ချစ်ခြင်းအားဖြင့်ရေးတဲ့ အရေးကြီးပြီ အလွမ်းစာ ...
(ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၀)ပြည့် အမှတ်တရ)
“ဖထီး ... ဖထီးမှာ သူ့လိုမျိုး သမီး လှလှလေးတစ်ယောက်လောက် မရှိတော့ဘူးလားဗျ ...” “ရှိရင် ကျွန်တော်နဲ့ ပေးစားဗျာ။ ဒါဆို ကျွန်တော် ဒီမှာပဲနေတော့မယ်။ မပြန်တော့ဘူးတဲ့။
အဲ ....ကိုငှက်ကြီးကတော့ လုပ်ချလိုက်ပြန်ပြီ ...။
အချိန်က ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် ... မနက်လင်းအားကြီး ၂ နာရီလောက် ...။ နေရာက ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးက မယ်လလို့ခေါ်တဲ့ ထိုင်းကရင်ရွာလေးထဲမှာရှိတဲ့  KNU-KNLA က ဗိုလ်ချုပ်မောင်မောင်ရဲ့ နေအိမ်။ ယခု မယ်လဒုက္ခသည်စခန်း (ဘဲကလော် ဒုက္ခသည်စခန်း) မဟုတ်ပါ။ မယ်လရွာက ဒုက္ခသည်စခန်းကနေ ၁၀ ကီလိုလောက် ဆက်သွားမှ ရောက်ပါတယ်။ ၎င်းရွာကို အစွဲပြု၍ ဒုက္ခသည်စခန်းကို မယ်လဟုခေါ်ခြင်း ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းနေရာတွင် ယခင်က ၀ါဂွမ်းစိုက်သဖြင့် ကရင်ဘာသာဖြင့် ဘဲကလော် (၀ါဂွမ်းခြံ) ဟုလည်း ခေါ်ပါတယ်။
အဲဒီအချိန်က ကျွန်တော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) ကေအဲန်ယူနယ်မြေ ကော်မတီရုံးကို မဲသရိ (ခလဲ့ဒေးစခန်း) မှာ ရုံးစိုက်ထားပါတယ်။ ကျောင်းသားတပ်မတော်တပ်ရင်း ၂၀၇ တပ်ရင်းရုံးလည်း အခြေပြုထားပါတယ်။ ဗဟိုဌာနချုပ်ရုံး (ယာယီ) က ၀မ်ခ (ကော်မူးရာ)စခန်းမှာပါ။ မဲသရိမှာဖွဲ့ပြီးကာစ မြန်မာနိုင်ငံဒီမိုကရက် တစ်မဟာမိတ်အဖွဲ့ချုပ် (မဒမခ) တပ်ပေါင်း စုဌာနချုပ်ရုံးလည်း အခြေစိုက်ထားပါတယ်။
ပြောရရင်တော့ အဲဒီအချိန်က ဟစ်အဖြစ်ဆုံး အဆိုတော်နှစ်ယောက်ဖြစ်တဲ့ ကိုထူးအိမ်သင်နဲ့ ကိုမွန်းအောင်တို့က သူ့အုပ်စုလေးနဲ့သူ ၁၉၈၈ စက်တင်ဘာ စစ်တပ်က အာဏာသိမ်းအပြီးမှာ ဘုရားသုံးဆူစခန်း (မွန်ပြည်သစ် ပါတီနယ်မြေ) ကို ရောက်လာကြတာပါ။ ကိုထူးအိမ်သင်နဲ့ မော်လမြိုင်ကပါလာတဲ့ သူငယ်ချင်းတချို့က ရောက်ပြီး သိပ်မကြာခင်မှာတင် ပြန်သွားကြပါတယ်။ မော်လမြိုင်-ဘုရားသုံးဆူ ကုန်သည်လမ်းကြောင်းကလည်း ဖြူးနေတော့ နေချင်းပေါက် ဥဒဟို သွားလာနေတဲ့ ကာလဆိုပါတော့။ ကိုထူးအိမ်သင်ကတော့ ကိုမွန်းအောင်နဲ့အတူ (မကဒတ) ဖြစ်လာမယ့် ပထမဆုံး အစည်းအဝေးကို တက်ဖို့ ဘုရားသုံးဆူစခန်းကနေ လေ့လာသူအဖြစ် ၀မ်ခ (ကော့မူးရာ)စခန်းကို လိုက်လာပါတယ်။ တခြား (မဒမခ) လူကြီးများက “နိုင်ဟံသာ (ယခု UNFC) နဲ့ ဒေါက်တာတူးဂျာလို့ ထင်ပါတယ်။ တို့က ဌာနချုပ်ရှိရာ ခလဲ့ဒေး စခန်းကိုခေါ်လာပြီး စည်းရုံးရေးနဲ့ ပြန်ကြားရေးဌာနတာဝန်ခံ ဦးအေးဆောင် ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ပီအယ်လ်ဖက်) အထွေထွေအတွင်းရေးမှူးကို အပ်သွားတာပါ။ အဲဒီ (မဒမခ) စည်း/ ပြန်မှာ NUFA (National United Front of Arakan) က ရှေ့ နေခိုင်စောထွန်း (ပြည်တွင်းပြန်ဝင်-ကွယ်လွန်) တို့၊ GSC (General Strike Committee) က ဆရာကိုမြင့်လှိုင် (ယခု UCLA မှာ တွဲဖက်ပါမောက္ခ လုပ်နေတယ်ထင်ပါ့) တို့လည်း ရှိပါတယ်။ (မဒမခ) အထွေထွေအတွင်းရေးမှူးက သွားလေသူ ဦးတွတ် (ဦးတင်မောင်ဝင်း) ဖြစ်ပြီး နိုင်ဟံသာက တွဲဘက်(၁)နဲ့ ကျွန်တော်တို့ (မကဒတ) က အထွေထွေအတွင်းရေးမှူး ကိုသန်းဝင်း (ရကသ) (ယခု ဖလော်ရီဒါ) က တွဲဘက်(၂) ပါ။ ခလဲဒေးကိုရောက်လာပြီး သိပ်မကြာခင် ကချင်ကေအိုင် အိုအဖွဲ့က လူကြီးတွေက “မိုးလုံးမှိုင်း” ကြီးကို ချင်းမိုင်(ဇင်းမယ်)မြို့ကို အလည်ခေါ်သွားပါတယ်။ ဆိုတော့ ငှက်ကြီးတစ်ကောင်ပဲ ခလဲ့ဒေးမှာ (မဒမခ) ကိုင်းကြီးကြီးမှာ နားရင်း ကျန်နေခဲ့ပါတယ်။
ကြုံလို့ပြောရရင် ... ကိုမွန်းအောင် မသွားခင်လေးတင် အဲဒီတုန်းက မကဒတ အစောပိုင်းသမိုင်းမှာ နာမည်ကျော် ခွေးသူခိုးကိစ္စ ဖြစ်တာပါ။ (မကဒတ)မှာ ပထမဦးဆုံး နိုင်ငံရေး ကမ်ပိန်းလို့ ပြောရမလား။ အပုပ်ချပွဲ (လူချပွဲ) လို့ ပြောရမလား မသိပါ။ (မ တစ်ရာသားတွေဆိုတော့လည်း ခက်သား။ တချို့က အဲဒီကတည်းက အကျင့်က မကောင်းကြတာ။ ထားပါတော့ .. နောက်ကွယ်က ဘယ်သူတွေ ၀ါဒဖြန့်ကြလဲဆိုတာ နောက်ကြုံမှပေါ့) တစ်နေ့တော့ ကိုထူးအိမ်သင်၊ ကိုမွန်းအောင်၊ ကိုအောင်နိုင် (အဲဒီတုန်းက (မကဒတ) ဗဟိုကော်မတီမှာ တွဲဖက်အတွင်းရေးမှူး၊ အခု ဗွီအိုအေဌာနမှူး ကိုသန်းလွင်ထွန်း) တို့ကို ကချင်ကိုယ်စားလှယ်အဖွဲ့က ရဲဘော်တစ်ဦး (ကိုဇော်နောင်လို့ ထင်ပါတယ်) က သောင်ရင်း မြစ်တစ်ဖက်ကမ်း ယိုးဒယားဖက်ခြမ်းက ဈေးတန်းမှာ ထိုင်းခေါက်ဆွဲပြုတ် လိုက်ကျွေးပါတယ်။ (အဲဒီအချိန်က ဘယ်သူမှ ကိုယ့်ဟာကို ၀ယ်မစားနိုင်ပါဘူး။ တစ်ယောက်မှ ခြူးတပြားမှ မရှိတာ။ နောက်ပိုင်းမှ ရေးပါဦးမယ်)အပြန်ကျတော့ ခေါက်ဆွဲဆိုင်က ခွေးကလေးက သူတို့နောက်ကို သူ့ဟာသူ လိုက်လာပါတယ်။ ပြန်မောင်းထုတ်တာ မပြန်ဘဲ လှေဆိပ်ထိ လိုက်လာပါတယ်။ ဖြစ်ချင်တော့ ခွေးလေးကလည်း ချစ်စရာကောင်းတော့ ကိုအောင်နိုင်က အမှတ်တမဲ့ ကောက်ပွေ့လာတော့ ဒီဖက်ကမ်းကို ပါလာပါတယ်။ နောက်တော့ ဆိုင်ပိုင်ရှင် ထိုင်းမ (ထိုင်း ပုလိပ်မိန်းမ) က ဒီဘက်ကို အကြောင်းကြားပြီး ပြန်တောင်းပါတယ်။ အဲဒီတုန်းက ကေအန်ယူနယ်မြေ ဂိတ်တာဝန်ခံက ပဒိုစောဒေဗစ်ထောပါ။ ကိုအောင်နိုင်တို့ကလည်း အကျိုးအကြောင်း ပြောပြ၊ တောင်ပန်ပြီး ပြန်ပို့ပေးလိုက်ပါတယ်။ အစ်နော့အဘစ်ဒီးလ် အေးဆေးပါဆိုတော့ စက်နဲ့ အကြောင်းကြားရင်း ၂၀၇ တပ်ရင်းမှူး အောင်ဟိန်း (နောင်တစ်ချိန် မကဒတ ဗဟိုဘဏ္ဍာရေး တာဝန်ခံဖြစ်ပြီး ဘတ်သုံးသိန်းလောက်ဘုံးပြီး ဗမာပြည် ပြန်ပြေးတဲ့မောင် “ပြောရရင် သူကမှ သူခိုးအစစ်ပေါ့”) က ဆက်သွယ်ရေး စက်ထဲမှာကြားတော့ တဆင့်တဆင့် ပြောကြရင်းနဲ့ ကိုအောင်နိုင်နဲ့မတည့်တဲ့ (မလိုလားတဲ့) အုပ်စုက ကိုထူးအိမ်သင်နဲ့ ကိုအောင်နိုင်ကို ခွေးသူခိုးဆိုပြီး အမနာပကမ်ပိန်း ထုကြရော။ အမှန်တော့ ကိုအောင်နိုင်ကို ဆော်ချင်ကြတာနေမှာပါ။ သူက အဲဒီအချိန်မှာ ပူပူနွေးနွေး (မကဒတ) ထိပ်ပိုင်းခေါင်းဆောင်ကိုး။ ဒါပေမဲ့ ကိုထူးအိမ်သင်နာမည်က တွဲပါသွားတော့ အဲဒီမှာတင် သူတစ်ခါ စိတ်ပျက်သွားတယ်နဲ့တူတယ်။
ဖြစ်ချင်တော့ ကိုမွန်းအောင် ဇင်းမယ်ကို ထွက်သွားပြီး နောက်ပိုင်းမှာ ကိုငှက်ကြီး ငှက်ဖျားစမိပါတယ်။ ဖာအံငှက်က သူ့ထက်ကြီးတော့ သူ့ခမျာ နဂိုကလည်း ခပ်ပိန်ပိန်၊ အာဟာရလည်း ပြတ်တော့ အိပ်ရာထဲလဲပါတယ်။ မဒမခ-ဒီအေဘီရုံးက အခန်းကျဉ်းလေးထဲမှာ ခွေနေရှာပါတယ်။ ဖြစ်ချင်တော့ ဦးအေးဆောင်လည်း ခရီးထွက်၊ ကျန်တဲ့လူကြီးတွေလည်း မရှိတော့ လူမမာ စာမရှိဖြစ်နေပါတယ်။ ဒါနဲ့ ကျွန်တော်တို့ နယ်မြေရုံးမှာ ရှိတဲ့သူတွေကို ကိုငှက်ကြီးအတွက် လူမမာစာဆက်ကြေး ကောက်ပါတယ်။ (မကဒတ) သမိုင်းမှာ ကိုယ့်အချင်းချင်း ပြန်ကောက်တဲ့ ပထမဆုံးဆက်ကြေး ဖြစ်မယ်ထင်ပါရဲ့။ ဆက်ကြေးကောက်တယ်သာ ပြောရတာ။ ဘယ်သူ့မှာမှ ပိုက်ဆံရှိတာ မဟုတ်။
ကြုံလို့ အဲဒီအချိန်က (မကဒတ) နယ် မြေကော်မတီရဲ့ ရာရှင်နဲ့လစာအကြောင်း နှောင်းခေတ်လူများ အားကျဖွယ် နည်းနည်းပြောပြရဦးမယ်။ ကော်မတီဝင် ၃၀ နီးပါးနဲ့ ရုံးအဖွဲ့သား ၁၀ ဦးလောက်အတွက် ဆန်အိတ်ငယ် ၁၀ အိတ်၊ ငပိငါးပုံးနဲ့ ဆားအထုပ် ၂၀ ရပါတယ်။ (ကေအင်န်ယူက ထုတ်ပေးတာပါ၊ သူတို့ ရဲဘော်တွေလည်း ဒီစကေးပါပဲ)။ ဆီ၊ အချိုမှုန့်၊ ငရုတ်သီး၊ ကုလားပဲ၊ ငါးခြောက်၊ ငါးသေတ္တာစတာတွေကတော့ ဒိုနာတွေပေါ်မှာ မူတည်သပေါ့ဗျာ။ အများအားဖြင့်တော့ ပြတ်တလှည့် ငတ်တလှည့်ပေါ့။ ပေးစကေးကလည်း နည်းမှတ်လို့။ တစ်ယောက်ကို တစ်လရိက္ခာငွေ ယိုးဒယားအသပြာ ရှစ်ဘတ်ကြီးများတောင် ရတာကလား။ အမှန်တော့ ဆေးလိပ်ဖိုးလို့ ပြောပေးတာပါဗျာ။
အဲဒီတော့ တစ်လစာ ဘိန်းဖိုး အသပြာ ရှစ်ဘတ်ကို တစ်ပတ်ကို နှစ်ဘတ်နှုန်းနဲ့ ဘတ်ဂျက်ဆွဲပြီး ဆေးသေး (ပွတ်ချွန်းဆေး) နှစ်ထုပ် ၀ယ်ရတယ်။ မရှိမဲ့ရှိ မဲ့လေးတွေစုပြီး လက်ဖက်ရည် တစ် ခွက်နဲ့ အီကြာကွေးနှစ်ချောင်းနဲ့ လူမမာသွားမေး၊ အားပေးရတာပေါ့။ ငှက်ကြီးလည်း ကွီနိုင်းဒဏ်ကို အလူးအလဲခံထားရတော့ နားရွက်နဲ့မျက်မှန်ပဲ ကျန်တယ်။ လက်ဖက်ရည်သောက်ရုံနဲ့ ထိုးထိုးအန်ပြီး မထနိုင်တော့ဘူး။ အဲဒီမှာ သူ့ရဲ့  အမေ့အိမ်လွမ်းချင်းကို စကြားရတာပဲ။ “အမေ့ကို အရမ်းသတိရတယ်ကွာ။ နေကောင်းရင် ငါပြန်တော့မယ်” ဆိုတာကို ငှက်ဖျားတက်ရင်းနဲ့ Chorus ပိုဒ်ဆိုသလို ထပ်ခါတလဲလဲ ညည်းတော့တာပဲ။ ကျွန်တော်တို့ကတော့ နေကောင်းအောင် အရင်လုပ်ပါဗျာ။ ပြန်ဖို့က မခက်ပါဘူးလို့ အားပေးရင်း ၀ိုင်းပြုစုကြရတယ်။ ပြုစုတယ်သာပြောတာ KNU ဆေးခန်းက ပေးတဲ့ ကွီနိုင်းကလွဲလို့ ဘာမှ ဓာတ်စာ မရှိတော့ ကိုက်တယ်ခဲတယ်ပြောတဲ့ နေရာကို တတ်နိုင်သလောက် နင်းနှိပ်ပေးရုံပါပဲ။ ကေအင်န်ယူဂိတ်ကို ဖြတ်တဲ့ ကုန်သည်တွေနဲ့ ရွာထဲက ဈေးဆိုင်တွေမှာ ပိုက်ဆံမဟုတ်တဲ့ ဓာတ်စာ (ကြက်ဥ၊ ငါးသေတ္တာ၊ ငါး ခြောက် ငါးခြမ်း၊ အအေး၊ အချိုရည်စသည်ဖြင့် ၀ယ်ပေးဖို့ အလှူခံရတယ်။ အဲဒီကနေစပြီး အတောင်းအရမ်းတတ်သွားတာနေမှာ )။ ပဒိုဒေးဗစ်ထောက နောက်တစ်နေ့ ကြက်တစ်ကောင်နဲ့ ကြက်ဥနည်းနည်း ပို့လာလို့ ကြက်စွတ်ပြုတ်နဲ့ ကြက်ဥပြုတ်ကလေးနဲ့ မနည်း နလန်ထအောင် လုပ်ရတယ်။ တစ်ပတ် ၁၀ ရက်လောက်ကြာတော့ ငှက်ကြီးက ဒေါင်းပြန်ဖြစ်၊ ငှက်ဖျားက ကျီးကန်းဖြစ်သွားပြီး၊ သူ နာလန်ပြန်ထလာပါတယ်။ ကျွန်တော်ကတော့ ငှက်ကြီးကို အဲဒီထဲက အပြတ်ပြောတယ်။ “ဒီနေရာ ခင်ဗျားလာရမယ့်နေရာ မဟုတ်ဘူး။ ဒီအလုပ် ခင်ဗျားလုပ်ရမယ့် အလုပ်မဟုတ်ဘူးလို့။ အေးပါကွာ မင်းတို့ငါကို့ နားလည်ပေးတာ၊ စေတနာထားတာ တန်ဖိုးထားတာ။ (ရင်ဘတ်ပုတ်ပြပြီး) ဒီထဲကနေ ငါနားလည်ပါတယ်ကွာ”လို့ မျက်ရည်ဝဲ၀ဲနဲ့ ပြောရှာတယ်။
