╔══════════════╗
►Kurt Cobain သို့ အလွမ်း◄
╚══════════════╝
ငွေလမင်းအတွက် အိမ်ကလေး
╚═╩╚═╩╚═╩╚═╩╚═╩╚
သူဟာ နှစ်ပေါင်းနှစ်ဆယ်ကျော် ဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့ လာခဲ့တော့
အိမ်ဆိုတဲ့အရာတစ်ခုကို အာသာငမ်းငမ်း တမ်းတခဲ့မှာ သေချာတယ်။
သူဟာ အိမ်ကလေးတစ်လုံးထဲမှာ သူ့ဇနီး၊ သူ့သမီးလေးနဲ့အတူ
ထာဝရ နေထိုင်နိုင်ဖို့အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့မှာလည်း
သေချာတယ်။ သူဟာ အလွန်ဝေးကွာတဲ့ နေရာတစ်နေရာကို
ရောက်သည့်တိုင် သူ့အိမ်ကလေးကို လှမ်းမျှော်ကြည့်နေမှာလည်း
သေချာတယ်။
သူဟာ အသက် ၈ နှစ်အရွယ်မှာ မိဘနဲ့ တစ်ကွဲစီ ဖြစ်ခဲ့တယ်။
သူ့ဖခင်က ကားပြင်ဆရာတစ်ဦး၊ မိခင်ကတော့ ဟိုတယ်တစ်ခုက
အရက်စပ်သူပေါ့။ ကတ်ကိုဘိန်းဆိုပြီး လူလားမြောက်မလာခင်မှာပဲ
မိဘနှစ်ပါး ကွဲသွားကြတာပါ။ အဲဒီကစပြီး ဆွေမျိုးတွေအကြား
တစ်အိမ်ကတစ်အိမ်ပြောင်းနေတဲ့  အရသာကို ခံစားလာရပြီပေါ့။
တစ်ခါတစ်လေ အိပ်စရာလုံးဝမရှိလို့ တံတားကြီးတစ်ခုအောက်မှာ
သွားပြီး အိပ်ရတာတွေလည်း ရှိခဲ့တယ်။
ကျောင်းနေချိန်မှာလည်း အထီးကျန်ဆန်နေတယ်။ ပင်ကိုယ်စရိုက်ကြောင့်
အပေါင်းအသင်းလည်း နည်းတယ်။ သူ့ဝါသနာက အနုပညာလေ။
မကျေနပ်ချက်တွေကလည်း ရင်မှာအပြည့်အသိပ်ပေါ့။ ဆောင့်ကြွားကြွား
လူပေါ်ကြော့ ကျောင်းသားတချို့ နဲ့က သူနဲ့သိပ်မပြေလည်ကြဘူး။
တစ်ခါတလေ သူတို့က သူ့ကို ရိုက်ကြ၊ တစ်ခါတလေ သူကလည်း
သင်းတို့ရဲ့ ကားတွေပေါ်မှာ မှုတ်ဆေးနဲ့လိုက်ပြီး အရူးတွေလို့ ရေးသတဲ့။
ကတ်ကိုဘိန်းဟာ တစ်မြို့ တည်းသားတွေဖြစ်တဲ့ ခရစ်ဗိုဆီးလ်စ်တို့၊
ဒေ့ဗ်ဂရိုးတို့နဲ့ ပေါင်းမိပြီး တေးဂီတလုပ်ငန်းမှာ ခြေစချတယ်။
သူနဲ့တွဲဖို့ဆိုတာကလည်း တော်ရုံလူနဲ့ ဖြစ်တာမဟုတ်ဘူးလေ။
အပေးအယူမျှဖို့ ခက်တယ်တဲ့။ ဒါပေမဲ့ နီယာဗားနားဂီတအဖွဲ့ရယ်လို့
ဖြစ်လာတော့ ဒီသုံးယောက်ပဲ ပြန်ပေါင်းမိတာပါ။ နီယာဗားနားဆိုတာ
နိဗ္ဗာန်ပဲလေ။ ရုပ်နာမ်နှစ်ပါး ချုပ်ငြိမ်းရာ၊ ဒုက္ခဆင်းရဲခြင်း၊ တဏှာ
တပ်မက်ခြင်းကင်းရာ ရွှေပြည်ပဲပေါ့။
ဒီအဖွဲ့ဟဟာ ၁၉၉၀ ခုရောက်တော့ အောင်မြင်မှုတွေရလာပြီ။
ကတ်ကိုဘိန်းတို့ရဲ့  “နဲဗားမိုင်း” ဓာတ်ပြားဟာ အချပ်ရေ ၁၀ သန်း
ရောင်းရပြီး အဲဒီတုန်းက ထိပ်ဆုံးမှာရှိတဲ့ မိုက်ကယ်ဂျပ်ဆင်ရဲ့ 
“ဒိန်းဂျားရပ်စ်” အခွေကို ကျော်ဖြတ်သွားတယ်။ ပန့်ခ်ဂီတတစ်ဝက်၊
ဘီတယ်ဂီတတစ်ဝက် ပေါင်းထားတဲ့ ကတ်ကိုဘိန်းရဲ့ တေးသွားတွေဟာ
စူးစူးရှရှ ကျိုးကျိုးကျွတ်ကျွတ်ရှိပြီး ဖမ်းစားနိုင်စွမ်းလည်း အတော်ရှိပါတယ်။
ပြီးတော့ သူ့သီချင်းတွေဟာ လက်ရှိမျိုးဆက်ရဲ့ စိတ်အနေအထားကို
ထင်ဟပ်တဲ့ နှလုံးခုန်သံတွေ ဖြစ်လာတယ်။
ပထမဆုံးအခွေ အောင်မြင်တယ်ဆိုရင်ပဲ ဆီယက်တဲလ်မြို့ က စီးပွားရေးသမားတွေ
သတို့ဂီတအဖွဲ့လေးဆီ စုပြုံရောက်လာကြတယ်။ ဆီယက်တဲလ်မြို့ ဟာ
အမေရိကန်အနောက်မြောက်ဒေသက စီးပွားရေးအချက်အချာမြို့ကြီးတစ်မြို့ပါ။
