Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 7, 2014

How to live with HIV positive person အတူနေမယ် မကူးစေရ

How to live with HIV positive person အတူနေမယ် မကူးစေရ
(၁) ဆရာရှင့် သမီးတို့အိမ်မှာ HIV positive နဲ့ မိန်းကလေးကို အကူခေါ်ထားပါတယ်။ သူကအကူအညီတောင်းလို့ပါ။ အိမ်က ကလေးများလို့ တခုခု ဖြစ်မှာ စိုးရိမ်မိပါတယ်။ သူ့ကို သန့်ရှင်းရေးပဲ လုပ်ခိုင်းပါတယ်။ အဲဒါစိတ်ထဲမှာ စိတ်ချလက်ချနေလို့ ရမလား သိချင်လို့ပါရှင်။
(၂) HIV ပိုးရှိတဲ့မောင်နဲ့ တစ်အိမ်တည်း အတူနေရတဲ့အခါ ဘယ်လို နေထိုင်-ရှောင်ကြဉ်ရမယ်ဆိုတာ ပြောပြပါ။ ရောဂါ မရခင် ရတဲ့ကလေးနဲ့ ရောဂါရှိတဲ့ မိခင်နဲ့ လက်ပွန်းတတီး နေရင်ရော ရောဂါကူးနိုင်ပါသလား။

တကယ်တော့ HIV ပိုးရှိတဲ့သူနဲ့ တအိမ်ထဲ နေရတာဟာ ပိုးမရှိသူနဲ့ နေရတာနဲ့က ဘာမှ သိပ်မထူးလှပါ။ ဒီအချက်ကို The Body: The Complete HIV Resource သုတေသနက ပြောတာ ဖြစ်ပါတယ်။ ပုံမှန်-သာမန် ထိတွေ့မှုတွေ ကြောင့်တော့ ဒီရောဂါပိုး ကူးတယ်ဆိုတာ မရှိဘူး ပြောရလောက်အောင် စိုးရိမ်စရာ ကင်းပါတယ်။
ဒါပေမဲ့ အရမ်းကာရောတော့ မဟုတ်ဘူး။ တကယ်မကူးအောင် Communication အချင်းချင်း ဆက်သွယ်မှု နဲ့ Education အသိပညာတွေက သော့ချက်တွေ ဖြစ်ပါတယ်။ သံမဏိစည်းကမ်း ၁ ကနေ ၅ အထိ ပြောပါမယ်။
၁။ အခြေအနေမှန်ကို ရှင်းရှင်း သိနေကြအောင် ပွင့်ပွင့်လင်းလင်း ပြောပါ။ စိုးရိမ်တာ ရှိသမျှ ထုတ်ပြောပါ။ တယောက် အပေါ် တယောက် ရိုးသားပါ။ ကိုယ်ထင်တာကို တရားသူကြီးလုပ် ဆုံးဖြတ်ချက် မချပါနဲ့။
၂။ အကြောက် မလွန်ပါနဲ့။ မီးဖိုနဲ့ အိမ်သာ အတူသုံးရတာနဲ့ ပိုးက ကိုယ့်ဆီ ကူးမလာနိုင်ပါ။ အတူနေလေ့ရှိကြတဲ့ ညီအကိုလို၊ မောင်နှမလို၊ သားအမိ-သားအဖလို၊ အခန်းကို (ရှယ်) လုပ်နေလေ့ရှိတဲ့ သူငယ်ချင်းလို နေကြတာက စိုးရိမ်စရာ နတ္ထိပါ။
