ဂျိုကွမ်ဖီး - စက်ရုံအလုပ်သမလေးမှ ဘီလျံနာဖြစ်သွားတဲ့ တရုတ်အမျိုးသမီး
ဆင်းရဲတဲ့ တောသူမလေးတယောက်ဟာ အလယ်တန်းပညာသင်နေဆဲမှာ သူမရဲ့အဖေဟာ စက်ရုံမှာ မတော်တဆထိခိုက်မှုဖြစ်ပြီး မျက်စိ ၂ ဖက်လုံး ကောင်းကောင်းမမြင်ရတော့လို့ စက်ရုံအလုပ်ကထွက်လိုက်ရတယ်။ သူမလဲ ကျောင်းစရိတ် မတတ်နိုင်တော့လို့ ကျောင်းထွက်လိုက်ရတယ်။ အသက် ၁၆ နှစ်မှာ မြို့ပေါ်တက်ပြီး နာရီမှန်လုပ်တဲ့စက်ရုံတခုမှာ အနိမ့်ဆုံးအလုပ်သမလေးအဖြစ် အလုပ်လုပ်တယ်။ နေ့တိုင်း
နာရီပေါင်းများစွာ အလုပ်လုပ်ရပြီး တရက်လုပ်ခ တစ်ဒေါ်လာလေးပဲ ရတယ်။
စက်ရုံမှာ ရာထူးအဆင့်ဆင့် တိုးမြှင့်ခံရတယ်။ စက်ရုံညွန်ကြားရေးမှုးရာထူး
ကမ်းလှမ်းခံရချိန်မှာ အလုပ်ထွက်ပြီး နာရီမှန်လုပ်တဲ့
ကိုယ်ပိုင်စက်ရုံလေးတခု ထောင်လိုက်တယ်။ အဲဒီစက်ရုံလေးကနေ Lens Technology
ကုမ္ပဏီ ဖြစ်လာတယ်။
သူမရဲ့ Lens Technology ကုမ္ပဏီကနေ အနောက်နိုင်ငံက အီလက်ထရောနစ်ပစ္စည်းတွေအတွက်
screen မှန်တွေထုတ်လုပ်ပေးရင်းနဲ့ သူမဟာ ဘီလျံနာသူဋ္ဌေးတယောက်၊
တရုတ်နိုင်ငံမှာ အချမ်းသာဆုံး အမျိုးသမီးတယောက် ဖြစ်လာခဲ့တယ်။ သူမ အဲဒီလို
အောင်မြင်မှုရလာအောင် ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရ တယ်ဆိုတာကို ရေးပြပေးလိုက်ပါတယ်။
========================== =
“ကျမ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က Shenzen မြို့ ကို အလုပ်လုပ်ဖို့ ရောက်လာခဲ့တယ်။ အဲဒီတုံးက မြို့လို့သာ ပြောတာပါ။ ကျမတွေ့ရတာက လယ်ကွက်တွေချည်းပါပဲ။ လမ်းမီးတိုင်လဲ မရှိဘူး ကျမနဲ့ အလုပ်လုပ်ကြမဲ့ မိန်းကလေးအတော်များများဟာ Shaoguan ကနေ ထရပ်ကားတစီးပေါ်မှာ နာရီပေါင်း အတော်ကြာကြာစီးပြီးမှ ရောက်လာကြတာပါ။ Shenzen ကို ရောက်တော့ လမ်းမီးလဲမရှိ၊ မိုးကလဲ သဲကြီးမဲကြီး ရွာနေတယ်။ ကျမတို့ကို အလုပ်ပေးမဲ့ စက်ရုံက Shenzen တက္ကသိုလ်အနားမှာဆိုလို့ အဲဒီတက္ကသိုလ်ကို ကားပေါ်ကဆင်း မိုးရွာထဲမှာ ခမောက်ဆောင်း လမ်းလျှောက်ပြီး လိုက်ရှာရတယ်။ တက္ကသိုလ်ကျောင်းသားတယောက်က မှောင်မဲမဲတနေရာက စက်ရုံနေရာကို လိုက်ပြပေးတယ်။ စက်ရုံကလဲ သေးသေးလေးနဲ့ အိမ်ပျက်တခုနဲ့ တူနေပါတယ်။ ဆိုင်းဘုတ်လဲ မတပ်ထားတော့ စက်ရုံမှန်း မသိရပါဘူး။ ဒါပေမဲ့ အဲဒီစက်ရုံဟာ ကျမရဲ့ဘဝမှာ အောင်မြင်မှုရအောင် အစပြုပေးခဲ့တဲ့နေရာပါလားဆို တာ အဲဒီတုံးက မသိခဲ့ပါဘူး ရှင်”တဲ့။
