လောကကြီးက သင့်ကို အမြဲတမ်း လူကောင်းတွေနဲ့
မိတ်ဆက်ပေးလေ့မရှိပါဘူး။ နည်းနည်းတော့ ခံပြင်း
စရာပါ။ ဖြစ်နိုင်ရင်တော့ ကျွန်တော်လည်း လူကောင်း
တွေနဲ့ပဲ တွေ့ချင်တာပေါ့။ ဒါပေမယ့် လောကကြီးမှာ
အကောင်းအဆိုး အမြဲဒွန်တွဲနေတယ်။ အကျင့်မကောင်း
တဲ့သူနဲ့ သင်တွေ့ကို တွေ့မှာပါ။ ဒါဟာ လွန်ဆန်လို့
မရတဲ့ အမှန်တရားပါ။ အလင်းရှိသလို အမှောင်ရှိတယ်။
အနက်ရှိသလို အဖြူရှိတယ်။ အချိုရှိသလို အခါးရှိတယ်။
ပျော်ရွှင်မှုရှိသလို ဝမ်းနည်းမှုရှိတယ်။
တစ်စုံတစ်ခုရဲ့ အရသာကို ပီပီပြင်ပြင်ခံစားဖို့၊ တန်ဖိုး
ထားတတ်ဖို့ဆိုတာ ဆန့်ကျင်ဘက်အရာတစ်ခုရဲ့
အရသာကိုလည်း သိမှဖြစ်မှာပါ။ နေမကောင်းတဲ့အချိန်
ကျမှ လူတွေဟာ နေကောင်းတဲ့ အချိန်ကို ပြန်လည်
သတိရတတ်ကြပါတယ်။ ဒီသဘောတရားပါပဲ။ အကျင့်
ပုပ်တဲ့လူတွေရှိလို့ လူကောင်းတွေရဲ့ တန်ဖိုးဟာလည်း
မြင့်တတ်နေတာပါ။ ဝမ်းနည်းစရာတွေရှိလို့ ပျော်ရွှင်မှု
ဟာလည်း တန်ဖိုးမြင့်တက်နေတာပါ။ အကယ်၍ ဘဝ
က ပျော်ရွှင်မှုတွေနဲ့ 100% ပြည့်နှက်နေရင် သင်ပျော်မှာ
မဟုတ်ပါဘူး။ သင်ပျော်လိမ့်မယ်လို့ ထင်ကောင်းထင်
လိမ့်မယ်။ ဒါပေမယ့် ပျော်မှာ မဟုတ်ပါဘူး။ အမြဲတန်း
အလွယ်တကူရရှိတဲ့အရာတွေဟာ တန်ဖိုးကျဆင်းတတ်
ပါတယ်။ ပိုက်ဆံတွေခိုးပြီးဆော့ရတဲ့ ဂိမ်းထဲမှာ သင်
စိတ်ကြိုက်ဝယ်ပြီး Level တွေ အများကြီးတက်နိုင်
ပါတယ်။ သင်အစမှာ ပျော်ကောင်းပျော်ပါလိမ့်မယ် ။
ဒါပေမယ့် ရေရှည်မှာတော့ သင်ပျင်းလာပါလိမ့်မယ်။
ဘဝက တကယ်တော့ အဆိုးအကောင်း ရောစပ်
ထားတဲ့ ဖျော်ရည်တစ်ခွက်ပါ။ ကြိုက်သည်ဖြစ်စေ၊
မကြိုက်သည်ဖြစ်စေ သောက်တာကတော့ သောက်
ရမှာပါပဲ။ သင်မတွေ့ချင်ပေမယ့်လည်း သင့်ကိုနာကျင်
စေသူတွေ၊ သင့်ကိုလူလည်ကျချင်သူတွေ၊ သင့်ကို
မုန်းသူတွေနဲ့ သင်တွေ့ရမှာပါ။ ဒါပေမယ့် အရမ်းကြီး
တော့ အဆိုးမမြင်လိုက်ပါနဲ့အုံး။ အဲ့ဒီလူတွေကပဲ
သင့်ကို ဒီနေ့ဖြစ်နေတဲ့သင် အဖြစ် ပုံသွင်းခဲ့ကြတာ
ပါ။ သင့်စိတ်ဓာတ်ကို ပိုပြီး မာကျောလာစေခဲ့တာပါ။
သူတို့ကြောင့် လောကဓံကို ပိုခံနိုင်ရည် ရှိလာခဲ့တာ
ပါ။
ဘဝမှာ လူကောင်းတွေနဲ့ တွေ့ချင်တာတော့ အားလုံး
ပါပဲ။ ဒါပေမယ့် ဖြစ်မှ မဖြစ်နိုင်တာ။ Logical လုံးဝ
မဖြစ်တဲ့ မျှော်လင့်ချက်ကြီးနဲ့ အသက်ရှင်နေမယ့်
အစား တကယ်ဖြစ်နေတဲ့ Reality ကိုပဲပိုပြီး ခံနိုင်ရည်
ရှိအောင် လုပ်သင့်ပါတယ်။
ကျွန်တော့် အမြင်သာဖြစ်သည်။
#မိုးရှင်း (I.M.T) ရေးသားသည်။