၃။ HIV အကြောင်း ကျန်းမာရေး-လူမှုရေး သုတတော့ လေ့လာထားပါ။ တိတိပပ ပြောပါ့မယ်၊ “သွေး၊ မိခင်နို့၊ ကျား-သုတ်ရည်၊ မ-ဗဂျိုင်းနားက အရည်၊ ” ဤလေးမည်ကနေသာ ကူးပါတယ်။ လက်ခြင်းထိ၊ ပါးခြင်းအပ်၊ ကျောခြင်းကပ်ယုံနဲ့ လုံးဝမကူးပါ။ သွားထိလို့ ဓါတ်လိုက်မှာလား ကြောက်စရာ မထားပါနဲ့။ စာအတူ ဖတ်ပါ၊ တီဗွီအတူ ထိုင်ကြည့်ပါ။ ထမင်း တစားပွဲထဲ ထိုင်စားပါ။ ညောင်းလို့ နှိပ်နင်းပေးလဲ ရောဂါ မရပါ၊ ကုသိုလ်သာ ရပါမယ်။
၎။ စည်းကမ်း-ကလနား သတ်မှတ်ထားပါ။ ကိုယ့်ပစ္စည်း လာသုံးတာကို အပြတ်ငြင်းပါ၊ အားမနာပါနဲ့။ ဆောရီး လောက်နဲ့ မရပါ။ ပိုးရှိသူကနေ ချတဲ့ စည်းကမ်းကိုလည်း တခြားလူတွေက လိုက်နာကြပါ။
၅။ သူ့ အတွင်းရေး-လုံခြုံမှုကို လေးစားပါ။ တစိမ်းတရံတွေကို “သူကရောဂါသည်” လို့ မလိုအပ်ဘဲနဲ့၊ နှိမ်ချင်တဲ့သဘောနဲ့ မပြောပါနဲ့။
HIV ပိုးရှိနေတဲ့ ကိုယ်ဝန်ဆောင် မိခင်ကနေ မွေးလာမဲ့ ကလေးကို ကူးစက်နိုင်တဲ့ အခွင့်အလမ်း ၂ဝ-၄၅% ရှိတယ်။ ကူးနိုင်တဲ့ နည်းတွေက (၁) ကိုယ်ဝန်ဆောင်နေတုံး၊ (၂) မွေးဖွါးဖြစ်စဉ် ဖြစ်နေတုံး နဲ့ (၃) နို့တိုက်နေတုံး၊ သုံးခုလုံးကနေ ဖြစ်နိုင်တယ်။ “နိုင်” ပြောတာပါ။ သက်သာအောင် လုပ်နည်း ရှိပါသေးတယ်။ ကိုယ်ဝန်ဆောင်နေတုံး အချင်းကနေ သန္ဓေသားဆီ များသောအားဖြင့် မရောက်ပါ။ မိခင်က ကျန်းမာရေး ကောင်းနေရင် အချင်းက အကာကွယ် ပေးရာတောင် ကျသေးတယ်။ ဒါ့ကြောင့် (၁) မိခင်လောင်းက အစာအာဟာရ ကောင်းဘို့လိုတယ်။ (၂) တခြားရောဂါ (ငှက်ဖျား၊ တီဘီ၊ ဆီးအောင့်၊) မဝင်အောင် ဂရုစိုက်ရမယ်။ (၃) မိခင်က HIV ဆေးကုနေရင် ကလေးကို ကူးစရာအခွင့်အလမ်း ၂% ဘဲ ရှိလို့ ဆေးကုနေပါ။
အမေရိကားမှာ Zidovudine (ZDV, AZT, Retrovir®) ဆေးကို စသုံးခဲ့တယ်။ အခု တခြားဆေးနဲ့ တွဲပေးနေတယ်။ ZDV ဆေးကို ကိုယ်ဝန် ၃ လနောက်ပိုင်းမှာ ပေးရတယ်။ မွေးပြီးတဲ့အထိပါ။ ဘာ အကာအကွယ်မှ လုပ်မထားရင် ကလေး ဖွါးနေတုံးမှာ မိခင်ကနေ ကလေးကူးဘို့ ၁ဝ-၂ဝ% ရှိတယ်။ သွေးနဲ့ ရေမြွှာရည်နဲ့ ထိရင် ကူးတယ်။ ဒါ့ကြောင့် ဆရာဝန်-ဆရာမကနေ ရေမြွှာအိတ်ကို စောပြီးဖေါက် မွေးမပေးရဘူး။ မွေးလမ်းချဲ့ မွေးတာလည်း ရှောင်ရမယ်။ LSCS ခွဲမွေးနည်းက ကူးစရာလမ်း နည်းစေတယ်။ အရင်က ဆေးပေးမထားရသေးရင် မွေးတော့မဲ့ အချိန်မှာ ZDV နဲ့ 3TC or Nevirapine ဆေး ပေးရတယ်။