သူ နည်းနည်း ထောင်လာတာနဲ့ ကာလကလည်း ခရစ္စမတ်အခါသမယ ဟိုနားဒီနားက ကရင်မိတ်ဆွေတွေရဲ့ ခရစ္စမတ်သီချင်းသံကလည်း မကြာမကြာကြားနေရတော့ ကျွန်တော်တို့ ကိုငှက်ကြီးကို ဗဟိုပြုပြီး ကာရိုးလ်ဆင်းဂင်း ထွက်ဖို့ ကြံကြပါတယ်။ နေမကောင်းရင် (ငှက်ဖျားထရင်) ဓာတ်စာဖိုးလေးတော့ရှိမှဆိုတဲ့ သင်ခန်းစာကို ငှက်ကြီးက ဦးဦးဖျားဖျားပေးသွားတော့ ဘော်ဖန်ချင်တာက အဓိကပေါ့။ ကချင်ရဲဘော် တစ်ယောက်နှစ်ယောက် ကရင်မိတ်ဆွေ တစ်ယောက်နှစ်ယောက်နဲ့ ကိုငှက်ကြီး။ ကျန်တာက ကျွန်တော်တို့ ပြုံယမ်းအဖွဲ့ပေါ့။ (စုပြုံပြီး ရမ်းသမ်းအော်တဲ့ ကျွန်တော်တို့ အဖွဲ့ကို ပြောတာပါ) ရှိသမျှ ခရစ်ယာန်-ဗုဒ္ဓဘာသာအိမ်အားလုံး (ဈေးဆိုင်တွေ ပိုများပါတယ်) က ညဘက် ကျွန်တော်တို့ အဖွဲ့ သီချင်းလိုက်ဆိုရင် စားစရာသောက်စရာတွေ ထုတ်ကျွေး၊ အလှူငွေထည့် လုပ်ပါတယ်။ တိုတိုပြောရရင် ငှက်ကြီးတန်ခိုးနဲ့ ကာရိုးလ်ဂုဏ်တက်ပြီး ဘတ် ၄,၀၀၀ လောက် စီပါတယ်။ (အဲဒီခေတ်က ဒေါ်လာ ၁၆၀ လောက်ပေါ့။ ခေါက်ဆွဲပြုတ်တစ်ပွဲ ငါးဘတ်ပဲရှိတာပါ) အဲဒီ ကာရိုးလ်ဆင်းဂင်းနဲ့ ပွဲဦးထွက်လိုက်တဲ့ ကျေးဇူးတော်ကြောင့် စောငှက်ကြီးဦးစီးတဲ့ ကျွန်တော်တို့ ပြုံယမ်း ခရော့စ်ကို မင်္ဂလာဆောင် ပွဲတစ်ပွဲတီးပေးဖို့ အငှားခံရသဗျ။
အဲဒီမှာတင် အစမှာရေးထားတဲ့ ဇာတ်လမ်းပေါ်လာတာပေါ့။ ဗိုလ်ချုပ်မောင်မောင်ရဲ့သား ကိုအောင်မော်အေး (ယခု KNU ဖားအံခရိုင်ဥက္ကဋ္ဌ) နဲ့ ပဒိုမန်းရင်စိန်ရဲ့ သမီးနော်မြူအေးတို့ရဲ့ မင်္ဂလာဆောင်။ အဲဒီအချိန်က KNLA စစ်ဦးစီးဌာနချုပ်က ဗိုလ်ချုပ်မောင်မောင်ကို (မဒမခ) မှာ စစ်ရေးတာဝန်ခံအဖြစ် တာဝန်ပေးထားပါတယ်။
တိုတိုပြောရရင် ၁၉၈၈၊ ဒီဇင်ဘာလ ၂၂ ရက် မနက်လုပ်မယ့် မင်္ဂလာဆောင်အတွက် ၂၁ ရက်ညမှာ စတိတ်ရှိုးတီးပေးဖို့ ဗိုလ်ချုပ်မောင်မောင်က ကျွန်တော့်ကို အကူအညီတောင်းပါလေရော။ ဆိုတော့ သီချင်းတိုက်ကြရတာပေါ့။ ရက်ကလည်း ကပ်နေတော့။ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ ကိုငှက်ကြီး တစ်ယောက်ကလွဲလို့ ဖြစ်ဖြစ်မြောက်မြောက် တစ်ယောက်မှ မပါတာ။ ဒီတော့ ကိုငှက်က “မင်းတို့ရပြီးသား အိုးဂေါ်လီသီချင်းတွေကို လက်ပူတိုက်ပြီး နွှေးကြကွာ”တဲ့။ KNU တပ်မဟာ ၇ နဲ့ ဗဟိုက စုပေါင်းစပ်ပေါင်း ပစ္စည်းတစ်စုံစာ ထုတ်လာတယ်။ ဒရမ်မာ မရှိတော့ သူက ပင်တိုင်ဒရမ်တီးမယ်တဲ့။ ကျွန်တော့်ကို ဂစ်တာ တီးတဲ့။ သူသီချင်းဆိုရင် ကျွန်တော်က ဒရမ်တီးတဲ့။ သူက ဂစ်တာတီးရင်း ဆိုမယ်တဲ့။ သူက ဘာတီးတီး၊ ဘာဆိုဆို ပြဿနာ မရှိဘူး။ သူမို့လို့ ကျွန်တော်တို့နဲ့ စတိတ်ရှိုးလက်ခံရဲတယ်။ ရဲစွ ...ဟုတ်ထာ။ အရေးထဲ ဘေ့စ်တီးမဲ့သူ မရှိတော့ ကျွန်တော်တို့ နယ်မြေကော်မတီဝင် စောထစခန်းက (ကျောင်းဆရာ) မောင်မောင်စိုး (အမေရိကား-ဖို့ဝိန်းမှာ ဆုံးသွားသူ) က ၀င်တီးပေးတယ်။ သူကလည်း ရတဲ့သီချင်းရ၊ မရတဲ့ သီချင်းမရ (ကျွန်တော်နဲ့ အတူတူပါပဲ) ဆိုတော့ KNU က စက်သမားက သူလဲရတဲ့ သီချင်းဝင်တီးမတဲ့။ အော်ဂင်ရောဆိုတော့ ဘုရားကျောင်းက ဓမ္မဆရာတွေရတဲ့ သီချင်းဆို ၀င်တီးမတဲ့။ အဆိုတော်ကလည်း ပြုံယမ်းအဖွဲ့ဝင်တွေလောက်ပဲ ရှိတာ။ တော်သေးတာပေါ့။ ကိုငှက်အပြင် ချင်းအဖွဲ့က ဆလိုင်းဆန်ဇဲနဲ့ ကချင်က ကိုဇော်နောင်တို့ ရှိလို့။ ဒီလူတွေက ဘိုသီချင်းတွေ အပါအ၀င် အဆိုကောင်း အတီးကောင်းတွေ။ စဉ်းစားကြည့်ကြပေါ့ဗျာ။ ကိုငှက်ကြီး ဒီလူတွေနဲ့ ဒီလိုပွဲမျိုးလက်ခံရဲတာ နည်းတဲ့ သွေးမှတ်လို့။ ဆိုတော့ စောငှက်ကြီးဦးစီးသော ဖြဲဖြဲစင် ပြုံယမ်းခရော့စ် တေးဂီတကြီး မဲလမျှော်စင်ကျွန်းမှာ ဂွမ်း ... အဲ ... အဲ ကြမ်းကြ ရမ်းကြရောဆိုပါတော့။ အား... ပရိသတ်ကတော့ ကြိတ်ကြိတ်တိုး။ ရှူးရှူးတောင်ဆင်းပေါက်ဖို့ အချိန်မပေးဘူး။ တစ်ချိန်လုံး .. တီးထား ... ဆိုထား ... ဆိုတဲ့အထဲကပဲ။ (နောက်မှ ပြန်သိရတာ သုံးပုံနှစ်ပုံလောက်က ဗမာလို မတတ်ကြဘူးဆိုပဲ။ ဒါကြောင့် အသံထွက်နေဖို့ လိုရင် ဘာသံဖြစ်ဖြစ် အားပေးပြီးသားပဲ) အရင် KNU လက်နက်ဝယ်ယူရေးတာဝန်ခံ ကိုကျောက်ခက်က ကျွန်တော်တို့ တီးဝိုင်း မန်နေဂျာပေါ့။ (ရေပူရေချမ်းကမ်းလှမ်းဖို့ပါ။ သူဝယ်တိုက်တော့မှ မဲခေါင်အရက်ကို စသောက်ဖူးတာ) တီးအားဆိုအား တင်မက သောက်အားကလည်း ကောင်းဆိုတော့ ညသန်းခေါင်လောက်မှာ ရတဲ့သီချင်းလည်း ကုန်၊ ရေစင်လည်း ပြတ်ဖြစ်သွားတယ်။ ဒီဇင်ဘာလကြီးကျတဲ့ နှင်းတောထဲမှာဆိုတော့ ရာသီဥတုကလည်း အားကစားသမားများ အကြိုက်ပေကိုး။ နောက်ဆုံး ကျန်တဲ့ တစ်ပြားကို ကျောက်ခက်လာပေးတော့ ကိုငှက်ကြီး သိမ်းထားပေတော့ဆိုပြီး သူ့ကို ပေးလိုက်တယ်။ သူလည်း သူ့ဒရမ် မာခုံအောက်မှာ ဖင်ခုထိုင်ထားတယ်။ ပရိသတ်က သူ့ကိုပဲတောင်းဆိုလို့ သူလည်း မကြာမကြာထလာပြီး ဆိုရတာပေါ့။ နောက်ဆုံးတစ်ခေါက်လာတော့ ကျွန်တော့်ကို မင်းဘေ့စ်တီးကွာဆိုပြီး ဘုရားကျောင်းက ဆရာကို ဒရမ်တီးခိုင်းတယ်။ (ဓာတ်သိချင်းဆိုတော့ သူ့ပုလင်း မျက်စောင်းထိုးမှာ စိုးတာလည်း ပါမယ်ထင်တယ်) ဆိုကြတာပေါ့။ ၃-၄ ပုဒ်။ ပြီးလို့ သူလည်း ဒရမ်ခုံဆီ ပြန်သွားရော။ ကိုယ်တော်ရှင် ကျေးဇူးတော်ကြောင့် သူ့ပုလင်းပြား ပျောက်သွားပါလေရော။ နေပါဦး ကျွန်တော်တို့ ပြန်ရှာပေးပါမယ်ဆိုတာ မရဘူး။ ဒရမ်မိုက်ကနေ “အဖူး မောင်မောင် ရိက္ခာပြတ်သွားပြီ။ အရမ်းချမ်းတယ် ... လက်တွေထုံနေပြီဗျို့ ...” ဆိုပြီး ထအော်ပါလေရော။ လုံခြုံရေးတွေလည်း (သူ့ပုလင်းပျောက်ရှာပုံတော် ဖွင့်ရင်း) အလုပ်ရှုပ်ကုန်တယ်။ သူ့ကို ကျွန်တော်တို့ ရှာပေးမယ်ပြောတာ မရဘူး။ အဖူးမောင်မောင်ပဲ အော်ခေါ်နေတယ်။ ဒါနဲ့ အဖူးရောက် လာရော။ သူလည်း ခေသူမှ မဟုတ်တာ။ “အလကားတော့ မရဘူးဟေ့။ ငါလည်း သီချင်းတစ်ပုဒ်ဆိုမယ်။ မင်းတို့ ရအောင်တီး” တဲ့။ ဘာသီချင်းလဲဆိုတော့ ... အဖိုးကြီးအို ခါးကုန်းကုန်း ... ရလားတဲ့ ... နည်းသေးတာပေါ့။ ဒါပေမဲ့ ဗိုလ်ချုပ် မောင်မောင်ပဲလေ။ နာမည်တစ်လုံးနဲ့ သူလည်း ဘယ်ပေါ့မလဲ။ “ငါ့စတိုင်လ်နဲ့ ငါဆိုမှာနော်။ ပထမ ... မြန်မာသံစဉ် စလိုးလေးနဲ့သွားမယ်။ တဖြည်းဖြည်း မြန်လာပြီး နောက်ဆုံးမှာ ဒစ္စကိုနဲ့သိမ်းမယ်”တဲ့။ ဘာပြောကောင်းမလဲ တီးဝိုင်းရော၊ ပရိသတ်ရော ဗြောင်းဆန်အောင်တီး၊ ၀က်ဝက်ကွဲ အားပေးလိုက်ကြတာ။ အဖူး ပုဆိုးပါ ကျွတ်ကျပါလေရော။ ပြောပြီးပါရော ...။ နည်းတဲ့သမ္ဘာမှ မဟုတ်တာ။ အဖူးကဆိုတာ မရပ်တဲ့အပြင် သူ့အောက်ခံဘောင်းဘီ အပွကြီးနဲ့ ပြောင်ရင်းဆက်ကနေတော့ တီးဝိုင်းကလည်း ဘယ်ရပ်မလဲ ။ နောက်ဆုံး ...ကိုငှက်ကြီး ဆက်မတီးနိုင်တော့ဘဲ ဗိုက်နှိပ်ပြီး စင်ပေါ်မှာ ပက်လက်လှန် ရယ်နေတော့မှ မင်းတို့ ရှုံးပြီဆိုပြီး အဖူးက အဆိုအက ရပ်တော့တယ်။ ပြီးမှ ကဲ ... ခဏနားပြီး ငါ့အိမ်ပေါ်လိုက်ခဲ့ကြတဲ့။
“အိမ်ပေါ်ကို ကျွန်တော်တို့ တက်သွားတော့ နှစ်ဖက် မိဘဆွေမျိုးတွေနဲ့ သတို့သား၊ သတို့သမီးတို့ ၀ိုင်းထိုင်နေကြတယ်။ အဖူးက သူ့အခန်းထဲ ၀င်သွားပြီး ပုလင်းနှစ်လုံးကိုင်ပြီး ပြန်ထွက်လာတယ်။ ကျွန်တော်တို့ကတော့ ချီးဗတ်စ်လား ဂျော်နီလား လိုက်ကြည့်ကြတာပေါ့။ လား ... လား ... “ကရင်မီးတောက်ကို လူပျံတော်ပတ္တမြားရယ်။ ငါ့ဆေးမြစ်တွေရယ် စိမ်ထားတာကွ ... မင်းတို့ကို ခင်လွန်းချစ်လွန်းလို့ တိုက်တာတဲ့”။ မှတ်ကရော။ ငှက်ကြီးကို ပထမဆုံး တစ်ခွက်ပေးတယ်။ ရေမရောပဲ တငုံငုံလိုက်တာ ဖွီးဆို ပြန်ထွက်လာတယ်။ အား ... ပူတယ် ... ပူတယ် ...နဲ့။ ပြီးမှ ရေရောပြီး တစ်ခွက်ချတယ်။ နောက် လူတွေကိုတော့ အဖူးက ရယ်ပြီး သူပဲ ရေရောပေးတယ်။
အဲဒီမှာတင် အပေါ်ဆုံးမှာ ပြောခဲ့တဲ့ ဇာတ်လမ်းစတာ။ သတို့သမီး နော်မြူအေးကိုလည်း မြင်ရော။ ကိုငှက်ကြီးက “ဖထီး ... ဖထီးမှာ သူ့လိုမျိုး သမီးလှလှလေး တစ်ယောက်လောက် မရှိတော့ဘူးလားဗျ။ ရှိရင် ကျွန်တော်နဲ့ပေးစားဗျာ။ ဒါဆို ကျွန်တော် ဒီမှာပဲနေတော့မယ်။ မပြန်တော့ဘူး” တဲ့။ (သတို့သမီးအဖေ) ပဒိုမန်းရင်စိန်ကို သွားပြောတယ်။ ကျွန်တော်တို့အားလုံး မူးနေကြပေမယ့် လန့်သွားကြတာပေါ့။ မျက်နှာလည်း ပူတာပေါ့။ အဲဒီမတိုင်ခင် အစည်းအဝေးတွေမှာ ဗိုလ်ချုပ်မောင်မောင်နဲ့ အတော်လေးရင်းနှီးနေပေမယ့် ကျန်တဲ့သူတွေနဲ့က အဲဒီတော့မှ တွေ့ဘူးတာ။ သိကြတာဆိုတော့။ ဒါပေမဲ့ အဘိုးကြီး၊ အဘွားကြီးတွေရော၊ သတို့သား၊ သတို့သမီးရော တ၀ါးဝါးပွဲကျပြီး ကိုငှက်ကြီးပြောတဲ့ ပုံစံနဲ့ လေသံကို သဘောကျနေကြလေရဲ့။ ကောင်းရော။ သတို့သမီးတစ်ယောက်ပဲ မျက်နှာရဲ၊ ရှက်ပြီး ခေါင်းငုံ့ရင်း ရယ်နေရှာတယ်။ ဒါနဲ့ ပဒိုမန်းရင်စိန်က “သူက တစ်ဦးတည်းသော သမီးဗျ။ ခင်ဗျားလိုချင်ရင် နောက်တစ်ယောက် သူ့ထက်လှတာ ရှာပေးမယ်” တဲ့။ မှတ်ကရော။ သူ့အရပ်နဲ့ သူ့ဇာတ်နဲ့ကွက်တိ။ နော်မြူအေးကိုလည်း သူက သွားသွား နောက်နေသေးတယ်။ “ညီမ ရှိသင့်တာပေါ့” တဲ့။ “အမှန်က အမြွာပူးမွေးရမှာ အမိုးရ” ဆိုပြီး သူ့အမေကိုလည်း လှည့်ပြောနေပြန်သေးတယ်။ မနက်လင်းအားကြီး နှစ်နာရီလောက် တ၀ါးဝါး တဟားဟားနဲ့ စကားဆက်ပြောပေမယ့် ကိုငှက်ကတော့ တစ်ယောက်ရှာပေးဖို့ သီချင်းကိုပဲ ထပ်ခါတလဲလဲဆိုနေတော့တာ။ ဒါကိုပဲ အားလုံးက သဘောကျနေကြရဲ့။ လေးနာရီလည်းထိုးရော ပွဲခင်းထဲမှာ မပြန်ဘဲ အိပ်စောင့်နေတဲ့ ပရိသတ်က “ဆက်တီးပါဗျို့” ဆိုပြီး ထအော်ကြရော။ အဲဒီတော့မှ ငှက်ကြီးလည်း သေရောကွာ။ ငါတော့ ဒီလိုပရိသတ်မျိုး တစ်ခါမှ မတွေ့ဖူးဘူးဆိုပြီး “လာကြဟေ့ဆိုလို့ စင်ပေါ်ပြန်တက်ကြရ ပြန်တယ်။ ကရင်မီးတောက်တန်ခိုးနဲ့ သူ ငါးပုဒ်၊ ကျွန်တော် ငါးပုဒ်လောက်ဆိုပြီး မနိုင်တော့လို့ ရပ်လိုက်ရတယ်။ အခုတော့ အနော နော်မြူအေးဆုံးတာကြာလို့ ကိုအောင်မော်အေးတောင် ဟိုတလောလေးက နောက်တစ်ကြိမ် မင်္ဂလာဆောင်ပြန်တယ်။ မလာမနေရ ဇွတ်ဖိတ်လို့ သွားလိုက်ရသေးတယ်။