အဲဒီစက်ရုံက နာရီမှန်တွေ ထုတ်လုပ်တာပါ။ စက်ရုံလို့သာ ပြောတာပါ၊ စက်နဲ့ လုပ်တာဆိုလို့ မှန်တွေကို နာရီအရွယ်ရအောင် စက်နဲ့ဖြတ်ပေးတာပဲ ရှိတယ်။ ကျန်တဲ့အဆင့်တွေကို လက်နဲ့ပဲ လုပ်ရတာပါ။ ဂျိုဟာ စက်ရုံမှာ အောက်ဆုံးအဆင့် စက်ရုံသမလေးအဖြစ်နဲ့ ဝင်လုပ်တယ်။ သူမဟာ လုပ်ခအဖြစ် တနေ့မှ အမေရိကန်တစ်ဒေါ်လာပဲ ရပါတယ်။ အလုပ်ကလဲ မနားတမ်း အကြာကြီးလုပ်ရသလို စိတ်ဝင်စားစရာလဲ မကောင်းဘူး။ သူမက “ကျမ မနက် ၈ နာရီကနေ ညသန်းခေါင်အထိ လုပ်ရတယ်။ တခါတလေများဆိုရင် မနက် ၂ နာရီအထိ လုပ်ရတယ်။ စက်ရုံမှာ အလှည့်ကျ ဆင်းရတာ မဟုတ်ပဲ ကျမတို့ အလုပ်သမတွေ ၁၅ ယောက်ပဲ နေ့တိုင်းလုပ်ကြရတယ်။ နောက်ပြီး လုပ်ရတဲ့အလုပ်ကလဲ တနေကုန် မှန်တွေကို လက်နဲ့ ပွတ်တိုက်သွေးပေးရတယ်။ ပေါလစ်တင်ပေးရတယ်။ နေ့တိုင်းဒါပဲ လုပ်နေရလို့ ကြာတော့ အရမ်းကို ငြီးငွေ့လာတယ်”လို့ ပြောပြတယ်။
၃ လအကြာမှာ ဂျိုဟာ ငြီးငွေ့လာတဲ့ဒဏ်ကို မခံနိုင်တော့လို့ စက်ရုံမှူးဆီကို အလုပ်နူတ်ထွက်စာ ရေးပြီး တင်လိုက်တယ်။ စာထဲမှာ သူမရဲ့အလုပ်ဟာငြီးငွေ့စရာကောင်းသလို
အလုပ်ချိန်ကလဲ အရမ်းရှည်ကြာလွန်းလို့ အလုပ်ထွက်ရပါတယ်လို့ အမှန်အတိုင်း
ပွင့်ပွင့်လင်းလင်း ရေးထားတယ်။ ဒီအလုပ်ဟာ သူမကို အတွေ့အကြုံရစေတဲ့အတွက်တော့
ကျေးဇူးတင်ပါတယ်တဲ့။ ဒါပေမဲ့ သူမအနေနဲ့ အတွေ့အကြုံသစ်ကို ရှာချင်လို့
နူတ်ထွက်ခွင့်ပြုပါလို့ စာအဆုံးမှာ ရေးထားတယ်။
စက်ရုံမှူးဟာ သူမရဲ့စာကို ဖတ်ပြီး အရမ်းသဘောကျသွားတယ်။ တောကတက်လာတဲ့ ကောင်မလေးတယောက်ရဲ့ စာအရေးအသားဟာ သိတ်ကောင်းလွန်းနေလို့ပါ။ စက်ရုံမှူးက ဂျိုကို သူတို့စက်ရုံဟာ မကြာခင်မှာ နည်းပညာအသစ်တွေနဲ့ ပြောင်းလဲလုပ်ကိုင်တော့မှာမို့ အလုပ်မထွက်ဖို့ တောင်းပန်ပြီး တခြားဋ္ဌါနကို ပြောင်းပေးလိုက်သလို မန်နေဂျာအဖြစ်လဲ ရာထူး တိုးပေးလိုက်တယ်။
