Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 8, 2014

သင့်ချစ်သူဟာ အိမ်ထောင်ပြုဖို့အတွက် သင့်တော်သလား၊ မသင့်တော်ဘူးလားဆိုတာ သိစေမယ့် အချက်(၇)ချက်


မေသော် on 2014-05-07 15:02
ချစ်သက်တမ်းရှည်ကြာလာတာနဲ့အမျှ သမီးရည်းစားတွေဟာ လက်ထပ်ဖို့တွေးလာကြပါပြီ။ တွဲလာတဲ့အချိန်ကာလက နည်းသေးပေမယ့်လည်း ကိုယ့်ချစ်သူက ကိုယ့်ကိုတစ်နေ့ လက်ထပ်မယ်ဆိုတဲ့အသိမျိုး ရှိချင်တာလည်း မိန်းမသားတွေ ရဲ့ သဘောသဘာဝပါပဲ။ ဒါပေမယ့် ယောင်္ကျားတွေမှာတော့ သူတို့တွဲနေတဲ့ချစ်သူနဲ့ လက်ထပ်မယ်၊ လက်မထပ်ဘူးဆိုတဲ့ အတွေးမျိုး သီးခြားရှိပြီးသားပါ။ တစ်ချို့ဆိုရင် အိမ်ထောင်ပြုလိုတဲ့စိတ် မရှိကြသလို၊ ရည်းစားထားတာကသက်သက် ကိုယ်တကယ်ယူမယ့် မိန်းကလေးက သပ်သပ်ရယ်လို့တောင် ခွဲထားတတ်ကြပါသေးတယ်။
ကဲ သူရော ကိုယ်ရော လက်ထပ်ဖို့အကြောင်းတွေ ဆွေးနွေးဖူးပါရဲ့။ သို့ပေမယ့် သူ့ဘက်က စိတ်အားထက်သန်စွာ မဟုတ်ဘဲ မကောင်းတတ် လို့ ပြောဆိုပေးနေတာမျိုးတွေ၊ ဒီလိုပြောဆိုတဲ့အခါတိုင်း စိတ်ရှုပ်နေတဲ့ ပုံမျိုးတွေဆိုရင်တော့ ကိုယ့်ချစ်သူဟာ ကိုယ့်ကိုတကယ်ချစ်ရဲ့လား၊ ဒါမှမဟုတ် သူဟာ အိမ်ထောင်ပြုဖို့အတွက် အဆင်သင့်မဖြစ်သေးတာလား၊ သူဟာ အိမ်ထောင်ရေးကို ထိန်းသိမ်းနိုင်မယ့် သူမျိုးလားဆိုတာမျိုး ခွဲခြားရတော့ မှာပေါ့။ ဒါ့ကြောင့် အောက်ကဖော်ပြပေးမယ့် အချက်လေးတွေကို ကြည့်ပြီး ကိုယ့်လူအခြေအနေက ဘယ်လိုဆိုတာ ဆုံးဖြတ်ကြည့်ရအောင်။
၁။သူဟာ ဆုံးဖြတ်ချက်ကြီးကြီးမားမားတွေ မချနိုင်ဘူး။
တစ်ခုခုဆုံးဖြတ်တော့မယ်ဆိုရင် ဘာလုပ်ရမှန်းမသိ တွေဝေတတ်သူ၊  ကြီးမားတဲ့ ဆုံးဖြတ်ချက်ကို မချရဲသူ ဥပမာ ကိုယ်ဝါသနာပါတဲ့ အလုပ်အတွက် ကိုယ်ဘာလုပ်ရမယ်ဆိုတာမျိုး၊ အချစ်ရေးနဲ့ မပတ်သက်တဲ့ တခြားသော ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်ကိုတောင်မှ မဆုံးဖြတ်နိုင်သူဆိုရင်တော့ သင့်လူဟာ အိမ်ထောင်ပြုဖို့အတွက်လည်း ခုလိုပဲတလည်လည်ဖြစ်နေမှာပါ။
၂။သူ့ရဲ့အနာဂတ်စိတ်ကူးအိပ်မက်တွေအကြောင်း ပြောတဲ့အခါ ဘယ်တော့မှ သင့်အကြောင်း မပါဘူး။