မွေးပြီးတာနဲ့ ကလေးကိုလည်း ZDV ဆေး ၁ လခွဲအထိ ပေးရမယ်။ ပိုးရှိမိခင်က နို့တိုက်လို့ ကလေးကူးရတာ ၁၅% ရှိတယ်။ နို့စောစော ဖြတ်သင့်တယ်။ နို့မတိုက်လေ ကူးဘို့အခွင့် နည်းလေ။ မကြာသေးခင်ကဘဲ HIV ပိုးရှိသူ မိခင်တွေက နို့တိုက်တာကို WHO က တားမြစ် လိုက်ပါတယ်။ မအေကို ဆေးကုသမှုခံဘို့နဲ့ ကလေးမှာ ရောဂါပိုး ရှိ-မရှိ စောနိုင်သမျှ စောပြီး (၆ ပတ်အတွင်း) ဆေးစစ်ဘို့ပါ အကြံပြုတယ်။ ကလေးက ရောဂါပိုးရှိလို့ စောစော ဆေးမကုရင် ၂ နှစ်ထက် အသက် မရှည်ဘူးလဲ ဆိုပါတယ်။
တအိမ်သားလုံး ပိုးရှိ-မရှိ စစ်ပါ။ ပိုးရှိနေသူရဲ့ နှာရည်၊ သွားရည်၊ ဝမ်း၊ ဆီး၊ တံတွေး၊ ချွေး၊ အန်ဖတ်တွေမှာ သွေးမပါရင် မကူးစေပါ။ တအိမ်လုံး လက်အိတ် သုံးပါ။ ပိုးရှိသူမှာ အနာအဆာ၊ ဒဏ်ရာရရင် အမြဲ ပလာစတာ-ပတ်တီးစည်းထားပါ။ လူတိုင်းက လက်ဆေးတဲ့ အကျင့် လုပ်ကြပါ။ ပိုးမရှိတဲ့သူ ဒဏ်ရာရရင် အထူးဂရုစိုက်ပါ။ ပိုးမရှိတဲ့သူ နေထိုင်မကောင်း ဖြစ်ရင် ရှိသူနဲ့ အနေဝေးပါစေ။ သွားတိုက်တံ၊ သွားကြားထိုးတံ၊ မုတ်ဆိတ်ရိတ်ဒါး၊ လက်သည်းညှပ်၊ နားကပ်၊ စတာတွေ လုံးဝ လဲတာ၊ ငှားသုံးတာ၊ အတူသုံးတာ မလုပ်ရပါ။ သွေးထွက်နိုင်တဲ့ ဆော့ကစားတာမျိုး ရှောင်ပါ။ ကွန်ပြူတာ-ဂိမ်း ကစားလို့တော့ ရပါတယ်။ မိခင်နဲ့ ကလေး လက်ပွန်းတတီး နေယုံနဲ့တော့ ရောဂါမရပါ။ ကလေးချစ်လို့ မွှေးမွှေး များများ ပေးနိုင်ပါတယ်။
ပိုးရှိထားသူတွေ နိုင်ငံလှည့်ပြီး၊ ကမ္ဘာလှည့်ပြီး၊ ရောဂါကာကွယ်ရေး မနည်းတော့ပါ။ ဒီလို အမျိုးအစား ရောဂါက ဆရာဝန်မှ မဟုတ်ပါ၊ အလွန်တော်တဲ့၊ အင်မတန် စိတ်ထားမြင့်တဲ့ “ဆိုရှယ်-ဝပ်ကား” တွေ ဖြစ်နိုင်ကြပါတယ်။
Dr. တင့်ဆွေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။