...... အပူ နှင့် အအေး .......
( ကျွန်းစဉ်မြေ စောခက် )
နာနတ်တောင်ရွာလေးမှာ ရခိုင်ရိုးမတောင်တန်းကြီးနှ င့် ဘင်္ဂလားပင်လယ်အော်ကြားတွင် တည်ရှိနေပဲလားမသိ။ ရာသီပြင်းဒဏ်ခံနေရသည်။
နွေဆို ကျောက်များဖြင့်အတိပြီးသော ရွာတောင်ကြီးက ကျောက်ပူမှုတ်လို့အရမ်းပူသည်။
မိုးဆို ဘင်္ဂလားပင်လယ်အော်မုတ်သုံလေေ ကြာင့်
မိုးများသည်။ ဆောင်းဆိုလျှင်လည်း ရိုးတောင်ဦးဆီက အရူးအမူးတိုက်ခတ်လာသော
မြောက်လေသရမ်းကြောင့် အရမ်းအေးသည်။ခုဆို နွေကဆုန်ရောက်ပေပီ။
နာနတ်တောင်လို ကျွန်းရွာတွေမှာ ရေတွေရှားပီပေါ့။ မိုးရေခံရေကန်ကြီးတွေလည်း ခမ်းခြောက်ရုံမက
ကန်ဝမ်းဗိုက်ကြီးမှာ ပပ်ကြားအက် ဒဏ်ရာတွေနဲ့ပြည့်နေသည်။
ရွာသားတွေခမျာ ရွာပြင်မှာ အုပ်စုဖွဲ့ပြီး ရေတွင်းတူးကြ ရေရှာကြရပေါ့။ ရေဆိုတာအသက်တစ်ချောင်း ရှင်သန်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သည့်အရာပဲလေ ။
ဒီလိုအချိန်မျိုးမှာ နာနတ်တောင်ရွာသားတို့ကား အပူဒဏ် သက်သာအောင်
နေရိပ်ခိုပြီး မနေနိုင်ရှာကြ။ ပြေးကြရလွှားကြရနှင့် ရေတစ်ပေါက်ရရှိရေးအတွက်
ရှုပ်ယှက်ခတ်လှုပ်ရှားနေကြရ သည်။
ကျေးရွာမှာ တာဝန်ရှိသူများကလည်း ရေခပ်ချိန် ရေသယ်ချိန်ကို ညနေပိုင်းအချိန်များတွင်သာ သတ်မှတ်ထားရာ ညနေခင်းသည် ရွာလုံးကျွတ် ရေခပ်ချိန်လိုဖြစ်နေသည်။
" နုမေရယ် နင့်ကြည့်ရတာ ပင်ပန်းလိုက်တာအေ ၊ နင့်သမီးလေး ခိုင်းပါလားလို့ "
" အစ်မရေ ဒီလောက်အရေးကြီးနေချိန်မှာ သမီးလေးနဲ့ ဘယ်ဖြစ်မလဲ ရေကပြေးလွားခပ်နေကြရတာလေ "
" နင့်ကို သနားလို့ပါအေ "
" ကျွန်မထက် သမီးလေးကပိုသနားဖို့ကောင်းတာ အမရဲ့ သူ့မောင်လေးတွေကိုတစ်နေကုန် ထိန်းကျောင်းနေရတာလေ။ နို့ညှာကောင်လေးဆို
ပိုဆိုးတယ် သူဂျီဂျတိုင်းသမီးက အလိုလိုက်ရတာလေ။ ဒီကလေးအိပ်မယ်ဆိုရင်လည်း သူပဲသိပ်ရတာ ထမင်းလည်း သမီးလေးပဲ ခွံ့ပေးရတာ
သမီးလေးအရမ်းပင်ပန်းပါတယ် အမရယ် "
" သြော် "
စိန်ခင်မှာ နုမေကိုမိန်းမချင်းမို့ ကိုယ်ချင်းစာပြီးပြောမိပေသည်။ ခုတော့ နုမေရဲ့သမီးချစ်တရားကို နာနေရသည့် တရားနာသည်ဖြစ်သွားရပါပေါ့လား။
" နောက်ပြီးတော့ အစ်မရေ သမီးကအပျိုဖော်ဝင်တော့မှာ သိလား။ ကိုယ်လုံးတွေထွားစပြုလာပြီ။ အဲ့ဒါအရမ်းအလုပ်ပင်ပန်းလို့ မရဘူးလေ အမ၊
အလုပ်အရမ်းပင်ပန်းရင် အကြီးရပ်သွားနိုင်တယ် သိလား "
" အောင်မလေး နုမေရယ် နင်ကိုယ့်ကိုယ်ကိုကော သတိထားမိရဲ့လား ရေအိုးကခေါင်းပေါ်မှာ တစ်အိုး ခါးထစ်ခွင်မှာတစ်အိုးလေ။ နင့်ဗိုက်ကြီးကလဲတွဲနေပြီ ပြုတ်ကျတော့မယ့်အတိုင်းဖြစ် နေပီလေ။ ဘယ်နှလရှိပြီလဲ "
" ဒီလမွေးမှာ အမ "
" အဲ့ဒါပြောတာပေါ့အေ နင့်ဘ၀နဲ့ နင့်အလုပ်အားနဲ့ဝန်နဲ့မမျှဘူးဖြစ်နေတာလေ။ မပြောလိုက်ချင်ဘူး။ နှဲသမားပါးစပ်ဆိုတာ နင်တို့ဗိုက်ကိုပြောတာ "
" ဘာလဲ အမကလဲ "
" ပိန်လိုက် ဖောင်းလိုက်နဲ့အငြိမ်မနေရတာ ကို ပြောတာအေ့ "
" အမက ဘာမှန်းလဲမသိ ဒါသဘာဝလေ အစ်မရဲ့ "
သည်တစ်ခါတော့ နုမေကော စိတ်ခင်ကော ရေအိုးကြီးကိုရွက်ရင်းနှင့် အားရပါးရရယ်မိလျက်သား ဖြစ်နေကြပါတော့သည်။
နုမေမှာ နေ့စေ့လစေ့ ကိုယ်လေးလက်ဝန်ကြီးနှင့် ရေအိုးနှစ်လုံးကိုသယ်ပြီး ရွာပြင်ကွင်းစပ်နားကပင် သယ်လာသည်မှာ လွယ်သည်တော့မဟုတ်။ခြေတစ်လှမ်းနှင့်တစ်လှမ်းရွေ့လျားနို င်ရေးအတွက် ခြေထောက်တွေကိုတော်တော်အားစိုက်ပြီး ဆွဲယူနေရသည်။
ဗိုက်ကြီးကလည်း လှုပ်လှုပ်နှင့်