မိတ်ဆက်ပေးလေ့မရှိပါဘူး။ နည်းနည်းတော့ ခံပြင်း
စရာပါ။ ဖြစ်နိုင်ရင်တော့ ကျွန်တော်လည်း လူကောင်း
တွေနဲ့ပဲ တွေ့ချင်တာပေါ့။ ဒါပေမယ့် လောကကြီးမှာ
အကောင်းအဆိုး အမြဲဒွန်တွဲနေတယ်။ အကျင့်မကောင်း
တဲ့သူနဲ့ သင်တွေ့ကို တွေ့မှာပါ။ ဒါဟာ လွန်ဆန်လို့
မရတဲ့ အမှန်တရားပါ။ အလင်းရှိသလို အမှောင်ရှိတယ်။
အနက်ရှိသလို အဖြူရှိတယ်။ အချိုရှိသလို အခါးရှိတယ်။
ပျော်ရွှင်မှုရှိသလို ဝမ်းနည်းမှုရှိတယ်။
တစ်စုံတစ်ခုရဲ့ အရသာကို ပီပီပြင်ပြင်ခံစားဖို့၊ တန်ဖိုး
ထားတတ်ဖို့ဆိုတာ ဆန့်ကျင်ဘက်အရာတစ်ခုရဲ့
အရသာကိုလည်း သိမှဖြစ်မှာပါ။ နေမကောင်းတဲ့အချိန်
ကျမှ လူတွေဟာ နေကောင်းတဲ့ အချိန်ကို ပြန်လည်
သတိရတတ်ကြပါတယ်။ ဒီသဘောတရားပါပဲ။ အကျင့်
ပုပ်တဲ့လူတွေရှိလို့ လူကောင်းတွေရဲ့ တန်ဖိုးဟာလည်း
မြင့်တတ်နေတာပါ။ ဝမ်းနည်းစရာတွေရှိလို့ ပျော်ရွှင်မှု
ဟာလည်း တန်ဖိုးမြင့်တက်နေတာပါ။ အကယ်၍ ဘဝ
က ပျော်ရွှင်မှုတွေနဲ့ 100% ပြည့်နှက်နေရင် သင်ပျော်မှာ
မဟုတ်ပါဘူး။ သင်ပျော်လိမ့်မယ်လို့ ထင်ကောင်းထင်
လိမ့်မယ်။ ဒါပေမယ့် ပျော်မှာ မဟုတ်ပါဘူး။ အမြဲတန်း
အလွယ်တကူရရှိတဲ့အရာတွေဟာ တန်ဖိုးကျဆင်းတတ်
ပါတယ်။ ပိုက်ဆံတွေခိုးပြီးဆော့ရတဲ့
စိတ်ကြိုက်ဝယ်ပြီး Level တွေ အများကြီးတက်နိုင်
ပါတယ်။ သင်အစမှာ ပျော်ကောင်းပျော်ပါလိမ့်မယ်
ဒါပေမယ့် ရေရှည်မှာတော့ သင်ပျင်းလာပါလိမ့်မယ်။
ဘဝက တကယ်တော့ အဆိုးအကောင်း ရောစပ်
ထားတဲ့ ဖျော်ရည်တစ်ခွက်ပါ။ ကြိုက်သည်ဖြစ်စေ၊
မကြိုက်သည်ဖြစ်စေ သောက်တာကတော့ သောက်
ရမှာပါပဲ။ သင်မတွေ့ချင်ပေမယ့်လည်း သင့်ကိုနာကျင်
စေသူတွေ၊ သင့်ကိုလူလည်ကျချင်သူတွေ၊ သင့်ကို
မုန်းသူတွေနဲ့ သင်တွေ့ရမှာပါ။ ဒါပေမယ့် အရမ်းကြီး
တော့ အဆိုးမမြင်လိုက်ပါနဲ့အုံး။ အဲ့ဒီလူတွေကပဲ
သင့်ကို ဒီနေ့ဖြစ်နေတဲ့သင် အဖြစ် ပုံသွင်းခဲ့ကြတာ
ပါ။ သင့်စိတ်ဓာတ်ကို ပိုပြီး မာကျောလာစေခဲ့တာပါ။
သူတို့ကြောင့် လောကဓံကို ပိုခံနိုင်ရည် ရှိလာခဲ့တာ
ပါ။
ဘဝမှာ လူကောင်းတွေနဲ့ တွေ့ချင်တာတော့ အားလုံး
ပါပဲ။ ဒါပေမယ့် ဖြစ်မှ မဖြစ်နိုင်တာ။ Logical လုံးဝ
မဖြစ်တဲ့ မျှော်လင့်ချက်ကြီးနဲ့ အသက်ရှင်နေမယ့်
အစား တကယ်ဖြစ်နေတဲ့ Reality ကိုပဲပိုပြီး ခံနိုင်ရည်
ရှိအောင် လုပ်သင့်ပါတယ်။
ကျွန်တော့် အမြင်သာဖြစ်သည်။
#မိုးရှင်း (I.M.T) ရေးသားသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။