Melvin Moe added 2 new photos — with Thet Khaing and 7 others.
စင်္ကာပူ နိုင်ငံရဲ့ အကြောင်းကို ရေးရင် Jurong Island အကြောင်းလဲ ပါမှ ပြီး ပြည့်စုံမှာပါ။
၁၉၆၅ သြဂုတ်လ ၇ ရက်နေ့ မှာ စင်္ကာပူကျွန်းနိုင်ငံလေးဟာ မလေးရှားနိုင်ငံရဲ့ အုပ်ချုပ်မှုအောက်က လွတ်လပ်ရေး ရရှိခဲ့ပါတယ်။
အခု ကမ္ဘာ့အဆင့်မှီ petrochemical industry တွေ နဲ့ chemical hub အဖြစ်ရပ်တည်နေတဲ့ jurong island ဟာ ၁၉၆၅ ခုနှစ်တုန်းက တံငါရွာလေးတွေသာ ရှိတဲ့ ကျွန်းသေးသေးလေး (၃) ကျွန်း၊ လူမနေတဲ့ ကျွန်းသေးသေးလေး (၄) ကျွန်း နဲ့ ပင်လယ်ပြင်ထဲမှာ သဘာဝ အလျှောက်ပေါ်ထွန်းနေတဲ့ ကျွန်းစု လေးပါဘဲ။
လွတ်လပ်ရေး ရပြီးတဲ့ အချိန် ၅ နှစ်တာကာလ အတွင်းမှာ စင်္ကာပူခေါင်းဆောင် လီကွမ်ယု ရဲ့ အစွမ်းအစ ကြောင့်၊ ကမ္ဘာ့ရေနံ ကုမ္ပဏီ ကြီးတွေ ဖြစ်တဲ့ Esso နဲ့ Mobil Oil တို့ ကို ဒီကျွန်းစု လေး ပေါ်မှာ လာရောက်ရင်းနှီးမြှုတ်နှံဖို့ ဆွဲဆောင်နိုင်ခဲ့ သလို Singapore Refinery Company ကိုလဲ ထူထောင်ပြီး လုပ်ငန်းစတင်လည်ပတ်နိုင်ခဲ့ပါတယ်။
Land reclamation လို့ခေါ်တဲ့ မြေဖို့ပြီးမြေနေရာချဲ့ထွင်မှုကို ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာ အပြီးသတ် နိုင်ခဲ့တဲ့အတွက် သတ်မှတ်ထားတဲ့ အချိန်ကာလထက် အနှစ် (၂၀) စောပြီး အပြီးသတ်နိုင်ခဲ့တာပါ။
၎ မိုင်ပတ်လည် အကျယ်ရှိတဲ့ မြေနေရာကို ၁၃ မိုင် ပတ်လည် အကျယ်ဖြစ်အောင် တိုးချဲ့နိုင်ခဲ့တဲ့ Jurong Island ပေါ်မှာ ကမ္ဘာ့အဆင့်မှီ နိုင်ငံတကာ ကုမ္ပဏီ ကြီးတွေ လာရောက် ရင်းနှီးမြှုတ်နှံထားကြသလို၊ မြန်မာလူမျိုး ပညာရှင်တွေ ကျွမ်းကျင်လုပ်သားတွေ မြောက်မြားစွာလဲ အလုပ်လုပ်
ကိုင်နေကြပါတယ်။
ကိုင်နေကြပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာတော့ ဒီမိုကရေစီအစိုးရ အမည်ခံထားတဲ့ စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်တာ (၄)နှစ်ထဲ ရောက်နေပြီဖြစ်ပေမယ့်၊ လယ်သမားတွေရဲ့ လယ်မြေတွေကို လက်နက်အားကိုးအနိုင်ကျင့် သိမ်းယူပြီး၊ ခြံစည်းရိုးခတ်၍၊မြေပွဲစားလူလည်တွေကို ပြန်ရောင်းစားတာကလွဲပြီး ဘာဆိုဘာမှ မလုပ်တတ်သေးကြောင်းပါခင်ဗျာ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။