ပို့ကုန်လုပ်ငန်းတွေနဲ့ ကြီးကျယ်တဲ့မြို့ ကြိးပါ။ ဒီမြို့ကနေတင်ပို့တဲ့ ကော်ဖီတို့၊
ကြေးစားအားကစားပွဲလုပ်ငန်းတို့ဟာ ကမ္ဘာအနှံ့ရောက်ပါတယ်။
အခုတော့ သူတို့ဟာ နီယာဗားနားအဖွဲ့ရဲ့ အော်တာနေးတစ်ရော့ခ်ဂီတကို
ပို့ကုန်အဖြစ် ဦးစားပေးလုပ်လာကြပြန်ပါပြီ ။ ဒီပို့ကုန်ဟာ ကျော်ကြားသလောက်
အောင်မြင်တဲ့ပို့ကုန်ပါ။ ဆီယက်တဲလ်မှာ သဲကြီးမဲကြီးရွာနေတဲ့ မိုးကတောင်
နီယာဗားနားရဲသီချင်းတွေကို ဖုံးအုပ်မပစ်နိုင်ပါဘူးဆြို ပီး ပြောရလောက်အောင်
ထိုးဖောက်နိုင်ခဲ့တာပါ။
အခုတော့ ဆီယက်တဲလ်မြို့ ကို လီဗာပူးမြို့သစ်၊ ကတ်ကိုဘိန်းကို ဂျွန်လင်နွန်ဆိုပြီး
ကင်ပွန်းတောင်တပ်လာကြတယ်လေ။ ကိုဘိန်းရဲ့အသွင်အပြင်ကလည်း ထူးတယ်။
ဆတ်ဆတ်ထိမခံတဲ့ မှုန်တေတေအစားထဲကလေ။ ပြီးတော့ ဝတ်စားဆင်ယင်ပုံကလည်း
အဟောင်းဆိုင်ကဆွဲလာတဲ့ အဝတ်တွေလေ။ ဂျင်ဘောင်းဘီတွေမှာက ဒူး ၂ ဖက်စလုံး
အပေါက်ကြီးတွေနဲ့ပေါ့။ ဗန်ကူးဗားမြို့ မှာ သွားပြီးတီးကြတော့ ခနော်နီခနော်နဲ့
ဇာတ်ခုံပေါ်မှာ ကတ်ကိုဘိန်းက အုန်းပင်စိုက်အနေအထားနဲ့ ဂီတာတွေတီးတယ်တဲ့။
အော်တာနေးတစ်ဂီတသမားတွေအတွက်တော့ ဒါမျိုးက ရိုးနေပါပြီ။ တချို့ဆိုရင်
သီချင်းဆိုရင်း စင်အောက်ကလူအုပ်ထဲ ကိုယ်ကို ပစ်လှဲချလိုက်တာတို့၊ အကျီ င်္တွေ
အတွင်းခံတွေချွတ်ပြီး လွှင့်ပစ်တာတို့အထိ ခပ်ကြမ်းကြမ်းကလေး လုပ်တတ်ကြတာကိုး။
အမေရိကန်ရော့ခ်ဂီတအဖွဲ့တွေရဲ့  အကျင့်လေးတစ်ခုရှိတယ်တဲ့။ အဲဒါကတော့
ကိုယ်အောင်မြင်မှုကို အသိအမှတ်မပြုချင်သလိုလို၊ ဘာလိုလိုလုပ်ပြီး ဟိုညည်း
ဒီညည်းလုပ်ကြ၊ သူများ မျက်စိလည်အောင် ဟိတ်ဟန်တွေထုတ်တတ် ကြသတဲ့။
အထူးသဖြင့် အော်တာနေးတစ်ဂီတအဖွဲ့တွေက ဒါမျိုးပိုလုပ်တတ်ကြတယ်ဆိုပဲ။
ဘယ်လိုပဲ ဟိတ်ဟန်ထုတ်ထုတ် သူတို့ကို Grammy ဆုတွေဘာတွေ ပေးလိုက်တာနဲ့
ဆီလီကွန်တောင်ကြားက ကွန်ပျူတာကျွမ်းကျင်သူတွေကို တစ်ခါတည်းတန်းပြီး
ငှားကြသတဲ့။ Website ထဲမှာ ရောင်စုံအစီအစဉ်တွေ လွှင့်နိုင်ဖို့ပေါ့။
တချို့ကလည်း Regis တို့ Kathie Lee တို့နဲ့ ဆက်သွယ်ပြီး မီဒီယာတွေကနေ
သူတို့အခွေသစ်ထုတ်ဖို့ ဘယ်လိုမသမာမှုတွေနဲ့ ရင်ဆိုင်ရတယ်တို့၊
ဒုက္ခဆင်းရဲမျိုးစုံ၊ ရင်ဆိုင်ပြီးမှ ဒီအခွေသစ်ဖြစ်လာရတယ်တို့ ဘာတို့၊ ညာတို့နဲ့
ညည်းကြညူကြတတ်တယ်တဲ့။ ဒါဟာ ထုံးစံပဲလေ။
နီယာဗားနားရဲ့ အောင်မြင်မှုဟာ ကတ်ကိုဘိန်းအတွက် ကောင်းသလား၊
ဆိုးသလားဆိုတာကိုတော့ ဘုရားသခင်မှပဲ သိတော်မှုပါလိမ့်မယ်။
သူတို့အဖွဲ့အမြင့်ဆုံးရောက် လာတဲ့ ၁၉၉၂ မှာ သူဟာ လပ်ဗ်ဆိုတဲ့
သူ့လိုအော်တာနေးတစ် ကြယ်ပွင့်လေးတစ်ဦးနဲ့ လက်ထပ်လိုက်တယ်။
သူတို့အတွက် အိမ်ကလေးတစ်လုံးကိုလည်း ဝယ်ဖို့ပြင်နေပြီ။
အောင်မြင်မှုဒဏ်ဆိုတဲ့ စကားလုံးနဲ့ အောင်မြင်မှုရဲ့ သားကောင်ဆိုတဲ့
စကားလုံးတွေက ဂီတနဲ့ရုပ်ရှင်လောကသားမှာ အတော်ပဲအသုံးတည့်တယ်
ဆိုရပါမယ်။ ဒီလောကက အနုပညာသည်အတော်များများဟာ နေ့မြင်၊
ညာပျောက်ဆိုသလို အပြောင်းအလဲမျိုးစုံ ကြုံတွေ့ကြရသူတွေ မဟုတ်လား။
