Mission , Vision , Value
"လူသားအရင်းအမြစ်ကို ဖြစ်သလိုထားရင် သရက်သီးလိုဘဲ ဈေးမရပါဘူး။ ဂရုစိုက်ဖို့ လိုပါတယ်"
မြန်မာနိုင်ငံကနေ တစ်နှစ်ကို သရက်သီး US$ ၁၂ သန်းဖိုး လောက် ပြည်ပကို ပို့ ပြီး နိုင်ငံခြားငွေရတယ်လို့ဆိုတ ယ်။
အဲဒီလိုပို့တာရဲ့ ၈၅% က မန္တလေးတိုင်းက ဖြစ်ပြီး သရက်သီးတွေကို အရင်က ပြည်တွင်းစားကြရာက တရုတ်ပြည်ပို့ ဖြစ်တယ်။
အခု စင်္ကာပူထိပို့နေရပြီး မကြာခင် ဥရောပနဲ့ ဂျပန်ထိသွားမယ်လို့ သရက်သီး လုပ်ငန်းနဲ့ သမ္မတ SME ဆုရခဲ့တဲ့ Than Than Swe က ပြောဖူးတယ်။
အရင်က တရုတ်ပြည်ဘက် ပို့တော့ တစ်တန်ကို US$ ၁၅၀ လောက်ရရာက စင်္ကာပူပို့တော့ US$၈၀၀ ကျော်ထိရတယ်လို့ ဆိုတယ်။
ဂျပန်နဲ့ ဥရောပဈေးကွက်က ပိုရနိုင်လို့ ကြိုးစားနေကြကြောင်းလဲပြောတ ယ်။
အရင်က ပြည်တွင်းဘဲရောင်းတုန်းက အဲဒီလောက်မရဘူးဆိုတဲ့သဘောပေါ့။
တွေးကြည့်ရင် ပြည်တွင်းမှာလဲ ထွက်တဲ့နေရာဒေသ အလိုက် ဈေးမတူသလို သရက်မျိုးတွေ အရည်အသွေးတွေအရလည်း ဈေးတူမှာမဟုတ်ဘူး။
မန္တလေးမြို့ထဲတောင် တရုတ်တန်းဈေးမှာ ဈေးပိုကြီးတယ်။ အလုံးပိုလှတယ်။
နောက်ဈေးချိုဘက်ကျ အဲဒီထက်နဲနဲလျော့ပြီး ရွာဟိုင်းဈေး(မန်းမြို့ဈေး) လို၊ ဘုရားကြီးဈေးတို့ လိုမှာ ပိုသက်သာတာတွေ့ရတယ်။
သရက်ထွက်တဲ့ ရွာတွေကလည်း ပြည်ပပို့ တဲ့ ပြည်တွင်းဖြန့်တဲ့ ဒိုင်တွေဆီကို ပို့ကြတော့ သူတို့ ကောက်ဈေး သယ်ယူခနဲ့ ဒေသပေါ် အသီးအပေါ်မူတည်ပြီး မူရင်းထွက်တဲ့ ဒေသဈေးရကြတယ်။
သရက်သီး industry မှာပေါ့။
နောက်တစ်ခုက တရုတ်ပြည်ပို့တဲ့ ၁၅၀တန်အသီးကို စင်္ကာပူက၈၀၀ ပေးဝယ်တာမဟုတ်ဘူး။
၈၀၀ နဲ့ရောင်းလို့ ရတဲ့ အဆင့်ရောက်အောင် စိုက်တဲ့ သူတွေ က အပင်ပေါ်ကတည်းက အစွပ်စွပ်ကြရတယ်။
ပိုးသတ်ဆေးသတိထားသုံးရတယ်။
စားရိတ်ပိုသုံးပြီး ကောင်းအောင်လုပ်ယူခဲ့ကြရတယ် ။
တရုတ်ပြည် ပို့တော့လည်း ၁၅၀ ရဖို့ လမ်းမှာ သယ်တာကအစ ပြည်တွင်းလို ပို့မရဘူး ပြင်ဆင်ရတယ်။ အလုံး အုပ်စုခွဲရတယ်။
ပြည်တွင်းထက် ပိုရလို့ တရုတ်ပြည်ပို့ကြတာလေ။
တကယ်လို့ ဂျပန် ကြိုက်အောင် လုပ်ပေးနိုင်ရင် ဂျပန်ပေးတဲ့ ပိုမြင့်တဲ့ဈေးရမယ်လို့ဆြို ပီး ကြိုးစားကြတယ်။
ဒါကတော့ အသီးတွေအများကြီးထဲက ပြည်ပပို့တဲ့ ပြည်တွင်းစားတဲ့ ထဲက သရက်သီး ဆိုတာ ကို ဘဲ ပြောတာပါ။
