facebookမှာ ကိုယ့်ပုံ ကိုယ်ရိုက်ပြီး
တင်သူများကို စိတ်ဝေဒနာရှင် များလို့
ဆရာဝန်များက သတ်မှတ်လိုက်ပြီ
-------------------------- -------------
-------------------------- --------------
မိမိကိုယ်မိမိ Selfie ရိုက်သူ = ယဉ်ယဉ်လေး ရူးနေသူများ
မှန်ပါတယ်။ ယဉ်ယဉ်လေး ပြောရရင်တော့ စိတ်ဝေဒနာရှင်ပါ။ ဘာတွေ လာပြောနေတာလည်းလို့ မေးစရာ ရှိလာနိုင်ပါတယ်။ ရှင်းရှင်းလေးပါ။ Selfie ဆိုတာ လတ်တလောကာလတွင် လွန်စွာနာမည်ကြီးနေသည့် မိမိကိုယ်ကိုမိမိ ဓာတ်ပုံရိုက်ခြင်းပဲ ဖြစ်ပါတယ်။
Facebook ပေါ်တင်ပြီး သူငယ်ချင်းများနဲ့ မျှဝေဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုကိုယ် အလှကြည့်ဖို့ပဲဖြစ်ဖြစ်၊ ရည်းစားကို ပေးဖို့ပဲဖြစ်ဖြစ်၊ လူများရဲ့ ချီးမွမ်းထောပနာ ပြုမှုကို ခံယူလိုချင်လို့ပဲဖြစ်ဖြစ်၊ ကြွားဝါလို၍ပဲဖြစ်ဖြစ်၊ မိမိကိုယ်ကိုမိမိ ဓာတ်ပုံရိုက်ခြင်းဟာ ကျား၊ မ မရွေး၊ အသက်အရွယ် မရွေး လုပ်ဆောင်နေကြတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ အချိ့သော သူများကတော့ (အမြင်ကတ်ဖို့ ကောင်းလောက်အောင်) သာမန်ထက်ပိုထူးပြီးတော့ လုပ်တတ်ကြပါတယ်။
ဒီအချက်တွေကြောင့်လည်း အခုနောက်ဆုံးမှာတော့ အမေရိကန် စိတ်ရောဂါဆိုင်ရာ အသင်းကြီး (American Psychiatric Association – APA) က Selfie ရိုက်ခြင်းအား (လူအများ မျှော်မှန်းထားသည့်အတိုင်း) စိတ်ဝေဒနာ တစ်မျိုးဟု တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။
မကြာမီက ချီကာဂိုမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ APA အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ Selfie ရိုက်ခြင်းအား အဆင့် ၃ ဆင့်ရှိ စိတ်ဝေဒနာ တစ်မျိုးအဖြစ် တရားဝင် သတ်မှတ်ခဲ့ပါတယ်။ ရောဂါရဲ့ တရားဝင် နာမည်ကတော့ “Selfitis” ဖြစ်ပါတယ်။
အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ Selfitis ဆိုသည်မှာ - “မိမိကိုယ်မိမိ ယုံကြည်ချက် နည်းပါးနေမှုအား ကုစားရန် (သို့) မိမိ၏ စိတ်ခံစားမှုအာရုံတွင် လိုအပ်ချက်အား ဖြည့်ဆည်းရန်အတွက် လူမှုကွန်ယက်များအပေါ် တပါးသူများအား မျှဝေရန် မိမိကိုယ်မိမိ ဓာတ်ပုံရိုက်ကူးခြင်းအား အလွန်အမင်း စိတ်အားထက်သန်နေသူ” ဟု သိရှိရသည်။
Selfitis စိတ်ဝေဒနာ၏ အဆင့် ၃ ဆင့်မှာ -
Borderline Selfitis - မိမိကိုယ်မိမိ တစ်နေ့လျှင် ၃ ကြိမ်ထက်မနည်း ဓာတ်ပုံရိုက်ကူးသော်လည်း လူမှုကွန်ယက်များပေါ် မျှဝေခြင်း မပြုသူ
Acute Selfitis - မိမိကိုယ်မိမိ တစ်နေ့လျှင် ၃ ကြိမ်ထက်မနည်း ဓာတ်ပုံရိုက်ကူးပြီး ရိုက်ကူးထားသည့် ပုံအားလုံးကို လူမှုကွန်ယက်များပေါ် မျှဝေလေ့ရှိသူ
Chronic Selfitis –မိမိစိတ်ကို ထိန်းချုပ်နိုင်ခြင်းမရှိပဲ Selfie အချိန်နှင့်အမျှ Selfie ရိုက်ကူးနေပြီး ရိုက်ကူးထားသည့် Selfie များအား တစ်နေ့လျှင် ၆ ကြိမ်ထက်မနည်း လူမှုကွန်ယက်များပေါ် မျှဝေလေ့ရှိသူ
