အောင်နိုင်သူနဲ့ ရှူံးနိမ့်သူ ကွာခြားချက်
-------------------------- ---------------------
အောင်နိုင်သူက အဖြေဘက်မှာ အမြဲရှိတယ်။
ရှုံးနိမ့်သူက ပြဿနာဘက်က အမြဲရှိတယ်။
အောင်နိုင်သူမှာ အစီအစဉ်တကျ အမြဲရှိတယ်။
ရှုံးနိမ့်သူမှာ ဆင်ခြေအမြဲရှိတယ်။
အောင်နိုင်သူက"ခင်ဗျားအတွက် ဆောင်ရွက်ပေးပါရစေ” လို့ ပြောတယ်။
ရှုံးနိမ့်သူက"ဒါ…ငါ့အလုပ်မဟုတ်ဘူး”လို့ ပြောတယ်။
အောင်နိုင်သူက ပြဿနာတိုင်းရဲ့ အဖြေကိုရှာတယ်။
ရှုံးနိမ့်သူက အဖြေရှိပြီးသားကို ပြဿနာလုပ်တယ်။
“ဒီကိစ္စက ခက်တော့ခက်မယ်။ ဒါပေမဲ့လုပ်ရင်ဖြစ်တယ်”လို့ အောင်နိုင်သူကပြောတယ်။
“ဖြစ်တော့ဖြစ်တယ်။ ဒါပေမဲ့ သိပ်ခက်တယ်”လို့  ရှုံးနိမ့်သူက ပြောတယ်။
အမှားတစ်ခုခုကို လုပ်မိရင် အောင်နိုင်သူက “ကျွန်တော် မှားသွားတယ်”တဲ့။
ရှုံးနိမ့်သူက အပြစ်လုပ်မိရင် “ကျွန်တော့် အပြစ်မဟုတ်ဘူး”လို့ ပြောတယ်။
အောင်နိုင်သူက အခိုင်အမာအာမခံတယ်။
ရှုံးနိမ့်သူက ကတိပေးတယ်။
အောင်နိုင်သူတွေမှာ စိတ်ကူးအိပ်မက်တွေရှိတယ်။
ရှုံးနိမ့်သူတွေမှာ အကြံအဖန်တွေရှိတယ်။
အောင်နိုင်သူတွေက လုပ်ကိုလုပ်မှဖြစ်မယ်တဲ့။
ရှုံးနိမ့်သူတွေက လုပ်ပြီးသားလေးများရလိုက်ရင်တဲ့။
အောင်နိုင်သူတွေက အသင်းအဖွဲ.စိတ်ရှိတယ်။
ရှုံးနိမ့်သူတွေက အသင်းအဖွဲ.နဲ. ကင်းကွာတယ်။
အောင်နိုင်သူက အကျိုးဘက်ကကြည့်တယ်။
ရှုံးနိမ့်သူက အဆိုးဘက်ကကြည့်တယ်။
အောင်နိုင်သူတွေက ဖြစ်နိုင်တာကိုပဲ မြင်တယ်။
ရှုံးနိမ့်သူတွေက ပြဿနာ တွေကိုပဲမြင်တယ်။
အောင်နိုင်သူတွေက သူလည်းအောင်၊ ကိုယ်လည်းအောင်။
ရှုံးနိမ့်သူတွေက သူတစ်ပါးနိမ့်ပါးပြီး ကိုယ်အသားစီးရဖို့ ယုံကြည်တယ်။
အောင်နိုင်သူတွေက ရှေ့မှာဖြစ်လာနိုင်တဲ့အလားအ လာ တွေကိုမြင်တယ်။
ရှုံးနိမ့်သူတွေက အတိတ်ကိုပဲကြည့်တယ်။
အောင်နိုင်သူတွေက အပူချိန်ကို ထိန်းညှိပေးတဲ့ သာမိုစတတ်နဲ့ တူတယ်။
ရှုံးနိမ့်သူက အပူချိန်တိုင်းတဲ့ သာမိုမီတာနဲ့ တူတယ်။
အောင်နိုင်သူက ပြောသလိုလုပ်တယ်။
ရှုံးနိမ့်သူက ပြောသလိုမလုပ်ဘူး။
အောင်နိုင်သူတွေက အငြင်းသန်ပေမဲ့ အပြောအဆိုနူးညံ့တယ်။