အခုလည်း ကတ်ကိုဘိန်းကို အောင်မြင်မှုဒဏ်ခံရတဲ့ သားကောင်ဆိုပြီး
တချို့ကပြောကြတယ်။ ကတ်ကိုဘိန်းဟာ ထက်မြက်သူပါ။
လှိုက်လှဲပြီး ရက်ရောမှုလည်း ရှိတယ်။ အလှိုက်အလှဲလွန်တယ်လို့တောင်
တချို့က ပြောကြတယ်။ သူ့သီချင်းတွေကို အော်ဟစ်သီဆိုနေကြတဲ့အထဲမှာ
သူနဲ့ရန်ဖြစ်ဖူးတဲ့ လူ့ပေါ်ကြော့ကလေးတွေ ပါနေတာကိုတွေ့တော့
သူ့သီချင်းတွေနဲ့ သူ့ဂီတအဖွဲဟာ ရောင်းစားတာခံလိုက်ရတာများလားဆိုပြီး
မကြာခဏ သံသယတွေ ဖြစ်နေတတ်တယ်။ အဲဒီအချိန်မှာ သူနဲ့သူ့ဇနီးရဲ့
အိပ်ခန်းနံရံတစ်ခုပေါ်မှာ “ငါ့ရည်မှန်းချက်ကို မင်းတို့ထဲက ဘယ်သူမှ...
ဘယ်တော့မှ...သိမှာ မဟုတ်ဘူး” လို့ စာလုံးကြီးတွေနဲ့ ရေးလိုက်တာပါ။
နီယာဗားနားအဖွဲ မန်နေဂျာဟောင်း ဒီနီဂိုးဘတ်က “ကိုဘိန်းကိုကျုပ်..
စောင့်ကြည့်နေတာကြာပြီ။ သူဟာ ဒွိဟတွေများပြီး ကမ္ဘာဂြိုလ်ပေါ်မှာ
အသက်ရှင်နေရတာပဲ စိတ်ပျက်နေပုံရတယ်” လို့ ပြောတယ်။
ကတ်ကိုဘိန်း သုန်မှုန်နေတာကို ဘာဖြစ်နေတာလဲလို့ သူ့သူငယ်ချင်းက
မေးတော့ “နိုးကြားနေတဲ့ သဘောပေါ့ ဟုတ်ဘူးလား” ဆိုပြီး ကိုဘိန်းက
ပြန်ပြောတယ်။ နောက်ပိုင်းမှာသူဟာ လူရှေ့သူရှေ့မရှောင် မူးယစ်ဆေးအကြောင်း၊
စိတ်ဖိစီးမှုအကြောင်းတွေ ပြောလာတတ်တယ်။ ကိုယ့်ကိုယ်ကိုသတ်သေတဲ့
ကိစ္စကိုတောင် ခပ်ပေါ့ပေါ့သဘော ပြောလာတယ်။ သီချင်းတစ်ပုဒ်ကိုလည်း
“ကိုယ့်ကိုယ်ကိုယ်လည်း မုန်း၊ သေလည်းသေချင်တယ်” လို့ ခေါင်းစဉ်တပ်တယ်။
ဒီသီချင်းခွေကို ဖြန့်တဲ့အထဲမထည့်လိုက်ဘူး။ “စိတ်ရောဂါသည်တစ်ယောက်ကို
စဉ်းစားမိပြီး ဒီနာမည်ပေးလိုက်တာပါ” လို့ ကိုဘိန်းက ပြောတယ်။
သူ့ရဲ့ နောက်ဆုံးရက်သတ္တပတ်တွေဟာ ဝရုန်းသုန်းကားနိုင်ပြီး ဒေါသပေါက်ကွဲ
ချင်စရာတွေချည်း ဖြစ်နေတယ်။ သူ့အဖွဲ့ပျက်ပြီဆိုပြီး ကောလဟာလတွေ
ပြောနေကြပြီ။ ဒီကာလအတွင်း ဟီးရိုးအင်းစွဲနေတာကို ဖြတ်ဖို့ကြိုးစားသေးတယ်။
ဒါပေမဲ့ တခြားမူးယစ်ဆေးတစ်မျိုး ထပ်စွဲပြန်တယ်။ ဥရောပအရေးအခင်းလို့
ကျော်ကြားတဲ့ သူ့ရဲ့ ဆေးအလွန်အကျွံသုံးစွဲမှုကို သတင်းစာတွေက အမျိုးမျိုး
ရေးကြတယ်။ တကယ်ပဲ။ ဆေးအလုံးငါးဆယ်ကို တစ်ခါတည်းသောက်တာဟာ
ဆေးမှားသောက်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို သတ်သေတာပါလို့
ပြောလာကြတယ်။ သူ့ဇနီးလပ်ဗ်က “သူအခုလို ကြမ်းပြင်ပေါ် ဆန့်ဆန့်ကြီး
ဖြစ်နေတာမျိုး နောက်ထပ် မကြုံပါရစေနဲ့တော့” လို့ ဆုတောင်းတယ်။
ဒါပေမဲ့ သူ့ဆုတောင်း မပြည့်ရှာပါဘူး။ ဆီယက်တဲလ်ကို ပြန်ရောက်တာနဲ့
လပ်ဗ်ဟာ ရဲဌာနကို အကူအညီတောင်းရပြီလေ။
ကိုဘိန်းဟာ အခန်းထဲမှာ သေနတ်တွေနဲ့အတူ ပိတ်ပြီးနေတယ်။
ရဲတွေရောက်လာပြီး သေနတ်တွေ သိမ်းတယ်။ သေနတ်လေးလက်တောင်
ရှိတယ်။ တစ်လက်က ARIS မောင်းပြန်တစ်ပိုင်း သေနတ်တဲ့လေ။
ကိုဘိန်းဟာ မသေမှီ ၂ ပတ်လောက်တုန်းက သူ့ဇနီးနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက
ဝိုင်းဖိအားပေးလို့ ဆေးရုံတက်ပြီး ဆေးဖြတ်သေးတယ်။ တစ်ပတ်ကြာတော့
