ပေါင်းဖို့၊ ထောင်းဖို့ မလိုတဲ့ ခေါပုတ်လုပ်နည်း
-------------------------- -------------------------
လုပ်ရတာ အရမ်းလွယ်ပြီး တကယ်စားလို့ကောင်းပါတယ်။ ကြော်ပြီး သည့်နောက် အေးသွားသောအခါ လေလုံအောင် ဖုံးထားပါက နောက်နေ့အထိ လုံးဝ မာ မသွားပဲ ရွရွအိအိလေးပဲဖြစ်နေမှာပါ။
ငချိတ်အမှုန့်က ၂ မျိုး ဝယ်လို.ရပါတယ်။ ယိုးဒယားကလာတဲ့ ဆန်မှုန်.တွေလို အရမ်းနူးညံ့တာနဲ. ဆနွင်းမကင်းလုပ်တဲ့ ရွှေကြည်မှုန်.လောက် ကြမ်းတာနဲ.ပါ။ အရမ်းနုးညံ့ရင် စားလို. လုံးဝ မကောင်းတာမို. နည်းနည်းကြမ်းတဲ့ ငချိတ်မှုန်.ကို သုံးစေချင်ပါတယ်။
ငချိတ်မှုန့် ဝယ်ဖို့ အဆင်မပြေပါဘူးဆိုရင်တော့ ကော်ဖီစေ့တွေကြိတ်တဲ့ MultiGrinder ဖြင့် ကြိတ်ပြီး လုပ်လို.ရပါတယ်။ ငချိတ်ဆန်အများကြီးကို တစ်ခါတည်း ထည့်မကြိတ်ပဲ နည်းနည်းခြင်းကြိတ်ပေးပါ။ ဆနွင်းမကင်းလုပ်တဲ့ ရွှေကြည်မှုန်. အနေအထားလောက်ဆိုရင် ရပါပြီ။
ခေါပုတ်လုပ်ရန် လိုအပ်တာလေးတွေ...
1. ကောက်ညင်း ငချိတ် အမှုန့် (black glutinous rice flour) – 250 g
2. ရေ – 500 ml
3. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
4. နှမ်းမဲလှော်ထောင်း – ထမင်းစားဇွန်း ၄ ဇွန်း
5. နှမ်းဖြူလှော်ထောင်း – ထမင်းစားဇွန်း ၁ ဇွန်း
6. ဆီ – ထမင်းစားဇွန်း ၁ ဇွန်း
microwave safe ဖြစ်သော ဇလုံထဲတွင် ငချိတ်မှုန်.၊ ဆား နှင့် ရေကို ရောပြီး လုံးဝအဖတ်မကျန်အောင် ဖျော်ကာ အဖုံး မဖုံးပဲ microwave ထဲ ၈ မိနစ် ထည့်ပေးပါ။
ပြီးလျှင် microwave ထဲမှ ထုတ်ပြီး နှမ်းများထည့်ကာ သမသွားအောင် မွှေပေးပြီး microwave ထဲ ၅ မိနစ် ထပ်ထည့်ပါ။
၅ မိနစ်ပြည့်လျှင် အပြင်ထုတ်ပြီး ဆီ ထည့်ကာ သမသွားအောင်ထပ်မွှေပေး၍ microwave ထဲ နောက်ထပ် ၅ မိနစ်ထည့်ပေးပါ။
နောက်ဆုံး ဆီသုတ်ထားသည့် ဗူးထဲထည့်ကာ အအေးခံထားပါ။
အေးသွားပြီးနောက် လုံအောင်ဖုံးကာ ရေခဲသေတ္တာထဲ ၅ နာရီခန့် ထည့်ထားပြီးမှ လှီးလျှင် လှီးရတာ ပိုမိုလွယ်ကူစေပါတယ်။
လှီးသောအခါ လက် နှင့် ဓါးကို ဆီသုတ်ပြီး လှီးကာ (အရမ်းကပ်သည့်အတွက် အတုံးလေးများကိုပါ ဆီ အနည်းငယ်သုတ်ပေးပါ။) ဆီပူပူထဲ အိုးမကြပ်အောင် ထည့်၍ ၇ မိနစ်ခန့် (သို့) မိမိနှစ်သက်သည့် အပျော့၊ အမာအနေအထားရအောင် ကြော်ကာ သကြား၊ ဆီတိုဟူးတို့ဖြင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
မူရင်း = Chaw Su's Food Friends မှ ကူးယူဖော်ပြပါသည်။
--------------------------

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။