သိတ်မကြာခင်မှာပဲ ဂျိုဟာ သူမရဲ့ အရည်အချင်းနဲ့ ကြိုးစားမှုကြောင့် ရာထူးအဆင့်ဆင့်တိုးမြှင့်ခံ ရတယ်။ စက်ရုံသေးလေးဟာလဲ စက်ရုံကြီးတရုံ ဖြစ်လာခဲ့တယ်။ နောက်ဆုံး စက်ရုံညွှန်ကြားရေးမှူးရာထူးေ ပးမယ်လို့
စက်ရုံက သူမကို ကမ်းလှမ်းတဲ့အချိန်မှာပဲ သူမ အလုပ်ထွက်လိုက်တယ်။
အဲဒီစက်ရုံမှာ လုပ်နေခဲ့တာ ၃ နှစ်အကြာမှာပါ။ သူမက ကိုယ်ပိုင်မှန်စက်ရုံတခု
ထူထောင်ချင်လို့ ပါ။ အဲဒါက ၁၉၉၃ ခုနှစ်၊ သူမ,အသက် ၂၂ နှစ်ပဲ ရှိပါသေးတယ်။
========================== =
၂၀၀၃ ခုနှစ်မှာပေါ့။ ဂျိုရဲ့ Lens Technology စက်ရုံကနေ နာရီမှန်တွေ ထုတ်လုပ်နေတုံးမှာပါ။ တနေ့ သူမဆီကို အမေရိကန်နိုင်ငံက Motorola တယ်လီဖုန်းကုမ္ပဏီကြီးရဲ့ အမှုဆောင်အရာရှိတယောက်က တယ်လီဖုန်း ဆက်ပြီး စကားပြောလာတယ်။ အစင်း၊ ခြစ်ရာတွေ မထင်နိုင်တဲ့အပြင် ဖုန်းထဲက စာတွေနဲ့ ရုပ်ပုံတွေကို ပီပီသသ ထွင်းဖေါက်မြင်နိုင်တဲ့ မှန်အကြည်မျိုး လုပ်ပေးနိုင်မလားတဲ့။ Motorola ရဲ့ နောက်ဆုံးထုတ်မဲ့ Razr V3 မိုဘိုင်းဖုန်းအတွက် ဖုန်း screen မှန်အဖြစ် သုံးဖို့ပါ။ Motorola က လူကလုပ်ပေးမယ်၊ မလုပ်ပေးဘူးဆိုတာကို ဖုန်းထဲကနေ ချက်ခြင်းအဖြေပေးပါတဲ့။ လုပ်ပေးမယ်ဆိုရင် လိုအပ်တဲ့ စက်ပစ္စည်းတွေပို့ ပေးပြီး ထုတ်လုပ်တဲ့နည်းပညာတွေကိုလဲ
သင်ပြပေးမယ်တဲ့။ တရုပ်ပြည်မှာ အလုပ်သမားခ အရမ်းဈေးသက်သာလို့
နိုင်ငံခြားကုမ္ပဏီတွေက လိုအပ်တဲ့ စက်ပစ္စည်းတွေပေးပြီး လာလုပ်ခိုင်းကျပါ။
ဂျိုက ကြာကြာမစဉ်းစားပဲ လုပ်ပေးမယ်လို့ Motorolaက လူကို ချက်ခြင်းအဖြေ
ပေးလိုက်တယ်။ တိုတိုပြောရရင် Motorola လိုချင်တဲ့ ဖုန်းscreenမှန်တွေ
ထုတ်လုပ်ဖြစ်သွားတယ်။ Razr V3 ဖုန်းကလဲ Motorola ရဲ့ ရောင်းအကောင်းဆုံး
မိုဘိုင်းဖုန်းဖြစ်လာခဲ့တယ် ။
မကြာခင်မှာပဲ တခြားတယ်လီဖုန်းကုမ္ပဏီတွေဖြ စ်ကြတဲ့
HTC, Nokiaနဲ့ Samsung တို့ကလဲ သူမရဲ့စက်ရုံကို ဖုန်းscreenမှန်တွေ
ထုတ်ပေးဖို့ အော်ဒါတွေ မှာလာကြတယ်။ ၂၀၀၇ ခုနှစ်မှာ Apple က iPhone