ဆေးရုံက ထွက်ပြေးပြီး တစ်ခါတည်း ပျောက်သွားတယ်။ သူတို့နေဖို့
ဝယ်ထားတဲ့ အိမ်ကလေးကို သွားရှာတော့လည်း မတွေ့ဘူးတဲ့။
ဒါပေမဲ့ သူ့ကို အဲဒီအိမ်ကလေးမှာပဲ ပြန်တွေ့တာပါ။ သူပျောက်သွားပြီး
တစ်ပတ်လောက်ကြာတော့ အဲဒီအိမ်ကလေးကို လျှပ်စစ်အလုပ်သမားတစ်ဦး
ရောက်သွားတယ်။ အိမ်ပိတ်ထားလို့ အပြင်ကနေ ပတ်ပြီး ကြည့်တယ်တဲ့။
ပြတင်းပေါက်တစ်ခုကနေ လူတစ်ယောက် ကြမ်းပြင်ပေါ်လဲနေတာကို
တွေ့သတဲ့။ ရဲတွေရောက်လာပြီး အိမ်ထဲကို ဝင်ကြည့်တဲ့အခါ လဲနေသူက
ကိုဘိန်း ဖြစ်နေတယ်။ နားထင်ကသွေးတွေ စီးကျနေတယ်။ လက်မှာလည်း
သေနတ်တစ်လက် ကိုင်ထားသတဲ့။ အသက်ကတော့ မရှိရှာတော့ဘူး။
သူ့ဘေးကကောင်တာ တစ်ခုပေါ်မှာတော့ သူ့ဇနီးလပ်ဗ်နဲ့ သမီးဘင်းလေးအတွက်
စာလေးနှစ်ကြောင်း မင်နီနဲ့ ခြစ်ထားသတဲ့။ မင်းကို ကိုယ်ချစ်တယ်၊ မင်းကို
ကိုယ်ချစ်တယ်ဆိုတဲ့ သေတမ်း စာကလေးပဲပေါ့။ သူသေတာ ၁၉၉၄ ခု
ဧပြီလဆိုတော့ အသက် ၂၇ နှစ်ပဲ ရှိဦးမှာပါ။
ဒီသတင်းကို ကြားကြတဲ့အခါ သူ့ကိုချစ်တဲ့ လူငယ်ပရိသတ် သန်းပေါင်းများစွာဟာ
ထိတ်လန့်တုန်လှုပ် သွားကြတယ်။ MTV ကလည်း ဝမ်းနည်းတဲ့အထိမ်းအမှတ်
အစီအစဉ် အရှည်ကြီးတစ်ခုလွှင့်တယ်။ သမ္မတ ဂျွန်အက်ဖ်ကင်နေဒီ ကွယ်လွန်တုန်းက
အစီအစဉ်လို အရှည်ကြီး လွှင့်တာပါ။
ကတ်ကိုဘိန်းဟာ နီယာဗားနားအဖွဲ့ သိပ်အောင်မြင်သွားတာကို တွေ့ရတော့ အတော်ကြီး
အံ့သြခဲ့တယ်။ သူသီခဲ့တဲ့တေးတွေက ပုဂ္ဂိုလ်ရေး သိပ်ဆန်တာ။ ဒါတောင် လူတွေက
သဘောကျကြသတဲ့။ သူသီဆိုနေတာကိုကြည့်ရင် သူ့အသံဟာ မာန်ဖီနေသံပေါက်နေတယ်။
ကြောက်စရာကောင်းနေတယ်။ တီးတဲ့ဂီတာသံတို့ ဒရမ်သံတို့ကလည်း အံကြိတ်သံ
မိုးကြိုးသံတွေ ဖြစ်နေတယ်။ ဒေါသတွေကနေပြီး တူးခါးတဲ့အမုန်းတွေဖြစ်ရင်
ဖြစ်သွားတတ်တယ်။
လူငယ်တွေရဲ့ဒေါသတို့၊ လူငယ်တွေရဲ့ နတ္တိဝါဒတို့ဆိုတာ အကြောင်းအရာသစ်
မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ကိုဘိန်းဟာ အဲဒီ အဖန်တစ်ရာတေနေတဲ့
အကြောင်းအရာဟောင်းတွေကိုပဲ သူ့အနုပညာနဲ့ အသစ်ဖြစ်အောင်
လုပ်ယူတယ်လေ။ ရင်နှီးနေတဲ့အကြောင်းအရာဟာ သူ့ရဲ့  ပါရမီနဲ့
ပေါင်းဆုံပြီး လှပတဲ့အနုပညာပစ္စည်းတစ်ခု ဖြစ်သွားတဲ့သဘောပါ။
ကိုဘိန်းဟာ အများသူငါ ကြုံတွေ့နေတဲ့ ခံစားမှုကို ရော့ခ်ဂီတရဲ့ 
လမ်းသစ်တစ်ခုအဖြစ် ဖော်ထုတ်ခဲ့ပါတယ်။ သူဘာတွေ ရည်မှန်းထားတယ်ဆိုတာ
ဘယ်သူမှ မသိနိုင်ဘူးဆိုပြီး နံရံပေါ်မှာ သူရေးသွားခဲ့တယ်။
ဒါဟာ သူ့ကြွေးကြော်သံလား။
ဒါမှမဟုတ် သင်္ချိုင်းကမ္ပည်းစာတမ်းလား။
ပြီးတော့ သူ့ရည်မှန်းချက်ကရော ဘာလဲ။
ဒါတွေကိုရှာနေရင် သူ့ဆန္ဒနဲ့ ကိုက်ညီမယ်မထင်လို့
မရှာတော့ပါဘူး။
နေဦးဝေ
Ref : Time 14.4.94
Time 15.9.97
မေ၊ ၂၀၀၁
ဗြူတီမဂ္ဂဇင်း
#KoNaing
►Kurt Cobain သို့ အလွမ်း◄
╚══════════════╝
ငွေလမင်းအတွက် အိမ်ကလေး
╚═╩╚═╩╚═╩╚═╩╚═╩╚
သူဟာ နှစ်ပေါင်းနှစ်ဆယ်ကျော် ဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့
