေါ်နေသည်။ ယင်း ကြောင့် လူနာတင်ကား ၂ စီး အဆင်သင့်လုပ်ထားရသည်။ ယင်းအခြေအနေအား မကြည့်ရက်နိုင်သည့် ရပ်ကွက်အတွင်း နေထိုင်သူများက ရေသန့်ဘူးနှင့် ဓာတ်ဆားများ အခမဲ့ဝေငှပေးနေသည်ကိုလည်း တွေ့ မြင်နေရသည်။ လူအုပ်ကြီးအလွန်များပြားသည့်အတွက် အချို့ဆိုလျှင် ပင်လုံခန်းမအနီး၌ပင် ညအိပ်၍ တန်းစီသူများလည်း ရှိနေသည်။

လျှောက်လွှာတစောင်လျှင် အမေရိကန်ဒေါ်လာ ၂၄ ဒေါ်လာသတ်မှတ်ထားပြီး မြန်မာငွေဖြင့် သုံးသောင်း သုံးထောင်သတ်မှတ်ထားသည်။ လျှောက်လွှာထုတ်ယူရက် ၅ ရက်သာ သတ်မှတ်ထားသော်လည်း လူအရေ အတွက်များလွန်းသောကြောင့် ၂ ရက်ထပ်မံ၍ တိုးမြှင့်ပေးခဲ့ရသည်။ စုစုပေါင်း ၅ ရက်အတွင်း လျှောက် လွှာထုတ်ယူသူအရေအတွက် သုံးသောင်းခွဲခန့်ရှိသည်ဟုလည်း သိရသည်။

ယင်းသုံးသောင်းခွဲခန့် လျှောက်လွှာထုတ်ယူသဖြင့် အမေရိကန်ဒေါ်လာ ရှစ်သိန်းခွဲခန့်ရရှိမည်ဖြစ်ပြီး ယင်းငွေကြေးသည် ကိုရီးယားသံရုံးမှရရှိသည်ဟု အလုပ်သမားအေဂျင်စီများက ပြောသည်။ အမေရိကန် ဒေါ်လာ ရှစ်သိန်းခွဲခန့်သည် မြန်မာငွေနှင့် တွက်လျှင် ကျပ်သိန်းပေါင်းတသောင်းတထောင်ကျော်ရှိသည်။ အဓိကခေါ်ယူသည့် လုပ်သားများမှာ ကုန်ထုတ်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပင် ဖြစ်သည်။ ကုန်ထုတ်လုပ်ငန်းစုတွင် တိုင်းတာခြင်း၊ ဆက်စပ်ခြင်း၊ တပ်ဆင်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သံချည်သံကွေး၊ လက်သမားစသည့် မိမိလုပ်လိုသည့် လုပ်ငန်းအတွက် အတိအကျတခုကိုသာ ရွေးချယ်ရ သည်။ စိုက်ပျိုးမွေးမြူရေးတွင်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း ရေပေါ်စိုက်ပျိုးရေးနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများပါဝင်သည်။ လျှောက်ထားသူအများစုသည် ကုန်ထုတ်လုပ်ငန်းသာ လျှောက်ထားသူများ ပြားပြီး လုပ်သားဦးရေ လေးထောင်ဝန်းကျင်သာ ခေါ်ယူမည်ဟု သိရသည်။ လျှောက်လွှာထုတ်ယူရရှိ သူများသည် ထုတ်ယူအပြီး ၂ရက်အကြာတွင် ယင်း လျှောက်လွှာအား အပြည့်အစုံရေးသွင်းကာ ပြန်လည် တင်ရသည်။ လျှောက်လွှာရေးသားရာတွင် မည် သည့်စာတလုံးတပါဒမျှ မှားယွင်းခွင့်၊ ပြင်ဆင်ခွင့် correction ဖြင့် ပြင်ရာဖျက်ရာပါရှိ၍မရဘဲပါရှိလျှင် ကိုရီးယားအိပ်မက်သည် အပြီးသတ်သွားပြီဟု ပြော၍ ရကြောင်းသိရသည်။ ယင်းကြောင့် လျှောက်လွှာရေးသားပေးသည့် ဈေးကွက်ပေါ်လာသည့်အပြင် ကိုရီး ယားဘာသာစကားသင်တန်းများမှလည်း သင်တန်းအပ်သူကို ရေးပေးသည့်ဝန်ဆောင်မှုပါ ပေါ်ပေါက် လာခဲ့သည်။