ကိုငှက်ကြီး အမှတ်တရမှာ မပါမပြီးကတော့ ကမ္ဘာကျော် “အရေးကြီးပြီ ” သီချင်းပေါ့။ တောထဲကို ခဏကလေး ရောက်လာပေမယ့် တစ်သက်စာ ဝေဒနာတွေ ရင်နဲ့ အပြည့်ယူပြီး ပြန်သွားခဲ့သူကြီးက တစ်ပုဒ်ဆို ဆိုသလောက် အန်ထုတ်ပေးခဲ့တဲ့ သီချင်း တစ်ပုဒ်။ အဲဒီသီချင်းကို ကာရိုးလ်ဆင်းဂင်း မထွက်မီ အချိန်လောက် ဒီဇင်ဘာ ပထမ၊ ဒုတိယ ပတ်ထဲလောက်မှာ ရေးခဲ့တယ်လို့ ထင်ရပါတယ်။ အဲဒီအချိန်က သူခိုနားနေရာ (မဒမခ) ပြန်/ စည်းမှာ တူရိယာပစ္စည်းဆိုလို့ ဂစ်တာ အစုတ်တစ်လုံးတောင် မရှိပါဘူး။ (နောက်မှ ဦးအေးဆောင်က နောင်မှာ သူ့မဟေသီ ဖြစ်လာမယ့် Ms. Pippa Curwin (Burma Relief Center) ဆီက အလှူခံလို့ ဟော်လိုဂစ်တာနှစ်လုံး ရောက်လာတာ မှတ်မိပါတယ်) ဆိုတော့ ဂစ်တာတီးချင်ရင် ရွာထဲလှည့်ပြီး ငှားရပါတယ်။ ရွာထဲမှာ သုံးလေးငါးလုံးရှိပေမယ့် ခရစ်ယာန် အများစုပီပီ အိမ်လှည့်ပြီး ဆုတောင်းပွဲလုပ်တာနဲ့ တနင်္ဂနွေဘုရားရှစ်ခိုးကျောင်း တက်တာနဲ့ အားလုံးက ရွာလည်နေပါတယ်။ ဆိုတော့ ကိုငှက်ကြီးက “အရေးကြီးပြီ” ကို ဘာတူရိယာမှမပါဘဲ ခုံခေါက်ပြီး “သေတ္တာမှောက်” လက်တန်း ရေးသွားတာပါ။ ရေးတဲ့အချိန်မှာ ကိုမွန်းအောင်လည်း ရှိနေပါတယ်။ တောထဲဆိုတော့ ညနေ ၇ နာရီ လောက်ဆို လူခြေတိတ်ပြီး ဘာသံမှ မကြားရတော့ပါ။
တစ်ညသား ... ဖယောင်းတိုင်မီးနဲ့ တကုတ်ကုတ်ရေးလိုက်၊ ညည်းလိုက် လုပ်ရင်း နောက်တစ်နေ့မနက်ကျ ငှက်ဖျားတက်နေတဲ့ ကိုမွန်းအောင်ကိုနှိုးပြီး ဥက္ကဋ္ဌ ဘရန်ဆိုင်း သူ့ကို လက်ဆောင်ပေးထားတဲ့ ဘာဂျာ (ဟာမိုနီကာ) လေးမှုတ်ရင်းနဲ့ ဆိုပြသတဲ့။ နောက်မှ ဂစ်တာကော့ဒ် ထည့်ပြီး အချောသတ်လိုက်တာပါ။ နောင် ကျွန်တော်တို့ တောထဲမှာ ဘာပွဲပဲလုပ်လုပ် မပါမပြီးတဲ့ သီချင်းပေါ့။ (အများအားဖြင့် အဆုံးသတ်မှာ ဆိုလေ့ရှိပါတယ်)အသုဘတွေမှာေ တာင် မဖြစ်မနေဆိုကြတဲ့အထိ ကျွန်တော်တို့ အားလုံး ရင်ထဲစွဲသွားတဲ့ သီချင်းပေါ့။ ကိုမွန်းအောင်က သူ့ရဲ့ပထမဆုံး တော်လှန်ရေးတေးစု “ငြိမ်းချမ်းရေးတိုက်ပွဲ”ထဲမှာ ထည့်သွင်းသီဆိုပြီး ရေဒီယိုတွေကလည်း အကြိမ်ကြိမ် လွှင့်ပေးခဲ့ပါတယ်။
နောက်ပိုင်း သူနဲ့ဖုန်းပေါ်မှာ စကားပြောခွင့်ပြန်ရတာ။ ၁၉၉၇-၉၈ လောက် ဖြစ်မယ်ထင်တယ်။ သူနဲ့ ဗိုလ်ထီးနဲ့ လန်ဒန် ရောက်နေတုန်း သီတာက လန်ဒန်ကနေ ဖုန်းဆက်လာတယ်။ သူက အဲဒီအချိန် ဒီဗီဘီရေဒီယိုအတွက် ဝေဟင်ယံက သီချင်း သံကဏ္ဍကို ကျွန်တော်နဲ့ ခဏလွှဲထားပြီး လန်ဒန်မှာ IT တစ်နှစ်သွားတက်နေတဲ့ အချိန်။ ဟိုလူတွေရောက်လာလို့ စကားပြောချင်တယ်ဆိုလို့ လှမ်းချိတ်ပေးတာ။ အဲဒီအချိန် ငှက်ကြီးနဲ့ ဗိုလ်ထီး ဓမ္မ၀ိဟာ ရလမ်းလား။ ဓမ်္မိက၀တီလမ်းလားမှာ အတူနေနေကြသတဲ့။ ဗိုလ်ထီးကတော့ များများမပြောပါဘူး။ လှမ်းနှုတ်ဆက်ရင်း (ကျွန်တော့် ရှမ်းမိတ်ဆွေတွေပြောပြတဲ့ အကြောင်းတွေ သူ့ကို တစ်ခွန်းနှစ်ခွန်းမေးပြီး) “ခင်ဗျားသီချင်းတွေနဲ့ သူပုန်လားမြောက်လာတဲ့ ကျွန်တော်တို့ တောထဲက သူတွေရဲ့ မျက်နှာကို ပြန်ကြည့်ပါဦးဗျာ” လို့ ပြောတော့ ငိုသံပါကြီးနဲ့ “တော်ပါတော့ကွာ။ ငါမှားမိပါတယ်ကွာ။ နောက် မဖြစ်တော့ပါဘူး။ ငါ့ကို နားလည်ကြပါ”လို့ ပြောရှာတယ်။ ကျွန်တော်လည်း ပြောပြီးကာမှ အတော်စိတ်မကောင်းဖြစ်သွားတယ်။ ငှက်ကြီးကတော့ "ငါထွက်တဲ့ အယ်လ်ဘမ်တိုင်းကို ကြည့်။ အနည်းဆုံး မင်းတို့အတွက် တစ်ပုဒ်မက ပါတယ်။ မင်း အကုန် နားထောင်ဖြစ်ရဲ့လား”တဲ့။ ကျန်တာတွေ ပြောဖြစ်ကြရင်း ကျွန်တော်က “အထူးသဖြင့် အဝေးရောက်သားဆိုးများအတွက် ဆိုတဲ့ အညွှန်းကတော့ အတော်ငြိ၊ အတော်ထိသဗျာဆိုတော့။ တက်တက်ကြွကြွအသံနဲ့ “အေး .. .မင်း ...ခလဲ့ဒေးကို သတိရသွားတယ် မဟုတ်လား” တဲ့။ သူ တော်တော် ၀မ်းသာသွားပုံရတယ်။ ကျွန်တော့်ရင်ထဲလည်း ပျော်လိုက်တာ အတိုင်းမသိ။ ကျွန်တော် သတိတရနဲ့ သူ့သတိတရ၊ ရင်ဘတ်ချင်းတိုက်မိသွားလို့ ... တကယ့် ငှက်ရုပ် (ငှက်ဖျားမိလို့တဲ့ ပိန်ချုံး ညှော်လှီနေတဲ့ပုံ) နဲ့ သူရင်ဘတ်ပုတ်ပြတဲ့ ပုံလေးကို မျက်စိထဲ မြင်ယောင်လိုက်မိပါတယ်။
ကိုငှက်ကြီး ဒီသံသရာက မလွတ်မြောက်သေးမီဖြစ်လေရာ ဘ၀တိုင်းမှာ သီချင်းငှက်တစ်ကောင်အဖြစ် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းသော ချစ်ခြင်းမေတ္တာတရားများ ဆက်လက်ဝေငှနိုင်ပါစေ။
၁၉း၃၄ နာရီ၊ ၂၆ ဇူလိုင်လ ၂၀၁၄
ချင်းမိုင်ရမ်းဆေးရုံ၊ ဇင်းမယ်မြို့၊ ထိုင်းနိုင်ငံ။
# ကျော်ကျော်ငြိမ်းချမ်း
သရုပ်ဖော်ပန်းချိ - နေမျိုးဆေး
#Credit : မဇ္ဇိုမ
(ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၀)ပြည့် အမှတ်တရ)
“ဖထီး ... ဖထီးမှာ သူ့လိုမျိုး သမီး လှလှလေးတစ်ယောက်လောက် မရှိတော့ဘူးလားဗျ ...” “ရှိရင် ကျွန်တော်နဲ့ ပေးစားဗျာ။ ဒါဆို ကျွန်တော် ဒီမှာပဲနေတော့မယ်။ မပြန်တော့ဘူးတဲ့။
အဲ ....ကိုငှက်ကြီးကတော့ လုပ်ချလိုက်ပြန်ပြီ ...။
အချိန်က ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် ... မနက်လင်းအားကြီး ၂ နာရီလောက် ...။ နေရာက ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးက မယ်လလို့ခေါ်တဲ့ ထိုင်းကရင်ရွာလေးထဲမှာရှိတဲ
အဲဒီအချိန်က ကျွန်တော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ
ပြောရရင်တော့ အဲဒီအချိန်က ဟစ်အဖြစ်ဆုံး အဆိုတော်နှစ်ယောက်ဖြစ်တဲ့ ကိုထူးအိမ်သင်နဲ့ ကိုမွန်းအောင်တို့က သူ့အုပ်စုလေးနဲ့သူ ၁၉၈၈ စက်တင်ဘာ စစ်တပ်က အာဏာသိမ်းအပြီးမှာ ဘုရားသုံးဆူစခန်း (မွန်ပြည်သစ် ပါတီနယ်မြေ) ကို ရောက်လာကြတာပါ။ ကိုထူးအိမ်သင်နဲ့ မော်လမြိုင်ကပါလာတဲ့ သူငယ်ချင်းတချို့က ရောက်ပြီး သိပ်မကြာခင်မှာတင် ပြန်သွားကြပါတယ်။ မော်လမြိုင်-ဘုရားသုံးဆူ ကုန်သည်လမ်းကြောင်းကလည်း ဖြူးနေတော့ နေချင်းပေါက် ဥဒဟို သွားလာနေတဲ့ ကာလဆိုပါတော့။ ကိုထူးအိမ်သင်ကတော့ ကိုမွန်းအောင်နဲ့အတူ (မကဒတ) ဖြစ်လာမယ့် ပထမဆုံး အစည်းအဝေးကို တက်ဖို့ ဘုရားသုံးဆူစခန်းကနေ လေ့လာသူအဖြစ် ၀မ်ခ (ကော့မူးရာ)စခန်းကို လိုက်လာပါတယ်။ တခြား (မဒမခ) လူကြီးများက “နိုင်ဟံသာ (ယခု UNFC) နဲ့ ဒေါက်တာတူးဂျာလို့ ထင်ပါတယ်။ တို့က ဌာနချုပ်ရှိရာ ခလဲ့ဒေး စခန်းကိုခေါ်လာပြီး စည်းရုံးရေးနဲ့ ပြန်ကြားရေးဌာနတာဝန်ခံ ဦးအေးဆောင် ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ပီအယ်လ်ဖက်) အထွေထွေအတွင်းရေးမှူးကို အပ်သွားတာပါ။ အဲဒီ (မဒမခ) စည်း/
ကြုံလို့ပြောရရင် ... ကိုမွန်းအောင် မသွားခင်လေးတင် အဲဒီတုန်းက မကဒတ အစောပိုင်းသမိုင်းမှာ နာမည်ကျော် ခွေးသူခိုးကိစ္စ ဖြစ်တာပါ။ (မကဒတ)မှာ ပထမဦးဆုံး နိုင်ငံရေး ကမ်ပိန်းလို့ ပြောရမလား။ အပုပ်ချပွဲ (လူချပွဲ) လို့ ပြောရမလား မသိပါ။ (မ တစ်ရာသားတွေဆိုတော့လည်း ခက်သား။ တချို့က အဲဒီကတည်းက အကျင့်က မကောင်းကြတာ။ ထားပါတော့ .. နောက်ကွယ်က ဘယ်သူတွေ ၀ါဒဖြန့်ကြလဲဆိုတာ နောက်ကြုံမှပေါ့) တစ်နေ့တော့ ကိုထူးအိမ်သင်၊ ကိုမွန်းအောင်၊ ကိုအောင်နိုင် (အဲဒီတုန်းက (မကဒတ) ဗဟိုကော်မတီမှာ တွဲဖက်အတွင်းရေးမှူး၊ အခု ဗွီအိုအေဌာနမှူး ကိုသန်းလွင်ထွန်း) တို့ကို ကချင်ကိုယ်စားလှယ်အဖွဲ့က ရဲဘော်တစ်ဦး (ကိုဇော်နောင်လို့ ထင်ပါတယ်) က သောင်ရင်း မြစ်တစ်ဖက်ကမ်း ယိုးဒယားဖက်ခြမ်းက ဈေးတန်းမှာ ထိုင်းခေါက်ဆွဲပြုတ် လိုက်ကျွေးပါတယ်။ (အဲဒီအချိန်က ဘယ်သူမှ ကိုယ့်ဟာကို ၀ယ်မစားနိုင်ပါဘူး။ တစ်ယောက်မှ ခြူးတပြားမှ မရှိတာ။ နောက်ပိုင်းမှ ရေးပါဦးမယ်)အပြန်ကျတော့ ခေါက်ဆွဲဆိုင်က ခွေးကလေးက သူတို့နောက်ကို သူ့ဟာသူ လိုက်လာပါတယ်။ ပြန်မောင်းထုတ်တာ မပြန်ဘဲ လှေဆိပ်ထိ လိုက်လာပါတယ်။ ဖြစ်ချင်တော့ ခွေးလေးကလည်း ချစ်စရာကောင်းတော့ ကိုအောင်နိုင်က အမှတ်တမဲ့ ကောက်ပွေ့လာတော့ ဒီဖက်ကမ်းကို ပါလာပါတယ်။ နောက်တော့ ဆိုင်ပိုင်ရှင် ထိုင်းမ (ထိုင်း ပုလိပ်မိန်းမ) က ဒီဘက်ကို အကြောင်းကြားပြီး ပြန်တောင်းပါတယ်။ အဲဒီတုန်းက ကေအန်ယူနယ်မြေ ဂိတ်တာဝန်ခံက ပဒိုစောဒေဗစ်ထောပါ။ ကိုအောင်နိုင်တို့ကလည်း အကျိုးအကြောင်း ပြောပြ၊ တောင်ပန်ပြီး ပြန်ပို့ပေးလိုက်ပါတယ်။ အစ်နော့အဘစ်ဒီးလ် အေးဆေးပါဆိုတော့ စက်နဲ့ အကြောင်းကြားရင်း ၂၀၇ တပ်ရင်းမှူး အောင်ဟိန်း (နောင်တစ်ချိန် မကဒတ ဗဟိုဘဏ္ဍာရေး တာဝန်ခံဖြစ်ပြီး ဘတ်သုံးသိန်းလောက်ဘုံးပြီး ဗမာပြည် ပြန်ပြေးတဲ့မောင် “ပြောရရင် သူကမှ သူခိုးအစစ်ပေါ့”) က ဆက်သွယ်ရေး စက်ထဲမှာကြားတော့ တဆင့်တဆင့် ပြောကြရင်းနဲ့ ကိုအောင်နိုင်နဲ့မတည့်တဲ့
ဖြစ်ချင်တော့ ကိုမွန်းအောင် ဇင်းမယ်ကို ထွက်သွားပြီး နောက်ပိုင်းမှာ ကိုငှက်ကြီး ငှက်ဖျားစမိပါတယ်။ ဖာအံငှက်က သူ့ထက်ကြီးတော့ သူ့ခမျာ နဂိုကလည်း ခပ်ပိန်ပိန်၊ အာဟာရလည်း ပြတ်တော့ အိပ်ရာထဲလဲပါတယ်။ မဒမခ-ဒီအေဘီရုံးက အခန်းကျဉ်းလေးထဲမှာ ခွေနေရှာပါတယ်။ ဖြစ်ချင်တော့ ဦးအေးဆောင်လည်း ခရီးထွက်၊ ကျန်တဲ့လူကြီးတွေလည်း မရှိတော့ လူမမာ စာမရှိဖြစ်နေပါတယ်။ ဒါနဲ့ ကျွန်တော်တို့ နယ်မြေရုံးမှာ ရှိတဲ့သူတွေကို ကိုငှက်ကြီးအတွက် လူမမာစာဆက်ကြေး ကောက်ပါတယ်။ (မကဒတ) သမိုင်းမှာ ကိုယ့်အချင်းချင်း ပြန်ကောက်တဲ့ ပထမဆုံးဆက်ကြေး ဖြစ်မယ်ထင်ပါရဲ့။ ဆက်ကြေးကောက်တယ်သာ ပြောရတာ။ ဘယ်သူ့မှာမှ ပိုက်ဆံရှိတာ မဟုတ်။