ရုန်းခါနေပေရာ မပေါ့သောသတိဝိရိယနှင့် ပင်ပန်းကြီးစွာ လှမ်းနေရသည်။
" နင့်ယောကျာ်းရှိရင်တော့ နင်နည်းနည်းသက်သာတာပေါ့ "
" ဒီလိုပဲ အမရယ် သူ့မှာလည်း သူ့အလုပ်နဲ့သူခရီးတစ်ခေါက်စီ ထွက်ဖို့အရေးကြံရဖန်ရတာပေါ့ အမရယ်။ သူပင်ပန်းတာတွေ့ရတော့ ကျွန်မတောင်သူ့ကိုကူရသေးသည် ။ ဓနိခင်းရှင်တွေဆီသွားပြီး ဒီအိမ်ဝင် ဟိုအိမ်ထွက်နဲ့ ဓနိကောက်ဝယ်ပေးရသေးတာ အမရဲ့ "
" နင့်ဟာက မဟုတ်သေးပါဘူးအေ နင့်ကြည့်ရတာ မသက်သာလိုက်တာဟာ "
" ဟုတ်တယ်လေ အမရဲ့ ကျွန်မမှာ လင်ယောကျာ်းအတွက် မယားတာဝန်ကျေရသလို သားသမီးအတွက်လည်း မိဘတာဝန်ထမ်းဆောင်ရတော့အလုပ်များတာပေါ့ရှင် "
" အောင်မယ်လေး နုမေရယ် နင့်ကိုသနားလို့ နင့်ဘက်ကနေ ၀င်ပြောမိတာ ငါမှားပါတယ် "
" အကြီးသားကတော့ သင်္ကန်းဆီးပေးပြီးကတည်းက ရှင်မထွက်ဘဲနေတာ သူ့အတွက်တော့ တစ်ပူအေးတယ်လို့ ပြောရမှာပေါ့ ရှင် "
" သာဓုပါကွယ် သာဓုပါ သာဓုပါ "
ဗိုက်ထဲကရင်သွေးလေးကလဲ အမေ့ရဲ့ရုန်းအား တွန်းအားကြောင့်အနေရခက်နေသလားမသိ ဗိုက်ထဲကလှုပ်လှုပ်နဲ့မို့ နုမေမှာညှောင့်ညှာင့်စူးစူး
ခံစားနေရသည်။ သို့သော် သူ့ဝေဒနာကိုမပြောရဲ။ စိန်ခင်သိသွားလျှင်ပိုပြီး အပြစ်တင်စကားပြောမှာကို နုမေစိုးရိမ်သည်။
" မေမေကြီးလာပြီ မေမေကြီးလာပြီ"
နုမေ အိမ်ခြံဝင်းထဲလှမ်းအ၀င်မှာ အလတ်ကောင်ဖိုးထောင်ဆော့နေရာ မှပြေးလာပြီး ရေအိုးကိုပင့်ချပေးရန်လုပ်သ ည်။
" ဟော မေမေကြီးရောက်ပြီ "
သမီးကြီးချစ်မက မီးဖိုခန်းမှ ပြေးထွက်လာပြီးအမေ့ရေအိုးကို ကူချပေးရန် လက်လှမ်းသည်။
" မလုပ်ကြနဲ့ သားနဲ့သမီး ဒီရေအိုးကြီးကိုဘယ်လိုလုပ်နိုင်မှာတုန်း "
" အမေ့ဘာသာ အမေချမယ် ဖယ်ကြ ဖယ်ကြရတယ် "
နုမေသားနှင့်သမီးကို အနားကပ်မခံ ရေအိုးတွေကိုမချခိုင်း ကိုယ်တိုင်ပဲ အသာအယာမချသည်။ ပြီးလျှင် အိမ်ရှေ့သရက်ပင်အောက် ကွပ်ပျစ်လေးပေါ်လှဲချလိုက်ပြီး
ရေအိုးတင်ခေါင်းခုလေးကို အခွေလိုက်ချပြီး ခေါင်းအုံးထားလိုက်သည်။
ပင်ပန်းလွန့်လို့ ရင်ဘတ်ကြီး နိမ့်ချည်မြင့်ချည်နှင့်
အသက်ရှူနှုန်းမြန်နေသည်။ နုမေခဏငြိမ်ပြီး မျက်လုံးအစုံကို မှိတ်ကာ
အမောဖြေနေလိုက်သည်။ ခဏကြာ နုမေအိပ်ပျော်သွားတော့သည်။
" ဗိုက်ဆာတယ် ဗိုက်ဆာတယ် ဗိုက်ဆာတယ် "
အလက်တောင်ဖိုးထောင်ရဲ့ ဆာလောင်မှုတရားက ခပ်ကျယ်ကျယ်ထွက်ပေါ်နေသည်။
" ဟေ့သမီးရေ ပန်းကန်ခွက်ယောက်ဆေး ထမင်းခူး သမီးတို့စားကြနော် "
အမေ့စကားအဆုံးတွင် သမီးကြီးချစ်မက ပန်းကန်တွေဆေးကြောပြီး ခူးခပ်လိုက်ကာ ထမင်းခုံလေးပေါ်တင်ပေးလိုက်သ ည်။
" သမီးတို့စားကြနော် အမေရေချိုးပြီးနောက်မှစားမယ် "
" ငါးပေးအုန်း ငါးပေးအုန်း "
" မရှိတော့ဘူးလေ မောင်လေးကလဲ အမေစားဖို့ အတုံးကလေးတစ်တုံးပဲကျန်တော့ တယ် "
" မရဘူး မရဘူး ငါးပေး ငါးပေး "
မောင်နှမနှစ်ယောက် ငါးပေးရေး မပေးရေး ငြင်းမှုက မိခင်ကြီးနားထဲသို့ ခပ်စူးစူးဝင်သွားသည်။ နုမေ တဘက်ကလေးနှင့် ကိုယ်လက်သုတ်သင်ပြီး
လုံချည်လဲကာ အိမ်ပေါ်သို့ ရောက်လာသည်။ငါးဟင်းခွက်ထဲက ဇွန်းကိုကောက်ယူပြီး အိုးထဲတွင် တစ်တုံးတည်းသော ကျန်တော့သော ငါးအသားတုံးကလေးကို ကော်ယူပီး သားအလတ်ကောင် ပန်းကန်ပြားထဲ ထည့်ပေးလိုက်သည်။
" အမေကလဲ အဲ့ဒါ အမေ့ဖို့ထားတာလေ သူချည်းပဲ ၂ တုံးတောင်စားပလိုက်ပီ "
" ရပါတယ် သမီးရယ် ချဉ်ပေါင်ကြော်လေးရှိတာပဲ အမေစားလို့ရပါတယ် "
" အလကားကောင် ဘာမှနားမလည်ဘူး အမေကြီး ဒီလောက်ရေခပ်လို့ပင်ပန်းနေတာ ထမင်းစားဖို့ ငါးကလေးတစ်တုံးတောင်ချန်မထားချင်ဘူး "