နောင်အနှစ် (၂၀)ဆိုရင် ကိုယ်ကတော့ ကုမ္ပဏီမှာ CEO တောင်ဖြစ်နေလောက်ပြီ။ အဲ့ဒီအချိန်ကျရင် အိမ်အကြီးကြီးဝယ်မယ်။ ရွက်လှေခပ်ကြီးကြီးလည်း ရှိချင်တယ်။ ပျော်စရာကြီးနေမှာပဲ။ မြို့ကြီးပြကြီးမှာလည်း အိမ်ဝယ်ထားမယ်၊ စတာတွေကို အမြဲပြောနေတတ်ပေမယ့် သူ့အနာဂတ်အစီအစဉ်တွေမှာ ကိုယ်ဘယ်တော့မှ ထည့်သွင်းပြောဆိုမခံရဘူးဆိုရင်တော့ သူဟာ ကိုယ့်ကိုထည့်မတွက်လို့ပေါ့။
၃။သင်ဖြစ်ချင်တာတွေကဘာလဲဆိုတာ ဘယ်တော့မှ မမေးဘူး။
ကိုယ်တကယ်ဖြစ်ချင်တာက ဘာဆိုတာ သူ ဘယ်တော့မှ မမေးဘူး။ သိလည်း မသိဘူး။ သိအောင်လည်း မကြိုးစားဘူးဆိုရင်တော့ ဒါဟာ သင့်ကို အိမ်ထောင်ပြုဖို့အထိ သူစိတ်ကူးမထားသေးလို့ပါ။
၎။နှစ်ဦးသား ကွိုင်တက်ပြီဆို သူက ဘာမှမပြောတော့ဘူး။
ချစ်သူရည်းစားတွေကတော့ ရန်မဖြစ်တဲ့အတွဲဆိုတာ ခပ်ရှားရှားပါ။ နှစ်ဦးသားရန်ဖြစ်တိုင်း သူက စိတ်ပျက်သလို ဘာဆိုဘာမှ ကိုယ့်ကိုမပြောတော့ဘူး။ ပြ ဿနာကိုလည်း ဘယ်တော့မှ အဖြေမရှာဘူး။ ရှင်းမပြဘူး။ နားမထောင်ဘူး ဆိုရင်တော့ သူ့ကို သံသယရှိရတော့မှာပေါ့။
၅။သင့်မိသားစုကို အမြဲရှောင်တယ်။
သူ့မိသားစု၊ ကိုယ်မိသားစု အရေးတွေဆို သူက သင့်မိသားစုနဲ့မတွေ့ရအောင် နည်းလမ်းစုံသုံးတတ်တယ်။ အိမ်လည်ခေါ်ရင်လည်း မလိုက်ဘူး။ အိမ်ကလူတွေနဲ့ မိတ်ဆက်ပေးမှာကိုလည်း မလိုလားဘူးဆိုရင်တော့ သင့်ကို အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိလို့ပါပဲ။
၆။သင့်သူငယ်ချင်းတွေကို သူမကြိုက်ဘူး။
သူငယ်ချင်းတွေ အကြောင်းပြောရင် သူမကြိုက်ဘူး။ သင့်သူငယ်ချင်းတွေက ဘယ်လိုမကောင်းတာ၊ ဘာ့ကြောင့်မပေါင်းသင့်တာ၊ စိတ်ပျက်ဖို့ကောင်းတယ်ဆိုပြီး ဝေဖန်ပြစ်တင်နေမယ်၊ သူတို့နဲ့တွေ့ဖို့လည်း အမြဲငြင်းဆန်နေမယ် ဆိုရင်တော့ သူ့ကို သေသေချာချာ စဉ်းစားပေတော့။
၇။သူ့သူငယ်ချင်းတွေကြားထဲမှာ သင့်အကြောင်း ဟာသအမြဲလုပ်ပြောတတ်တယ်။
သူငယ်ချင်းတွေဆုံရင် ဘယ်သူ့ရည်းစားကတော့ ဘယ်လိုဆိုပြီး ပြောလေ့ရှိကြပေမယ့် သူက သင့်အကြောင်းတွေကို သူငယ်ချင်းတွေနဲ့ဟာသလို သဘောထားပြီး ဟားနေရင်တော့ ဘယ်လိုမှ မကောင်းပါဘူး။  အဲ့လိုမဟုတ်ပဲ သူသေအောင်ကြိုက်ခဲ့တဲ့ ကောင်မလေးက သူ့ရည်းစားနဲ့ပြတ်သွားတာကို မြိန်ရေယှက်ရေ ပြောနေတာမျိုးတွေဆိုရင်လည်း သင့်အတွက် သတိထားဖို့ ပြောချင်ပါတယ်။
Ref:womenshealthmag.com
http://www.trend.com.mm/2014/05/07/relationships-2968

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။