အောင်မြင်တဲ့လူငယ်တစ်ယောက်ြ ဖစ်ဖို့ (၂)
အရည်အချင်းဖြည့်ပါ
လူတစ်ယောက် အောင်မြင်ဖို့ ဆိုတာ သူ့အလိုအလို ဖြစ်လာတာ မဟုတ်ပါဘူး၊ ကိုယ့်မှာ ရှိတဲ့ အစွမ်းအစ ကို အကောင်းဆုံး အသုံးချနိုင်မှသာ အောင်မြင်မှုလမ်းကို လှမ်းတက်နိုင်မှာပါ။ အောင်မြင်ချင်တဲ့ လူတစ်ယောက် သာမာန် တော်ရုံ၊ တတ်နေရုံနဲ့ မရနိုင်ပါဘူး၊ သူများထက် တော်နေ၊ တတ်နေ၊ ထက်မြက်နေ မှသာ အောင်မြင်မှာပါ။ ဒါကြောင့်မို့ အောင်မြင်ချင်တဲ့ လူငယ်တိုင်း အချိန်ရှိခိုက်မှာ အရည်အချင်းတွေ ဖြည့်ဖို့လိုအပ်ပါတယ်။ ဘာတွေဖြည့်ရမှာလဲ ? အချိန်တန် အရွယ်ရောက်လာတဲ့ အခါ လူတိုင်းဟာ ကိုယ်ကျွမ်းကျင်ရာ၊ ပျော်မွေ့ရာ နယ်ပယ် အသီးသီးမှာ အသက်မွေးကြမှာပါ။ ဒါဆို ကိုယ့်ဘဝကို ဘယ်လို အသက်မွေးမလဲ? ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ လေ့လာသင်ယူရမဲ့ အကြောင်းအရာတွေ ကွဲပြားသွားပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့ခေတ် ၂၁ရာစုမှာ အားလုံးအတွက် အခြေခံအကျဆုံး လိုအပ်တာကတော့ Professional Skill, Language Skill, ICT Skill နဲ့ Knowledge Skill တွေပါ။ Professional Skill အတွက် စတင်မပြင်ဆင်ခင်မှာ ကိုယ်က ဘယ်အတိုင်းအတာအထိ အောင်မြင် ချင်လဲ ? ဆိုတာကို အရင်သိအောင် လုပ်ပါ။ ဆိုလိုသည်မှာ လုပ်ငန်းခွင်မဝင်ခင် သူတစ်ယောက်ဆိုရင် နောက်ထပ် ဘယ်နှစ်နှစ်အတွင်းမှာ လုပ်ငန်းစဝင်ဖို့ ရည်ရွယ်ထားလဲ?၊ ဘယ်လောက်ရာထူးအထိ လိုချင်လဲ ? လစာဘယ်လောက် လိုချင်လဲ ? လုပ်ငန်းခွင်ထဲက သူများအဖို့လည်း အတူတူပါ၊ နောက်ဘယ်နှစ်နှစ် အတွင်းမှာ ဘယ်ရာထူးအထိ မှန်ထားလဲ ? ဝင်ငွေဘယ်လောက် ရချင်လဲ ဘယ်လောက် စုဖို့ ရည်ရွယ် ထားလဲ ? အစရှိတာကို အရင်ဆုံးစဉ်းစားရပါမယ်။ ဒါဆိုရင် ကိုယ်လိုချင်တဲ့ နေရာအတွက် လိုအပ်တဲ့ အရည်အချင်းတွေကို ဖြည့်တင်းရပါမယ်။ အရည်အချင်းတွေ ဖြည့်တဲ့အခါ သင်တန်းတွေ တက်ပြီး လက်မှတ်တွေ စုနေရုံ ဖြင့် မလုံလောက်ပါ၊ တကယ်တတ်ဖို့ လိုပါတယ်။ သင်တန်း တစ်ခုတက်ပြီးရင် ရလိုက်တာ အများစုက ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းလမ်း၊ တနည်းပြောရရင် Knowledge ကို ရလိုက်တာပါ၊ တကယ်တတ်မြောက်တဲ့ Skill ကို ရဖို့ဆိုရင် ဘယ်ပညာရပ်မဆို ထပ်ခါထပ်ခါ လေ့ကျင့်ဖို့ (Practice) လိုအပ်ပါတယ်။ ကိုယ့်ရဲ့ Skill ကို တိုးတက်ဖို့ အတွက် နေ့စဉ်လေ့ကျင့် နေရပါမယ်။ ဒီနေ့ခေတ် အချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တစ်ကိုယ်တည်း မဟုတ်တော့ဘဲ ကမ္ဘာ အသိုင်းအဝိုင်းထဲကို စဝင်နေပါပြီ၊ နိုင်ငံတကာနဲ့ ဆက်ဆံရေးတွေ စိတ်လာသလို နိုင်ငံတကာက လုပ်ငန်းတွေလည်း အတိုင်းအတာ တစ်ခုအထိ ဝင်ရောက်နေကြပြီး ဝင်ရောက်ဖို့ ပြင်ဆင်နေကြတဲ့ လုပ်ငန်းတွေလည်း အများကြီးပါ။ ကျွန်တော်တို့ လူငယ်တွေရဲ့ ယှဉ်ပြိုင်မှု နယ်ပယ်ဟာ ပြည်တွင်း (Local) အဆင့်သာမကတော့ဘဲ ကမ္ဘာကြီး (Global) အဆင့်ဖြစ်နေပါပြီ၊ အနည်းဆုံးတော့ ASEAN အဆင့်ကို ယှဉ်ကြရတော့မှာပါ။ အဲဒီအခါ ဘာသာစကား စွမ်းရည် (Language Skill) ဟာလည်း အရေးကြီးတဲ့ ကိစ္စဖြစ်လာပါတယ်။ အထူးသဖြင့် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ဖို့ လိုပါတယ်။ အင်္ဂလိပ်စာညံ့တယ်လို့ ပြောလို့ရတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံတောင်မှ ခုချိန်မှာ Educated Level ကလူတွေ မညံ့တော့တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ဆီမှာ ဆိုပါစို့ ဆရာဝန်၊ အင်ဂျင်နီယာ စတဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ Professional Skill ကောင်းကြပေမဲ့ သူတို့ အားလုံး Language Skill မကောင်းကြသေးပါ။ သာမာန်တတ်ရုံနဲ့ အဆင်မပြေပါ။ နိုင်ငံတကာ ဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေမှာ တကယ်ကို စနစ်တကျ ပြောနိုင်ဆိုနိုင်ဖို့ လိုပါတယ်။ ဘာသာစကားတစ်ခုကို ကျွမ်းကျင်ဖို့ ဆိုတာလည်း အလုပ်ဝင်ခါနီးမှ နိုင်ငံခြားသွားခါနီးမှ ခါတော်မှီ ဖုတ်ပူမီးတိုက် လေ့လာသင်ယူလို့ မဖြစ်နိုင်ပါ။ ဒါကြောင့်မို့ ခုကတည်းက အချိန်ယူ ပြင်ဆင်ကာ လေ့လာသင်ယူ လေ့ကျင့်ထားရပါမယ်။ ၂၁ ရာစု ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလို ဖြစ်နေပါပြီ၊ တစ်နေရာနဲ့ တစ်နေရာ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကို အချိန်မရွေး ဆက်သွယ်လို့ရနေပါပြီ၊ (အင်တာနက် connection