သင်ဘယ်လိုလူစားမျိုးလဲ။ #LocusOfControl
သင်ဟာ ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားတဲ့လူလား။ သို့တည်းမဟုတ် ပတ်ဝန်းကျင်က ကိုယ့်ကိုအမြဲတမ်း စိုးမိုးနေတဲ့လူလား။ သင်ဟာ ဖြစ်လာသမျှ ပတ်ဝန်းကျင်အခြေအနေကို သင်သာလျှင် ဖန်တီးနိုင်စွမ်းတယ်လို့ ယုံကြည်ရင် သင်ဟာ Internal Locus of Control ကောင်းတဲ့သူလို့ သတ်မှတ်နိုင်တယ်။ ဒါမှမဟုတ် သင်ဟာ ပတ်ဝန်းကျင်ပေါ်ကိုသာ တည်မှီပြီး ကိုယ်က သူပြုသမျှ ခံနေရတဲ့သူလို့ လက်ခံထားခဲ့ရင်တော့ သင်ဟာ External locus of Control ထဲမှာ ရှိနေတဲ့ လူလို့ သတ်မှတ်နိုင်ပါတယ်။
Locus of Control ဆိုတာဟာ စိတ်ပညာဆိုင်ရာဝေါဟာရတစ်ခြု ဖစ်ပြီး
စိတ်ပညာရှင် ဂျူလီယန်ရော့တာက ၁၉၅၄ မှာ အဲဒီအယူအဆကို စတင်ရေးသားခဲ့သူပါ။
အများအားဖြင့်တော့ Internal Locus of Control ကောင်းတဲ့သူတွေဟာ
အောင်မြင်ကြတာများပါတယ်။
Internal Locus of Control ရှိတဲ့သူတွေဟာ
- သူတို့ရဲ့ အပြုအမူတွေအပေါ် တာဝန်ယူတယ်။
- တခြားသူတွေရဲ့ အယူအဆတွေကြောင့် ကိုယ့်ခံယူချက်ကို မပြောင်းလဲဘူး။
- တစ်ယောက်တည်းလုပ်ရတဲ့ အလုပ်တွေမှာ ပိုထူးချွန်တတ်တယ်။
- ကိုယ်လုပ်ရင်ဖြစ်တယ်ဆိုတဲ့ အတွေးရှိတယ်။
- သူတို့လိုချင်တာကို မရ ရအောင်လုပ်လေ့ရှိတယ်။
- စိတ်ခေါ်မှုတွေကို ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်တယ်။
- ကျန်းမာရေးလည်း ပိုကောင်းလေ့ရှိတယ်။
- ကိုယ်အားကိုယ်ကိုးတတ်ပြီးတော့ ပိုပြီးပျော်ရွှင်ကြတယ်။
- အလုပ်မှာ အောင်မြင်ကြတယ်။
External Locus of Control ရှိတဲ့သူတွေကတော့
- ကိုယ့်မှာဖြစ်ပျက်လာတာတွေအတွက် ပတ်ဝန်းကျင်ကို အပြစ်ဖို့လေ့ရှိတယ်။
- ကိုယ်အောင်မြင်ခဲ့ရင်လည်း ကံကောင်းလို့ဆိုပြီး ပြောတတ်တယ်။
- ကိုယ့်အားကိုယ်ကိုးပြီးတော့ အခြေအနေတွေကို ပြောင်းလဲပစ်နိုင်မယ်လို့ မယုံကြည်ဘူး။
- ခက်ခဲတဲ့ အခြေအနေမှာ မျှော်လင့်ချက်မဲ့နေတတ်တယ်။
- အကူအညီမဲ့တယ်လို့ ခံစားနေရတတ်တယ်။
သင်ဘယ်လိုလူစားမျိုးလဲဆိုတာ
ခန့်မှန်းသုံးသပ်ကြည့်ပါ။ သင်ဟာ External Local of Control ရှိနေတဲ့လူ
ဖြစ်နေရင်တောင်မှ စိတ်ပညာသဘောတရားအရ သင့်စိတ်ကို ပြောင်းလဲလို့ရပါတယ်။
လူ့ဘ၀ရဲ့ အားသာချက်တစ်ခုက ဘယ်အရာကိုမဆို သင်ယူလို့ရတာပါပဲ။ အားလုံး
အောင်မြင်နိုင်ကြပါစေ။
https://www.facebook.com/ myanmaentrepreneurs
သင်ဟာ ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားတဲ့လူလား။ သို့တည်းမဟုတ် ပတ်ဝန်းကျင်က ကိုယ့်ကိုအမြဲတမ်း စိုးမိုးနေတဲ့လူလား။ သင်ဟာ ဖြစ်လာသမျှ ပတ်ဝန်းကျင်အခြေအနေကို သင်သာလျှင် ဖန်တီးနိုင်စွမ်းတယ်လို့ ယုံကြည်ရင် သင်ဟာ Internal Locus of Control ကောင်းတဲ့သူလို့ သတ်မှတ်နိုင်တယ်။ ဒါမှမဟုတ် သင်ဟာ ပတ်ဝန်းကျင်ပေါ်ကိုသာ တည်မှီပြီး ကိုယ်က သူပြုသမျှ ခံနေရတဲ့သူလို့ လက်ခံထားခဲ့ရင်တော့ သင်ဟာ External locus of Control ထဲမှာ ရှိနေတဲ့ လူလို့ သတ်မှတ်နိုင်ပါတယ်။
Locus of Control ဆိုတာဟာ စိတ်ပညာဆိုင်ရာဝေါဟာရတစ်ခြု
Internal Locus of Control ရှိတဲ့သူတွေဟာ
- သူတို့ရဲ့ အပြုအမူတွေအပေါ် တာဝန်ယူတယ်။
- တခြားသူတွေရဲ့ အယူအဆတွေကြောင့် ကိုယ့်ခံယူချက်ကို မပြောင်းလဲဘူး။
- တစ်ယောက်တည်းလုပ်ရတဲ့ အလုပ်တွေမှာ ပိုထူးချွန်တတ်တယ်။
- ကိုယ်လုပ်ရင်ဖြစ်တယ်ဆိုတဲ့ အတွေးရှိတယ်။
- သူတို့လိုချင်တာကို မရ ရအောင်လုပ်လေ့ရှိတယ်။
- စိတ်ခေါ်မှုတွေကို ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်တယ်။
- ကျန်းမာရေးလည်း ပိုကောင်းလေ့ရှိတယ်။
- ကိုယ်အားကိုယ်ကိုးတတ်ပြီးတေ
- အလုပ်မှာ အောင်မြင်ကြတယ်။
External Locus of Control ရှိတဲ့သူတွေကတော့
- ကိုယ့်မှာဖြစ်ပျက်လာတာတွေအတ
- ကိုယ်အောင်မြင်ခဲ့ရင်လည်း ကံကောင်းလို့ဆိုပြီး ပြောတတ်တယ်။
- ကိုယ့်အားကိုယ်ကိုးပြီးတော့
- ခက်ခဲတဲ့ အခြေအနေမှာ မျှော်လင့်ချက်မဲ့နေတတ်တယ်။
- အကူအညီမဲ့တယ်လို့ ခံစားနေရတတ်တယ်။
သင်ဘယ်လိုလူစားမျိုးလဲဆိုတာ
https://www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။