ရှုံးနိမ့်သူတွေက ခံမပြောနားမထောင်၊ အပြောအဆိုကြမ်းတယ်။
အောင်နိုင်သူတွေက တန်ဖိုးထားရမဲ့အရာကို ခိုင်မာစွာစွဲကိုင်ပြီး အသေးအဖွဲကိစ္စကို အလျှော့အတင်းရှိတယ်။
ရှုံးနိမ့်သူက အသေးအဖွဲကိစ္စတွေကို ဇီဇာကြောင်ပြီး တန်ဖိုးထားရမှာကိုကြုံသလိုလုပ်တယ်။
အောင်နိုင်သူက“ကိုယ့်ကို သူများကလုပ်ရင် မကြိုက်တဲ့အလုပ်မျိုးကို
သူတစ်ပါးကိုလည်း ကိုယ်ကမလုပ်နဲ့” ဆိုတဲ့ ကိုယ်ချင်းစာတရားရှိတယ်။
ရှုံးနိမ့်သူက “ကိုယ်ကဦးအောင်တွယ်ထားမှ” ဆိုတဲ့ သဘောတရားကိုလိုက်နာတယ်။
အောင်နိုင်သူက ဖြစ်ချင်တာကိုဖြစ်အောင်လုပ် တယ်။
ရှုံးနိမ့်သူကဖြစ်သလိုပဲနေတယ်။
အောင်နိုင်သူတွေက အောင်နိုင်ဖို့အတွက် အကွက်ချပြင်ဆင်တယ်။
သော့ချက်ကျတဲ့ စကားလုံးကတော့ “ကြိုတင်ပြင်ဆင်မှု” ပါပဲ။
ရှီးဗ်ခဲရာဆိုတဲ့ စာရေးဆရာက “ကြိုတင်ပြင်ဆင်မှု” ဟာသော့ချက်ကျတဲ့စကားလုံးလို့ ဆိုထားခဲ့ပါတယ်။
အောင်မြင်ချင်တယ်ဆိုရင် အခြေအနေအရပ်ရပ်ကို စနစ်တကျ လေ့လာသုံးသပ်ပြီး အကွက်ချပြင်ဆင်ထားပါ။
ကြိုတင်ပြင်ဆင်မှုများကိုမနားမနေ ဆောင်ရွက်ပါ။
မင်္ဂလာပါဥက္က္က္ကာ၏ မှတ်စုအပိုင်းအစများ မှ ကူးယူဖော်ပြပါသည်။ (ချစ်နိုင်)
--------------------------
အောင်နိုင်သူက အဖြေဘက်မှာ အမြဲရှိတယ်။
ရှုံးနိမ့်သူက ပြဿနာဘက်က အမြဲရှိတယ်။
အောင်နိုင်သူမှာ အစီအစဉ်တကျ အမြဲရှိတယ်။
ရှုံးနိမ့်သူမှာ ဆင်ခြေအမြဲရှိတယ်။
အောင်နိုင်သူက"ခင်ဗျားအတွက်
ရှုံးနိမ့်သူက"ဒါ…ငါ့အလုပ်မဟ
အောင်နိုင်သူက ပြဿနာတိုင်းရဲ့ အဖြေကိုရှာတယ်။
ရှုံးနိမ့်သူက အဖြေရှိပြီးသားကို ပြဿနာလုပ်တယ်။
“ဒီကိစ္စက ခက်တော့ခက်မယ်။ ဒါပေမဲ့လုပ်ရင်ဖြစ်တယ်”လို့ အောင်နိုင်သူကပြောတယ်။
“ဖြစ်တော့ဖြစ်တယ်။ ဒါပေမဲ့ သိပ်ခက်တယ်”လို့  ရှုံးနိမ့်သူက ပြောတယ်။
အမှားတစ်ခုခုကို လုပ်မိရင် အောင်နိုင်သူက “ကျွန်တော် မှားသွားတယ်”တဲ့။
ရှုံးနိမ့်သူက အပြစ်လုပ်မိရင် “ကျွန်တော့် အပြစ်မဟုတ်ဘူး”လို့ ပြောတယ်။
အောင်နိုင်သူက အခိုင်အမာအာမခံတယ်။
ရှုံးနိမ့်သူက ကတိပေးတယ်။
အောင်နိုင်သူတွေမှာ စိတ်ကူးအိပ်မက်တွေရှိတယ်။
ရှုံးနိမ့်သူတွေမှာ အကြံအဖန်တွေရှိတယ်။
