ရဲရဲတွေးပြီး ရဲရဲပြောတဲ့ ဓလေ့ကို ဒီနေ့ ညကစ ထူထောင်ကြပါ။
========================== =============
ဆိုပါတော့ ဗျာ အမြင်ကတ်ကြမယ်ဆိုတော့
တချို့ကပြောတယ်
မင်းတို့မြန်မာတွေ ဘာလို့ဆင်းရဲနေတာလဲ
ကျွန်နော့ သူငယ်ချင်းကပြန်ဖြေတယ် အစိုးရကိုမကျေနပ်ဘူးကွာ
အဲဒါ ဘာဆိုင်လို့တုန်း။
အစိုးရကို မကျေနပ်တော့ ကျယ်ကျယ်ကလဲ မပြောရဲဘူး
အိမ်ထဲ ၀င်ပြီးတော့ ကြိတ်ကြိတ်ပြီးတော့
ဆဲရင်း ဆဲရင်း ကနေ ဆင်းရဲ ဆင်းရဲ သွားတယ်
စိတ်ထဲမှာ နာလိုက်တာ
ခု ပရိတ်သတ်က လက်ခုပ်တီးပြီးတော့ ရယ်တယ်
ကျွန်နော်ကတော့ စိတ်ထဲနာတယ်
တော်တော် နာနာကျင်ကျင်ရယ်ရတဲ့ပျက်လုံးပေါ့ဗျာ။
ဘာလို့လဲ ဆိုတော့ ဘာ ဘာဖြစ်လို့ မကျေနပ်တာကို ကြိတ်ပြောနေရမှာလဲ
ဗြောင်ပြောပေါ့ လူပဲပြောတော့ လူတွေအားလုံး ရဲ့ အခွင့်အရေး
လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာ ဝေဖန်ပိုင်းခြားပိုင်ခွင့် ကျွန်နော်တို့
လူပဲဗျာမကြိုက်တာကို မကြိုက်ဘူးလို့ ပြောရမှာပေါ့။
မကြိုက်တာကို မကြိုက်ဘူးလို့ ကြိတ်ပြောနေရမယ့်ခေတ်မှ
မဟုတ်တော့ဘူး ။
ဒီနေ့ ဒီအချိန် ဒီအခါ မနက်က ကြောက်ချင်ကြောက်ခဲ့မယ်
ဒီနေ့ည ဒီစကားဝိုင်းအပြီးမှာတော့ မကြောက်ကြပါနဲ့တော့
ပြောစရာရှိ ရဲရဲ ပြောပါ အခြေအနေ အချိန်အခါ
ပြောင်းလဲလာပြီ ရဲရဲတွေးပြီး ရဲရဲပြောတဲ့ ဓလေ့ကို
ဒီနေ့ ညကစ ထူထောင်ကြပါ ။
(ကိုဇာဂနာ မြင်းခြံဟောပြောပွဲမှ)
==========================
ဆိုပါတော့ ဗျာ အမြင်ကတ်ကြမယ်ဆိုတော့
တချို့ကပြောတယ်
မင်းတို့မြန်မာတွေ ဘာလို့ဆင်းရဲနေတာလဲ
ကျွန်နော့ သူငယ်ချင်းကပြန်ဖြေတယ် အစိုးရကိုမကျေနပ်ဘူးကွာ
အဲဒါ ဘာဆိုင်လို့တုန်း။
အစိုးရကို မကျေနပ်တော့ ကျယ်ကျယ်ကလဲ မပြောရဲဘူး
အိမ်ထဲ ၀င်ပြီးတော့ ကြိတ်ကြိတ်ပြီးတော့
ဆဲရင်း ဆဲရင်း ကနေ ဆင်းရဲ ဆင်းရဲ သွားတယ်
စိတ်ထဲမှာ နာလိုက်တာ
ခု ပရိတ်သတ်က လက်ခုပ်တီးပြီးတော့ ရယ်တယ်
ကျွန်နော်ကတော့ စိတ်ထဲနာတယ်
တော်တော် နာနာကျင်ကျင်ရယ်ရတဲ့ပျက်လုံ
ဘာလို့လဲ ဆိုတော့ ဘာ ဘာဖြစ်လို့ မကျေနပ်တာကို ကြိတ်ပြောနေရမှာလဲ
ဗြောင်ပြောပေါ့ လူပဲပြောတော့ လူတွေအားလုံး ရဲ့ အခွင့်အရေး
လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာ ဝေဖန်ပိုင်းခြားပိုင်ခွင့် ကျွန်နော်တို့
လူပဲဗျာမကြိုက်တာကို မကြိုက်ဘူးလို့ ပြောရမှာပေါ့။
မကြိုက်တာကို မကြိုက်ဘူးလို့ ကြိတ်ပြောနေရမယ့်ခေတ်မှ
မဟုတ်တော့ဘူး ။
ဒီနေ့ ဒီအချိန် ဒီအခါ မနက်က ကြောက်ချင်ကြောက်ခဲ့မယ်
ဒီနေ့ည ဒီစကားဝိုင်းအပြီးမှာတော့ မကြောက်ကြပါနဲ့တော့
ပြောစရာရှိ ရဲရဲ ပြောပါ အခြေအနေ အချိန်အခါ
ပြောင်းလဲလာပြီ ရဲရဲတွေးပြီး ရဲရဲပြောတဲ့ ဓလေ့ကို
ဒီနေ့ ညကစ ထူထောင်ကြပါ ။
(ကိုဇာဂနာ မြင်းခြံဟောပြောပွဲမှ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။