Melvin Moe added 2 new photos — with Scuba Som and 4 others.
စင်္ကာပူနိုင်ငံတိုးတက်တဲ့ အကြောင်းတွေ ရေးတော့ ကျွန်တော်က စင်္ကာပူကို အထင်ကြီးလွန်းတယ်လို့တော့မယူဆလိုက်ပါနဲ့ခင်ဗျာ။
ကျွန်တော်ပြောချင်တဲ့ အချက်က ခေါင်းဆောင်ကောင်း ရှိမှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် နိုင်မယ်ဆိုတာကို မီးမောင်းထိုးပြချင်တာပါ။
"မြန်မာစစ်ခေါင်းဆောင်တွေက ငထုံငထိုင်း တွေ"၊ "သူတို့နဲ့ စကားပြောရတာ လူသေ တွေနဲ့ ပြောနေရသလိုဘဲ" လို့ ပြောခဲ့တဲ့သူ၊ ဦးသန်းရွှေ ရဲ့ သမီး မင်္ဂလာဆောင်တဲ့ စိန်စီသောည ဗီဒီယို ကလစ် ကို ကြည့်ပြီး "ခရစ်စမတ်သစ်ပင် နဲ့တူတဲ့ သတို့သမီး" စသည်ဖြင့် နှိမ်ချပုတ်ခတ်ခဲ့တဲ့ သူတစ်ယောက်ဖြစ်တဲ့ စင်္ကာပူခေါင်းဆောင် လီကွမ်ယု ရဲ့ သား ယခုလက်ရှိ စင်္ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း ဟာ ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်လိုဆက်ဆံခဲ့သလဲ။ မြန်မာသမ္မတ ဦးသိန်းစိန် ကိုဘယ်လိုဆက်ဆံခဲ့ပါသလဲ။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရည်အချင်းမျိုးနဲ့
အောင်မြင်မှုကို ဆာလောင်မွတ်သိပ်နေကြတဲ့ မြန်မာလူထုကို ဦးဆောင်ခွင့်ရလိုက်ရင် အဖက်ဖက်ကနိမ့်ကျနေတဲ့ မြန်မာပြည်ကြီး အရှိန်အဟုန်နဲ့ တိုးတက်သွားမယ်ဆိုတာ၊ အသိဥာဏ် ရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ က ကောင်းကောင်းနားလည်သဘောပေါက်ကြပါတယ်။
အောင်မြင်မှုကို ဆာလောင်မွတ်သိပ်နေကြတဲ့ မြန်မာလူထုကို ဦးဆောင်ခွင့်ရလိုက်ရင် အဖက်ဖက်ကနိမ့်ကျနေတဲ့ မြန်မာပြည်ကြီး အရှိန်အဟုန်နဲ့ တိုးတက်သွားမယ်ဆိုတာ၊ အသိဥာဏ် ရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ က ကောင်းကောင်းနားလည်သဘောပေါက်ကြပါတယ်။
ကျွန်တော် တကယ်အထင်ကြီးလေးစားတဲ့သူဟာ၊ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်အမျိုးသမီးကြီးတစ်ယောက်ဖြစ်တဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဘဲ။
ကျွန်တော်အားကိုးအားထားပြုမိတဲ့သူတွေကတော့၊ ဘယ်နိုင်ငံရောက်ရောက်၊ ဘာအလုပ်အကိုင်မျိုးဘဲလုပ်လုပ်၊ မြန်မာပြည်ထဲက လိုအပ်နေတဲ့ကွက်လပ်လေးတွေအတွက် ချွေးနဲစာထဲက လှူဒါန်း ဖြည့်ဆည်းပေးနေတဲ့ မြန်မာလူမျိုးတွေနဲ့ မြန်မာနိုင်ငံအတွင်းမှာနေထိုင်ပြီး တိုင်းပြည်တိုးတက်ရေးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးပမ်းနေကြတဲ့ ကျွန်တော့်သွေးချင်းမြန်မာနိုင်ငံသားများသာဖြစ်ပါတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း အသိပေးပါတယ်ခင်ဗျာ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။