ကြုံလို့ အဲဒီအချိန်က (မကဒတ) နယ် မြေကော်မတီရဲ့ ရာရှင်နဲ့လစာအကြောင်း နှောင်းခေတ်လူများ အားကျဖွယ် နည်းနည်းပြောပြရဦးမယ်။ ကော်မတီဝင် ၃၀ နီးပါးနဲ့ ရုံးအဖွဲ့သား ၁၀ ဦးလောက်အတွက် ဆန်အိတ်ငယ် ၁၀ အိတ်၊ ငပိငါးပုံးနဲ့ ဆားအထုပ် ၂၀ ရပါတယ်။ (ကေအင်န်ယူက ထုတ်ပေးတာပါ၊ သူတို့ ရဲဘော်တွေလည်း ဒီစကေးပါပဲ)။ ဆီ၊ အချိုမှုန့်၊ ငရုတ်သီး၊ ကုလားပဲ၊ ငါးခြောက်၊ ငါးသေတ္တာစတာတွေကတော့ ဒိုနာတွေပေါ်မှာ မူတည်သပေါ့ဗျာ။ အများအားဖြင့်တော့ ပြတ်တလှည့် ငတ်တလှည့်ပေါ့။ ပေးစကေးကလည်း နည်းမှတ်လို့။ တစ်ယောက်ကို တစ်လရိက္ခာငွေ ယိုးဒယားအသပြာ ရှစ်ဘတ်ကြီးများတောင် ရတာကလား။ အမှန်တော့ ဆေးလိပ်ဖိုးလို့ ပြောပေးတာပါဗျာ။
အဲဒီတော့ တစ်လစာ ဘိန်းဖိုး အသပြာ ရှစ်ဘတ်ကို တစ်ပတ်ကို နှစ်ဘတ်နှုန်းနဲ့ ဘတ်ဂျက်ဆွဲပြီး ဆေးသေး (ပွတ်ချွန်းဆေး) နှစ်ထုပ် ၀ယ်ရတယ်။ မရှိမဲ့ရှိ မဲ့လေးတွေစုပြီး လက်ဖက်ရည် တစ် ခွက်နဲ့ အီကြာကွေးနှစ်ချောင်းနဲ့ လူမမာသွားမေး၊ အားပေးရတာပေါ့။ ငှက်ကြီးလည်း ကွီနိုင်းဒဏ်ကို အလူးအလဲခံထားရတော့ နားရွက်နဲ့မျက်မှန်ပဲ ကျန်တယ်။ လက်ဖက်ရည်သောက်ရုံနဲ့ ထိုးထိုးအန်ပြီး မထနိုင်တော့ဘူး။ အဲဒီမှာ သူ့ရဲ့  အမေ့အိမ်လွမ်းချင်းကို စကြားရတာပဲ။ “အမေ့ကို အရမ်းသတိရတယ်ကွာ။ နေကောင်းရင် ငါပြန်တော့မယ်” ဆိုတာကို ငှက်ဖျားတက်ရင်းနဲ့ Chorus ပိုဒ်ဆိုသလို ထပ်ခါတလဲလဲ ညည်းတော့တာပဲ။ ကျွန်တော်တို့ကတော့ နေကောင်းအောင် အရင်လုပ်ပါဗျာ။ ပြန်ဖို့က မခက်ပါဘူးလို့ အားပေးရင်း ၀ိုင်းပြုစုကြရတယ်။ ပြုစုတယ်သာပြောတာ KNU ဆေးခန်းက ပေးတဲ့ ကွီနိုင်းကလွဲလို့ ဘာမှ ဓာတ်စာ မရှိတော့ ကိုက်တယ်ခဲတယ်ပြောတဲ့ နေရာကို တတ်နိုင်သလောက် နင်းနှိပ်ပေးရုံပါပဲ။ ကေအင်န်ယူဂိတ်ကို ဖြတ်တဲ့ ကုန်သည်တွေနဲ့ ရွာထဲက ဈေးဆိုင်တွေမှာ ပိုက်ဆံမဟုတ်တဲ့ ဓာတ်စာ (ကြက်ဥ၊ ငါးသေတ္တာ၊ ငါး ခြောက် ငါးခြမ်း၊ အအေး၊ အချိုရည်စသည်ဖြင့် ၀ယ်ပေးဖို့ အလှူခံရတယ်။ အဲဒီကနေစပြီး အတောင်းအရမ်းတတ်သွားတာနေမှာ
သူ နည်းနည်း ထောင်လာတာနဲ့ ကာလကလည်း ခရစ္စမတ်အခါသမယ ဟိုနားဒီနားက ကရင်မိတ်ဆွေတွေရဲ့ ခရစ္စမတ်သီချင်းသံကလည်း မကြာမကြာကြားနေရတော့ ကျွန်တော်တို့ ကိုငှက်ကြီးကို ဗဟိုပြုပြီး ကာရိုးလ်ဆင်းဂင်း ထွက်ဖို့ ကြံကြပါတယ်။ နေမကောင်းရင် (ငှက်ဖျားထရင်) ဓာတ်စာဖိုးလေးတော့ရှိမှဆိုတ
အဲဒီမှာတင် အစမှာရေးထားတဲ့ ဇာတ်လမ်းပေါ်လာတာပေါ့။ ဗိုလ်ချုပ်မောင်မောင်ရဲ့သား
တိုတိုပြောရရင် ၁၉၈၈၊ ဒီဇင်ဘာလ ၂၂ ရက် မနက်လုပ်မယ့် မင်္ဂလာဆောင်အတွက် ၂၁ ရက်ညမှာ စတိတ်ရှိုးတီးပေးဖို့ ဗိုလ်ချုပ်မောင်မောင်က ကျွန်တော့်ကို အကူအညီတောင်းပါလေရော။ ဆိုတော့ သီချင်းတိုက်ကြရတာပေါ့။ ရက်ကလည်း ကပ်နေတော့။ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ ကိုငှက်ကြီး တစ်ယောက်ကလွဲလို့ ဖြစ်ဖြစ်မြောက်မြောက် တစ်ယောက်မှ မပါတာ။ ဒီတော့ ကိုငှက်က “မင်းတို့ရပြီးသား အိုးဂေါ်လီသီချင်းတွေကို လက်ပူတိုက်ပြီး နွှေးကြကွာ”တဲ့။ KNU တပ်မဟာ ၇ နဲ့ ဗဟိုက စုပေါင်းစပ်ပေါင်း ပစ္စည်းတစ်စုံစာ ထုတ်လာတယ်။ ဒရမ်မာ မရှိတော့ သူက ပင်တိုင်ဒရမ်တီးမယ်တဲ့။ ကျွန်တော့်ကို ဂစ်တာ တီးတဲ့။ သူသီချင်းဆိုရင် ကျွန်တော်က ဒရမ်တီးတဲ့။ သူက ဂစ်တာတီးရင်း ဆိုမယ်တဲ့။ သူက ဘာတီးတီး၊ ဘာဆိုဆို ပြဿနာ မရှိဘူး။ သူမို့လို့ ကျွန်တော်တို့နဲ့ စတိတ်ရှိုးလက်ခံရဲတယ်။ ရဲစွ ...ဟုတ်ထာ။ အရေးထဲ ဘေ့စ်တီးမဲ့သူ မရှိတော့ ကျွန်တော်တို့ နယ်မြေကော်မတီဝင် စောထစခန်းက (ကျောင်းဆရာ) မောင်မောင်စိုး (အမေရိကား-ဖို့ဝိန်းမှာ ဆုံးသွားသူ) က ၀င်တီးပေးတယ်။ သူကလည်း ရတဲ့သီချင်းရ၊ မရတဲ့ သီချင်းမရ (ကျွန်တော်နဲ့ အတူတူပါပဲ) ဆိုတော့ KNU က စက်သမားက သူလဲရတဲ့ သီချင်းဝင်တီးမတဲ့။ အော်ဂင်ရောဆိုတော့ ဘုရားကျောင်းက ဓမ္မဆရာတွေရတဲ့ သီချင်းဆို ၀င်တီးမတဲ့။ အဆိုတော်ကလည်း ပြုံယမ်းအဖွဲ့ဝင်တွေလောက်ပဲ
“အိမ်ပေါ်ကို ကျွန်တော်တို့ တက်သွားတော့ နှစ်ဖက် မိဘဆွေမျိုးတွေနဲ့ သတို့သား၊ သတို့သမီးတို့ ၀ိုင်းထိုင်နေကြတယ်။ အဖူးက သူ့အခန်းထဲ ၀င်သွားပြီး ပုလင်းနှစ်လုံးကိုင်ပြီး ပြန်ထွက်လာတယ်။ ကျွန်တော်တို့ကတော့ ချီးဗတ်စ်လား ဂျော်နီလား လိုက်ကြည့်ကြတာပေါ့။ လား ... လား ... “ကရင်မီးတောက်ကို လူပျံတော်ပတ္တမြားရယ်။ ငါ့ဆေးမြစ်တွေရယ် စိမ်ထားတာကွ ... မင်းတို့ကို ခင်လွန်းချစ်လွန်းလို့ တိုက်တာတဲ့”။ မှတ်ကရော။ ငှက်ကြီးကို ပထမဆုံး တစ်ခွက်ပေးတယ်။ ရေမရောပဲ တငုံငုံလိုက်တာ ဖွီးဆို ပြန်ထွက်လာတယ်။ အား ... ပူတယ် ... ပူတယ် ...နဲ့။ ပြီးမှ ရေရောပြီး တစ်ခွက်ချတယ်။ နောက် လူတွေကိုတော့ အဖူးက ရယ်ပြီး သူပဲ ရေရောပေးတယ်။
