စီးပွားရေး၏ ပထမ ခြေလှမ်း ။ added 2 new photos.
Business တစ်ခုကို တည်ထောင်တော့မယ့်လူဟာ …
'' ဖြစ်အောင်လုပ်မယ် '' ဆိုတဲ့စိတ် ရှိရပါမယ် ။ မဖြစ်နိုင်ပါဘူးဆိုတဲ့ ကိစ္စတော်တော်များများကို ဖြစ်အောင်လုပ်ပြသွားနိုင်တဲ့ လူတစ်ယောက်အကြောင်း တင်ပြချင်ပါတယ် ။ အဲ့ဒီလူက အမေရိကန်လူမျိုးဗိသုကာ ပညာရှင်တစ်ဦးပါ ။ သူ့နာမည်က Henry John Kaiser ( Hnery . J. Kaiser ) ပါ ။ ၁၈၈၂ ခုနှစ် နယူးယောက်ပြည်နယ် | စပရောက်ဘရုတ်မှာ မွေးဖွားခဲ့သူပါ ။ မွေးချင်း ၄ ယောက်ရှိပါတယ် ။ အသက် ၁၃ နှစ်အရွယ်ထဲက ကျောင်းထွက်ပြီး | မိသားစုကို ထောက်ပံ့ဖို့ လုပ်ငန်းခွင်ဝင်ခဲ့ရပါတယ် ။ နှစ်အနည်းငယ်ကြာတဲ့အခါ ဓါတ်ပုံပစ္စည်းရောင်းသူတစ်ဦးနဲ့ တွေ့ပြီး ခုလိုတင်ပြခဲ့ပါတယ် ။ '' ကျွန်တော်သာ ဝင်လုပ်ပေးရင် တစ်နှစ်အတွင်း ခင်ဗျားရဲ့ရောင်းအား နှစ်ဆတိုးမှာ သေချာတယ် ။
တကယ်လို့သာ ရောင်းအားတိုးခဲ့ရင် ကျွန်တော့အတွက် ရှယ်ယာခွဲပေးရမယ် ။ အဲ့ဒီ့အတွက် ဒီတစ်နှစ်ကို ကျွန်တော်လခမယူဘူး '' ...… သူပြောတဲ့အတိုင်း တစ်နှစ်ကြာတဲ့အခါ ရောင်းအား ၃ဆ အထိတက်သွားတဲ့အတွက် ရှယ်ယာခွဲပေးခဲ့ပါတယ် ။ နှောင် ၂ နှစ်ကြာတဲ့အခါ အဲ့ဒီ့လုပ်ငန်းတစ်ခုလုံးကို သူပိုင်ဆိုင်ခဲ့ပါတယ် ။ အဲ့ဒီ့အချိန် သူ့အသက်ဟာ ၂၃ နှစ်ပဲ ရှိပါသေးတယ် ။ သူဟာမြို့ကြီးအချို့မှာ ဓါတ်ပုံဆိုင်တွေတွေ ဖွင့်လှစ်လာနိုင်ခဲ့ပါတယ် ။ နောက်တော့ သဲနဲ့ ကျောက်စရစ်လုပ်ငန်းတွေကို စတင်လုပ်ကိုင်ခဲ့ပါတယ် ။ ၁၉၁၄ မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်နိုင်ခဲ့ပါတယ် ။
သူ့အတွက် မဖြစ်နိုင်ဘူးဆိုတဲ့စကားဟာ အပိုသက်သက်ပါ ။ သုဟာ ဆန်ဖရန်စစ္စကိုနဲ့ အုတ္ကလန် မြို့နှစ်မြို့ကို ဖြတ်ကူးတဲ့ ဧရာမတံတားကြီးကို တည်ဆောက်နိုင်ခဲ့ပါတယ် ။ သူဟာ အတန်းပညာကို အနည်းငယ်သာ သင်ကြားခဲ့ဖူးပါတယ် ။ ဒါပေမယ့် သူကွယ်လွန်တဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ် ( ၃၄ ) ခုနဲ့ နိုင်ငံခြားတိုင်းပြည် ( ၅၀ ) မှာ စက်ရုံအလုပ်ရုံပေါင်း ( ၁၉၆ ) ခုကို ပိုင်ဆိုင်ခဲ့ပါတယ် ။ လူပေါင်း ၉၀၀၀၀ လောက်ကို အလုပ်ပေးထားနိုင်ခဲ့ပြီး | တစ်နှစ်ကို ဒေါ်လာသန်းပေါင်း ၂၀၀၀ ကျော် လုပ်အားခ ပေးဝေနိုင်ခဲ့သူဖြစ်ပါတယ် ။ ဒါတင်မကပါဘူး ... ကိုင်ဇာဆေးရုံပေါင်း ( ၁၉၃ ) ရုံနဲ့ ဆေးပေးဌာနပေါင်း ( ၄၅ ) နေရာ ဆောက်လုပ်လှုဒါန်းခဲ့ပါတယ် ။ ယနေ့ထိ လူနာပေါင်း နှစ်သန်းကို အခမဲ့ဆေးဝါးကုသပေးနိုင်ခဲ့ပါတယ် ။
သူ့ရဲ့ လက်သုံးစကားကတော့ ရိုးရိုးရှင်းရှင်းလေးပါ ။ '' ကွက်လပ်ရှိရင် ဖြည့်စွက်ပါတဲ့ ' …… သူပြောတတ်တာက ' အလုပ်တစ်ခုကိုလုပ်ဖို့အတွက် အချိန် တစ်ချိန်ပဲ ရှိပါတယ် ။ အဲ့ဒီ့အချိန်က ယခုလက်ရှိအချိန်ပါပဲ ' … တဲ့ ။ သူ့ကို သူ့အပေါင်းအသင်းတွေက မလုပ်နိုင်တာ ဘာမှမရှိတဲ့လူလို့ ယုံကြည်ထားတဲ့ လူတစ်ယောက်ဖြစ်ပါတယ် ။ ကယ်လီဖိုးနီးယားပြည်နယ် ရှက်စတာကာရေကာတာကြီးဆောက်စဉ်က ဒေါ်လာ ခုနှစ်သန်းတန်ဘိလပ်မြေ ပေးသွင်းဖို့ကိစ္စကို သူကန်ထရိုက်ယူခဲ့ပါတယ် ။ အဲ့ဒီ့အချိန် အမေရိကားမှာ ဘိလပ်မြေစက်ရုံဆိုတာ မရှိသေးပါဘူး ။ သူဟာ ဘိလပ်မြေစက်ရုံကြီးကို ခုနှစ်နှစ် အတွင်း တည်ဆောက်နိုင်ခဲ့ပါတယ် ။ ဒုတိယကမ္ဘာစစ်မတိုင်မှီ သူ့မှာ သင်္ဘောကျင်းတစ်ခုမှ မရှိရာကနေ | သင်္ဘောကျင်းပေါင်းမြောက်မြားစွာကို တည်ဆောက်နိုင်ခဲ့ပါတယ် ။ သူများထက်ထူးပြီး သင်္ဘောအစိတ်အပိုင်းတွေကို တစ်ခုပြီးတစ်ခုလုပ်တာထက် | အစိတ်အပိုင်းအားလုံးကို တခါထဲလုပ်ပြီး ဆက်တဲ့နည်းနဲ့ အောက်မြင်ခဲ့ပါတယ် ။ သူ့ရဲ့ သင်္ဘောကျင်းတွေမှာ လီဘာတီကုန်တင်သင်္ဘော ( ၁၄၄၀ ) နဲ့ လေယာဉ်တင်သင်္ဘောငယ် အစင်းပေါင်း ( ၅၀ ) ကိုတည်ဆောက်ခဲ့ပါတယ် ။
သူ့ရဲ့ လက်နှစ်ဘက်မှာ ထူးထူးခြားခြား နာရီ တစ်လုံးစီပါတ်ထားတာကိုလည်း တွေ့ရတတ်ပါတယ် ။ တစ်လုံးက သူ့ဌာနချုပ်ရှိတဲ့ ကာလီဖိုးနီးယားပြည်နယ်ရဲ့ အချိန်ဖြစ်ပါတယ် ။ ကျန်တစ်လုံးကတော့ သုအလုပ်လုပ်ဖို့ ရောက်ရှိနေတဲ့ ဒေသရဲ့အချိန်ပဲ ဖြစ်ပါတယ် ။