တွေစထုတ်တယ်။ iPhone မှာတပ်ထားတဲ့ လက်နဲပွတ်ရတဲ့ touch screen မှန်တွေဟာလဲ
ဂျိုရဲ့ Lens Technology က ထုတ်တာပါ။ သူမဟာ iPhoneရဲ့ screen မှန်တွေ
ထုတ်ပေးတာကြောင့် ငွေကြေးရေးအရ အရမ်းမြတ်ရုံမကပဲ အင်မတန်ပါးလွှာတဲ့
မှန်ပြားလေးတွေလုပ်တဲ့ အဆင့်မြင့်နည်းပညာကိုလဲ ရလိုက်တယ်။ ဒါကြောင့် Lens
Technology ကုမ္ပဏီဟာ တရုတ်နိုင်ငံက အဆင့်မြင့်နည်းပညာသုံးတဲ့ စက်ရုံတွေမှာ
စာရင်းဝင်သွားပါတယ်။ ကမ္ဘာမှာ အကြီးဆုံးဖြစ်ကြတဲ့ အီလက်ထရောနစ်
ပစ္စည်းထုတ်တဲ့ ကုမ္ပဏီကြီးတွေကလဲ သူမကို ဆက်သွယ်လာပြီး အလုပ်အပ်ကြတယ်။
မကြာခင်မှာပဲ ဂျိုရဲ့ Lens Technology ဟာ တရုတ်နိုင်ငံမှာ
အကြီးဆုံးမှန်လုပ်တဲ့ ကုမ္ပဏီတခု ဖြစ်လာခဲ့တယ်။ ၅ နှစ်အတွင်း မြို့ကြီး ၃
မြို့မှာ နောက်ထပ်စက်ရုံသစ်တွေ အများကြီး တည်နိုင်ခဲ့တယ်။
Lens Technology စက်ရုံဟာ ၂၄ နာရီ လည်ပတ်ပြီး လက်ရှိဝန်ထမ်းအင်အား ၇၅,၀၀၀ ရှိပါတယ်။ စက်ရုံကနေ ထုတ်လုပ်ပြီးတဲ့ မှန်တွေကို အမေရိကန်နိုင်ငံက Corning ကုမ္ပဏီကြီး၊ ဂျပန်နိုင်ငံက Asashi Glassကုမ္ပဏီကြီးတွေဆီကို နေ့စဉ် တန်ချိန်ပေါင်းများစွာ တင်ပို့နေရပါတယ်။ နောက်ပြီး အနောက်နိုင်ငံက Mobile Phones, Tablets, Notebook Computer, Camera စတဲ့ အီလက်ထရောနစ်ပစ္စည်းတွေအတွက် မှန်ပြားလေးတွေ ထုတ်လုပ်ပေးနေပါတယ်။
အဲဒီအီလက်ထရောနစ်ပစ္စည်းတွေမှာ သုံးတဲ့မှန်တွေဟာ အလွန်ပါးလွှာလို့ အဆင့်မြင့်နည်းပညာနဲ့ပဲ ထုတ်လုပ်နိုင်ပါတယ်။ မှန်ချပ်ကြီးကို လိုချင်တဲ့အရွယ်လေးတွေရအောင်
ဖြတ်ရတယ်။ ပြီးရင် လိုချင်တဲ့အထူအပါးရအောင် မှန်ကို သွေးပေးရတယ်။ ပြီးရင်
မှန်သားပြင်ကြည်လင်လာအောင် ပေါလစ်တင်ပေးရတယ်။ လိုတဲ့နေရာမှာ drill နဲ့
အပေါက်ဖေါက်ပေးရတယ်။ လိုချင်တဲ့အရွယ်အစား၊ အထူရရင်
ပိုတက်စီယမ်အိုင်းယင်းဆေးရည်ထဲမှာစိမ်၊
အခြောက်ခံပြီး မှန်ချပ်လေးတွေကို တောင့်တင်းအောင် လုပ်ပေးရတယ်။
နောက်ဆုံးအဆင့်အနေနဲ့ မှန်သားပြင်ပေါ်မှာ အစွန်း၊ ခြစ်ရာမထင်အောင်နဲ့
အလင်းမပြန်အောင် ဖလင်ပြားပါးပါးလေးတွေကို မှန်ပေါ်မှာ ကပ်ပေးရတယ်။