ချစ်မက အပျိုဖျန်းလေးဆိုတော့ လူရေးလူမှုကိုနားလည်နေပီ အလတ်ကောင်ကတော့ဘာမှမသိ။ကိုယ်လုပ်ချင်ရာလုပ်နေရရင် ကျေနပ်သည့်အကောင်အရွယ်ကလည်း ငယ်သေးတာကိုး။
နုမေကတော့ သနပ်ခါးရေကျဲလေးလိမ်းပြီး ထမင်းစားပွဲတွင် ၀င်ထိုက်လိုက်သည်။ ချဉ်ပေါင်ဟင်းဖတ်ကိုခပ်ထည့် ပြီး ထမင်းတစ်လုတ်စာလုပ်ကာ
ပါးစပ်ထဲထည့်သည်။ ဗိုက်ဆာနေလို့လားမသိ ချိုချိုအေးအေးလေးဝင်သွားသည်။ တစ်လုတ် နှစ်လုတ် သုံးလုတ် အစာအိမ်ထဲသို့ အထစ်အငေါ့မရှိဝင်သွားသည်။လေးလုတ်မြောက်သောအကြိမ်တွင် ထမင်းလုတ်ကြီးနင်ကာ ခေါင်းကလေးဆောင့်နေပေတော့သည်။
" အမေထမင်းလုတ်နင်နေပီ ရော့ရော့ ရေသောက်ချလိုက် "
သမီးချစ်မ ရေတစ်ခွက်ခပ်ပေးလိုက်မှ ထမင်းလုပ်လေးမှာ ကသီလင်တ၀င်သွားတော့သည်။
" နုမေရေ နုမေ "
" ရှင် "
" အဖေကြီး အခြေအနေမကောင်းဘူး မြန်မြန်လာခဲ့ပါတဲ့ "
" ဟုတ်ကဲ့ ဟုတ်ကဲ့ "
ဒွေးလေးဒေါ်စံနုစကားဆုံးလျှင်ပင် နုမေလက်ကို ဒရောသောပါးဆေးပြီးအိမ်ပေါ်မှ ဆင်းလိုက်သည်။ ကိုယ်ဝန်ကြီးကလည်း နေ့စေ့လစေ့မို့ တော်တော်သတိထားသွားနေရသည်။
နုမေတို့အဖေကြီးဦးစံမောင်မှာ
အသက်က ၇၀ ကျော်နေပီ။ အိပ်ရာထဲလဲနေသည်မှာ ကြာပီ။ ဒီတစ်ရက် နှစ်ရက်ထဲ
ရောဂါပိုပြင်းလာသည်။ သားသမီးတေကအဖေကြီးကို ပြုစုရင်း
အမြဲလိုအနားမှာရှိနေကြသည်။ နုမေလည်းအိမ်အလုပ်တွေပီးလျှ င့် အဖေအနားမှာပဲ ရှိနေသည်။
အဖေကြီးနားရောက်ချိန်တွင် နေ၀င်ချိန်မှောင်ရီပျိုးနေပီ။ အဖေကြီးမှာ နောက်ဆုံးမိနစ်ရောက်ရှိနေပီ ဟုသိလိုက်သည်။ နုမေကျေးဇူးရှင် မွေးသဖခင်ကြီးရဲအဖြစ်ကိုကြည့်ပြီးရင်ထဲမှာ ဆိုနင့်လာသည်။ မျက်ဝန်းအိမ်ထဲမှ မျက်ရည်များ စီးယိုဆင်းလာသည်။
" အမေရေ အမေအမြန်လာပါ အမေရေ အမေ အိမ်ကိုအမြန်လာပါ အမေရေ အမေရေ "
သမီးချစ်မရဲ့ အော်ခေါ်သံက နုမေ နားစည်မြှေးထဲသို့ စူးစူးရှရှဝင်လာနေသည်။ လူနာစောင့်နေသူအကုန် နုမေကိုဝိုင်းကြည့်ကြသည်။ သမီးကြီးရဲ့အလန့်တကြားအော်ေ ခ်ါသံကြောင့် အိမ်မှာ တစ်ခုခုဖြစ်နေပီဟု နုမေသိသည်။
သည်ဖက်မှာလဲ ဖခင်ကြီး ဘ၀တစ်ပါးသို့ပြောင်းဖို့ ကြိုးစားအားယူနေချိန် ဟိုဖက်မှာ ရင်နှစ်သည်းချာ ချစ်သမီးကလေးက တစ်ခုခုကြီးစွာသော ဆင်းရဲခြင်းနှင့် ကြုံတွေ့နေရသည့် အမေခေါ်သံ အမေ့ကိုအားကိုသံ အမေ့ကိုအကူညီတောင်းသံ နုမေရင်ထဲဗလောင်ဆန်နေသည်။ မည်သို့လုပ်ရပါ။
သည်တစ်ခါတော့ ဆုံးဖြတ်ချက်တစ်ခုကို ယတိပြတ်ချလိုက်ပေပီ။ ပါးပြင်ထက်ကမျက်ရည်စကိုလက်ဖ ၀ါးဖြင့်ပွတ်သုတ်ပီး မိမိအိမ်ရှိရာသို့ သုတ်ခြေတင်ခဲ့လေပြီ။
" ဟင် " မီးတောင်မီးလျှံကြီးပါလား။
" အမေရေ အမေမြန်မြန်လာပါတော့ သမီးတို့သေရပါတော့မယ် အမေရေ အမေရေ "
သမီးလေးအော်ခေါ်သံကလည်း ရင်ခေါင်းသံကြီးနှင့် ဟိန်းထွက်နေသည်။ နုမေအိမ်ပေါ်သို့ပြေးတက်လိုက်သည်။ အိမ်တွင်းတံခါးဝတွင် တွဲလျောင်းချထားသောလိုက်ကာကိုမီးစွဲလောင်နေပီ။ မီးရှီန်က တော်တော်မြင့်နေသည် တစ်အိမ်လုံး လင်းထိန်နေရုံမက ဓနိမိုး အိမ်ခေါင်ကိုပါ မီးစွဲတော့မည်။
" အမေရေ အမေ သမီးနဲ့မောင်လေး အိပ်ခန်းထဲမှာ သမီးတို့သေကြတော့မယ် "
ချစ်မအသံက နားထဲသို့ ခပ်စူးစူးဝင်လာသည်။မီးစွဲနေ သောလိုက်ကာကြီး အတွင်းစည်းထဲမှာ ချစ်မနဲ့နို့ညှာကောင်တို့ လှောင်ပိတ်နေကြလေပီ။ နုမေဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်ချလိုက်ပေပီ။