ဟင်နရီဟာ အမြဲတမ်းအောင်မြင်ခဲ့သူတော့ မဟုတ်ပါဘူး ။ သူဟာစစ်ကြီးပြီးချိန်မှာ သမ္ဘာရင့်မော်တော်ကားထုတ်လုပ်သူ ဂျိုးဆက်ယာပလျူပရေဇာနဲ့ပေါင်းပြီး '' ကိုင်ဇာပရေဇာ မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီ '' တစ်ခုကို တည်ထောင်ခဲ့ပါတယ် ။ စက်ရုံကြီးတစ်ရုံဆောက်ခဲ့ကြပြီး … အဲ့ဒီ့စက်ရုံကနေ ကိုင်ဇာမော်တော်ကား | ပရေဇာမော်တော်ကားနဲ့ သေးငယ်ကျစ်လစ်လှပတဲ့ ဟင်နရီဂျေ မော်တော်ကားတွေ ထုတ်လုပ်ခဲ့ကြပါတယ် ။ဒါပေမယ့် ဒီတစ်ကြိမ် စွန့်စားမှုက သူ့ကို ဒေါ်လာသန်းတစ်ထောင် ဆုံးရှုံးစေခဲ့ပါတယ် ။ ဒါပေမယ့် သူဟာအရှုံးကို ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ် ။ သူ့မှာရှိတဲ့ သံမဏိစက်ရုံနဲ့ နောက်ထပ် အလူမီနီယံသတ္တုကျိုစက်တစ်လုံးထပ်ပေါင်းပြီး | လုပ်ငန်းသစ်တွေကို စိတ်အားထက်သန်စွာနဲ့ ဆက်လက်ဆောင်ရွက်နိုင်ခဲ့ပါတယ် ။ ဒီနေ့မှာတော့ ကိုင်ဇာအလျူမီနီယံ ကုမ္ပဏီဟာ ကမ္ဘာမှာ စတုတ္ထအကြီးဆုံးကုမ္ပဏီ ဖြစ်နေပါပြီ ။ ကိုင်ဇာသံမဏိလုပ်ငန်းဟာ အမေရိကားမှာ နဝမမြောက် အကြီးဆုံးကုမ္ပဏီဖြစ်နေပါပြီ ။
သူပြောခဲ့တာက '' တကယ်လို့ မင်းရဲ့လက်အောက်က လူတစ်ယောက်က ဒီအလုပ်ကို မလုပ်နိုင်ကြောင်း ငြင်းခဲ့လို့ရှိရင် … မင်းအနေနဲ့ ပြောသင့်တာက ဒီအလုပ်ကို မင်းလုပ်နိုင်ပါတယ်ကွာ '' လို့သာ ပြောလိုက်ပါ ။ ဒီလူဟာ သူလုပ်နိုင်တာထက်ပိုပြီး လုပ်လာကြပါလိမ့်မယ် ''… တဲ့ ။ နောက်ပြီး သူဟာလူတွေနဲ့ ဆက်ဆံတဲ့အခါ အမြဲတမ်း ဟုတ်ကဲ့ခင်ဗျာ ဆိုသူတွေကို ရှောင်ကျဉ်လေ့ရှိပါတယ် ။ကဲ …… အခုဆိုရင် ကိုင်ဇာ့အကြောင်း တော်တော်သိသွားလောက်ပြီပေါ့ ။ သူငယ်ချင်းတို့လည်း …… ကိုင်ဇာ့ကို အတုယူပြီး မဖြစ်နိုင်ဘူးဆိုတာ မရှိအောင် ကြိုးစားကြနော်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။