အခြား အသီးတွေလည်း ဒီလိုနေမှာပါဘဲ။
ပြောချင်တာက အသီးဈေးကွက်မဟုတ်ပါဘူး။
ကျွန်တော်တို့ ဆီက လုပ်သားဈေးကွက် လုပ်အားဈေးကွက် လူ့အရင်းအမြစ်ဈေးကွက်ပါ။
လူတစ်ယောက် အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ဘယ်လောက်ရမလဲဆိုတာ က သူစားသောက်နေထိုင်တဲ့ အပေါ်မူတည်ပြီးသူလုပ်နိုင်တယ်ဆိုပေမဲ့ သူကို ခန့်မည့်သူက သူဆီက ရတဲ့ အရာပေါ်တွက်ပြီး ပေးပါတယ်။
သူလုပ်နိုင်တဲ့ အပေါ် သူကို အားကိုးနိုင်မဲ့ အပေါ် မူတည်ပြီး သူရပါတယ်။
သရက်သီးက မြန်မာတစ်နိင်ငံထဲက ထွက်တာမဟုတ်လို့ သရက်သီးဈေးကွက်မှာ ပြည်ပနဲ့ပြိုင်ပြီး အရည်အသွေးနဲ့ ဈေးနှုံးဖြစ်သလို အခြားအရာတွေမှာလည်းတူတူပါဘဲ ။
ကိုယ့်ဆီက သူတွေက ဘယ်လောက်စွမ်းသလဲက သူတို့ ရနိုင်တဲ့တန်ဘိုးပါ။
ဒီတော့ သရက်သီးကို ဈေးကောင်းရဖို့
- အပင်မှာ အသီးကို အအုပ် စွပ်တာ၊
- အပင်နဲ့ အသီးကို ဂရုစိုက်မွေးတာ၊
- ခူးပြီးတဲ့နောက်လည်း သေချာ ဆေးကြောထုတ်ပိုးတာ၊
- အပင်ကိုလည်းဂရုပြုရတာတွေ လုပ်မှဘဲ ဈေးပိုရတဲ့ အသီးဖြစ်သလို လူသားအရင်းအမြစ်တွေကို လည်း တန်းဘိုးကောင်းကောင်းရစေဖို့  ပညာသင်ပေးဖို့ စည်းကမ်းလေ့ကျင့်ပေးဖို့ အသိပညာ ကျွမ်းကျင်မှုတွေထည့်ပေးဖို့  ပေါင်းသင်သလို၊ မလိုတာတွေ စရိုက်ဆိုးတွေ ခိုးတတ် ခိုတတ် တာတွေ ကင်းစေဖို့ သင်ကြားလေ့ကျင့်တာတွေလိုပါတ ယ်။
လူသားအရင်းအမြစ်ကို ဖြစ်သလိုထားရင် သရက်သီးလိုဘဲ ဈေးမရပါဘူး။ ဂရုစိုက်ဖို့ လိုပါတယ်။
ဒီတော့ တိုင်းပြည် တကယ် တက်လာဖို့ အတွက် က လူတစ်ဦးချင်းတွေရဲ့ တန်ဘိုးတက်လာဖို့ လိုပါတယ်။
ဒီအတွက် ရင်းနှီးမြုတ်နှံရပါတယ်။
တကယ်တော့ ပညာရေးအသုံးစားရိတ် ကျန်းမာရေးအသုံးစားရိတ်ဆိုတာ ရင်းနှီးမြုတ်နှံမှု့တွေပါ။
လူကြားကောင်းအောင်လုပ်ပြရတဲ့  အလုပ်တွေမဟုတ်ပါဘူး။
- အတတ်ပညာတွေ သင်ပေးတာ
- အသိပညာတွေ ထည့်ပေးတာ၊
- စနစ်တွေ စည်းတွေနဲ့နေတတ်အောင်၊
- အဖွဲ့အစည်းနဲ့လုပ်တတ်အောင် လုပ်ပေးတာတွေမရှိဘဲနဲ့တော့ ကိုယ်လူမျိုးတွေ တန်ဖိုး မတက်ပါဘူး။
တန်ဖိုး နည်း တဲ့သူတွေ များတဲ့ နေရာမှာ တန်းတူရည်တူဒီမိုကရေစီတွေ တရားမျှတတဲ့ စနစ်တွေ ရှိနေရင်တောင် ကိုယ်က အညံ့ဆုံးဆိုရင် အောက်ဆုံးရောက်နေကြမှာပါဘဲ။
အထက်ရောက်နိုင်ဖို့ မွေးမြူယူကြရပါတယ် ။
ထွက်ချင်သလို ထွက်လာ ကောင်းတာသုံး မကောင်းတာလွတ်ပစ်ဆိုတဲ့ ပေါက်လွတ်ပဲစား တောရိုင်းက အပင်တွေလို ပညာရေးနဲ့ တော့ သရက်သီးဈေးမရသလို လူတန်ဘိုးတွေနည်းပြီး ဆင်းရဲနေကြဦးမှာပါဘဲ။
ဒီအတွက် အသိပညာ ရှိဖို့
- တကယ်တောက်ပြောင်အောင် မွေးထုတ်ပေးနိုင်မဲ့ပညာသင်ြ ကားမှု့စနစ်ရယ်၊
- အရည်အချင်းကို တကယ်ခွဲထုတ်ပေးနိုင်တဲ့ စာမေးပွဲနဲ့ ဘွဲလက်မှတ်စနစ်တွေရယ်၊
- တကယ် ငယ်ငယ်ကတည်းက အပတ်တကုတ် မခိုမကပ်ကြိုးစားတဲ့ ကျောင်းသားတွေရယ်
- Professional ဆန်ပြီး ကိုယ်အလုပ်ကို သိတဲ့ တတ်တဲ့ ဂုဏ်သိက္ခရှိတဲ့ ဆရာတွေ ရယ်လိုပါတယ်။
ဒီလိုဖြစ်ပြီး မှ ဈေးကွက်ဝင်ထုတ်ကုန်တွေထွက်လာမှာပါ။
အရင်လူတွေလည်း ဒီလိုလုပ်တာဘဲ ငါလဲဒါဘဲလုပ်တတ်သူတွေကို နေရာပေးနေကြသ၍တော့ အနာဂတ် ဘာမှမျှော်လင်းစရာမရှိပါဘူး ။
Vision နဲ့ Mission မရှိဘဲ မိုးခါးရေသောက် ရေစုန်မျှောတာကို ပပျောက်အောင် ဥပဒေစိုးမိုးမှု့နဲ့ ပန်းတိုင်ရောက်အောင် အရာရာ သတ္တိရှိရှိကိုင်နိုင်မဲ့ အမုန်းခံ ခေါင်းဆောင်တစ်ယောက် နဲ့ စွမ်ေးဆာင်ရည်တကယ်ရှိတဲ့ ရိုးသားတဲ့ အဖွဲ့အစည်း တွေကနေ မညှာမတာ ကိုင်တွယ်မှာကိုဘဲ မျှော်လင့်တောင့်တမိနေပါတော့ တယ်။
ဘာမှစကိုင်တာမတွေ့သေးသရွေ့ေ တာ့ အနာဂတ် တစ်နိုင်ငံလုံး ကောင်းစရာ ဘာမှမရှိသေးဘူးလို့ ဘဲ မြင်ပါတယ်။
Credit : Ye Myat Thu
"လူသားအရင်းအမြစ်ကို ဖြစ်သလိုထားရင် သရက်သီးလိုဘဲ ဈေးမရပါဘူး။ ဂရုစိုက်ဖို့ လိုပါတယ်"
မြန်မာနိုင်ငံကနေ တစ်နှစ်ကို သရက်သီး US$ ၁၂ သန်းဖိုး လောက် ပြည်ပကို ပို့ ပြီး နိုင်ငံခြားငွေရတယ်လို့ဆိုတ
အဲဒီလိုပို့တာရဲ့ ၈၅% က မန္တလေးတိုင်းက ဖြစ်ပြီး သရက်သီးတွေကို အရင်က ပြည်တွင်းစားကြရာက တရုတ်ပြည်ပို့ ဖြစ်တယ်။
အခု စင်္ကာပူထိပို့နေရပြီး မကြာခင် ဥရောပနဲ့ ဂျပန်ထိသွားမယ်လို့ သရက်သီး လုပ်ငန်းနဲ့ သမ္မတ SME ဆုရခဲ့တဲ့ Than Than Swe က ပြောဖူးတယ်။
အရင်က တရုတ်ပြည်ဘက် ပို့တော့ တစ်တန်ကို US$ ၁၅၀ လောက်ရရာက စင်္ကာပူပို့တော့ US$၈၀၀ ကျော်ထိရတယ်လို့ ဆိုတယ်။
ဂျပန်နဲ့ ဥရောပဈေးကွက်က ပိုရနိုင်လို့ ကြိုးစားနေကြကြောင်းလဲပြောတ
အရင်က ပြည်တွင်းဘဲရောင်းတုန်းက အဲဒီလောက်မရဘူးဆိုတဲ့သဘောပေ