ကျနေတဲ့ အချိန်က လွဲရင်ပေါ့၊ မကြာခင်တော့ မြန်လာတော့မှာပါ။) သတင်းနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု (ICT Skill) ကလည်း မရှိမဖြစ်အရေးကြီးပါတယ်။ လူငယ်တွေ တော်တော်များများ ကွန်ပြူတာနဲ့ အင်တာနက်ကို နေ့တိုင်းလိုလို သုံးနေကြပေမဲ့ တစ်ချို့က Official ကျကျ မသုံးတတ်ကြသေးပါ။ ဥပမာ - Mail တစ်စောင်မှာ သုံးရမဲ့ စာလုံးအရွယ်အစား၊ Subject ကို ဘယ်လိုရေး ရမယ်၊ Attach File အတွက် Mail မှာ level အညွှန်းဘယ်လိုပေးရမယ်၊ ဖိုင်အရွယ်အစား (File size) ကို ဘယ်လောက်ပဲ ထားပေးရမယ် ဆိုတဲ့ စနစ်တကျ သုံးရတဲ့ ပုံစံတွေကို မကျွမ်းကျင်ကြသေးတာကိုလည်း တွေ့ရပါတယ်။ လုပ်ငန်းအတွက်ပဲ ဖြစ်ဖြစ်၊ လေ့လာဖို့အတွက်ပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ Website တွေကို ကြည့်တဲ့အခါ သူတို့ရဲ့ Standard၊ Categories၊ Background တွေအလိုက် ဘယ်လောက်အထိ ခိုင်မာမှုရှိတယ် စတာတွေကိုလည်း နားလည်ဖို့လိုပါတယ်။ အင်တာနက်ကို အကျိုးရှိရှိ စနစ်တကျ အသုံးချတတ်ဖို့၊ အသုံးချနိုင်ဖို့လည်း လိုပါတယ်။ ကိုယ်ကျင်လည်ရာ နယ်ပယ်ထဲမှာပဲ ကိုယ့်ကိုကိုယ် ကျေနပ်နေလို့ မရပါ။ နယ်ပယ်အသီးသီးကို လက်လှမ်းမီနိုင်ဖို့၊ ကိုယ့်ကိုကိုယ် ထိန်းကျောင်း နိုင်ဖို့ ခေတ်နဲ့ အမှီလိုက်နိုင်ဖို့ အသိပညာ ဗဟုသုတ ပြည့်စုံဖို့လိုပါတယ်။ အသိပညာဗဟုသုတ ဖြည့်တင်းဖို့အတွက် စာဖတ်ရပါမယ်။ စာကြည့်တိုက်တွေက လောက်လောက်လားလား အားကိုးလို့ မရပေမဲ့ ဒီနေ့ခေတ်အချိန်မှာ အွန်လိုင်းပေါ်မှာလည်း စာဖတ်လို့ရနေပါတယ်။ စာအုပ်၊ စာပေတွေ တင်ပေးနေတဲ့ facebook page တွေ၊ blog တွေ၊ website တွေလည်း တော်တော်များများ ရှိနေပါတယ်။ စာဖတ်တဲ့အခါ သုတ၊ ရသ၊ သတင်း ဆိုပြီးတော့ အကြမ်းအားဖြင့် အုပ်စု ၃-ခု ခွဲလို့ရပါတယ်။ သုံးခုလုံးကို အချိုးမျှတအောင် ဖတ်ဖို့လိုပါတယ်။ ရှေ့က ဖြတ်သန်းခဲ့ ကြတဲ့သူတွေရဲ့ နှစ်ပေါင်းများစွာ ဘဝအတွေ့အကြုံ အတွေးအခေါ်တွေကို စာထဲက ကျွန်တော်တို့ ရနိုင်ပါတယ်။ ဖတ်လို့ရလိုက်တဲ့ အသိကို လက်တွေ့ အသုံးချနိုင်အောင်လည်း ကြိုးစား ရပါမယ်။ အခုပြောလိုက်တဲ့ အချက် ၄-ချက်လုံးကို ဖြည့်တင်းတဲ့အခါ တစ်ထိုင်တည်းနဲ့ တစ်ပြိုင်တည်း မရနိုင်ပါ။ အားလုံးအတွက် အချိန်ယူရပါမယ်၊ နောက်တစ်ချက်က ပိုက်ဆံကုန်ပါမယ်။ ဒါဆိုရင် မနက်မိုးလင်း မျက်စိနှစ်လုံးဖွင့်ကတည်းက မျက်စိနှစ်လုံး ပြန်မှိတ်လို့ အိပ်တဲ့အချိန်အထိ လျှောက်နေတဲ့ ခြေလှမ်းတိုင်းဟာ အချိန်နဲ့ ငွေကို ရင်းပြီး လျှောက်လှမ်းနေတာကို သတိထားရပါမယ်။ နောက်တစ်ချက်က ဘယ်အရာမှ လွယ်လွယ်မရနိုင်ပါ၊ လျှောက်လှမ်းတဲ့ လမ်းတစ်လျှောက်မှာ မမြင်နိုင်တဲ့ အခက်အခဲတွေ တွေ့နိုင်ပါတယ်။ အခက်အခဲဆိုတာ ကိုယ်တစ်ယောက် တည်း ကြုံရတာမဟုတ်ပါဘူး လူတိုင်းကြုံတွေ့ နေရတယ်လို့ နှလုံးသွင်းနိုင် ရပါမယ်။ အောင်မြင်မှု တစ်ခုကို လူတိုင်းရနိုင်ပါတယ်၊ အရေးကြီးတာက အဲဒီနေရာကို မရောက်မခြင်း ဘယ်လို အခက်အခဲပဲ ကြုံလာပါစေ မဆုတ်မနစ် ရောက်အောင် လျှောက်နိုင်တဲ့ ဇွဲ လိုပါတယ်။ “ လူငယ်တိုင်း ရည်သန်ရာ ပန်းတိုင်ကို မဆုတ်မနစ် လျှောက်လှမ်းကာ အောင်မြင်နိုင်ပါစေ …… ” အောင်ကိုကို(အမ်း) -------------------------- -------------------------- ----------- — at Acuity English Language Centre.
အရည်အချင်းဖြည့်ပါ
လူတစ်ယောက် အောင်မြင်ဖို့ ဆိုတာ သူ့အလိုအလို ဖြစ်လာတာ မဟုတ်ပါဘူး၊ ကိုယ့်မှာ ရှိတဲ့ အစွမ်းအစ ကို အကောင်းဆုံး အသုံးချနိုင်မှသာ အောင်မြင်မှုလမ်းကို လှမ်းတက်နိုင်မှာပါ။ အောင်မြင်ချင်တဲ့ လူတစ်ယောက် သာမာန် တော်ရုံ၊ တတ်နေရုံနဲ့ မရနိုင်ပါဘူး၊ သူများထက် တော်နေ၊ တတ်နေ၊ ထက်မြက်နေ မှသာ အောင်မြင်မှာပါ။ ဒါကြောင့်မို့ အောင်မြင်ချင်တဲ့ လူငယ်တိုင်း အချိန်ရှိခိုက်မှာ အရည်အချင်းတွေ ဖြည့်ဖို့လိုအပ်ပါတယ်။ ဘာတွေဖြည့်ရမှာလဲ ? အချိန်တန် အရွယ်ရောက်လာတဲ့ အခါ လူတိုင်းဟာ ကိုယ်ကျွမ်းကျင်ရာ၊ ပျော်မွေ့ရာ နယ်ပယ် အသီးသီးမှာ အသက်မွေးကြမှာပါ။ ဒါဆို ကိုယ့်ဘဝကို ဘယ်လို အသက်မွေးမလဲ? ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ လေ့လာသင်ယူရမဲ့ အကြောင်းအရာတွေ ကွဲပြားသွားပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့ခေတ် ၂၁ရာစုမှာ အားလုံးအတွက် အခြေခံအကျဆုံး လိုအပ်တာကတော့ Professional Skill, Language Skill, ICT Skill နဲ့ Knowledge Skill တွေပါ။ Professional Skill အတွက် စတင်မပြင်ဆင်ခင်မှာ ကိုယ်က ဘယ်အတိုင်းအတာအထိ အောင်မြင် ချင်လဲ ? ဆိုတာကို အရင်သိအောင် လုပ်ပါ။ ဆိုလိုသည်မှာ လုပ်ငန်းခွင်မဝင်ခင် သူတစ်ယောက်ဆိုရင် နောက်ထပ် ဘယ်နှစ်နှစ်အတွင်းမှာ လုပ်ငန်းစဝင်ဖို့ ရည်ရွယ်ထားလဲ?၊ ဘယ်လောက်ရာထူးအထိ လိုချင်လဲ ? လစာဘယ်လောက် လိုချင်လဲ ? လုပ်ငန်းခွင်ထဲက သူများအဖို့လည်း အတူတူပါ၊ နောက်ဘယ်နှစ်နှစ် အတွင်းမှာ ဘယ်ရာထူးအထိ မှန်ထားလဲ ? ဝင်ငွေဘယ်လောက် ရချင်လဲ ဘယ်လောက် စုဖို့ ရည်ရွယ် ထားလဲ ? အစရှိတာကို အရင်ဆုံးစဉ်းစားရပါမယ်။ ဒါဆိုရင် ကိုယ်လိုချင်တဲ့ နေရာအတွက် လိုအပ်တဲ့ အရည်အချင်းတွေကို ဖြည့်တင်းရပါမယ်။ အရည်အချင်းတွေ ဖြည့်တဲ့အခါ သင်တန်းတွေ တက်ပြီး လက်မှတ်တွေ စုနေရုံ ဖြင့် မလုံလောက်ပါ၊ တကယ်တတ်ဖို့ လိုပါတယ်။ သင်တန်း တစ်ခုတက်ပြီးရင် ရလိုက်တာ အများစုက ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းလမ်း၊ တနည်းပြောရရင် Knowledge ကို ရလိုက်တာပါ၊ တကယ်တတ်မြောက်တဲ့ Skill ကို ရဖို့ဆိုရင် ဘယ်ပညာရပ်မဆို ထပ်ခါထပ်ခါ လေ့ကျင့်ဖို့ (Practice) လိုအပ်ပါတယ်။ ကိုယ့်ရဲ့ Skill ကို တိုးတက်ဖို့ အတွက် နေ့စဉ်လေ့ကျင့် နေရပါမယ်။ ဒီနေ့ခေတ် အချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တစ်ကိုယ်တည်း မဟုတ်တော့ဘဲ ကမ္ဘာ အသိုင်းအဝိုင်းထဲကို စဝင်နေပါပြီ၊ နိုင်ငံတကာနဲ့ ဆက်ဆံရေးတွေ စိတ်လာသလို နိုင်ငံတကာက လုပ်ငန်းတွေလည်း အတိုင်းအတာ တစ်ခုအထိ ဝင်ရောက်နေကြပြီး ဝင်ရောက်ဖို့ ပြင်ဆင်နေကြတဲ့ လုပ်ငန်းတွေလည်း အများကြီးပါ။ ကျွန်တော်တို့ လူငယ်တွေရဲ့ ယှဉ်ပြိုင်မှု နယ်ပယ်ဟာ ပြည်တွင်း (Local) အဆင့်သာမကတော့ဘဲ ကမ္ဘာကြီး (Global) အဆင့်ဖြစ်နေပါပြီ၊ အနည်းဆုံးတော့ ASEAN အဆင့်ကို ယှဉ်ကြရတော့မှာပါ။ အဲဒီအခါ ဘာသာစကား စွမ်းရည် (Language Skill) ဟာလည်း အရေးကြီးတဲ့ ကိစ္စဖြစ်လာပါတယ်။ အထူးသဖြင့် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ဖို့ လိုပါတယ်။ အင်္ဂလိပ်စာညံ့တယ်လို့ ပြောလို့ရတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံတောင်မှ ခုချိန်မှာ Educated Level ကလူတွေ မညံ့တော့တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ ဆီမှာ ဆိုပါစို့ ဆရာဝန်၊ အင်ဂျင်နီယာ စတဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ Professional Skill ကောင်းကြပေမဲ့ သူတို့ အားလုံး Language Skill မကောင်းကြသေးပါ။ သာမာန်တတ်ရုံနဲ့ အဆင်မပြေပါ။ နိုင်ငံတကာ ဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေမှာ တကယ်ကို စနစ်တကျ ပြောနိုင်ဆိုနိုင်ဖို့ လိုပါတယ်။ ဘာသာစကားတစ်ခုကို ကျွမ်းကျင်ဖို့ ဆိုတာလည်း အလုပ်ဝင်ခါနီးမှ နိုင်ငံခြားသွားခါနီးမှ ခါတော်မှီ ဖုတ်ပူမီးတိုက် လေ့လာသင်ယူလို့ မဖြစ်နိုင်ပါ။ ဒါကြောင့်မို့ ခုကတည်းက အချိန်ယူ ပြင်ဆင်ကာ လေ့လာသင်ယူ လေ့ကျင့်ထားရပါမယ်။ ၂၁ ရာစု ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလို ဖြစ်နေပါပြီ၊ တစ်နေရာနဲ့ တစ်နေရာ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကို အချိန်မရွေး ဆက်သွယ်လို့ရနေပါပြီ၊ (အင်တာနက် connection ကျနေတဲ့ အချိန်က လွဲရင်ပေါ့၊ မကြာခင်တော့ မြန်လာတော့မှာပါ။) သတင်းနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု (ICT Skill) ကလည်း မရှိမဖြစ်အရေးကြီးပါတယ်။ လူငယ်တွေ တော်တော်များများ ကွန်ပြူတာနဲ့ အင်တာနက်ကို နေ့တိုင်းလိုလို သုံးနေကြပေမဲ့ တစ်ချို့က Official ကျကျ မသုံးတတ်ကြသေးပါ။ ဥပမာ - Mail တစ်စောင်မှာ သုံးရမဲ့ စာလုံးအရွယ်အစား၊ Subject ကို ဘယ်လိုရေး ရမယ်၊ Attach File အတွက် Mail မှာ level အညွှန်းဘယ်လိုပေးရမယ်၊ ဖိုင်အရွယ်အစား (File size) ကို ဘယ်လောက်ပဲ ထားပေးရမယ် ဆိုတဲ့ စနစ်တကျ သုံးရတဲ့ ပုံစံတွေကို မကျွမ်းကျင်ကြသေးတာကိုလည်း တွေ့ရပါတယ်။ လုပ်ငန်းအတွက်ပဲ ဖြစ်ဖြစ်၊ လေ့လာဖို့အတွက်ပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ Website တွေကို ကြည့်တဲ့အခါ သူတို့ရဲ့ Standard၊ Categories၊ Background တွေအလိုက် ဘယ်လောက်အထိ ခိုင်မာမှုရှိတယ် စတာတွေကိုလည်း နားလည်ဖို့လိုပါတယ်။ အင်တာနက်ကို အကျိုးရှိရှိ စနစ်တကျ အသုံးချတတ်ဖို့၊ အသုံးချနိုင်ဖို့လည်း