ရေအိုးစင်နားချက်ခြင်းပြေးသွားပြီး ရေအိုးနှစ်လုံးစလုံးကိုခေါင်းပေါ်ကနေ သွန်ချလိုက်သည်။ နုမေတစ်ကိုယ်လုံး ရွဲသွားပေပီ။ မျက်လုံးကိုစုံမှိတ်ကာ မီးပုံကြီးထဲတိုးဝင်လိုက်သည်။ မီးလောင်ပြင်ထဲ တိုးအ၀င်မှာ တစ်ကိုယ်လုံး သံစူးဖြင့် ကုတ်ခြစ်ပစ်သလို ခံစားသွားရသည်။
" အမေ အမေ အမေ "
သမီးနှင့်သားမှာ ပြင်းလှသောမီးပူလောင်မှုကို မခံမရပ်နိုင်ခေါ်သံငိုသံတို့ မှာ ပွတ်လောညံနေပေသည်။နုမေရဲ့စဥ်းစားနှုန်းကမြန်ဆန်လှသည်။ သမီးနှင့်အငယ်ကောင်ကိုလက်ဆွဲပြီး ခေါင်းရင်းဘက်ဝါးထရံကို နောက်ပြန်အနေထားနှင့်ပြေးဆောင့်လိုက်သည်။ နေ့စေ့လစေ့ကိုယ်ဝန်ကြီးနဲ့မို့ နောက်ကျောနှင့်ပဲ ကြံဖန်တိုက်ကွက်ဆင်လိုက်ရခြ င်းဖြစ်သည်။ နုမေကား အာဂအမျိုးသမီးပါပေ။
" အမေ အမေ အမေ " " သားလေးးး သမီးလေး "
ကံကောင်းချင်တော့ နုမေ ကိုယ်ဝန်ပြည့်ဗိုက်ကြီးက ပက်လက်ကြီးဖြစ်နေသသည်။ မှောက်လျက်သားဆိုလျှင်တော့ မတွေးဝံစရာ။ အိမ်အောက်အရောက်တွင်သမီးနှင့်သားကိုလက်ဆွဲပြီး ထပြေးသည်။
ခပ်လှမ်းလှမ်းက မန်ကျည်းပင်ကြီးအောက်တွင်သွားထိုင်သည်။ သမီးနှင့်သားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ မိမိနေအိမ်လေးကို
လှမ်းကြည့်လိုက်သည် ရွာသားတွ မီးငြိမ်းသတ်နေကြပေပီ။ နုမေဝေဒနာကြားက စိတ်သက်သာရာလေးရသွားသည်။
" ဟင် အမေ့မျက်နှာမှာ မီးလောင်ဒဏ်ရာတွေဖြစ်နေပီ အမေ "
" ဟုတ်လား သမီး "
" ဟုတ်တယ် အမေမည်းတူးနေပီ အမေဘယ်လိုနေလဲ အရမ်းနာနေလားဟင် "
" သိပ်အဆိုးကြီးတော့မဟုတ်ပါဘူး သမီးရယ် အရေခွံလေးကို မီးနည်းနည်းဟပ်သွားတာပါ "
မီးလောင်ဒဏ်ရာကြီးတစ်ခုရသွားတာ မနာပဲနေပါ့မလား ဝေဒနာကို ကြိတ်မှိတ်ခံစားရင်း သားသမီးတွေကို နှစ်သိမ့်လိုက်ခြင်းပါပဲ။ စပ်ဖျဉ်းဖျဉ်းကြီးဖြစ်နေသည် ။
သည်ထက်ထူးခြားလာတာတစ်ခု အကြောင်းသော်ကား ဗိုက်ထဲက ရင်သွေးလေးလောကကြီးထဲ ထွက်ခွင့်ရရေးအတွက် အရေးဆိုလာသည်။ တွန်းတွန်းတိုက်တိုက်လှုပ်ရှားလာသည်။နုမေ နေမရ ထိုင်မရတော့။ ဝေဒနာကအရမ်းပြင်းထန်လာသည်။ မတတ်နိုင်တော့ပီ။
" သမီးလေး ဒေါ်ငြိမ်းကိုသွားခေါ်လိုက်နော် အမေကြီးကလေးမွေးတော့မယ် ဗိုက်နာနေတယ်လို့ပြောနော် "
သမီးလေး ချစ်မ သုတ်ခြေတင်လေပီ။ သိပ်မကြာအရပ်လက်သည်ဒေါ်ငြိမ်း ရောက်လာသည်။အခြေနေကိုနားလည် လိုက်သည်။ မန်ကျည်းပင်ခြေရင်းမှာပဲအရပ်ကူနှင့်ဖျာဝိုင်းလိုက်သည်။ နုမေသိပ်တောင်မကြိုးစားလိုက်ရ။သားတစ်ယောက်ကိုလောကရင်ပြ င်ထဲသို့ မွေးထုတ်ပေးလိုက်နိုင်လေပြီ ။
" ဘယ်လိုဖြစ်ကြတာလဲသမီးရယ် အမေရင်တုန်ပန်းတုန်ရှိလိုက် တာ "
" ဒီလိုပါ အမေဘိုးဘိုးကြီးဆီသွားတော့ မောင်လေးကိုအိပ်ခန်းထဲမှာ သိပ်နေတုန်းပါပဲ အလတ်ကောင်က ရေနံဆီမီးခွက်ကြီးကိုင်ပြီး အိမ်တွင်းတံခါးဝကလိုက်ကာစကိုမီးရှို့ကစားတယ် သမီးက အဲ့လိုမလုပ်ရဘူးမောင်လေးလို့ ပြောတော့ မီးခွက်ကိုင်ပီး အပြင်ပြေးထွက်သွားတယ်။ သမီးလဲ အငယ်ကောင်လေးကိုသိပ်ရင်းအိပ်ပျော်သွားတယ် တစ်ကိုယ်လုံးအရမ်းပူလာတယ် တစ်အိမ်လုံးလဲ အရမ်းလင်းထိန်နေသလိုတွေ့လို့  မျက်လုံးဖွင့်လိုက်တော့ လိုက်ကာကိုမီးစွဲလောင်နေပီ။ အဲ့ဒါသမီးလည်း ကလေးကို ကောက်ချီပြီး ထွက်မရပဲ အိမ်ထဲမှာ လှောင်ပိတ်နေတာဒါကြောင့် အမေ့ကိုအော်ခေါ်လိုက်တာ "
" သြော် သမီးရယ် "
" အမေသာရောက်မလာရင် သမီးနဲ့မောင်လေးကတော့ မီးလောင်တိုက်ထဲမှာ သေမှာပဲ "
" အဲ့ဒီအချိန်မှာ အလတ်ကောင် ဖိုးထောင်ကောကွယ် ငါ့သားလေးဘယ်နားသွားနေသလဲဟင် "
" သြော် အမေကလဲ သားလေးဖိုးထောင်လုပ်နေရသေးတ ယ်။