တွေးကြည့်ရင် ပြည်တွင်းမှာလဲ ထွက်တဲ့နေရာဒေသ အလိုက် ဈေးမတူသလို သရက်မျိုးတွေ အရည်အသွေးတွေအရလည်း ဈေးတူမှာမဟုတ်ဘူး။
မန္တလေးမြို့ထဲတောင် တရုတ်တန်းဈေးမှာ ဈေးပိုကြီးတယ်။ အလုံးပိုလှတယ်။
နောက်ဈေးချိုဘက်ကျ အဲဒီထက်နဲနဲလျော့ပြီး ရွာဟိုင်းဈေး(မန်းမြို့ဈေး)
သရက်ထွက်တဲ့ ရွာတွေကလည်း ပြည်ပပို့ တဲ့ ပြည်တွင်းဖြန့်တဲ့ ဒိုင်တွေဆီကို ပို့ကြတော့ သူတို့ ကောက်ဈေး သယ်ယူခနဲ့ ဒေသပေါ် အသီးအပေါ်မူတည်ပြီး မူရင်းထွက်တဲ့ ဒေသဈေးရကြတယ်။
သရက်သီး industry မှာပေါ့။
နောက်တစ်ခုက တရုတ်ပြည်ပို့တဲ့ ၁၅၀တန်အသီးကို စင်္ကာပူက၈၀၀ ပေးဝယ်တာမဟုတ်ဘူး။
၈၀၀ နဲ့ရောင်းလို့ ရတဲ့ အဆင့်ရောက်အောင် စိုက်တဲ့ သူတွေ က အပင်ပေါ်ကတည်းက အစွပ်စွပ်ကြရတယ်။
ပိုးသတ်ဆေးသတိထားသုံးရတယ်။
စားရိတ်ပိုသုံးပြီး ကောင်းအောင်လုပ်ယူခဲ့ကြရတယ်
တရုတ်ပြည် ပို့တော့လည်း ၁၅၀ ရဖို့ လမ်းမှာ သယ်တာကအစ ပြည်တွင်းလို ပို့မရဘူး ပြင်ဆင်ရတယ်။ အလုံး အုပ်စုခွဲရတယ်။
ပြည်တွင်းထက် ပိုရလို့ တရုတ်ပြည်ပို့ကြတာလေ။
တကယ်လို့ ဂျပန် ကြိုက်အောင် လုပ်ပေးနိုင်ရင် ဂျပန်ပေးတဲ့ ပိုမြင့်တဲ့ဈေးရမယ်လို့ဆြို
ဒါကတော့ အသီးတွေအများကြီးထဲက ပြည်ပပို့တဲ့ ပြည်တွင်းစားတဲ့ ထဲက သရက်သီး ဆိုတာ ကို ဘဲ ပြောတာပါ။
အခြား အသီးတွေလည်း ဒီလိုနေမှာပါဘဲ။
ပြောချင်တာက အသီးဈေးကွက်မဟုတ်ပါဘူး။
ကျွန်တော်တို့ ဆီက လုပ်သားဈေးကွက် လုပ်အားဈေးကွက် လူ့အရင်းအမြစ်ဈေးကွက်ပါ။
လူတစ်ယောက် အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ဘယ်လောက်ရမလဲဆိုတာ က သူစားသောက်နေထိုင်တဲ့ အပေါ်မူတည်ပြီးသူလုပ်နိုင်တယ
သူလုပ်နိုင်တဲ့ အပေါ် သူကို အားကိုးနိုင်မဲ့ အပေါ် မူတည်ပြီး သူရပါတယ်။
သရက်သီးက မြန်မာတစ်နိင်ငံထဲက ထွက်တာမဟုတ်လို့ သရက်သီးဈေးကွက်မှာ ပြည်ပနဲ့ပြိုင်ပြီး အရည်အသွေးနဲ့ ဈေးနှုံးဖြစ်သလို အခြားအရာတွေမှာလည်းတူတူပါဘဲ
ကိုယ့်ဆီက သူတွေက ဘယ်လောက်စွမ်းသလဲက သူတို့ ရနိုင်တဲ့တန်ဘိုးပါ။
ဒီတော့ သရက်သီးကို ဈေးကောင်းရဖို့
- အပင်မှာ အသီးကို အအုပ် စွပ်တာ၊
- အပင်နဲ့ အသီးကို ဂရုစိုက်မွေးတာ၊
- ခူးပြီးတဲ့နောက်လည်း သေချာ ဆေးကြောထုတ်ပိုးတာ၊
