Prediction ကာချုပ် ဘာလုပ်မလဲ
သတင်းတွေထွက်နေသတဲ့။
ကာချုပ်ဖြစ်ဖြစ်၊ စစ်အရာရှိကြီးတယောက်ယောက်ဖြစ်ဖြစ် ယူနီဖေါင်းချွတ်ပြီး နိုင်ငံရေးထဲဝင်လုပ်တာဟာ မြန်မာပြည် အတွက်တော့ ဗိုလ်ချုပ်ကြီးနေဝင်းက နည်းပေးလမ်းပြလုပ်ထားခဲ့တာကို စဉ်ဆက်မပြတ်လိုက်နာတာသာ ဖြစ်မယ်။
ဒီနည်းဟာ ‘ထိုင်း’ နမူနာထက်တော့ သာသလိုလိုထင်နိုင်တယ်။ ဒါပေမဲ့ ပိုဆိုးတယ်လို့ပြောရင်လဲ မှန်တယ်။ ယူနီဖေါင်း ဝတ်ထားသူကမှ စစ်တပ်စည်းကမ်းနဲ့ အစဉ်အလာတွေကို ထိန်းဘို့ အသိရှိအုံးမယ်။ အဝတ်အစားပြောင်းတော့ စစ်စိတ်ရော၊ နိုင်ငံရေးသမားစိတ်ရော တွဲရှိနေမယ်။ သူပြောတာ၊ လုပ်တာတွေမှာ ကပြားဆန်တာတွေပါနေမှာဖြစ်သလို၊ အရေးကြုံရင် လက်နက်အားကိုးဘို့ ဝန်မလေးဘူး။ အာဏာကို နှစ်ခါပြနေလမ့်မယ်။ တိုင်းပြည်အတွက် မိအေးနှစ်ခါနာ သလိုဘဲ။
ဒီနည်းဟာ ‘ထိုင်း’ နမူနာထက်တော့ သာသလိုလိုထင်နိုင်တယ်။ ဒါပေမဲ့ ပိုဆိုးတယ်လို့ပြောရင်လဲ မှန်တယ်။ ယူနီဖေါင်း ဝတ်ထားသူကမှ စစ်တပ်စည်းကမ်းနဲ့ အစဉ်အလာတွေကို ထိန်းဘို့ အသိရှိအုံးမယ်။ အဝတ်အစားပြောင်းတော့ စစ်စိတ်ရော၊ နိုင်ငံရေးသမားစိတ်ရော တွဲရှိနေမယ်။ သူပြောတာ၊ လုပ်တာတွေမှာ ကပြားဆန်တာတွေပါနေမှာဖြစ်သလို၊ အရေးကြုံရင် လက်နက်အားကိုးဘို့ ဝန်မလေးဘူး။ အာဏာကို နှစ်ခါပြနေလမ့်မယ်။ တိုင်းပြည်အတွက် မိအေးနှစ်ခါနာ သလိုဘဲ။
ဗခမက မင်းအောင်လှိုင်အဖို့ သူ့အလှည့်ကျပြီလို့ သေချာပေါက်တွက်ထားပြီးဖြစ်မယ်။ မထင်ပေါ်ပေမဲ့ အလိုတော်အရ စဉ်တော်က ကောက်ထားကတည်းက အဲဒီရည်မှန်းချက်ကြီးရှိနေပါလိမ့်မယ်။ မြန်မာ့စစ်တပ်မှာ ဗခက နေဝင်းနောက် စီနီယာ စနစ်ပျောက်သွားခဲ့ပါပြီ။ သူများတိုင်းပြည်တွေမှာလဲ အဲလိုတွေရှိပါတယ်။ အိမ်နီးချင်း ဘယ်နိုင်ငံကိုကြည့်ကြည့် အာဏာရပါတီနဲ့ ပလဲပနံသင့်တဲ့ စစ်တပ်ထဲက အကြီးဆုံး ၂-၃ ယောက်ထဲကနေ တယောက်ကိုသာ တပ်မတော်မှာ အမြင့်ဆုံးတာဝန်ပေးနေကြတယ်။
မြန်မာပြည်မှာက စစ်ဗိုလ်ချုပ်ကြီးတွေအတွက် မက်စရာက သူများတိုင်းပြည်တွေထက် ရက်ရက်စက်စက်ပိုကဲထားတယ်။ ဦးနေဝင်းချခဲ့တဲ့ တပ်မတော်သမိုင်းအစဉ်အလာနဲ့ ၂ဝဝဂ ဖွဲ့စည်းပုံပါတွေအရ မဟာအခွင့်ထူးကြီးတွေကို ‘ကိုယ့်မိန်းမကေ နေပေးတဲ့ ရွှေတံဆိပ်လိုမျိုး’ ရယူထားကြတယ်။ မြောက်ကိုရီးယားဗိုလ်ချုပ်ကြီးတွေထက် သာတယ်။
ဖိလစ်ပိုင် ဗိုလ်ချုပ်ကြီး ‘ဖီဒယ် ရားမို့စ်’ လိုမျိုး မြန်မာပြည်မှာ ပေါ်လာမလား မျှော်နေခဲ့ကြဘူးတယ်။ အခု မမျှော်ကြတော့ပါ။ တခြားနမူနာတွေက အလားအလာမကောင်းပါ။ ပါကစ္စတန်က ‘ပါးဗက် မူရှရက်’ လဲ စစ်တပ်ကထွက်ပြီး နိုင်ငံရေးထဲဝင်တာ အခု တရားရင်ဆိုင်နေရတယ်။ လက်ရှိ မြန်မာအစိုးရကနေ ထိုင်းမှာ စစ်တပ်က အာဏာသိမ်းတာကို နှစ်နိုင်ငံဆက်ဆံရေး ဆက်လက်ထားရှိမယ်လို့သာ ပြောသင့်ပါလျှက်ကနဲ့ အပြတ် ထောက်ခံလိုက်တာဟာ စစ်အာဏာစိတ်က နည်းနည်းလေးမှ မလျှော့တာကို ဖေါ်ပြလိုက်တာ ဖြစ်တယ်။
ဗခမက မင်းအောင်လှိုင် သမတဖြစ်ဖြစ်၊ ဒုသမတဖြစ်ဖြစ်၊ လွှတ်တော်နာယကဖြစ်ဖြစ် ဖြစ်လာလို့ကတော့ တိုင်းပြည် အတွက်ရော မြန်မာ့တပ်မတော်အတွက်ပါ ဘာတခုမှ အကျိုးထူးစရာမရှိပါ။ ပိုနစ်နာစရာလဲ မရှိပါ။ မြန်မာပြည်ဟာ အဟောင်းလမ်းအတိုင်း၊ လူဟောင်းတွေနဲ့သာ ဟောင်းသထက်ဟောင်းနေတယ်လို့ သမိုင်းတင်မှာသာဖြစ်ပါတယ်။
၂ဝ၁၅ သည် အဟောင်းသာဖြစ်ပါမည်။ မကောင်းသတင်းတွေရော၊ အဟောင်းအမြင်းတွေပါ ‘ဂျောင်း’ ပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၇-၆-၂ဝ၁၄
၇-၆-၂ဝ၁၄
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။