ဒီကောင်မကောင်းတာလေ။ အမေစားဖို့ထားတဲ့ ငါးကိုလဲမရမကတောင်းယူတယ်။
နောက်ပီးဒီကောင်ဆော့လို့ အိမ်မီးလောင်တာလေ။ အမေဘယ်လောက် နာနေရလဲ။ ဒီကောင်က
ယုတ်မာပေမဲ့ လည်တယ်။ သူအိမ်ခန်းအပြင်မှာကျန်ခဲ့တာလေ။ အိမ်မီးလောင်တော့
ဒီကောင်ထွက်ပြေးသွားတာနေမှာ ပေါ့ "
" သြော် သမီးကလဲ ကလေးပဲကွယ် သူဘယ်သိပါ့မလဲ မောင်လေးက နားမလည်သေးဘူးလေ "
နုမေမှာ ဝေဒနာကြားက ပြုံးပြုံးလေးပြောနေသည်။
" ဖေကြီးလာပြီ ဖေကြီးလာပြီ "
သမီးလေးချစ်မက အထုပ်ကလေးသယ်ပြီး ၀င်လာသော ဖေကြီးလက်ကိုလှမ်းဆွဲသည်။ အလတ်ကောင်ကလည်း ဘာမှမဖြစ်ခဲ့သလို သူ့အဖေလက်တစ်ဖက်ကိုလှမ်းဆွဲ ပြီးအမေမီးနေခန်းသို့ခေါ်လာသ ည်။
" ဘယ်လိုဖြစ်ကြတာလဲကွယ် ကိုယ်ရင်ထိတ်လိုက်တာ အိမ်ကြီးကလဲ မီးလောင်ဒဏ်ရာကြီးနဲ့ "
" အဖေကြီး စိတ်မချမ်းသာဖြစ်မနေပါနဲ့ နောက်ပြောပြမယ် ဒီမှာကြည့် ကလေးလေးမွေးထားပီ "
နုမေမှာပြောပြောဆိုဆိုကလေးကိုနို့တိုက်သည်။ ကလေးကကိုယ်လိုချင်သည့်အရာရသွားသည်ထင်သည်။ နို့ရည်တွေစုပ်ယာူပြီးမျိုချနေသည်။ နုမေက ကလေးကိုနို့တိုက်ရင်းသူ့ယော ကျာ်းကိုပြုးံပြုံးကြီးမော့ ကြည့်နေသည်။ ကိုလှတင်က တစ်ချက်ပြုံးပြသည်။
" မိန်းမမှာ မျက်နှာမှာကော လက်တွေမှာကော ဒဏ်ရာတွေနဲ့နော် "
" သားသမီးတွေအသက်လုပွဲမှာ ရခဲ့တဲ့ ဒဏ်ရာတွေပေါ့ရှင် "
ကိုလှတင် သူ့မိန်းမကို ဂရုဏာအပြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်
" ခုဘယ်လိုနေသေးလဲဟင် "
" သိပ်များများစားစားမဟုတ်ပါဘူး အပြင်ရေလေးပဲမကြာခင်ကောင်းသွားမှာပါ ဆေးဆရာနဲ့ဆေးကုနေတယ်လေ "
" သမီးရေ သမီး "
ခေါ်သံကြားလို့ နုမေတို့နောက်သို့လှည့်ကြည့် လိုက်သည်။ နုမေတို့အမေ ဒေါ်လုံးမ ချိုင့်ကလေးဆွဲပြီး မီးနေခန်းသို့ဝင်လာသည်။
" သမီးအရမ်းအားနည်းနေတယ် အဟာရတွေလိုနေမယ်ထင်လို့ အမေဆန်ပြုတ်လာပို့တာ "
" အမေရယ် အမေ့မှာ အဖေကြီးအသုဘက အရေးကြီးနေတယ်မဟုတ်လား "
" အဖေကြီးက ရော်ရက်ဝါလေ အိုလို့ ရင့်လို့ ကြွေသွားတာ။ သမီးက အမေ့အတွက် ရွက်သစ်နုပဲလေ။ သဘာဝအတိုင်းဆိုရင် သမီးက လောကကြီးထဲမှာအများကြီးနေရအုန်းမှာ "
" ဘာဆန်ပြုတ်လဲ အမေ "
" အိမ်မှာရှိတဲ့ ကြက်မတမ်းလေးကို မောင်ထွေးခေါ်ပြီး လုပ်လာတာကွဲ့ "
" သြော် အမေရယ် "
ဒေါ်လုံးမမှာ အသက်၉၀ ပြည့်ထဲက ဥပုသ်နေ့တိုင်းသီလယူပီး သက်သတ်လွတ်စား ဥပုလ်စောင့်နေသူဖြစ်သည်။ ခု မိမိရင်သွေးသမီးလေး အာဟာရချို့တဲ့နေသည်ဟု ကြားလိုက်ရတော့ ရင်ထဲ အရမ်းခံစားသွားရသည်။ သမီးကျန်းမာရေးအတွက် အိမ်မွေးကြက်ကို သက်စေခိုင်းပြီး သီလဖောက်ဖျက်သည်အထိ ဖြစ်လေပြီတကား။ သြော်မွေးမိခင်တို့ရဲ့ အကြင်နာတရားက အံ့သြကုန်နိုင်ဖွယ်ပါတကား။
" ကဲသမီးရေ အဖေကြီးအသုဘအတွက် သွားလိုက်အုန်းမယ်ကွဲ့ "
ဒေါ်လုံးမမှာ သမီးမီးနေခန်းကလေးမှ တရွေ့ရွေ့ထွက်ခွာသွားလေပြီ။
" အဖေကြီး ဒီမှာ ပုရစ်ဖူးလေး ရွက်သစ်နုလေး "
နုမေမှာ နီတာရဲကလေးရဲ့ တင်ပါးလေးကိုပုတ်ပြရင်းအဖြေ ကီးကိုလှတင်ကို ပြုံးပြနေလေသည်။
ဝတ္ထု - ကျွန်းစဉ်မြေ စောခက်
#ဝတ္ထုတိုလေးများ ပေ့မှ
( ကျွန်းစဉ်မြေ စောခက် )
နာနတ်တောင်ရွာလေးမှာ ရခိုင်ရိုးမတောင်တန်းကြီးနှ
နွေဆို ကျောက်များဖြင့်အတိပြီးသော ရွာတောင်ကြီးက ကျောက်ပူမှုတ်လို့အရမ်းပူသည
မိုးဆို ဘင်္ဂလားပင်လယ်အော်မုတ်သုံလေေ
နာနတ်တောင်လို ကျွန်းရွာတွေမှာ ရေတွေရှားပီပေါ့။ မိုးရေခံရေကန်ကြီးတွေလည်း ခမ်းခြောက်ရုံမက
