ပညာရေး နှင့် ကျောင်ထောက်ပံကြေး
************************** *****
ဆရာ ဦးကျော်မင်းနိုင်ရေးသာထားတာပါ ။
ကြိုက်လို့ ကော်ပီကူးထားတာပါ ။
ကဘောက်တိ ကဘောက်ချာ
ရောက်တတ်ရာရာကို ရေးပါဦးမယ် ။
မနေ့က အခြေခံ ကျောင်းတစ်ကျောင်း
ရဲ့ အစည်းအဝေးတက်ခဲ့ရပါတယ် ။
ကျွန်တော်က တစ်ချိန်က အခြေခံပညာ
မူလတန်းဆရာအဖြစ်အတန်ကြာအောင်
လုပ်ခဲ့ဖူးတော့ မိခင်ကျောင်းက အစည်း
အဝေးအချို့မှာ ဖိတ်ကြားခံရပါတယ်။
ကျောင်းထောက်ပံ့ငွေနဲ့ ပတ်သက်ပြီး
စိတ်မချမ်းမြေ့ဖွယ်တွေကို ကြားသိခဲ့ရ
တော့
ကဘောက်တိ ကဘောက်ချာ သည်စာ
ကို ရေးမိတာပါ ။
တိုင်းပြည်တိုးတက်ဖို့
ပညာရေးကို ပြုပြင်ရမယ်
လို့ ပြောကြပါတယ် ။
မြန်မာ့ပညာရေးမှာ အခြေခံ
ပညာရေး နဲ့ အဆင့်မြင့်ပညာရေး
(တက္ကသိုလ်ပညာရေး)ခွဲထားတယ်။
ကျောင်းတွင်းပညာရေး နဲ့ ကျောင်း
ပြင်ပ ပညာရေး လည်းရှိပါတယ် ။
ခု ပြောချင်တာက အခြေခံ ပညာရေး
အကြောင်း ပါ။
အခြေခံပညာရေးမှာ မူလတန်းဆင့်၊
အလယ်တန်းဆင့် ၊အထက်တန်းဆင့်
ဆိုပြီး ၃ - ပိုင်း ခွဲထားပါတယ် ။
မူလတန်းဆင့်မှာ မူလတန်းအောက်ဆင့်(ဒုတိယတန်း ထိ)
အထက်ဆင့်(တတိယတန်း၊စတုတ္ထတန်း) ခွဲထားပါတယ် ။
၂၀၁၆ - ၁၇ ပညာသင်နှစ်ကစပြီး
KG တန်း စတင်သတ်မှတ်သင်ကြားပါ
တယ် ။
အခြေခံအဆင့်မှာ ကိုယ်ပိုင်ကျောင်း
များကို အထက်တန်းအဆင့်ထိ ခွင့်ပြု
ခဲ့ပါတယ် ။
အခြေခံအဆင့်မှာ( စတုတ္ထတန်းမှ အပ )
သတ္တမတန်းအထိ တတ်တတ် / မတတ်တတ် အတန်း တက်/အောင် စနစ်ကို ကျင့်သုံးဆဲဖြစ်ပါတယ် ။
( ကျွန်တော့်အမြင်သာ )
စာမေးပွဲ စစ်ဆေးမှု ပုံစံက စတုတ္ထတန်း
ကို ခရိုင်အဆင့် ၊ အဌမတန်းကို တိုင်း
အဆင့်သတ်မှတ်ပြီး သက်ဆိုင်ရာ
ခရိုင်/တိုင်းအလိုက် ဘာသာရပ်မေးခွန်း
တစ်မျိုးတည်းဖြေရပါတယ် ။
အမည်ခံ အောင်/ ရှုံး စနစ်သတ်မှတ်
ထားပါတယ် ။
အမည်ခံလို့ ပြောရတာက ကျရှုံးသူ
များကို ပြန်လည်ကုစားဖြေဆိုစေပြီး
အားလုံးအောင်စေသတည်း ဖြစ်လို့ပါ ။
အခြေခံပညာရေးမှာ ဆရာ/မ ခန့်ထား
မှုဟာ စိတ်ပျက်စရာ အလွန်ကောင်းခဲ့
ပါတယ်။၁၀- တန်း(တက္ကသိုလ်ဝင်တန်း)
အောင်မှ မာစတာတန်းဘွဲ့ပြီးအထိ
