ကွဲပြားအောင် နားလည်ပါ အာဏာရူးလား ကယ်တင်ရှင်လား ???
လူတွေက အမေစု သမ္မတဖြစ်ချင်တယ်လို့ ပြောတဲ့ စကားတစ်ခွန်းကို ဟာသလုပ်ပြီး သမ္မတရူး ဘာညာနဲ့ ပုတ်ခတ်စွတ်စွဲလို့ မပြီးတော့ဘူး .... နားမလည်တဲ့ ပြည်သူတချို့ကို အထင်လွဲအောင် လုပ်နေကြတယ်။
ဒီစကားရဲ့နောက်မှာ ဘာတွေရှိလဲ ဆိုတာကို မသိတာလား မသိချင်ယောင်ဆောင် နေတာလားတော့မသိဘူး ..
ဒါမှမဟုတ် သူတို့ မြင်ဖူးတဲ့ အဘတွေလို ထင်နေတာလဲ ဖြစ်ချင်ဖြစ်မယ်...။
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် နယ်စင်မန်ဒဲလားဟာ တောင်အာဖရိက ပြည်သူတွေကို လွတ်မြောက်အောင် ဆောင်ရွတ်ခဲ့လို့ ပြည်သူလူထုက အပ်နှင်းသော အာဏာကို ရရှိခဲ့ပေမယ့် အာဏာရူး မဟုတ်ခဲ့ပါဘူး။
မန်ဒဲလားက အသက် ၇၅ နှစ်မှာ အာဏာရရှိခဲ့ပြီး သမ္မတဖြစ်လာခဲ့ပေမယ့် ၁၉၉၅ ခုနှစ် ဒုတိယသက်တမ်း သမ္မတရွေးကောက်ပွဲမှာ သူပါဝင် ယှဉ်ပြိုင်ခြင်း မရှိတော့ပါဘူး။ အဓိက နယ်စင်မန်ဒဲလား လိုချင်ခဲ့တာ တောင်အာဖရိက ပြည်သူတွေ လွတ်မြောက်ဖို့ပါ။
ဒီလိုပါပဲ .. ကျမတို့ အမေစု သမ္မတဖြစ်ချင်တာ ပြည်သူတွေ လက်ထဲကို အာဏာ ပြန်ထဲ့ပေးချင် လို့ပါလို့ ပြောထားပြီးပြီပဲ ။အမေ သမ္မတဖြစ်လို့ ရလာမယ့် စည်းစိမ် ဥစ္စာတွေကို သုံးဖြုန်းပြီး ပြည်သူတွေကို စော်ကားမယ့် သားသမီး မြေးမြစ်လဲ မရှိပါဘူး။ စည်းစိမ် ဥစ္စာလိုချင်လို့ မိသားစု ရွှေမျိုးသားချင်းတွေ ကောင်းစားဖို့ ဒီလို လုပ်နေတာမဟုတ်တာ အသိသာကြီးပါ။ အရင်ကတည်းက ပြီးပြည့်စုံပြီးသား ဖြစ်တဲ့ အမေက ပြည်သူတွေအတွက် သူ့ဘဝမှာ စွန့်လွှတ်ပေးဆပ်မှုတွေပဲ ရှိခဲ့တယ်။
မြန်မာပြည်သူတွေကို ချစ်လွန်းလို့ ဒီမိုကရေစီကို ပေးခဲ့ချင်တာပါ။ ဒီမိုကရေစီအစစ်မှာ ပြည်သူ့အာဏာဟာ လွှတ်တော်နဲ့ အစိုးရ အထက်မှာ ရှိပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီကို မလိုချင်ကြဘူးလား??
စစ်မှန်တဲ့ ဒီမိုကရေစီကို လိုချင်တယ်ဆိုရင် ဒီမိုကရေစီ စံနူန်းနဲ့ အညီရေးဆွဲထားတာ မဟုတ်ပဲ ပြည်သူတွေ အသက်ဘေးနဲ့ ရင်ဆိုင်ပြီး ပြာယာခတ်နေတဲ့ အချိန်မှာ အာဏာရှင် လူတစ်စုအတွက်သာ တစ်ဖက်သတ်ရေးစွဲထားတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ပူပေါင်းပါဝင်ပေးကြပါနော်.. .
၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ အရင်ဆုံး ပုဒ်မ ၄၃၆ ကို စပြီး ပြင်ကြမယ်လေ..