- အပင်ကိုလည်းဂရုပြုရတာတွေ လုပ်မှဘဲ ဈေးပိုရတဲ့ အသီးဖြစ်သလို လူသားအရင်းအမြစ်တွေကို လည်း တန်းဘိုးကောင်းကောင်းရစေဖို
လူသားအရင်းအမြစ်ကို ဖြစ်သလိုထားရင် သရက်သီးလိုဘဲ ဈေးမရပါဘူး။ ဂရုစိုက်ဖို့ လိုပါတယ်။
ဒီတော့ တိုင်းပြည် တကယ် တက်လာဖို့ အတွက် က လူတစ်ဦးချင်းတွေရဲ့ တန်ဘိုးတက်လာဖို့ လိုပါတယ်။
ဒီအတွက် ရင်းနှီးမြုတ်နှံရပါတယ်။
တကယ်တော့ ပညာရေးအသုံးစားရိတ် ကျန်းမာရေးအသုံးစားရိတ်ဆိုတ
လူကြားကောင်းအောင်လုပ်ပြရတဲ
- အတတ်ပညာတွေ သင်ပေးတာ
- အသိပညာတွေ ထည့်ပေးတာ၊
- စနစ်တွေ စည်းတွေနဲ့နေတတ်အောင်၊
- အဖွဲ့အစည်းနဲ့လုပ်တတ်အောင် လုပ်ပေးတာတွေမရှိဘဲနဲ့တော့ ကိုယ်လူမျိုးတွေ တန်ဖိုး မတက်ပါဘူး။
တန်ဖိုး နည်း တဲ့သူတွေ များတဲ့ နေရာမှာ တန်းတူရည်တူဒီမိုကရေစီတွေ တရားမျှတတဲ့ စနစ်တွေ ရှိနေရင်တောင် ကိုယ်က အညံ့ဆုံးဆိုရင် အောက်ဆုံးရောက်နေကြမှာပါဘဲ။
အထက်ရောက်နိုင်ဖို့ မွေးမြူယူကြရပါတယ် ။
ထွက်ချင်သလို ထွက်လာ ကောင်းတာသုံး မကောင်းတာလွတ်ပစ်ဆိုတဲ့ ပေါက်လွတ်ပဲစား တောရိုင်းက အပင်တွေလို ပညာရေးနဲ့ တော့ သရက်သီးဈေးမရသလို လူတန်ဘိုးတွေနည်းပြီး ဆင်းရဲနေကြဦးမှာပါဘဲ။
ဒီအတွက် အသိပညာ ရှိဖို့
- တကယ်တောက်ပြောင်အောင် မွေးထုတ်ပေးနိုင်မဲ့ပညာသင်ြ
- အရည်အချင်းကို တကယ်ခွဲထုတ်ပေးနိုင်တဲ့ စာမေးပွဲနဲ့ ဘွဲလက်မှတ်စနစ်တွေရယ်၊
- တကယ် ငယ်ငယ်ကတည်းက အပတ်တကုတ် မခိုမကပ်ကြိုးစားတဲ့ ကျောင်းသားတွေရယ်
- Professional ဆန်ပြီး ကိုယ်အလုပ်ကို သိတဲ့ တတ်တဲ့ ဂုဏ်သိက္ခရှိတဲ့ ဆရာတွေ ရယ်လိုပါတယ်။
ဒီလိုဖြစ်ပြီး မှ ဈေးကွက်ဝင်ထုတ်ကုန်တွေထွက်လ
အရင်လူတွေလည်း ဒီလိုလုပ်တာဘဲ ငါလဲဒါဘဲလုပ်တတ်သူတွေကို နေရာပေးနေကြသ၍တော့ အနာဂတ် ဘာမှမျှော်လင်းစရာမရှိပါဘူး
Vision နဲ့ Mission မရှိဘဲ မိုးခါးရေသောက် ရေစုန်မျှောတာကို ပပျောက်အောင် ဥပဒေစိုးမိုးမှု့နဲ့ ပန်းတိုင်ရောက်အောင် အရာရာ သတ္တိရှိရှိကိုင်နိုင်မဲ့ အမုန်းခံ ခေါင်းဆောင်တစ်ယောက် နဲ့ စွမ်ေးဆာင်ရည်တကယ်ရှိတဲ့ ရိုးသားတဲ့ အဖွဲ့အစည်း တွေကနေ မညှာမတာ ကိုင်တွယ်မှာကိုဘဲ မျှော်လင့်တောင့်တမိနေပါတော
ဘာမှစကိုင်တာမတွေ့သေးသရွေ့ေ
Credit : Ye Myat Thu
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။