တပြေးတည်းထားပြီး နေ့စား လပေး
ဆွဲခန့် ပြုခဲ့ပါတယ်။ဆရာအတတ်သင်
သင်တန်းလုံးဝ မရှိသူတွေ လက်ထဲကို
နိုင်ငံအနာဂတ် ကလေးငယ်များ အပ်
လိုက်ခြင်းဟာ မှန်ပါရဲ့လားလို့ စဉ်းစား
စေချင်ပါတယ် ။
ဆရာ/ဆရာမ လျှောက်ထားသူများဟာ
ဝါသနာ မပါပဲ အလုပ်အကိုင် အခွင့်အ
လမ်း ရှားပါးခက်ခဲမှုကြောင့် လျှောက်ထားတာဆိုရင် နာ သုံး နာ မှာ ပထမနာ ကတည်းကပျက်နေပါပြီ ။
သက်ဆိုင်ရာ အတတ်မရှိဘဲ လုပ်ကိုင်လို့ရတဲ့နေရာဟာ အခြေခံပညာရေးပဲ လို့ ပြောရမလား ။
၂၀၁၄- ခုနှစ်မှ စပြီးအခြေခံကျောင်း
များကို ကျောင်းလခ ၊ မိဘဆရာသင်း
ကြေး အပါအဝင် မည်သည့်ငွေကြေးမှ
ကောက်ခံခြင်းမပြုရသလို ၊ကျောင်းသုံး
ပုံနှိပ် စာအုပ်များကို အခမဲ့ ပေးခဲ့ပါတယ် ။
ကျောင်းတစ်ကျောင်းရဲ့ ကဏ္ဍအသီးသီး
အတွက် ကုန်ကျစရိတ်များကို ကျောင်း
သားများထံမှ မကောက်ယူစေပဲ
နိုင်ငံတော်မှ ကျောင်းသားဦးရေအလိုက်
ကျောင်းထောက်ပံ့ကျေးများ ပေးအပ်ပါ
တယ် ။ အဲ့ ထောက်ပံ့ငွေကို ကျောင်း
အုပ်ကြီး နှင့် ကျောင်းအကျိုးဆောင်အဖွဲ့
က ကျောင်းရဲ့ လိုအပ်ချက်နဲ့ ကျောင်း
တိုးတက်ရေးအတွက် ဆောင်ရွက်ရပြီး
သက်ဆိုင်ရာ ငွေစာရင်းခေါင်းစဉ် အလိုက်သုံးစွဲရပါတယ် ။ သုံးစွဲငွေ နဲ့ လုပ်ဆောင်မှုကို အများပြည်သူ ရှင်းရှင်း
လင်းလင်း သိနိုင်ဖို့ ထင်သာမြင်သာတဲ့
နေရာမှာ ရှင်းတမ်းကို ဖော်ပြထားရပါမယ် ။
ဒီနေရာမှာ ပြောစရာရှိလာပါပြီ ။
ကျောင်းအုပ်ကြီးများရဲ့ ကိုယ်ကျင့်တ
ရား ပျက်ပြားရင် စာရင်းလိမ်များ
ဘောက်ချာအတုများနဲ့ မသမာမှု ပြု
လာကြပါတယ် ။
ကျောင်းအကျိုးတော်ဆောင်အဖွဲ့ က
ပူးပေါင်း ထိန်းသိမ်းဆောင်ရွက်ရင်တော့
ကောင်းလာနိုင်ပေမယ့် တချို့က
ပူပေါင်း သုံးစွဲ ခွဲတမ်းယူပြုလာနိုင်ပါတယ် ။
သက်ဆိုင်ရာ စာရင်းစစ်ကလည်း
စာရင်းစစ်ပီသစွာ စက္ကူဖြူစာရင်းပဲ စစ်
ဆေးတယ်ဆိုရင် ထောက်ပံ့ငွေ ဟာ
ရာနှုန်းများစွာ အဟောသိကံ အကျိုးမဲ့
မချည်းနှီးဖြစ်ရပါတယ် ။
ဒီနေရာမှာ တကယ်ကို အမှန်တော်တဲ့
ကျောင်းအုပ်ကြီးများရဲ့ကျော င်းက
အဘက်ဘက်က တိုးတက်သွားတာကို
တွေ့ရသလို စိတ်ဓာတ်သေးသိမ်အောက်တန်းကျ တဲ့