လိုပါတယ်။ ကိုယ်ကျင်လည်ရာ နယ်ပယ်ထဲမှာပဲ ကိုယ့်ကိုကိုယ် ကျေနပ်နေလို့ မရပါ။ နယ်ပယ်အသီးသီးကို လက်လှမ်းမီနိုင်ဖို့၊ ကိုယ့်ကိုကိုယ် ထိန်းကျောင်း နိုင်ဖို့ ခေတ်နဲ့ အမှီလိုက်နိုင်ဖို့ အသိပညာ ဗဟုသုတ ပြည့်စုံဖို့လိုပါတယ်။ အသိပညာဗဟုသုတ ဖြည့်တင်းဖို့အတွက် စာဖတ်ရပါမယ်။ စာကြည့်တိုက်တွေက လောက်လောက်လားလား အားကိုးလို့ မရပေမဲ့ ဒီနေ့ခေတ်အချိန်မှာ အွန်လိုင်းပေါ်မှာလည်း စာဖတ်လို့ရနေပါတယ်။ စာအုပ်၊ စာပေတွေ တင်ပေးနေတဲ့ facebook page တွေ၊ blog တွေ၊ website တွေလည်း တော်တော်များများ ရှိနေပါတယ်။ စာဖတ်တဲ့အခါ သုတ၊ ရသ၊ သတင်း ဆိုပြီးတော့ အကြမ်းအားဖြင့် အုပ်စု ၃-ခု ခွဲလို့ရပါတယ်။ သုံးခုလုံးကို အချိုးမျှတအောင် ဖတ်ဖို့လိုပါတယ်။ ရှေ့က ဖြတ်သန်းခဲ့ ကြတဲ့သူတွေရဲ့ နှစ်ပေါင်းများစွာ ဘဝအတွေ့အကြုံ အတွေးအခေါ်တွေကို စာထဲက ကျွန်တော်တို့ ရနိုင်ပါတယ်။ ဖတ်လို့ရလိုက်တဲ့ အသိကို လက်တွေ့ အသုံးချနိုင်အောင်လည်း ကြိုးစား ရပါမယ်။ အခုပြောလိုက်တဲ့ အချက် ၄-ချက်လုံးကို ဖြည့်တင်းတဲ့အခါ တစ်ထိုင်တည်းနဲ့ တစ်ပြိုင်တည်း မရနိုင်ပါ။ အားလုံးအတွက် အချိန်ယူရပါမယ်၊ နောက်တစ်ချက်က ပိုက်ဆံကုန်ပါမယ်။ ဒါဆိုရင် မနက်မိုးလင်း မျက်စိနှစ်လုံးဖွင့်ကတည်းက မျက်စိနှစ်လုံး ပြန်မှိတ်လို့ အိပ်တဲ့အချိန်အထိ လျှောက်နေတဲ့ ခြေလှမ်းတိုင်းဟာ အချိန်နဲ့ ငွေကို ရင်းပြီး လျှောက်လှမ်းနေတာကို သတိထားရပါမယ်။ နောက်တစ်ချက်က ဘယ်အရာမှ လွယ်လွယ်မရနိုင်ပါ၊ လျှောက်လှမ်းတဲ့ လမ်းတစ်လျှောက်မှာ မမြင်နိုင်တဲ့ အခက်အခဲတွေ တွေ့နိုင်ပါတယ်။ အခက်အခဲဆိုတာ ကိုယ်တစ်ယောက် တည်း ကြုံရတာမဟုတ်ပါဘူး လူတိုင်းကြုံတွေ့ နေရတယ်လို့ နှလုံးသွင်းနိုင် ရပါမယ်။ အောင်မြင်မှု တစ်ခုကို လူတိုင်းရနိုင်ပါတယ်၊ အရေးကြီးတာက အဲဒီနေရာကို မရောက်မခြင်း ဘယ်လို အခက်အခဲပဲ ကြုံလာပါစေ မဆုတ်မနစ် ရောက်အောင် လျှောက်နိုင်တဲ့ ဇွဲ လိုပါတယ်။ “ လူငယ်တိုင်း ရည်သန်ရာ ပန်းတိုင်ကို မဆုတ်မနစ် လျှောက်လှမ်းကာ အောင်မြင်နိုင်ပါစေ …… ” အောင်ကိုကို(အမ်း) --------------------------
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။