ကန်ဝမ်းဗိုက်ကြီးမှာ ပပ်ကြားအက် ဒဏ်ရာတွေနဲ့ပြည့်နေသည်။
ရွာသားတွေခမျာ ရွာပြင်မှာ အုပ်စုဖွဲ့ပြီး ရေတွင်းတူးကြ ရေရှာကြရပေါ့။ ရေဆိုတာအသက်တစ်ချောင်း ရှင်သန်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သည့်အရာပဲလေ
ကျေးရွာမှာ တာဝန်ရှိသူများကလည်း ရေခပ်ချိန် ရေသယ်ချိန်ကို ညနေပိုင်းအချိန်များတွင်သာ သတ်မှတ်ထားရာ ညနေခင်းသည် ရွာလုံးကျွတ် ရေခပ်ချိန်လိုဖြစ်နေသည်။
" နုမေရယ် နင့်ကြည့်ရတာ ပင်ပန်းလိုက်တာအေ ၊ နင့်သမီးလေး ခိုင်းပါလားလို့ "
" အစ်မရေ ဒီလောက်အရေးကြီးနေချိန်မှာ သမီးလေးနဲ့ ဘယ်ဖြစ်မလဲ ရေကပြေးလွားခပ်နေကြရတာလေ "
" နင့်ကို သနားလို့ပါအေ "
" ကျွန်မထက် သမီးလေးကပိုသနားဖို့ကောင်းတ
ပိုဆိုးတယ် သူဂျီဂျတိုင်းသမီးက အလိုလိုက်ရတာလေ။ ဒီကလေးအိပ်မယ်ဆိုရင်လည်း သူပဲသိပ်ရတာ ထမင်းလည်း သမီးလေးပဲ ခွံ့ပေးရတာ
သမီးလေးအရမ်းပင်ပန်းပါတယ် အမရယ် "
" သြော် "
စိန်ခင်မှာ နုမေကိုမိန်းမချင်းမို့ ကိုယ်ချင်းစာပြီးပြောမိပေသည
" နောက်ပြီးတော့ အစ်မရေ သမီးကအပျိုဖော်ဝင်တော့မှာ သိလား။ ကိုယ်လုံးတွေထွားစပြုလာပြီ။
အလုပ်အရမ်းပင်ပန်းရင် အကြီးရပ်သွားနိုင်တယ် သိလား "
" အောင်မလေး နုမေရယ် နင်ကိုယ့်ကိုယ်ကိုကော သတိထားမိရဲ့လား ရေအိုးကခေါင်းပေါ်မှာ တစ်အိုး ခါးထစ်ခွင်မှာတစ်အိုးလေ။ နင့်ဗိုက်ကြီးကလဲတွဲနေပြီ ပြုတ်ကျတော့မယ့်အတိုင်းဖြစ်
" ဒီလမွေးမှာ အမ "
" အဲ့ဒါပြောတာပေါ့အေ နင့်ဘ၀နဲ့ နင့်အလုပ်အားနဲ့ဝန်နဲ့မမျှဘ
" ဘာလဲ အမကလဲ "
" ပိန်လိုက် ဖောင်းလိုက်နဲ့အငြိမ်မနေရတာ
" အမက ဘာမှန်းလဲမသိ ဒါသဘာဝလေ အစ်မရဲ့ "
သည်တစ်ခါတော့ နုမေကော စိတ်ခင်ကော ရေအိုးကြီးကိုရွက်ရင်းနှင့်
နုမေမှာ နေ့စေ့လစေ့ ကိုယ်လေးလက်ဝန်ကြီးနှင့် ရေအိုးနှစ်လုံးကိုသယ်ပြီး ရွာပြင်ကွင်းစပ်နားကပင် သယ်လာသည်မှာ လွယ်သည်တော့မဟုတ်။ခြေတစ်လှမ
ဗိုက်ကြီးကလည်း လှုပ်လှုပ်နှင့်
ရုန်းခါနေပေရာ မပေါ့သောသတိဝိရိယနှင့် ပင်ပန်းကြီးစွာ လှမ်းနေရသည်။
" နင့်ယောကျာ်းရှိရင်တော့ နင်နည်းနည်းသက်သာတာပေါ့ "
" ဒီလိုပဲ အမရယ် သူ့မှာလည်း သူ့အလုပ်နဲ့သူခရီးတစ်ခေါက်စ
" နင့်ဟာက မဟုတ်သေးပါဘူးအေ နင့်ကြည့်ရတာ မသက်သာလိုက်တာဟာ "
" ဟုတ်တယ်လေ အမရဲ့ ကျွန်မမှာ လင်ယောကျာ်းအတွက် မယားတာဝန်ကျေရသလို သားသမီးအတွက်လည်း မိဘတာဝန်ထမ်းဆောင်ရတော့အလုပ
" အောင်မယ်လေး နုမေရယ် နင့်ကိုသနားလို့ နင့်ဘက်ကနေ ၀င်ပြောမိတာ ငါမှားပါတယ် "
" အကြီးသားကတော့ သင်္ကန်းဆီးပေးပြီးကတည်းက ရှင်မထွက်ဘဲနေတာ သူ့အတွက်တော့ တစ်ပူအေးတယ်လို့ ပြောရမှာပေါ့ ရှင် "
" သာဓုပါကွယ် သာဓုပါ သာဓုပါ "
ဗိုက်ထဲကရင်သွေးလေးကလဲ အမေ့ရဲ့ရုန်းအား တွန်းအားကြောင့်အနေရခက်နေသလ
ခံစားနေရသည်။ သို့သော် သူ့ဝေဒနာကိုမပြောရဲ။ စိန်ခင်သိသွားလျှင်ပိုပြီး အပြစ်တင်စကားပြောမှာကို နုမေစိုးရိမ်သည်။
" မေမေကြီးလာပြီ မေမေကြီးလာပြီ"
နုမေ အိမ်ခြံဝင်းထဲလှမ်းအ၀င်မှာ အလတ်ကောင်ဖိုးထောင်ဆော့နေရာ
" ဟော မေမေကြီးရောက်ပြီ "
သမီးကြီးချစ်မက မီးဖိုခန်းမှ ပြေးထွက်လာပြီးအမေ့ရေအိုးကိ
" မလုပ်ကြနဲ့ သားနဲ့သမီး ဒီရေအိုးကြီးကိုဘယ်လိုလုပ်န
" အမေ့ဘာသာ အမေချမယ် ဖယ်ကြ ဖယ်ကြရတယ် "
နုမေသားနှင့်သမီးကို အနားကပ်မခံ ရေအိုးတွေကိုမချခိုင်း ကိုယ်တိုင်ပဲ အသာအယာမချသည်။ ပြီးလျှင် အိမ်ရှေ့သရက်ပင်အောက် ကွပ်ပျစ်လေးပေါ်လှဲချလိုက်ပြ
" ဗိုက်ဆာတယ် ဗိုက်ဆာတယ် ဗိုက်ဆာတယ် "