အဲဒီမှာတင် အပေါ်ဆုံးမှာ ပြောခဲ့တဲ့ ဇာတ်လမ်းစတာ။ သတို့သမီး နော်မြူအေးကိုလည်း မြင်ရော။ ကိုငှက်ကြီးက “ဖထီး ... ဖထီးမှာ သူ့လိုမျိုး သမီးလှလှလေး တစ်ယောက်လောက် မရှိတော့ဘူးလားဗျ။ ရှိရင် ကျွန်တော်နဲ့ပေးစားဗျာ။ ဒါဆို ကျွန်တော် ဒီမှာပဲနေတော့မယ်။ မပြန်တော့ဘူး” တဲ့။ (သတို့သမီးအဖေ) ပဒိုမန်းရင်စိန်ကို သွားပြောတယ်။ ကျွန်တော်တို့အားလုံး မူးနေကြပေမယ့် လန့်သွားကြတာပေါ့။ မျက်နှာလည်း ပူတာပေါ့။ အဲဒီမတိုင်ခင် အစည်းအဝေးတွေမှာ ဗိုလ်ချုပ်မောင်မောင်နဲ့ အတော်လေးရင်းနှီးနေပေမယ့် ကျန်တဲ့သူတွေနဲ့က အဲဒီတော့မှ တွေ့ဘူးတာ။ သိကြတာဆိုတော့။ ဒါပေမဲ့ အဘိုးကြီး၊ အဘွားကြီးတွေရော၊ သတို့သား၊ သတို့သမီးရော တ၀ါးဝါးပွဲကျပြီး ကိုငှက်ကြီးပြောတဲ့ ပုံစံနဲ့ လေသံကို သဘောကျနေကြလေရဲ့။ ကောင်းရော။ သတို့သမီးတစ်ယောက်ပဲ မျက်နှာရဲ၊ ရှက်ပြီး ခေါင်းငုံ့ရင်း ရယ်နေရှာတယ်။ ဒါနဲ့ ပဒိုမန်းရင်စိန်က “သူက တစ်ဦးတည်းသော သမီးဗျ။ ခင်ဗျားလိုချင်ရင် နောက်တစ်ယောက် သူ့ထက်လှတာ ရှာပေးမယ်” တဲ့။ မှတ်ကရော။ သူ့အရပ်နဲ့ သူ့ဇာတ်နဲ့ကွက်တိ။ နော်မြူအေးကိုလည်း သူက သွားသွား နောက်နေသေးတယ်။ “ညီမ ရှိသင့်တာပေါ့” တဲ့။ “အမှန်က အမြွာပူးမွေးရမှာ အမိုးရ” ဆိုပြီး သူ့အမေကိုလည်း လှည့်ပြောနေပြန်သေးတယ်။ မနက်လင်းအားကြီး နှစ်နာရီလောက် တ၀ါးဝါး တဟားဟားနဲ့ စကားဆက်ပြောပေမယ့် ကိုငှက်ကတော့ တစ်ယောက်ရှာပေးဖို့ သီချင်းကိုပဲ ထပ်ခါတလဲလဲဆိုနေတော့တာ။ ဒါကိုပဲ အားလုံးက သဘောကျနေကြရဲ့။ လေးနာရီလည်းထိုးရော ပွဲခင်းထဲမှာ မပြန်ဘဲ အိပ်စောင့်နေတဲ့ ပရိသတ်က “ဆက်တီးပါဗျို့” ဆိုပြီး ထအော်ကြရော။ အဲဒီတော့မှ ငှက်ကြီးလည်း သေရောကွာ။ ငါတော့ ဒီလိုပရိသတ်မျိုး တစ်ခါမှ မတွေ့ဖူးဘူးဆိုပြီး “လာကြဟေ့ဆိုလို့ စင်ပေါ်ပြန်တက်ကြရ ပြန်တယ်။ ကရင်မီးတောက်တန်ခိုးနဲ့ သူ ငါးပုဒ်၊ ကျွန်တော် ငါးပုဒ်လောက်ဆိုပြီး မနိုင်တော့လို့ ရပ်လိုက်ရတယ်။ အခုတော့ အနော နော်မြူအေးဆုံးတာကြာလို့ ကိုအောင်မော်အေးတောင် ဟိုတလောလေးက နောက်တစ်ကြိမ် မင်္ဂလာဆောင်ပြန်တယ်။ မလာမနေရ ဇွတ်ဖိတ်လို့ သွားလိုက်ရသေးတယ်။
ကိုငှက်ကြီး အမှတ်တရမှာ မပါမပြီးကတော့ ကမ္ဘာကျော် “အရေးကြီးပြီ ” သီချင်းပေါ့။ တောထဲကို ခဏကလေး ရောက်လာပေမယ့် တစ်သက်စာ ဝေဒနာတွေ ရင်နဲ့ အပြည့်ယူပြီး ပြန်သွားခဲ့သူကြီးက တစ်ပုဒ်ဆို ဆိုသလောက် အန်ထုတ်ပေးခဲ့တဲ့ သီချင်း တစ်ပုဒ်။ အဲဒီသီချင်းကို ကာရိုးလ်ဆင်းဂင်း မထွက်မီ အချိန်လောက် ဒီဇင်ဘာ ပထမ၊ ဒုတိယ ပတ်ထဲလောက်မှာ ရေးခဲ့တယ်လို့ ထင်ရပါတယ်။ အဲဒီအချိန်က သူခိုနားနေရာ (မဒမခ) ပြန်/
တစ်ညသား ... ဖယောင်းတိုင်မီးနဲ့ တကုတ်ကုတ်ရေးလိုက်၊ ညည်းလိုက် လုပ်ရင်း နောက်တစ်နေ့မနက်ကျ ငှက်ဖျားတက်နေတဲ့ ကိုမွန်းအောင်ကိုနှိုးပြီး ဥက္ကဋ္ဌ ဘရန်ဆိုင်း သူ့ကို လက်ဆောင်ပေးထားတဲ့ ဘာဂျာ (ဟာမိုနီကာ) လေးမှုတ်ရင်းနဲ့ ဆိုပြသတဲ့။ နောက်မှ ဂစ်တာကော့ဒ် ထည့်ပြီး အချောသတ်လိုက်တာပါ။ နောင် ကျွန်တော်တို့ တောထဲမှာ ဘာပွဲပဲလုပ်လုပ် မပါမပြီးတဲ့ သီချင်းပေါ့။ (အများအားဖြင့် အဆုံးသတ်မှာ ဆိုလေ့ရှိပါတယ်)အသုဘတွေမှာေ
နောက်ပိုင်း သူနဲ့ဖုန်းပေါ်မှာ စကားပြောခွင့်ပြန်ရတာ။ ၁၉၉၇-၉၈ လောက် ဖြစ်မယ်ထင်တယ်။ သူနဲ့ ဗိုလ်ထီးနဲ့ လန်ဒန် ရောက်နေတုန်း သီတာက လန်ဒန်ကနေ ဖုန်းဆက်လာတယ်။ သူက အဲဒီအချိန် ဒီဗီဘီရေဒီယိုအတွက် ဝေဟင်ယံက သီချင်း သံကဏ္ဍကို ကျွန်တော်နဲ့ ခဏလွှဲထားပြီး လန်ဒန်မှာ IT တစ်နှစ်သွားတက်နေတဲ့ အချိန်။ ဟိုလူတွေရောက်လာလို့ စကားပြောချင်တယ်ဆိုလို့ လှမ်းချိတ်ပေးတာ။ အဲဒီအချိန် ငှက်ကြီးနဲ့ ဗိုလ်ထီး ဓမ္မ၀ိဟာ ရလမ်းလား။ ဓမ်္မိက၀တီလမ်းလားမှာ အတူနေနေကြသတဲ့။ ဗိုလ်ထီးကတော့ များများမပြောပါဘူး။ လှမ်းနှုတ်ဆက်ရင်း (ကျွန်တော့် ရှမ်းမိတ်ဆွေတွေပြောပြတဲ့ အကြောင်းတွေ သူ့ကို တစ်ခွန်းနှစ်ခွန်းမေးပြီး) “ခင်ဗျားသီချင်းတွေနဲ့ သူပုန်လားမြောက်လာတဲ့ ကျွန်တော်တို့ တောထဲက သူတွေရဲ့ မျက်နှာကို ပြန်ကြည့်ပါဦးဗျာ” လို့ ပြောတော့ ငိုသံပါကြီးနဲ့ “တော်ပါတော့ကွာ။ ငါမှားမိပါတယ်ကွာ။ နောက် မဖြစ်တော့ပါဘူး။ ငါ့ကို နားလည်ကြပါ”လို့ ပြောရှာတယ်။ ကျွန်တော်လည်း ပြောပြီးကာမှ အတော်စိတ်မကောင်းဖြစ်သွားတယ
ကိုငှက်ကြီး ဒီသံသရာက မလွတ်မြောက်သေးမီဖြစ်လေရာ ဘ၀တိုင်းမှာ သီချင်းငှက်တစ်ကောင်အဖြစ် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းသော ချစ်ခြင်းမေတ္တာတရားများ ဆက်လက်ဝေငှနိုင်ပါစေ။
၁၉း၃၄ နာရီ၊ ၂၆ ဇူလိုင်လ ၂၀၁၄
ချင်းမိုင်ရမ်းဆေးရုံ၊ ဇင်းမယ်မြို့၊ ထိုင်းနိုင်ငံ။
# ကျော်ကျော်ငြိမ်းချမ်း
သရုပ်ဖော်ပန်းချိ - နေမျိုးဆေး
#Credit : မဇ္ဇိုမ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။