အိမ်ဆိုတဲ့အရာတစ်ခုကို အာသာငမ်းငမ်း တမ်းတခဲ့မှာ သေချာတယ်။
သူဟာ အိမ်ကလေးတစ်လုံးထဲမှာ သူ့ဇနီး၊ သူ့သမီးလေးနဲ့အတူ
ထာဝရ နေထိုင်နိုင်ဖို့အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့မှာလည်း
သေချာတယ်။ သူဟာ အလွန်ဝေးကွာတဲ့ နေရာတစ်နေရာကို
ရောက်သည့်တိုင် သူ့အိမ်ကလေးကို လှမ်းမျှော်ကြည့်နေမှာလည်း
သေချာတယ်။
သူဟာ အသက် ၈ နှစ်အရွယ်မှာ မိဘနဲ့ တစ်ကွဲစီ ဖြစ်ခဲ့တယ်။
သူ့ဖခင်က ကားပြင်ဆရာတစ်ဦး၊ မိခင်ကတော့ ဟိုတယ်တစ်ခုက
အရက်စပ်သူပေါ့။ ကတ်ကိုဘိန်းဆိုပြီး လူလားမြောက်မလာခင်မှာပဲ
မိဘနှစ်ပါး ကွဲသွားကြတာပါ။ အဲဒီကစပြီး ဆွေမျိုးတွေအကြား
တစ်အိမ်ကတစ်အိမ်ပြောင်းနေတဲ
တစ်ခါတစ်လေ အိပ်စရာလုံးဝမရှိလို့ တံတားကြီးတစ်ခုအောက်မှာ
သွားပြီး အိပ်ရတာတွေလည်း ရှိခဲ့တယ်။
ကျောင်းနေချိန်မှာလည်း အထီးကျန်ဆန်နေတယ်။ ပင်ကိုယ်စရိုက်ကြောင့်
အပေါင်းအသင်းလည်း နည်းတယ်။ သူ့ဝါသနာက အနုပညာလေ။
မကျေနပ်ချက်တွေကလည်း ရင်မှာအပြည့်အသိပ်ပေါ့။ ဆောင့်ကြွားကြွား
လူပေါ်ကြော့ ကျောင်းသားတချို့ နဲ့က သူနဲ့သိပ်မပြေလည်ကြဘူး။
တစ်ခါတလေ သူတို့က သူ့ကို ရိုက်ကြ၊ တစ်ခါတလေ သူကလည်း
သင်းတို့ရဲ့ ကားတွေပေါ်မှာ မှုတ်ဆေးနဲ့လိုက်ပြီး အရူးတွေလို့ ရေးသတဲ့။
ကတ်ကိုဘိန်းဟာ တစ်မြို့ တည်းသားတွေဖြစ်တဲ့ ခရစ်ဗိုဆီးလ်စ်တို့၊
ဒေ့ဗ်ဂရိုးတို့နဲ့ ပေါင်းမိပြီး တေးဂီတလုပ်ငန်းမှာ ခြေစချတယ်။
သူနဲ့တွဲဖို့ဆိုတာကလည်း တော်ရုံလူနဲ့ ဖြစ်တာမဟုတ်ဘူးလေ။
အပေးအယူမျှဖို့ ခက်တယ်တဲ့။ ဒါပေမဲ့ နီယာဗားနားဂီတအဖွဲ့ရယ်လို့
ဖြစ်လာတော့ ဒီသုံးယောက်ပဲ ပြန်ပေါင်းမိတာပါ။ နီယာဗားနားဆိုတာ
နိဗ္ဗာန်ပဲလေ။ ရုပ်နာမ်နှစ်ပါး ချုပ်ငြိမ်းရာ၊ ဒုက္ခဆင်းရဲခြင်း၊ တဏှာ
တပ်မက်ခြင်းကင်းရာ ရွှေပြည်ပဲပေါ့။
ဒီအဖွဲ့ဟဟာ ၁၉၉၀ ခုရောက်တော့ အောင်မြင်မှုတွေရလာပြီ။
ကတ်ကိုဘိန်းတို့ရဲ့  “နဲဗားမိုင်း” ဓာတ်ပြားဟာ အချပ်ရေ ၁၀ သန်း
ရောင်းရပြီး အဲဒီတုန်းက ထိပ်ဆုံးမှာရှိတဲ့ မိုက်ကယ်ဂျပ်ဆင်ရဲ့ 
“ဒိန်းဂျားရပ်စ်” အခွေကို ကျော်ဖြတ်သွားတယ်။ ပန့်ခ်ဂီတတစ်ဝက်၊
ဘီတယ်ဂီတတစ်ဝက် ပေါင်းထားတဲ့ ကတ်ကိုဘိန်းရဲ့ တေးသွားတွေဟာ
စူးစူးရှရှ ကျိုးကျိုးကျွတ်ကျွတ်ရှိပြီ
ပြီးတော့ သူ့သီချင်းတွေဟာ လက်ရှိမျိုးဆက်ရဲ့ စိတ်အနေအထားကို
ထင်ဟပ်တဲ့ နှလုံးခုန်သံတွေ ဖြစ်လာတယ်။
ပထမဆုံးအခွေ အောင်မြင်တယ်ဆိုရင်ပဲ ဆီယက်တဲလ်မြို့ က စီးပွားရေးသမားတွေ
သတို့ဂီတအဖွဲ့လေးဆီ စုပြုံရောက်လာကြတယ်။ ဆီယက်တဲလ်မြို့ ဟာ
အမေရိကန်အနောက်မြောက်ဒေသက စီးပွားရေးအချက်အချာမြို့ကြ
ပို့ကုန်လုပ်ငန်းတွေနဲ့ ကြီးကျယ်တဲ့မြို့ ကြိးပါ။ ဒီမြို့ကနေတင်ပို့တဲ့ ကော်ဖီတို့၊
ကြေးစားအားကစားပွဲလုပ်ငန်းတ
အခုတော့ သူတို့ဟာ နီယာဗားနားအဖွဲ့ရဲ့ အော်တာနေးတစ်ရော့ခ်ဂီတကို
ပို့ကုန်အဖြစ် ဦးစားပေးလုပ်လာကြပြန်ပါပြီ
အောင်မြင်တဲ့ပို့ကုန်ပါ။ ဆီယက်တဲလ်မှာ သဲကြီးမဲကြီးရွာနေတဲ့ မိုးကတောင်