ကျောင်းအုပ်ကြီးများရဲ့ကျော င်းကတော့
စိတ်ဝမ်းကွဲ ၊ စည်းကမ်းပျက် ၊ နေရာလု
အမှုပွေတော့တာပါပဲ ။
ဆရာ/ဆရာမ ဆိုတာ လူထဲက လူပါ ။
သာမန်ထက်ထူးပြီး နဖူးမှာ ချိုမပေါက်ပါ
ဘူး ။ ဒါကြောင့် သူတို့ရဲ့ လိုအပ်ချက်များကို ဖြည့်ဆီးပေးဖို့ လိုအပ်သလို ထိန်းကျောင်းဖို့လည်း
လိုအပ်ပါတယ် ။
ကျောင်းတစ်ကျောင်းမှာ
ပညာရေးထောက်ပံ့ငွေရှိတယ် ။
ပညာရေး ပဒေသာပင် ငွေရှိတယ်။
အိမ်တွင်းမှု ရန်ပုံငွေရှိတယ် ။(ကျောင်း
ဈေးဆိုင်တန်းမှ ဈေးကောက်ရရှိငွေ)
ဒါတွေကို တာဝန်ယူ သုံးစွဲသူ/အဖွဲ့ရှိ
တယ် ။ ဒီအဖွဲ့အားလုံးကိုသက်ဆိုင်
ရာ ကျောင်းအုပ်က စီမံထိန်းကျောင်း
ရမယ် ။ကျောင်းအုပ်ကိုယ်တိုင်က
မသမာသူဆိုရင် ဘာမှ စီမံနိုင်ခြင်းမရှိ
သလို စီမံတာကိုလည်း နာခံသူမရှိ
ဖြစ်ရတယ် ။
အရာရာ စည်းကမ်းပျက်တဲ့ကျောင်းမှာ
ကျောင်းသားတွေက မြေဇာပင်ပဲ။
နိုင်ငံအနာဂတ်ကို ကျောင်းတွေက
ဖျက်နိုင်တယ် ။
ကျွန်တော်ရေးနေတာက ကဘောက်တိ
ကဘောက်ချာ အကြောင်းအရာပါ ။
နောင် အလျဉ်းသင့်က ရေးပါဦးမယ် ။
**************************
ဆရာ ဦးကျော်မင်းနိုင်ရေးသာထားတ
ကြိုက်လို့ ကော်ပီကူးထားတာပါ ။
ကဘောက်တိ ကဘောက်ချာ
ရောက်တတ်ရာရာကို ရေးပါဦးမယ် ။
မနေ့က အခြေခံ ကျောင်းတစ်ကျောင်း
ရဲ့ အစည်းအဝေးတက်ခဲ့ရပါတယ် ။
ကျွန်တော်က တစ်ချိန်က အခြေခံပညာ
မူလတန်းဆရာအဖြစ်အတန်ကြာအောင
လုပ်ခဲ့ဖူးတော့ မိခင်ကျောင်းက အစည်း
အဝေးအချို့မှာ ဖိတ်ကြားခံရပါတယ်။
ကျောင်းထောက်ပံ့ငွေနဲ့ ပတ်သက်ပြီး
စိတ်မချမ်းမြေ့ဖွယ်တွေကို ကြားသိခဲ့ရ
တော့
ကဘောက်တိ ကဘောက်ချာ သည်စာ
ကို ရေးမိတာပါ ။
တိုင်းပြည်တိုးတက်ဖို့
ပညာရေးကို ပြုပြင်ရမယ်
လို့ ပြောကြပါတယ် ။
မြန်မာ့ပညာရေးမှာ အခြေခံ
ပညာရေး နဲ့ အဆင့်မြင့်ပညာရေး
(တက္ကသိုလ်ပညာရေး)ခွဲထားတယ်။
ကျောင်းတွင်းပညာရေး နဲ့ ကျောင်း
ပြင်ပ ပညာရေး လည်းရှိပါတယ် ။
ခု ပြောချင်တာက အခြေခံ ပညာရေး
အကြောင်း ပါ။
အခြေခံပညာရေးမှာ မူလတန်းဆင့်၊
အလယ်တန်းဆင့် ၊အထက်တန်းဆင့်
ဆိုပြီး ၃ - ပိုင်း ခွဲထားပါတယ် ။