အဓိက ပြဿနာကတော့ Selfitis ဆိုတဲ့ ဤစိတ်ဝေဒနာ ဆိုးကြီးဟာ လက်ရှိအချိန်မှာတော့ ကုရာနိတ္ထိ ဆေးမရှိသေးပါဘူး။
Myanmar Internet News
====================
တင်သူများကို စိတ်ဝေဒနာရှင် များလို့
ဆရာဝန်များက သတ်မှတ်လိုက်ပြီ
--------------------------
--------------------------
မိမိကိုယ်မိမိ Selfie ရိုက်သူ = ယဉ်ယဉ်လေး ရူးနေသူများ
မှန်ပါတယ်။ ယဉ်ယဉ်လေး ပြောရရင်တော့ စိတ်ဝေဒနာရှင်ပါ။ ဘာတွေ လာပြောနေတာလည်းလို့ မေးစရာ ရှိလာနိုင်ပါတယ်။ ရှင်းရှင်းလေးပါ။ Selfie ဆိုတာ လတ်တလောကာလတွင် လွန်စွာနာမည်ကြီးနေသည့် မိမိကိုယ်ကိုမိမိ ဓာတ်ပုံရိုက်ခြင်းပဲ ဖြစ်ပါတယ်။
Facebook ပေါ်တင်ပြီး သူငယ်ချင်းများနဲ့ မျှဝေဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုကိုယ် အလှကြည့်ဖို့ပဲဖြစ်ဖြစ်၊ ရည်းစားကို ပေးဖို့ပဲဖြစ်ဖြစ်၊ လူများရဲ့ ချီးမွမ်းထောပနာ ပြုမှုကို ခံယူလိုချင်လို့ပဲဖြစ်ဖြစ်၊
ဒီအချက်တွေကြောင့်လည်း အခုနောက်ဆုံးမှာတော့ အမေရိကန် စိတ်ရောဂါဆိုင်ရာ အသင်းကြီး (American Psychiatric Association – APA) က Selfie ရိုက်ခြင်းအား (လူအများ မျှော်မှန်းထားသည့်အတိုင်း)
မကြာမီက ချီကာဂိုမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ APA အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ Selfie ရိုက်ခြင်းအား အဆင့် ၃ ဆင့်ရှိ စိတ်ဝေဒနာ တစ်မျိုးအဖြစ် တရားဝင် သတ်မှတ်ခဲ့ပါတယ်။ ရောဂါရဲ့ တရားဝင် နာမည်ကတော့ “Selfitis” ဖြစ်ပါတယ်။
အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ Selfitis ဆိုသည်မှာ - “မိမိကိုယ်မိမိ ယုံကြည်ချက် နည်းပါးနေမှုအား ကုစားရန် (သို့) မိမိ၏ စိတ်ခံစားမှုအာရုံတွင် လိုအပ်ချက်အား ဖြည့်ဆည်းရန်အတွက် လူမှုကွန်ယက်များအပေါ် တပါးသူများအား မျှဝေရန် မိမိကိုယ်မိမိ ဓာတ်ပုံရိုက်ကူးခြင်းအား အလွန်အမင်း စိတ်အားထက်သန်နေသူ” ဟု သိရှိရသည်။
Selfitis စိတ်ဝေဒနာ၏ အဆင့် ၃ ဆင့်မှာ -
Borderline Selfitis - မိမိကိုယ်မိမိ တစ်နေ့လျှင် ၃ ကြိမ်ထက်မနည်း ဓာတ်ပုံရိုက်ကူးသော်လည်း လူမှုကွန်ယက်များပေါ် မျှဝေခြင်း မပြုသူ
Acute Selfitis - မိမိကိုယ်မိမိ တစ်နေ့လျှင် ၃ ကြိမ်ထက်မနည်း ဓာတ်ပုံရိုက်ကူးပြီး ရိုက်ကူးထားသည့် ပုံအားလုံးကို လူမှုကွန်ယက်များပေါ် မျှဝေလေ့ရှိသူ
Chronic Selfitis –မိမိစိတ်ကို ထိန်းချုပ်နိုင်ခြင်းမရှိပဲ
အဓိက ပြဿနာကတော့ Selfitis ဆိုတဲ့ ဤစိတ်ဝေဒနာ ဆိုးကြီးဟာ လက်ရှိအချိန်မှာတော့ ကုရာနိတ္ထိ ဆေးမရှိသေးပါဘူး။
Myanmar Internet News
====================

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။