အလက်တောင်ဖိုးထောင်ရဲ့ ဆာလောင်မှုတရားက ခပ်ကျယ်ကျယ်ထွက်ပေါ်နေသည်။
" ဟေ့သမီးရေ ပန်းကန်ခွက်ယောက်ဆေး ထမင်းခူး သမီးတို့စားကြနော် "
အမေ့စကားအဆုံးတွင် သမီးကြီးချစ်မက ပန်းကန်တွေဆေးကြောပြီး ခူးခပ်လိုက်ကာ ထမင်းခုံလေးပေါ်တင်ပေးလိုက်သ
" သမီးတို့စားကြနော် အမေရေချိုးပြီးနောက်မှစားမယ
" ငါးပေးအုန်း ငါးပေးအုန်း "
" မရှိတော့ဘူးလေ မောင်လေးကလဲ အမေစားဖို့ အတုံးကလေးတစ်တုံးပဲကျန်တော့
" မရဘူး မရဘူး ငါးပေး ငါးပေး "
မောင်နှမနှစ်ယောက် ငါးပေးရေး မပေးရေး ငြင်းမှုက မိခင်ကြီးနားထဲသို့ ခပ်စူးစူးဝင်သွားသည်။ နုမေ တဘက်ကလေးနှင့် ကိုယ်လက်သုတ်သင်ပြီး
လုံချည်လဲကာ အိမ်ပေါ်သို့ ရောက်လာသည်။ငါးဟင်းခွက်ထဲက ဇွန်းကိုကောက်ယူပြီး အိုးထဲတွင် တစ်တုံးတည်းသော ကျန်တော့သော ငါးအသားတုံးကလေးကို ကော်ယူပီး သားအလတ်ကောင် ပန်းကန်ပြားထဲ ထည့်ပေးလိုက်သည်။
" အမေကလဲ အဲ့ဒါ အမေ့ဖို့ထားတာလေ သူချည်းပဲ ၂ တုံးတောင်စားပလိုက်ပီ "
" ရပါတယ် သမီးရယ် ချဉ်ပေါင်ကြော်လေးရှိတာပဲ အမေစားလို့ရပါတယ် "
" အလကားကောင် ဘာမှနားမလည်ဘူး အမေကြီး ဒီလောက်ရေခပ်လို့ပင်ပန်းနေတ
ချစ်မက အပျိုဖျန်းလေးဆိုတော့ လူရေးလူမှုကိုနားလည်နေပီ အလတ်ကောင်ကတော့ဘာမှမသိ။ကိုယ
နုမေကတော့ သနပ်ခါးရေကျဲလေးလိမ်းပြီး ထမင်းစားပွဲတွင် ၀င်ထိုက်လိုက်သည်။ ချဉ်ပေါင်ဟင်းဖတ်ကိုခပ်ထည့်
ပါးစပ်ထဲထည့်သည်။ ဗိုက်ဆာနေလို့လားမသိ ချိုချိုအေးအေးလေးဝင်သွားသည
" အမေထမင်းလုတ်နင်နေပီ ရော့ရော့ ရေသောက်ချလိုက် "
သမီးချစ်မ ရေတစ်ခွက်ခပ်ပေးလိုက်မှ ထမင်းလုပ်လေးမှာ ကသီလင်တ၀င်သွားတော့သည်။
" နုမေရေ နုမေ "
" ရှင် "
" အဖေကြီး အခြေအနေမကောင်းဘူး မြန်မြန်လာခဲ့ပါတဲ့ "
" ဟုတ်ကဲ့ ဟုတ်ကဲ့ "
ဒွေးလေးဒေါ်စံနုစကားဆုံးလျှင
နုမေတို့အဖေကြီးဦးစံမောင်မ
အဖေကြီးနားရောက်ချိန်တွင် နေ၀င်ချိန်မှောင်ရီပျိုးနေပ
" အမေရေ အမေအမြန်လာပါ အမေရေ အမေ အိမ်ကိုအမြန်လာပါ အမေရေ အမေရေ "
သမီးချစ်မရဲ့ အော်ခေါ်သံက နုမေ နားစည်မြှေးထဲသို့ စူးစူးရှရှဝင်လာနေသည်။ လူနာစောင့်နေသူအကုန် နုမေကိုဝိုင်းကြည့်ကြသည်။ သမီးကြီးရဲ့အလန့်တကြားအော်ေ
သည်ဖက်မှာလဲ ဖခင်ကြီး ဘ၀တစ်ပါးသို့ပြောင်းဖို့ ကြိုးစားအားယူနေချိန် ဟိုဖက်မှာ ရင်နှစ်သည်းချာ ချစ်သမီးကလေးက တစ်ခုခုကြီးစွာသော ဆင်းရဲခြင်းနှင့် ကြုံတွေ့နေရသည့် အမေခေါ်သံ အမေ့ကိုအားကိုသံ အမေ့ကိုအကူညီတောင်းသံ နုမေရင်ထဲဗလောင်ဆန်နေသည်။ မည်သို့လုပ်ရပါ။
သည်တစ်ခါတော့ ဆုံးဖြတ်ချက်တစ်ခုကို ယတိပြတ်ချလိုက်ပေပီ။ ပါးပြင်ထက်ကမျက်ရည်စကိုလက်ဖ
" ဟင် " မီးတောင်မီးလျှံကြီးပါလား။
" အမေရေ အမေမြန်မြန်လာပါတော့ သမီးတို့သေရပါတော့မယ် အမေရေ အမေရေ "
သမီးလေးအော်ခေါ်သံကလည်း ရင်ခေါင်းသံကြီးနှင့် ဟိန်းထွက်နေသည်။ နုမေအိမ်ပေါ်သို့ပြေးတက်လိုက
" အမေရေ အမေ သမီးနဲ့မောင်လေး အိပ်ခန်းထဲမှာ သမီးတို့သေကြတော့မယ် "
ချစ်မအသံက နားထဲသို့ ခပ်စူးစူးဝင်လာသည်။မီးစွဲနေ
ရေအိုးစင်နားချက်ခြင်းပြေးသ
" အမေ အမေ အမေ "
သမီးနှင့်သားမှာ ပြင်းလှသောမီးပူလောင်မှုကို
" အမေ အမေ အမေ " " သားလေးးး သမီးလေး "
ကံကောင်းချင်တော့ နုမေ ကိုယ်ဝန်ပြည့်ဗိုက်ကြီးက ပက်လက်ကြီးဖြစ်နေသသည်။ မှောက်လျက်သားဆိုလျှင်တော့ မတွေးဝံစရာ။ အိမ်အောက်အရောက်တွင်သမီးနှင
ခပ်လှမ်းလှမ်းက မန်ကျည်းပင်ကြီးအောက်တွင်သွ