အောင်နိုင်သူတွေက လုပ်ကိုလုပ်မှဖြစ်မယ်တဲ့။
ရှုံးနိမ့်သူတွေက လုပ်ပြီးသားလေးများရလိုက်ရင
အောင်နိုင်သူတွေက အသင်းအဖွဲ.စိတ်ရှိတယ်။
ရှုံးနိမ့်သူတွေက အသင်းအဖွဲ.နဲ. ကင်းကွာတယ်။
အောင်နိုင်သူက အကျိုးဘက်ကကြည့်တယ်။
ရှုံးနိမ့်သူက အဆိုးဘက်ကကြည့်တယ်။
အောင်နိုင်သူတွေက ဖြစ်နိုင်တာကိုပဲ မြင်တယ်။
ရှုံးနိမ့်သူတွေက ပြဿနာ တွေကိုပဲမြင်တယ်။
အောင်နိုင်သူတွေက သူလည်းအောင်၊ ကိုယ်လည်းအောင်။
ရှုံးနိမ့်သူတွေက သူတစ်ပါးနိမ့်ပါးပြီး ကိုယ်အသားစီးရဖို့ ယုံကြည်တယ်။
အောင်နိုင်သူတွေက ရှေ့မှာဖြစ်လာနိုင်တဲ့အလားအ
ရှုံးနိမ့်သူတွေက အတိတ်ကိုပဲကြည့်တယ်။
အောင်နိုင်သူတွေက အပူချိန်ကို ထိန်းညှိပေးတဲ့ သာမိုစတတ်နဲ့ တူတယ်။
ရှုံးနိမ့်သူက အပူချိန်တိုင်းတဲ့ သာမိုမီတာနဲ့ တူတယ်။
အောင်နိုင်သူက ပြောသလိုလုပ်တယ်။
ရှုံးနိမ့်သူက ပြောသလိုမလုပ်ဘူး။
အောင်နိုင်သူတွေက အငြင်းသန်ပေမဲ့ အပြောအဆိုနူးညံ့တယ်။
ရှုံးနိမ့်သူတွေက ခံမပြောနားမထောင်၊ အပြောအဆိုကြမ်းတယ်။
အောင်နိုင်သူတွေက တန်ဖိုးထားရမဲ့အရာကို ခိုင်မာစွာစွဲကိုင်ပြီး အသေးအဖွဲကိစ္စကို အလျှော့အတင်းရှိတယ်။
ရှုံးနိမ့်သူက အသေးအဖွဲကိစ္စတွေကို ဇီဇာကြောင်ပြီး တန်ဖိုးထားရမှာကိုကြုံသလိုလ
အောင်နိုင်သူက“ကိုယ့်ကို သူများကလုပ်ရင် မကြိုက်တဲ့အလုပ်မျိုးကို
သူတစ်ပါးကိုလည်း ကိုယ်ကမလုပ်နဲ့” ဆိုတဲ့ ကိုယ်ချင်းစာတရားရှိတယ်။
ရှုံးနိမ့်သူက “ကိုယ်ကဦးအောင်တွယ်ထားမှ” ဆိုတဲ့ သဘောတရားကိုလိုက်နာတယ်။
အောင်နိုင်သူက ဖြစ်ချင်တာကိုဖြစ်အောင်လုပ်
ရှုံးနိမ့်သူကဖြစ်သလိုပဲနေတယ
အောင်နိုင်သူတွေက အောင်နိုင်ဖို့အတွက် အကွက်ချပြင်ဆင်တယ်။
သော့ချက်ကျတဲ့ စကားလုံးကတော့ “ကြိုတင်ပြင်ဆင်မှု” ပါပဲ။
ရှီးဗ်ခဲရာဆိုတဲ့ စာရေးဆရာက “ကြိုတင်ပြင်ဆင်မှု” ဟာသော့ချက်ကျတဲ့စကားလုံးလို
အောင်မြင်ချင်တယ်ဆိုရင် အခြေအနေအရပ်ရပ်ကို စနစ်တကျ လေ့လာသုံးသပ်ပြီး အကွက်ချပြင်ဆင်ထားပါ။
ကြိုတင်ပြင်ဆင်မှုများကိုမနာ
မင်္ဂလာပါဥက္က္က္ကာ၏ မှတ်စုအပိုင်းအစများ မှ ကူးယူဖော်ပြပါသည်။ (ချစ်နိုင်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။