ဆက်စီဖြစ်တယ်ဆိုတာဘာကိုဆိုလိုတာလဲ..?
ဆက်စီ ဖြစ်တယ်ဆိုတာ အပေါ်ယံ အရေပြား တစ်ထောက်စာ ၀တ်စားဆင်ယင်မှု ကိုပြောတာမဟုတ်ဘဲ ကိုယ်ဟာ ဘယ်လို လူမျိုးလဲ ဆိုတာကို ပြောချင်တာပါ။
လူတိုင်း အတွက် အဓိပ္ပါယ် တူချင်မှ တူမှာပါ။ ပုံသွင်းသလို တစ်ပုံစံတည်း လုပ်လို့ မရပါဘူး။ ကိုယ်ပိုင် ဖွင့်ဆိုချက်နဲ့ ကိုယ်ဆက်စီ ဖြစ်ခွင့် ရှိပါတယ်။ ကိုယ့်ကိုကိုယ် ဆက်စီဖြစ်လား၊မဖြစ်လား ဆိုတာ တခြားသူက သတ်မှတ်လို့ မရသလို၊ ယဉ်ကျေးမှု ဓလေ့ ထုံးစံအစွဲတွေ၊ အများအမြင်နဲ့ တခြားဘေးက လွှမ်းမိုးမှုတွေ (ဥပမာ-မီဒီယာ၊ ရုပ်ရှင်)ကဖွင့်ဆိုချက်တွေ အတိုင်းလိုက် လုပ်စရာ မလိုပါဘူး။ ကိုယ့်ကိုယ်ပိုင် ဟန်နဲ့သာ နေတာကမှ တကယ်ဆက်စီ ဖြစ်တာပါ။ (ဆိုလိုတာက အခု မြန်မာနိုင်ငံမှာ ဖြစ်နေသလို အတိုအပြတ် ၀တ်မှ၊ ရှေးထုံးစံ ထမီ ဘီးဆံပတ်ကြီးနဲ့ နေမှ ဆက်စီ ဖြစ်တာလို့ ထင်စရာ မလိုပါဘူး)
"ကြင်နာ တတ်တာ၊ ပျော်ပျော်နေ တတ်တာ၊ ဟာသဥာဏ်ရှိတာ၊ စမတ်ကျတာ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတာ၊ စိတ်ကောင်းထားတာ၊ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်တာ၊ စာနာမှုရှိတာ၊ မျှမျှတတ တွေးခေါ် တတ်တာ၊ သဘာဝ ကျကျနေ တတ်တာ၊ ရဲရဲရင့်ရင့် ရှိတာ၊ စိတ်အားထက်သန်မှု ရှိတာ..ဒါတွေ အားလုံးက ဆက်စီ ဖြစ်စေတဲ့ အရာတွေပဲ။ ကိုယ့်ကိုကိုယ် တန်ဖိုးထား ချစ်ခင်တတ်ပြီး ဘယ်အရာ မဆို ဥာဏ်နဲ့ ယှဉ်ပြီး တွေးခေါ်တတ်တဲ့ မိန်းကလေးမျိုးဆို ဆက်စီ အဖြစ်ဆုံးပေါ့။"
"ဆက်စီဆိုတာ အားလုံးရဲ့ အထက်မှာ ရှိတယ်လို့ ခံစားမိတာပါ။ ကြည့်ကောင်းပြီး ကိုယ့်စိတ်က fantastic ဖြစ်မယ် ဆိုရင် ယုံကြည်မှု ရှိလာမှာပါ။
ဆက်စီက ၀ယ်လို့ ရတဲ့အရာ မဟုတ်ပါဘူး။
တကယ် ဆက်စီ ဖြစ်မှ တကယ် ထွက်လာမှာပါ။" "Sexy means feeling like on top of the world. Looking good and feeling just fantastic inside. That's where confidence comes from. You can't buy sexiness. It comes out if you really are sexy.
" ကဲ.. အားလုံးပဲ ဆက်စီကျကျ လှပနိုင်ကြပါစေ။
မိန်းခလေးတိုင်းလှပနိုင်ပါေ စ

မိန်းခလေးတိုင်းလှပနိုင်ပါေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။