ဒါတွေအားလုံးကို လက်နဲ့လုပ်လို့ ရတာ မဟုတ်ပဲ ကွန်ပြူတာနဲ့ ထိန်းတဲ့
ခေတ်မီစက်ကြီးတွေသုံးပြီး ထုတ်လုပ်ရတာပါ။ ဂျိုဟာ အဲဒီမှန်လုပ်တဲ့
လုပ်ငန်းအဆင့်တိုင်းကို အသေးစိပ်နားလည်အောင် လုပ်ထားတယ်။
========================== =
ရှေ့လ ဇွန်လဆန်းမှာ ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေမဲ့ ကျနော့်ရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်တဲ့ "ဆင်းရဲနွံမှ ချမ်းသာဘုံသို့" ထဲက စာမြည်းအပိုင်းလေးပါ။ အပြည့်အစုံကိုတော့ စာအုပ်မှာ ဖတ်ကြည့်ကြပါ။
စာအုပ်က ငယ်စဉ်က ဆင်းရဲလွန်းလှပေမဲ့ ဘဝကို အရှုံးမပေးပဲ ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်းနဲ့ မီလျံနာ၊ ဘီလျံနာသူဋ္ဌေး ဖြစ်သွားကြသူ (၂၃) ယောက်ရဲ့ တကယ့်ဖြစ်ရပ်မှန် အကြောင်းတွေပါ။
ဒီစာအုပ်ကို ဖတ်ခြင်းဖြင့် ဆင်းရဲလို့၊ ဘွဲ့မရလို့ စိတ်ပျက်အားငယ်နေတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေသလို ကိုယ်ပိုင်စီးပွားရေးလုပ်ချ င်သူတွေ၊ လုပ်နေသူတွေအတွက် မီလျံနာ၊ ဘီလျံနာဖြစ်သွားသူတွေရဲ့ စိတ်ဓါတ်၊ ခံယူချက်နဲ့ သူတို့ရဲ့နည်းနာကောင်းတွေလဲ ရလာနိုင်ပါတယ်။
ဗန်းမော်သိန်းဖေ
၃၀-၀၅-၂၀၁၆
ဆင်းရဲတဲ့ တောသူမလေးတယောက်ဟာ အလယ်တန်းပညာသင်နေဆဲမှာ သူမရဲ့အဖေဟာ စက်ရုံမှာ မတော်တဆထိခိုက်မှုဖြစ်ပြီး မျက်စိ ၂ ဖက်လုံး ကောင်းကောင်းမမြင်ရတော့လို့
သူမရဲ့ Lens Technology ကုမ္ပဏီကနေ အနောက်နိုင်ငံက အီလက်ထရောနစ်ပစ္စည်းတွေအတွက်
==========================
“ကျမ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က Shenzen မြို့ ကို အလုပ်လုပ်ဖို့ ရောက်လာခဲ့တယ်။ အဲဒီတုံးက မြို့လို့သာ ပြောတာပါ။ ကျမတွေ့ရတာက လယ်ကွက်တွေချည်းပါပဲ။ လမ်းမီးတိုင်လဲ မရှိဘူး ကျမနဲ့ အလုပ်လုပ်ကြမဲ့ မိန်းကလေးအတော်များများဟာ Shaoguan ကနေ ထရပ်ကားတစီးပေါ်မှာ နာရီပေါင်း အတော်ကြာကြာစီးပြီးမှ ရောက်လာကြတာပါ။ Shenzen ကို ရောက်တော့ လမ်းမီးလဲမရှိ၊ မိုးကလဲ သဲကြီးမဲကြီး ရွာနေတယ်။ ကျမတို့ကို အလုပ်ပေးမဲ့ စက်ရုံက Shenzen တက္ကသိုလ်အနားမှာဆိုလို့ အဲဒီတက္ကသိုလ်ကို ကားပေါ်ကဆင်း မိုးရွာထဲမှာ ခမောက်ဆောင်း လမ်းလျှောက်ပြီး လိုက်ရှာရတယ်။ တက္ကသိုလ်ကျောင်းသားတယောက်က မှောင်မဲမဲတနေရာက စက်ရုံနေရာကို လိုက်ပြပေးတယ်။ စက်ရုံကလဲ သေးသေးလေးနဲ့ အိမ်ပျက်တခုနဲ့ တူနေပါတယ်။ ဆိုင်းဘုတ်လဲ မတပ်ထားတော့ စက်ရုံမှန်း မသိရပါဘူး။ ဒါပေမဲ့ အဲဒီစက်ရုံဟာ ကျမရဲ့ဘဝမှာ အောင်မြင်မှုရအောင် အစပြုပေးခဲ့တဲ့နေရာပါလားဆို
အဲဒီစက်ရုံက နာရီမှန်တွေ ထုတ်လုပ်တာပါ။ စက်ရုံလို့သာ ပြောတာပါ၊ စက်နဲ့ လုပ်တာဆိုလို့ မှန်တွေကို နာရီအရွယ်ရအောင် စက်နဲ့ဖြတ်ပေးတာပဲ ရှိတယ်။ ကျန်တဲ့အဆင့်တွေကို လက်နဲ့ပဲ လုပ်ရတာပါ။ ဂျိုဟာ စက်ရုံမှာ အောက်ဆုံးအဆင့် စက်ရုံသမလေးအဖြစ်နဲ့ ဝင်လုပ်တယ်။ သူမဟာ လုပ်ခအဖြစ် တနေ့မှ အမေရိကန်တစ်ဒေါ်လာပဲ ရပါတယ်။ အလုပ်ကလဲ မနားတမ်း အကြာကြီးလုပ်ရသလို စိတ်ဝင်စားစရာလဲ မကောင်းဘူး။ သူမက “ကျမ မနက် ၈ နာရီကနေ ညသန်းခေါင်အထိ လုပ်ရတယ်။ တခါတလေများဆိုရင် မနက် ၂ နာရီအထိ လုပ်ရတယ်။ စက်ရုံမှာ အလှည့်ကျ ဆင်းရတာ မဟုတ်ပဲ ကျမတို့ အလုပ်သမတွေ ၁၅ ယောက်ပဲ နေ့တိုင်းလုပ်ကြရတယ်။ နောက်ပြီး လုပ်ရတဲ့အလုပ်ကလဲ တနေကုန် မှန်တွေကို လက်နဲ့ ပွတ်တိုက်သွေးပေးရတယ်။ ပေါလစ်တင်ပေးရတယ်။ နေ့တိုင်းဒါပဲ လုပ်နေရလို့ ကြာတော့ အရမ်းကို ငြီးငွေ့လာတယ်”လို့ ပြောပြတယ်။
၃ လအကြာမှာ ဂျိုဟာ ငြီးငွေ့လာတဲ့ဒဏ်ကို မခံနိုင်တော့လို့ စက်ရုံမှူးဆီကို အလုပ်နူတ်ထွက်စာ ရေးပြီး တင်လိုက်တယ်။ စာထဲမှာ သူမရဲ့အလုပ်ဟာငြီးငွေ့စရာကေ
စက်ရုံမှူးဟာ သူမရဲ့စာကို ဖတ်ပြီး အရမ်းသဘောကျသွားတယ်။ တောကတက်လာတဲ့ ကောင်မလေးတယောက်ရဲ့ စာအရေးအသားဟာ သိတ်ကောင်းလွန်းနေလို့ပါ။ စက်ရုံမှူးက ဂျိုကို သူတို့စက်ရုံဟာ မကြာခင်မှာ နည်းပညာအသစ်တွေနဲ့ ပြောင်းလဲလုပ်ကိုင်တော့မှာမ
သိတ်မကြာခင်မှာပဲ ဂျိုဟာ သူမရဲ့ အရည်အချင်းနဲ့ ကြိုးစားမှုကြောင့် ရာထူးအဆင့်ဆင့်တိုးမြှင့်ခံ
==========================