နီယာဗားနားရဲသီချင်းတွေကို ဖုံးအုပ်မပစ်နိုင်ပါဘူးဆြို
ထိုးဖောက်နိုင်ခဲ့တာပါ။
အခုတော့ ဆီယက်တဲလ်မြို့ ကို လီဗာပူးမြို့သစ်၊ ကတ်ကိုဘိန်းကို ဂျွန်လင်နွန်ဆိုပြီး
ကင်ပွန်းတောင်တပ်လာကြတယ်လေ။
ဆတ်ဆတ်ထိမခံတဲ့ မှုန်တေတေအစားထဲကလေ။ ပြီးတော့ ဝတ်စားဆင်ယင်ပုံကလည်း
အဟောင်းဆိုင်ကဆွဲလာတဲ့ အဝတ်တွေလေ။ ဂျင်ဘောင်းဘီတွေမှာက ဒူး ၂ ဖက်စလုံး
အပေါက်ကြီးတွေနဲ့ပေါ့။ ဗန်ကူးဗားမြို့ မှာ သွားပြီးတီးကြတော့ ခနော်နီခနော်နဲ့
ဇာတ်ခုံပေါ်မှာ ကတ်ကိုဘိန်းက အုန်းပင်စိုက်အနေအထားနဲ့ ဂီတာတွေတီးတယ်တဲ့။
အော်တာနေးတစ်ဂီတသမားတွေအတွက
သီချင်းဆိုရင်း စင်အောက်ကလူအုပ်ထဲ ကိုယ်ကို ပစ်လှဲချလိုက်တာတို့၊ အကျီ င်္တွေ
အတွင်းခံတွေချွတ်ပြီး လွှင့်ပစ်တာတို့အထိ ခပ်ကြမ်းကြမ်းကလေး လုပ်တတ်ကြတာကိုး။
အမေရိကန်ရော့ခ်ဂီတအဖွဲ့တွေရ
ကိုယ်အောင်မြင်မှုကို အသိအမှတ်မပြုချင်သလိုလို၊ ဘာလိုလိုလုပ်ပြီး ဟိုညည်း
ဒီညည်းလုပ်ကြ၊ သူများ မျက်စိလည်အောင် ဟိတ်ဟန်တွေထုတ်တတ် ကြသတဲ့။
အထူးသဖြင့် အော်တာနေးတစ်ဂီတအဖွဲ့တွေက ဒါမျိုးပိုလုပ်တတ်ကြတယ်ဆိုပ
ဘယ်လိုပဲ ဟိတ်ဟန်ထုတ်ထုတ် သူတို့ကို Grammy ဆုတွေဘာတွေ ပေးလိုက်တာနဲ့
ဆီလီကွန်တောင်ကြားက ကွန်ပျူတာကျွမ်းကျင်သူတွေကု
ငှားကြသတဲ့။ Website ထဲမှာ ရောင်စုံအစီအစဉ်တွေ လွှင့်နိုင်ဖို့ပေါ့။
တချို့ကလည်း Regis တို့ Kathie Lee တို့နဲ့ ဆက်သွယ်ပြီး မီဒီယာတွေကနေ
သူတို့အခွေသစ်ထုတ်ဖို့ ဘယ်လိုမသမာမှုတွေနဲ့ ရင်ဆိုင်ရတယ်တို့၊
ဒုက္ခဆင်းရဲမျိုးစုံ၊ ရင်ဆိုင်ပြီးမှ ဒီအခွေသစ်ဖြစ်လာရတယ်တို့ ဘာတို့၊ ညာတို့နဲ့
ညည်းကြညူကြတတ်တယ်တဲ့။ ဒါဟာ ထုံးစံပဲလေ။
နီယာဗားနားရဲ့ အောင်မြင်မှုဟာ ကတ်ကိုဘိန်းအတွက် ကောင်းသလား၊
ဆိုးသလားဆိုတာကိုတော့ ဘုရားသခင်မှပဲ သိတော်မှုပါလိမ့်မယ်။
သူတို့အဖွဲ့အမြင့်ဆုံးရောက်
သူ့လိုအော်တာနေးတစ် ကြယ်ပွင့်လေးတစ်ဦးနဲ့ လက်ထပ်လိုက်တယ်။
သူတို့အတွက် အိမ်ကလေးတစ်လုံးကိုလည်း ဝယ်ဖို့ပြင်နေပြီ။
အောင်မြင်မှုဒဏ်ဆိုတဲ့ စကားလုံးနဲ့ အောင်မြင်မှုရဲ့ သားကောင်ဆိုတဲ့
စကားလုံးတွေက ဂီတနဲ့ရုပ်ရှင်လောကသားမှာ အတော်ပဲအသုံးတည့်တယ်
ဆိုရပါမယ်။ ဒီလောကက အနုပညာသည်အတော်များများဟာ နေ့မြင်၊
ညာပျောက်ဆိုသလို အပြောင်းအလဲမျိုးစုံ ကြုံတွေ့ကြရသူတွေ မဟုတ်လား။
အခုလည်း ကတ်ကိုဘိန်းကို အောင်မြင်မှုဒဏ်ခံရတဲ့ သားကောင်ဆိုပြီး
တချို့ကပြောကြတယ်။ ကတ်ကိုဘိန်းဟာ ထက်မြက်သူပါ။
လှိုက်လှဲပြီး ရက်ရောမှုလည်း ရှိတယ်။ အလှိုက်အလှဲလွန်တယ်လို့တောင်
တချို့က ပြောကြတယ်။ သူ့သီချင်းတွေကို အော်ဟစ်သီဆိုနေကြတဲ့အထဲမှာ
သူနဲ့ရန်ဖြစ်ဖူးတဲ့ လူ့ပေါ်ကြော့ကလေးတွေ ပါနေတာကိုတွေ့တော့
သူ့သီချင်းတွေနဲ့ သူ့ဂီတအဖွဲဟာ ရောင်းစားတာခံလိုက်ရတာများလ
မကြာခဏ သံသယတွေ ဖြစ်နေတတ်တယ်။ အဲဒီအချိန်မှာ သူနဲ့သူ့ဇနီးရဲ့
အိပ်ခန်းနံရံတစ်ခုပေါ်မှာ “ငါ့ရည်မှန်းချက်ကို မင်းတို့ထဲက ဘယ်သူမှ...