လျှောက်လွှာတင်ပြီးသူများသည်လည်း ကိုရီးယားနိုင်ငံဝင်ခွင့်စာမေးပွဲ EPS ဖြေဆိုရန်အတွက် အသီးသီးသော ကိုရီးယားသင်တန်းများသို့ တက်ရောက်ကြရသည်။ သင်တန်းများ အများအပြားရှိရာ လှည်းတန်းတွင် လျှောက်လွှာရရှိထားသော လူပေါင်းသုံးသောင်းခွဲခန့်မှ အပြေးအလွှားစာရင်းသွင်းကာ သင်တန်းတက်ကြသည်။ သင်တန်းအများစုသည် ကိုရီးယားဘာသာစကားကျွမ်းကျင်သည့် မြန်မာနိုင်ငံသားများထက် ကိုရီးယားနိုင်ငံသားကိုယ်တိုင် သင်ကြားသည့် သင်တန်းများကိုသာ သင်တန်းသားများ ရွေး ချယ်ကြသည့်အတွက် ကိုရီးယားသင်တန်းဆရာများ လစာကောင်းကောင်းဖြင့် မြန်မာနိုင်ငံတွင် အလုပ်အ ကိုင်ရရှိနေကြလေသည်။ သင်တန်းကာလမှာများသောအားဖြင့် သုံးလမှ ငါးလခန့်အထိရှိပြီး နယ်မှလာသူ အများစုသည် အဆောင်နေ၍ သင်တန်းတက်ကြ ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်လိုသည့် မြန်မာလူငယ်အများစုသည် ငွေရေးကြေးရေး အဆင်မပြေ၍ ရှိစုမဲ့စု ပစ္စည်းလေးများအား ထုခွဲရောင်းချကာ မရေရာသည့် အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေကြသည်။ သင်တန်းကြေး ၂ သိန်းမှစ၍ ၂ သိန်းခွဲ ၃ သိန်းအထိ ရှိတတ်ကြပြီး သင်တန်းကာလနေ စရိတ် စားစရိတ်နှင့်ဆိုလျှင် အနည်းဆုံး ၇ သိန်း ၈ သိန်းကုန်ကျရသည်။

သင်တန်းတက်ရောက်ပြီး ကိုရီးယားဝင်ခွင့်စာမေးပွဲအား ဂျူလိုင်လ စတုတ္ထအပတ်တွင် ဖြေဆိုရမည်ဖြစ်ပြီး အောင်စာရင်းများအား အောက်တိုဘာတွင် ထုတ်ပြန်မည်ဖြစ်သည်။ ယင်းအချိန်၌ လက်ရှိ လျှောက် လွှာဝယ်ယူထားသည့် သုံးသောင်းခွဲခန့်ထဲမှ လူပေါင်းလေးထောင်ဝန်းကျင်သာ အောင်မြင်ခွင့်ရရှိမည်ဖြစ်သည်။ ယင်းသတ်မှတ်စာမေးပွဲ အောင်မြင်ပြီးနောက် အလုပ်လျှောက်လွှာထပ်မံတင်သွင်းရမည်ဖြစ်ပြီး ယင်းတွင်လည်း ကျိန်းသေအလုပ်ခန့်ထားခံရမည်ဟု အာမခံထားခြင်းမရှိကြောင်းလည်း အစိုးရပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီက တရားဝင်ကြေညာထားသည်။ ယင်းကဲ့သို့အခက်အခဲဒုက္ခပေါင်းများစွာအား ဖြတ်ကျော်၍ ကိုရီးယားရွှေရောင်အိပ်မက်အား အသက်သွင်းနေသည့် လူငယ်အများစုသည် ဦးပုည၏ ရေသည်ပြဇာတ်မှ အာဂယောကျာ်းဖြစ်လိုသူအများစုပင် ဖြစ်နေသည်။ ယခုဖြစ်စဉ်တခုလုံး၏ အစအဆုံးအား သေချာ လေ့လာကြည့်လျှင် ကိုရီးယားအစိုးရနှင့် နိုင်ငံသားများဥာဏ်ကောင်းလွန်းနေပြီး ကျွန်တော်တို့ နိုင်ငံသားများ ဘက်ပေါင်းစုံခံရသည့်ဘက်တွင်သာ ရှိနေသေးသည်ကို တွေ့မြင်နေရသည်။

ကိုခက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။