၂၀၀၃ ခုနှစ်မှာပေါ့။ ဂျိုရဲ့ Lens Technology စက်ရုံကနေ နာရီမှန်တွေ ထုတ်လုပ်နေတုံးမှာပါ။ တနေ့ သူမဆီကို အမေရိကန်နိုင်ငံက Motorola တယ်လီဖုန်းကုမ္ပဏီကြီးရဲ့ အမှုဆောင်အရာရှိတယောက်က တယ်လီဖုန်း ဆက်ပြီး စကားပြောလာတယ်။ အစင်း၊ ခြစ်ရာတွေ မထင်နိုင်တဲ့အပြင် ဖုန်းထဲက စာတွေနဲ့ ရုပ်ပုံတွေကို ပီပီသသ ထွင်းဖေါက်မြင်နိုင်တဲ့ မှန်အကြည်မျိုး လုပ်ပေးနိုင်မလားတဲ့။ Motorola ရဲ့ နောက်ဆုံးထုတ်မဲ့ Razr V3 မိုဘိုင်းဖုန်းအတွက် ဖုန်း screen မှန်အဖြစ် သုံးဖို့ပါ။ Motorola က လူကလုပ်ပေးမယ်၊ မလုပ်ပေးဘူးဆိုတာကို ဖုန်းထဲကနေ ချက်ခြင်းအဖြေပေးပါတဲ့။ လုပ်ပေးမယ်ဆိုရင် လိုအပ်တဲ့ စက်ပစ္စည်းတွေပို့ ပေးပြီး ထုတ်လုပ်တဲ့နည်းပညာတွေကိုလဲ
မကြာခင်မှာပဲ တခြားတယ်လီဖုန်းကုမ္ပဏီတွေဖြ
Lens Technology စက်ရုံဟာ ၂၄ နာရီ လည်ပတ်ပြီး လက်ရှိဝန်ထမ်းအင်အား ၇၅,၀၀၀ ရှိပါတယ်။ စက်ရုံကနေ ထုတ်လုပ်ပြီးတဲ့ မှန်တွေကို အမေရိကန်နိုင်ငံက Corning ကုမ္ပဏီကြီး၊ ဂျပန်နိုင်ငံက Asashi Glassကုမ္ပဏီကြီးတွေဆီကို နေ့စဉ် တန်ချိန်ပေါင်းများစွာ တင်ပို့နေရပါတယ်။ နောက်ပြီး အနောက်နိုင်ငံက Mobile Phones, Tablets, Notebook Computer, Camera စတဲ့ အီလက်ထရောနစ်ပစ္စည်းတွေအတွက်
အဲဒီအီလက်ထရောနစ်ပစ္စည်းတွေမ
==========================
ရှေ့လ ဇွန်လဆန်းမှာ ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေမဲ့ ကျနော့်ရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်တဲ့ "ဆင်းရဲနွံမှ ချမ်းသာဘုံသို့" ထဲက စာမြည်းအပိုင်းလေးပါ။ အပြည့်အစုံကိုတော့ စာအုပ်မှာ ဖတ်ကြည့်ကြပါ။
စာအုပ်က ငယ်စဉ်က ဆင်းရဲလွန်းလှပေမဲ့ ဘဝကို အရှုံးမပေးပဲ ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်းနဲ့ မီလျံနာ၊ ဘီလျံနာသူဋ္ဌေး ဖြစ်သွားကြသူ (၂၃) ယောက်ရဲ့ တကယ့်ဖြစ်ရပ်မှန် အကြောင်းတွေပါ။
ဒီစာအုပ်ကို ဖတ်ခြင်းဖြင့် ဆင်းရဲလို့၊ ဘွဲ့မရလို့ စိတ်ပျက်အားငယ်နေတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေသလို ကိုယ်ပိုင်စီးပွားရေးလုပ်ချ
ဗန်းမော်သိန်းဖေ
၃၀-၀၅-၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။