ဘယ်တော့မှ...သိမှာ မဟုတ်ဘူး” လို့ စာလုံးကြီးတွေနဲ့ ရေးလိုက်တာပါ။
နီယာဗားနားအဖွဲ မန်နေဂျာဟောင်း ဒီနီဂိုးဘတ်က “ကိုဘိန်းကိုကျုပ်..
စောင့်ကြည့်နေတာကြာပြီ။ သူဟာ ဒွိဟတွေများပြီး ကမ္ဘာဂြိုလ်ပေါ်မှာ
အသက်ရှင်နေရတာပဲ စိတ်ပျက်နေပုံရတယ်” လို့ ပြောတယ်။
ကတ်ကိုဘိန်း သုန်မှုန်နေတာကို ဘာဖြစ်နေတာလဲလို့ သူ့သူငယ်ချင်းက
မေးတော့ “နိုးကြားနေတဲ့ သဘောပေါ့ ဟုတ်ဘူးလား” ဆိုပြီး ကိုဘိန်းက
ပြန်ပြောတယ်။ နောက်ပိုင်းမှာသူဟာ လူရှေ့သူရှေ့မရှောင် မူးယစ်ဆေးအကြောင်း၊
စိတ်ဖိစီးမှုအကြောင်းတွေ ပြောလာတတ်တယ်။ ကိုယ့်ကိုယ်ကိုသတ်သေတဲ့
ကိစ္စကိုတောင် ခပ်ပေါ့ပေါ့သဘော ပြောလာတယ်။ သီချင်းတစ်ပုဒ်ကိုလည်း
“ကိုယ့်ကိုယ်ကိုယ်လည်း မုန်း၊ သေလည်းသေချင်တယ်” လို့ ခေါင်းစဉ်တပ်တယ်။
ဒီသီချင်းခွေကို ဖြန့်တဲ့အထဲမထည့်လိုက်ဘူး။ “စိတ်ရောဂါသည်တစ်ယောက်ကို
စဉ်းစားမိပြီး ဒီနာမည်ပေးလိုက်တာပါ” လို့ ကိုဘိန်းက ပြောတယ်။
သူ့ရဲ့ နောက်ဆုံးရက်သတ္တပတ်တွေဟာ ဝရုန်းသုန်းကားနိုင်ပြီး ဒေါသပေါက်ကွဲ
ချင်စရာတွေချည်း ဖြစ်နေတယ်။ သူ့အဖွဲ့ပျက်ပြီဆိုပြီး ကောလဟာလတွေ
ပြောနေကြပြီ။ ဒီကာလအတွင်း ဟီးရိုးအင်းစွဲနေတာကို ဖြတ်ဖို့ကြိုးစားသေးတယ်။
ဒါပေမဲ့ တခြားမူးယစ်ဆေးတစ်မျိုး ထပ်စွဲပြန်တယ်။ ဥရောပအရေးအခင်းလို့
ကျော်ကြားတဲ့ သူ့ရဲ့ ဆေးအလွန်အကျွံသုံးစွဲမှုကို
ရေးကြတယ်။ တကယ်ပဲ။ ဆေးအလုံးငါးဆယ်ကို တစ်ခါတည်းသောက်တာဟာ
ဆေးမှားသောက်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို သတ်သေတာပါလို့
ပြောလာကြတယ်။ သူ့ဇနီးလပ်ဗ်က “သူအခုလို ကြမ်းပြင်ပေါ် ဆန့်ဆန့်ကြီး
ဖြစ်နေတာမျိုး နောက်ထပ် မကြုံပါရစေနဲ့တော့” လို့ ဆုတောင်းတယ်။
ဒါပေမဲ့ သူ့ဆုတောင်း မပြည့်ရှာပါဘူး။ ဆီယက်တဲလ်ကို ပြန်ရောက်တာနဲ့
လပ်ဗ်ဟာ ရဲဌာနကို အကူအညီတောင်းရပြီလေ။
ကိုဘိန်းဟာ အခန်းထဲမှာ သေနတ်တွေနဲ့အတူ ပိတ်ပြီးနေတယ်။
ရဲတွေရောက်လာပြီး သေနတ်တွေ သိမ်းတယ်။ သေနတ်လေးလက်တောင်
ရှိတယ်။ တစ်လက်က ARIS မောင်းပြန်တစ်ပိုင်း သေနတ်တဲ့လေ။
ကိုဘိန်းဟာ မသေမှီ ၂ ပတ်လောက်တုန်းက သူ့ဇနီးနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက
ဝိုင်းဖိအားပေးလို့ ဆေးရုံတက်ပြီး ဆေးဖြတ်သေးတယ်။ တစ်ပတ်ကြာတော့
ဆေးရုံက ထွက်ပြေးပြီး တစ်ခါတည်း ပျောက်သွားတယ်။ သူတို့နေဖို့
ဝယ်ထားတဲ့ အိမ်ကလေးကို သွားရှာတော့လည်း မတွေ့ဘူးတဲ့။
ဒါပေမဲ့ သူ့ကို အဲဒီအိမ်ကလေးမှာပဲ ပြန်တွေ့တာပါ။ သူပျောက်သွားပြီး