မူလတန်းဆင့်မှာ မူလတန်းအောက်ဆင့်(ဒုတိယတန်း
အထက်ဆင့်(တတိယတန်း၊စတုတ္ထတန်
၂၀၁၆ - ၁၇ ပညာသင်နှစ်ကစပြီး
KG တန်း စတင်သတ်မှတ်သင်ကြားပါ
တယ် ။
အခြေခံအဆင့်မှာ ကိုယ်ပိုင်ကျောင်း
များကို အထက်တန်းအဆင့်ထိ ခွင့်ပြု
ခဲ့ပါတယ် ။
အခြေခံအဆင့်မှာ( စတုတ္ထတန်းမှ အပ )
သတ္တမတန်းအထိ တတ်တတ် / မတတ်တတ် အတန်း တက်/အောင် စနစ်ကို ကျင့်သုံးဆဲဖြစ်ပါတယ် ။
( ကျွန်တော့်အမြင်သာ )
စာမေးပွဲ စစ်ဆေးမှု ပုံစံက စတုတ္ထတန်း
ကို ခရိုင်အဆင့် ၊ အဌမတန်းကို တိုင်း
အဆင့်သတ်မှတ်ပြီး သက်ဆိုင်ရာ
ခရိုင်/တိုင်းအလိုက် ဘာသာရပ်မေးခွန်း
တစ်မျိုးတည်းဖြေရပါတယ် ။
အမည်ခံ အောင်/ ရှုံး စနစ်သတ်မှတ်
ထားပါတယ် ။
အမည်ခံလို့ ပြောရတာက ကျရှုံးသူ
များကို ပြန်လည်ကုစားဖြေဆိုစေပြီး
အားလုံးအောင်စေသတည်း ဖြစ်လို့ပါ ။
အခြေခံပညာရေးမှာ ဆရာ/မ ခန့်ထား
မှုဟာ စိတ်ပျက်စရာ အလွန်ကောင်းခဲ့
ပါတယ်။၁၀- တန်း(တက္ကသိုလ်ဝင်တန်း)
အောင်မှ မာစတာတန်းဘွဲ့ပြီးအထိ
တပြေးတည်းထားပြီး နေ့စား လပေး
ဆွဲခန့် ပြုခဲ့ပါတယ်။ဆရာအတတ်သင်
သင်တန်းလုံးဝ မရှိသူတွေ လက်ထဲကို
နိုင်ငံအနာဂတ် ကလေးငယ်များ အပ်
လိုက်ခြင်းဟာ မှန်ပါရဲ့လားလို့ စဉ်းစား
စေချင်ပါတယ် ။
ဆရာ/ဆရာမ လျှောက်ထားသူများဟာ
ဝါသနာ မပါပဲ အလုပ်အကိုင် အခွင့်အ
လမ်း ရှားပါးခက်ခဲမှုကြောင့် လျှောက်ထားတာဆိုရင် နာ သုံး နာ မှာ ပထမနာ ကတည်းကပျက်နေပါပြီ ။
သက်ဆိုင်ရာ အတတ်မရှိဘဲ လုပ်ကိုင်လို့ရတဲ့နေရာဟာ အခြေခံပညာရေးပဲ လို့ ပြောရမလား ။
၂၀၁၄- ခုနှစ်မှ စပြီးအခြေခံကျောင်း
များကို ကျောင်းလခ ၊ မိဘဆရာသင်း
ကြေး အပါအဝင် မည်သည့်ငွေကြေးမှ
ကောက်ခံခြင်းမပြုရသလို ၊ကျောင်းသုံး
ပုံနှိပ် စာအုပ်များကို အခမဲ့ ပေးခဲ့ပါတယ် ။
ကျောင်းတစ်ကျောင်းရဲ့ ကဏ္ဍအသီးသီး
အတွက် ကုန်ကျစရိတ်များကို ကျောင်း
သားများထံမှ မကောက်ယူစေပဲ
နိုင်ငံတော်မှ ကျောင်းသားဦးရေအလိုက်
ကျောင်းထောက်ပံ့ကျေးများ ပေးအပ်ပါ
တယ် ။ အဲ့ ထောက်ပံ့ငွေကို ကျောင်း
အုပ်ကြီး နှင့် ကျောင်းအကျိုးဆောင်အဖွဲ့
က ကျောင်းရဲ့ လိုအပ်ချက်နဲ့ ကျောင်း
