Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, June 19, 2014

"ဖြတ်၊ မတွန့်တို၊ ခွာ"


ခုတလော ဂျပန်က Eiko Yamashita လို့ခေါ်တဲ့ စာရေးဆရာမတစ်ဦးဟာ ဒီကနေ့ခေတ်ရဲ့ အလိုကြီးတဲ့ရမ္မက်၊ ဂုဏ်ပကာဓနကြွားဝါမှုတွေကို တိုက်ဖျက်တဲ့အနေနဲ့ "ဖြတ်၊ မတွန့်တို၊ ခွာ"ဆိုတဲ့ ရိုးရှင်းတဲ့နေထိုင်နည်း စာအုပ်တစ်အုပ်ကိုရေးသားထုတ်ဝေခဲ့ပါတယ်။ သူ့စာအုပ်က လူအများရဲ့အားပေးထောက်ခံမှုကို ရရှိခဲ့ပါတယ်။

အလွယ်နည်းနဲ့ရှင်းပြရရင် "ဖြတ်" က မလိုအပ်တဲ့ပစ္စည်းတွေကို မဝယ်တာဖြစ်ပြီး "မတွန့်တို"က သူ့မှာရှိတဲ့ပစ္စည်းတွေကို မတွန့်တို မနှမြောဘဲ ပေးသင့်တဲ့လူတွေကို ပေးကမ်းတာဖြစ်တယ်။ မလိုအပ်တဲ့ပစ္စည်းတွေကို စွန့်ပစ်တန်စွန့်ပစ်၊ ပေးကမ်းတန်ပေးကမ်းတာဖြစ်တယ်။ "ခွာ"က သုံးလို့ရ၊ မသုံးလည်းဖြစ်တယ်ဆိုတဲ့ပစ္စည်းနားက ခွာတာဖြစ်တယ်။
Eiko Yamashita ရဲ့စာအုပ် "ဖြတ်၊ မတွန့်တို၊ ခွာ"က ကျွန်တော့်ကို လှုပ်နိုးလိုက်ပါတယ်။
ပထမဦးဆုံး ကျွန်တော့်မျက်စိထဲဝင်လာတာက ကျွန်တော့်အိမ်ထဲက နံရံနားကပ်နေတဲ့ စာအုပ်ဘီရို ၈ ဘီရိုပါပဲ။ ဘီရိုထဲမှာ စာအုပ်မျိုးစုံရှိပါတယ်။ ဘယ်နှအုပ်ရှိသလဲဆိုတာကိုတော့ ကျွန်တော်တစ်ခါမှ မရေတွက်ခဲ့ဖူးပါဘူး။ စာအုပ်အားလုံးကို ပိုက်ဆံပေးပြီး ဝယ်ခဲ့တာပါပဲ။ ဒါပေမယ့် စာအုပ်ရဲ့၅ပုံပုံ ၄ပုံလောက်ကိုတော့ ကျွန်တော်မဖတ်ခဲ့ဖူးသလို လှန်လဲမလှန်ကြည့်ခဲ့ဖူးပါဘူး။
မိတ်ဆွေတစ်ဦးပြောတဲ့စကားတစ်ခွန်းကို ကျွန်တော်သွားသတိရမိပါတယ်။ မိတ်ဆွေဟာ သူ့သက်တမ်းနဲ့ စာအုပ်ပေါင်း ဘယ်လောက်ထပ်ဖတ်နိုင်ဦးမလဲလို့ တွက်ချက်ခဲ့ပါဘူး။ ကျန်ရှိနေတဲ့သူ့သက်တမ်းမှာ အများဆုံးသူဖတ်နိုင်မယ့်စာအုပ်က အုပ်၂ထောင် ၃ထောင်လောက်ပဲရှိတော့တယ်လို့ဆိုတယ်။ ဒီလိုဆိုရင် အသက် ၇ဝကျော်တဲ့ ကျွန်တော်ကရော.. ဘယ်နှအုပ်ပဲဖတ်နိုင်တော့မလဲ။
ဒါကြောင့် စာအုပ်တွေကို ကျွန်တော်ရှင်းလင်းပြီး တစ်ဘက်ခန်းမှာပုံထားလိုက်ပါတယ်။ စာအုပ်က စာအုပ်ရနံ့တွေသင်းပျံ့နေတယ်။ စကားလုံးတွေက တိတ်ဆိတ်နေတယ်။ ကျွန်တော်အသက်ကြီးပြီ လှုပ်ရှားမှုလည်းနှေးကွေးလာသလို တွေးခေါ်မှုလည်း နောက်ကျလာတယ်၊ မျက်စိလည်း မှုန်နေပြီမို့ ဘယ်လောက်ကောင်းတဲ့ စာအုပ်ပဲဖြစ်ဖြစ် ကျွန်တော်များများ မဖတ်နိုင်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်မတွန့်တိုစတမ်း စာအုပ်တွေကို ချက်ချင်းပေးကမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
စာအုပ်တွေ ရှင်းလင်းပြီးနောက် အဝတ်အစား၊ ဖိနပ်တွေကို ကျွန်တော်ရှင်းလင်းပြန်တယ်။ မဝတ်ဖြစ်တဲ့ အဝတ်အစားတွေ၊ ဖိနပ်သစ်တွေ၊ တဘက်၊ ဦးထုပ်၊ လက်ကိုင်ပဝါ အားလုံးပေါင်း အိတ်ကြီး ၄အိတ်လောက်စုမိတယ်။ ဒီပစ္စည်းတွေက တစ်သက်သုံးမကုန်ပါဘူး။ ဒါပေမယ့် လူ့ဘဝဆိုတာ နောင်တစ်သက်ရှိချင်မှရှိတော့မှာမို့ ကိုယ်အတွက် အသုံးလိုသလောက်ချန်ထားပြီး ကျန်တာတွေကို ချက်ချင်းပေးကမ်းဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပြန်ပါတယ်။
"ဖြတ်၊ မတွန့်တို၊ ခွာ" ရဲ့အဓိကသော့ချက်က ကိုယ်ဘာလိုသလဲဆိုတာကို သဘောပေါက်စေပါတယ်။ ရှုပ်ထွေးနေတဲ့ကိုယ့်ရဲ့စိတ်ကို ရှင်းလင်းစေပါတယ်။ ပြီးတော့ ကျန်ရှိတဲ့အပိုပစ္စည်းတွေ၊ မလိုအပ်တာတွေ၊ မသင့်တော်တာတွေကို စွန့်ပစ်တာပဲဖြစ်တယ်။
ဘဝက ပေါ့ပါးနေဖို့လိုအပ်ပါတယ်။ ရောင့်ရဲတင့်တိမ်တတ်ဖို့ လိုပါတယ်။ ဘဝပေါ့ပါးမှ စိတ်ပေါ့ပါးပါတယ်။
"ဖြတ်၊ မတွန့်တို၊ ခွာ" က ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်ပါတယ်။
မူရင်း ---Readers မဂ္ဂဇင်း ၂ဝ၁၄ခုနှစ်ထုတ် အမှတ်စဉ် ၁၂မှ.....
နိုင်းနိုင်းစနေ (June. 19. 2014)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။