လှမ်းကြည့်လိုက်သည် ရွာသားတွ မီးငြိမ်းသတ်နေကြပေပီ။ နုမေဝေဒနာကြားက စိတ်သက်သာရာလေးရသွားသည်။
" ဟင် အမေ့မျက်နှာမှာ မီးလောင်ဒဏ်ရာတွေဖြစ်နေပီ အမေ "
" ဟုတ်လား သမီး "
" ဟုတ်တယ် အမေမည်းတူးနေပီ အမေဘယ်လိုနေလဲ အရမ်းနာနေလားဟင် "
" သိပ်အဆိုးကြီးတော့မဟုတ်ပါဘူ
မီးလောင်ဒဏ်ရာကြီးတစ်ခုရသွာ
သည်ထက်ထူးခြားလာတာတစ်ခု အကြောင်းသော်ကား ဗိုက်ထဲက ရင်သွေးလေးလောကကြီးထဲ ထွက်ခွင့်ရရေးအတွက် အရေးဆိုလာသည်။ တွန်းတွန်းတိုက်တိုက်လှုပ်ရ
" သမီးလေး ဒေါ်ငြိမ်းကိုသွားခေါ်လိုက်နေ
သမီးလေး ချစ်မ သုတ်ခြေတင်လေပီ။ သိပ်မကြာအရပ်လက်သည်ဒေါ်ငြိမ်
" ဘယ်လိုဖြစ်ကြတာလဲသမီးရယ် အမေရင်တုန်ပန်းတုန်ရှိလိုက်
" ဒီလိုပါ အမေဘိုးဘိုးကြီးဆီသွားတော့ မောင်လေးကိုအိပ်ခန်းထဲမှာ သိပ်နေတုန်းပါပဲ အလတ်ကောင်က ရေနံဆီမီးခွက်ကြီးကိုင်ပြီး
" သြော် သမီးရယ် "
" အမေသာရောက်မလာရင် သမီးနဲ့မောင်လေးကတော့ မီးလောင်တိုက်ထဲမှာ သေမှာပဲ "
" အဲ့ဒီအချိန်မှာ အလတ်ကောင် ဖိုးထောင်ကောကွယ် ငါ့သားလေးဘယ်နားသွားနေသလဲဟင
" သြော် အမေကလဲ သားလေးဖိုးထောင်လုပ်နေရသေးတ
ဒီကောင်ထွက်ပြေးသွားတာနေမှာ
" သြော် သမီးကလဲ ကလေးပဲကွယ် သူဘယ်သိပါ့မလဲ မောင်လေးက နားမလည်သေးဘူးလေ "
နုမေမှာ ဝေဒနာကြားက ပြုံးပြုံးလေးပြောနေသည်။
" ဖေကြီးလာပြီ ဖေကြီးလာပြီ "
သမီးလေးချစ်မက အထုပ်ကလေးသယ်ပြီး ၀င်လာသော ဖေကြီးလက်ကိုလှမ်းဆွဲသည်။ အလတ်ကောင်ကလည်း ဘာမှမဖြစ်ခဲ့သလို သူ့အဖေလက်တစ်ဖက်ကိုလှမ်းဆွဲ
" ဘယ်လိုဖြစ်ကြတာလဲကွယ် ကိုယ်ရင်ထိတ်လိုက်တာ အိမ်ကြီးကလဲ မီးလောင်ဒဏ်ရာကြီးနဲ့ "
" အဖေကြီး စိတ်မချမ်းသာဖြစ်မနေပါနဲ့ နောက်ပြောပြမယ် ဒီမှာကြည့် ကလေးလေးမွေးထားပီ "
နုမေမှာပြောပြောဆိုဆိုကလေးက
" မိန်းမမှာ မျက်နှာမှာကော လက်တွေမှာကော ဒဏ်ရာတွေနဲ့နော် "
" သားသမီးတွေအသက်လုပွဲမှာ ရခဲ့တဲ့ ဒဏ်ရာတွေပေါ့ရှင် "
ကိုလှတင် သူ့မိန်းမကို ဂရုဏာအပြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်
" ခုဘယ်လိုနေသေးလဲဟင် "
" သိပ်များများစားစားမဟုတ်ပါဘ
" သမီးရေ သမီး "
ခေါ်သံကြားလို့ နုမေတို့နောက်သို့လှည့်ကြည်
" သမီးအရမ်းအားနည်းနေတယ် အဟာရတွေလိုနေမယ်ထင်လို့ အမေဆန်ပြုတ်လာပို့တာ "
" အမေရယ် အမေ့မှာ အဖေကြီးအသုဘက အရေးကြီးနေတယ်မဟုတ်လား "
" အဖေကြီးက ရော်ရက်ဝါလေ အိုလို့ ရင့်လို့ ကြွေသွားတာ။ သမီးက အမေ့အတွက် ရွက်သစ်နုပဲလေ။ သဘာဝအတိုင်းဆိုရင် သမီးက လောကကြီးထဲမှာအများကြီးနေရအ
" ဘာဆန်ပြုတ်လဲ အမေ "
" အိမ်မှာရှိတဲ့ ကြက်မတမ်းလေးကို မောင်ထွေးခေါ်ပြီး လုပ်လာတာကွဲ့ "
" သြော် အမေရယ် "
ဒေါ်လုံးမမှာ အသက်၉၀ ပြည့်ထဲက ဥပုသ်နေ့တိုင်းသီလယူပီး သက်သတ်လွတ်စား ဥပုလ်စောင့်နေသူဖြစ်သည်။ ခု မိမိရင်သွေးသမီးလေး အာဟာရချို့တဲ့နေသည်ဟု ကြားလိုက်ရတော့ ရင်ထဲ အရမ်းခံစားသွားရသည်။ သမီးကျန်းမာရေးအတွက် အိမ်မွေးကြက်ကို သက်စေခိုင်းပြီး သီလဖောက်ဖျက်သည်အထိ ဖြစ်လေပြီတကား။ သြော်မွေးမိခင်တို့ရဲ့ အကြင်နာတရားက အံ့သြကုန်နိုင်ဖွယ်ပါတကား။
" ကဲသမီးရေ အဖေကြီးအသုဘအတွက် သွားလိုက်အုန်းမယ်ကွဲ့ "
ဒေါ်လုံးမမှာ သမီးမီးနေခန်းကလေးမှ တရွေ့ရွေ့ထွက်ခွာသွားလေပြီ။
" အဖေကြီး ဒီမှာ ပုရစ်ဖူးလေး ရွက်သစ်နုလေး "
နုမေမှာ နီတာရဲကလေးရဲ့ တင်ပါးလေးကိုပုတ်ပြရင်းအဖြေ
ဝတ္ထု - ကျွန်းစဉ်မြေ စောခက်
#ဝတ္ထုတိုလေးများ ပေ့မှ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။