တစ်ပတ်လောက်ကြာတော့ အဲဒီအိမ်ကလေးကို လျှပ်စစ်အလုပ်သမားတစ်ဦး
ရောက်သွားတယ်။ အိမ်ပိတ်ထားလို့ အပြင်ကနေ ပတ်ပြီး ကြည့်တယ်တဲ့။
ပြတင်းပေါက်တစ်ခုကနေ လူတစ်ယောက် ကြမ်းပြင်ပေါ်လဲနေတာကို
တွေ့သတဲ့။ ရဲတွေရောက်လာပြီး အိမ်ထဲကို ဝင်ကြည့်တဲ့အခါ လဲနေသူက
ကိုဘိန်း ဖြစ်နေတယ်။ နားထင်ကသွေးတွေ စီးကျနေတယ်။ လက်မှာလည်း
သေနတ်တစ်လက် ကိုင်ထားသတဲ့။ အသက်ကတော့ မရှိရှာတော့ဘူး။
သူ့ဘေးကကောင်တာ တစ်ခုပေါ်မှာတော့ သူ့ဇနီးလပ်ဗ်နဲ့ သမီးဘင်းလေးအတွက်
စာလေးနှစ်ကြောင်း မင်နီနဲ့ ခြစ်ထားသတဲ့။ မင်းကို ကိုယ်ချစ်တယ်၊ မင်းကို
ကိုယ်ချစ်တယ်ဆိုတဲ့ သေတမ်း စာကလေးပဲပေါ့။ သူသေတာ ၁၉၉၄ ခု
ဧပြီလဆိုတော့ အသက် ၂၇ နှစ်ပဲ ရှိဦးမှာပါ။
ဒီသတင်းကို ကြားကြတဲ့အခါ သူ့ကိုချစ်တဲ့ လူငယ်ပရိသတ် သန်းပေါင်းများစွာဟာ
ထိတ်လန့်တုန်လှုပ် သွားကြတယ်။ MTV ကလည်း ဝမ်းနည်းတဲ့အထိမ်းအမှတ်
အစီအစဉ် အရှည်ကြီးတစ်ခုလွှင့်တယ်။ သမ္မတ ဂျွန်အက်ဖ်ကင်နေဒီ ကွယ်လွန်တုန်းက
အစီအစဉ်လို အရှည်ကြီး လွှင့်တာပါ။
ကတ်ကိုဘိန်းဟာ နီယာဗားနားအဖွဲ့ သိပ်အောင်မြင်သွားတာကို တွေ့ရတော့ အတော်ကြီး
အံ့သြခဲ့တယ်။ သူသီခဲ့တဲ့တေးတွေက ပုဂ္ဂိုလ်ရေး သိပ်ဆန်တာ။ ဒါတောင် လူတွေက
သဘောကျကြသတဲ့။ သူသီဆိုနေတာကိုကြည့်ရင် သူ့အသံဟာ မာန်ဖီနေသံပေါက်နေတယ်။
ကြောက်စရာကောင်းနေတယ်။ တီးတဲ့ဂီတာသံတို့ ဒရမ်သံတို့ကလည်း အံကြိတ်သံ
မိုးကြိုးသံတွေ ဖြစ်နေတယ်။ ဒေါသတွေကနေပြီး တူးခါးတဲ့အမုန်းတွေဖြစ်ရင်
ဖြစ်သွားတတ်တယ်။
လူငယ်တွေရဲ့ဒေါသတို့၊ လူငယ်တွေရဲ့ နတ္တိဝါဒတို့ဆိုတာ အကြောင်းအရာသစ်
မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ကိုဘိန်းဟာ အဲဒီ အဖန်တစ်ရာတေနေတဲ့
အကြောင်းအရာဟောင်းတွေကိုပဲ သူ့အနုပညာနဲ့ အသစ်ဖြစ်အောင်
လုပ်ယူတယ်လေ။ ရင်နှီးနေတဲ့အကြောင်းအရာဟာ သူ့ရဲ့  ပါရမီနဲ့
ပေါင်းဆုံပြီး လှပတဲ့အနုပညာပစ္စည်းတစ်ခု ဖြစ်သွားတဲ့သဘောပါ။
ကိုဘိန်းဟာ အများသူငါ ကြုံတွေ့နေတဲ့ ခံစားမှုကို ရော့ခ်ဂီတရဲ့ 
လမ်းသစ်တစ်ခုအဖြစ် ဖော်ထုတ်ခဲ့ပါတယ်။ သူဘာတွေ ရည်မှန်းထားတယ်ဆိုတာ
ဘယ်သူမှ မသိနိုင်ဘူးဆိုပြီး နံရံပေါ်မှာ သူရေးသွားခဲ့တယ်။
ဒါဟာ သူ့ကြွေးကြော်သံလား။
ဒါမှမဟုတ် သင်္ချိုင်းကမ္ပည်းစာတမ်းလား။
ပြီးတော့ သူ့ရည်မှန်းချက်ကရော ဘာလဲ။
ဒါတွေကိုရှာနေရင် သူ့ဆန္ဒနဲ့ ကိုက်ညီမယ်မထင်လို့
မရှာတော့ပါဘူး။
နေဦးဝေ
Ref : Time 14.4.94
Time 15.9.97
မေ၊ ၂၀၀၁
ဗြူတီမဂ္ဂဇင်း
#KoNaing
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။