တိုးတက်ရေးအတွက် ဆောင်ရွက်ရပြီး
သက်ဆိုင်ရာ ငွေစာရင်းခေါင်းစဉ် အလိုက်သုံးစွဲရပါတယ် ။ သုံးစွဲငွေ နဲ့ လုပ်ဆောင်မှုကို အများပြည်သူ ရှင်းရှင်း
လင်းလင်း သိနိုင်ဖို့ ထင်သာမြင်သာတဲ့
နေရာမှာ ရှင်းတမ်းကို ဖော်ပြထားရပါမယ် ။
ဒီနေရာမှာ ပြောစရာရှိလာပါပြီ ။
ကျောင်းအုပ်ကြီးများရဲ့ ကိုယ်ကျင့်တ
ရား ပျက်ပြားရင် စာရင်းလိမ်များ
ဘောက်ချာအတုများနဲ့ မသမာမှု ပြု
လာကြပါတယ် ။
ကျောင်းအကျိုးတော်ဆောင်အဖွဲ
ပူးပေါင်း ထိန်းသိမ်းဆောင်ရွက်ရင်တော့
ကောင်းလာနိုင်ပေမယ့် တချို့က
ပူပေါင်း သုံးစွဲ ခွဲတမ်းယူပြုလာနိုင်ပါတယ် ။
သက်ဆိုင်ရာ စာရင်းစစ်ကလည်း
စာရင်းစစ်ပီသစွာ စက္ကူဖြူစာရင်းပဲ စစ်
ဆေးတယ်ဆိုရင် ထောက်ပံ့ငွေ ဟာ
ရာနှုန်းများစွာ အဟောသိကံ အကျိုးမဲ့
မချည်းနှီးဖြစ်ရပါတယ် ။
ဒီနေရာမှာ တကယ်ကို အမှန်တော်တဲ့
ကျောင်းအုပ်ကြီးများရဲ့ကျော
အဘက်ဘက်က တိုးတက်သွားတာကို
တွေ့ရသလို စိတ်ဓာတ်သေးသိမ်အောက်တန်းကျ
ကျောင်းအုပ်ကြီးများရဲ့ကျော
စိတ်ဝမ်းကွဲ ၊ စည်းကမ်းပျက် ၊ နေရာလု
အမှုပွေတော့တာပါပဲ ။
ဆရာ/ဆရာမ ဆိုတာ လူထဲက လူပါ ။
သာမန်ထက်ထူးပြီး နဖူးမှာ ချိုမပေါက်ပါ
ဘူး ။ ဒါကြောင့် သူတို့ရဲ့ လိုအပ်ချက်များကို ဖြည့်ဆီးပေးဖို့ လိုအပ်သလို ထိန်းကျောင်းဖို့လည်း
လိုအပ်ပါတယ် ။
ကျောင်းတစ်ကျောင်းမှာ
ပညာရေးထောက်ပံ့ငွေရှိတယ် ။
ပညာရေး ပဒေသာပင် ငွေရှိတယ်။
အိမ်တွင်းမှု ရန်ပုံငွေရှိတယ် ။(ကျောင်း
ဈေးဆိုင်တန်းမှ ဈေးကောက်ရရှိငွေ)
ဒါတွေကို တာဝန်ယူ သုံးစွဲသူ/အဖွဲ့ရှိ
တယ် ။ ဒီအဖွဲ့အားလုံးကိုသက်ဆိုင်
ရာ ကျောင်းအုပ်က စီမံထိန်းကျောင်း
ရမယ် ။ကျောင်းအုပ်ကိုယ်တိုင်က
မသမာသူဆိုရင် ဘာမှ စီမံနိုင်ခြင်းမရှိ
သလို စီမံတာကိုလည်း နာခံသူမရှိ
ဖြစ်ရတယ် ။
အရာရာ စည်းကမ်းပျက်တဲ့ကျောင်းမှာ
ကျောင်းသားတွေက မြေဇာပင်ပဲ။
နိုင်ငံအနာဂတ်ကို ကျောင်းတွေက
ဖျက်နိုင်တယ် ။
ကျွန်တော်ရေးနေတာက ကဘောက်တိ
ကဘောက်ချာ အကြောင်းအရာပါ ။
နောင် အလျဉ်းသင့်က ရေးပါဦးမယ် ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။