May May Kyaw added 2 new photos.
တရုတ်ပြည်မကြီး မှာ လည်ပတ်နေတဲ့ ဓာတ်အားပေးစက်ရုံကြီးတွေ က လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့အတွက် မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ဆုံမှာ ရေကာတာေ ဆာက်ပြီး လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲဖို့ အစီအစဉ် ချခဲ့တာပါ။
ကမ္ဘာ ပေါ်မှာ အင်မတန်မှ ရှားပါးတဲ့ rare earth သတ္တုမျိုးလဲ မြစ်ဆုံဒေသမှာ ထွက်ရှိတဲ့ အတွက် တရုတ်ပြည်မကြီးအတွက် လက်လွှတ်မခံနိုင်တဲ့ စီမံကိန်းကြီး တစ်ခုပါဘဲ။
ကျွန်တော်တို့ တိုင်းပြည်ကို အုပ်ချုပ်တဲ့ စစ်ခေါင်းဆောင်ကြီးတွေက ဒီလို ကိစ္စ မျိုးကို လွယ်လွယ်ကူကူ လက်သင့်ခံခဲ့တယ်ဗျာ။ ဘယ်လောက်ညံ့ဖျင်း တဲ့ လူတွေလဲ ဆိုတာ ခင်ဗျားတို့ စဉ်းစားသာကြည့်ပေတော့။
မြန်မာလူထုက နည်းမျိုးစုံနဲ့ ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြလို့သာ ဦးသိန်းစိန် က ယာယီရပ်ဆိုင်းဖို့ တရုတ်ပြည်မကြီးကို တောင်းပန်တိုးလျှိုးပြီး အချိန်ယူဖို့ ညှိနှိုင်းခဲ့တာပါ။
၂၀၁၅ မှာ ယခုလက်ရှိအာဏာရ စစ်ခေါင်းဆောင် တွေ ဆက်လက်အာဏာချုပ်ကိုင်သွားနိုင်လို့ကတော့ ၂၀၁၇ မှာ ဒီ project ကြီးကို ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။
ဒီမြစ်ဆုံ စီမံကိန်းကြီး ကို အပြီးသတ် ဖျက်သိမ်းပေးနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် လို နိုင်ငံတကာ က ထောက်ခံတဲ့ ခေါင်းဆောင်မျိုးကဘဲ စွမ်းဆောင် နိုင်ပါလိမ့်မယ်။
ကဲ.... ကျွန်တော်တို့ ဘာလုပ်သင့်သလဲ..?
ဘာလုပ်ကြမှာလဲ...?
Credit to Melvim Moe
Credit to Melvim Moe
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။