သူကြီးသမီး ဇီးသီး
လူတွေက အမေစု သမ္မတဖြစ်ချင်တယ်လို့ ပြောတဲ့ စကားတစ်ခွန်းကို ဟာသလုပ်ပြီး သမ္မတရူး ဘာညာနဲ့ ပုတ်ခတ်စွတ်စွဲလို့ မပြီးတော့ဘူး .... နားမလည်တဲ့ ပြည်သူတချို့ကို အထင်လွဲအောင် လုပ်နေကြတယ်။
ဒီစကားရဲ့နောက်မှာ ဘာတွေရှိလဲ ဆိုတာကို မသိတာလား မသိချင်ယောင်ဆောင် နေတာလားတော့မသိဘူး ..
ဒါမှမဟုတ် သူတို့ မြင်ဖူးတဲ့ အဘတွေလို ထင်နေတာလဲ ဖြစ်ချင်ဖြစ်မယ်...။
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် နယ်စင်မန်ဒဲလားဟာ တောင်အာဖရိက ပြည်သူတွေကို လွတ်မြောက်အောင် ဆောင်ရွတ်ခဲ့လို့ ပြည်သူလူထုက အပ်နှင်းသော အာဏာကို ရရှိခဲ့ပေမယ့် အာဏာရူး မဟုတ်ခဲ့ပါဘူး။
မန်ဒဲလားက အသက် ၇၅ နှစ်မှာ အာဏာရရှိခဲ့ပြီး သမ္မတဖြစ်လာခဲ့ပေမယ့် ၁၉၉၅ ခုနှစ် ဒုတိယသက်တမ်း သမ္မတရွေးကောက်ပွဲမှာ သူပါဝင် ယှဉ်ပြိုင်ခြင်း မရှိတော့ပါဘူး။ အဓိက နယ်စင်မန်ဒဲလား လိုချင်ခဲ့တာ တောင်အာဖရိက ပြည်သူတွေ လွတ်မြောက်ဖို့ပါ။
ဒီလိုပါပဲ .. ကျမတို့ အမေစု သမ္မတဖြစ်ချင်တာ ပြည်သူတွေ လက်ထဲကို အာဏာ ပြန်ထဲ့ပေးချင် လို့ပါလို့ ပြောထားပြီးပြီပဲ ။အမေ သမ္မတဖြစ်လို့ ရလာမယ့် စည်းစိမ် ဥစ္စာတွေကို သုံးဖြုန်းပြီး ပြည်သူတွေကို စော်ကားမယ့် သားသမီး မြေးမြစ်လဲ မရှိပါဘူး။ စည်းစိမ် ဥစ္စာလိုချင်လို့ မိသားစု ရွှေမျိုးသားချင်းတွေ ကောင်းစားဖို့ ဒီလို လုပ်နေတာမဟုတ်တာ အသိသာကြီးပါ။ အရင်ကတည်းက ပြီးပြည့်စုံပြီးသား ဖြစ်တဲ့ အမေက ပြည်သူတွေအတွက် သူ့ဘဝမှာ စွန့်လွှတ်ပေးဆပ်မှုတွေပဲ ရှိခဲ့တယ်။
မြန်မာပြည်သူတွေကို ချစ်လွန်းလို့ ဒီမိုကရေစီကို ပေးခဲ့ချင်တာပါ။ ဒီမိုကရေစီအစစ်မှာ ပြည်သူ့အာဏာဟာ လွှတ်တော်နဲ့ အစိုးရ အထက်မှာ ရှိပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီကို မလိုချင်ကြဘူးလား??
စစ်မှန်တဲ့ ဒီမိုကရေစီကို လိုချင်တယ်ဆိုရင် ဒီမိုကရေစီ စံနူန်းနဲ့ အညီရေးဆွဲထားတာ မဟုတ်ပဲ ပြည်သူတွေ အသက်ဘေးနဲ့ ရင်ဆိုင်ပြီး ပြာယာခတ်နေတဲ့ အချိန်မှာ အာဏာရှင် လူတစ်စုအတွက်သာ တစ်ဖက်သတ်ရေးစွဲထားတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ပူပေါင်းပါဝင်ပေးကြပါနော်..
၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ အရင်ဆုံး ပုဒ်မ ၄၃၆ ကို စပြီး ပြင်ကြမယ်လေ..
သူကြီးသမီး ဇီးသီး

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။