Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 8, 2014

သူ့အချိန်နဲ့သူ လုပ်သင့်တာလုပ်ဖို့လိုတယ်

သူ့အချိန်နဲ့သူ လုပ်သင့်တာလုပ်ဖို့လိုတယ်

ဆရာသုတ

JOB seekers Journal vol.2,No.44

နွေမိုးဆောင်း သုံးရာသီ ရှိတဲ့အထဲက မိုးရာသီမှာ အပင်စိုက်ရင် အဲဒီအပင် ရှင်သန်ကြီးထွားလွယ်မှာ ဖြစ်ပါတယ်။ မိုးမကြာမကြာ ရွာပြီး ရေအလုံ အလောက်ရမှာ ဖြစ်တဲ့အတွက် အထူးတလည် ရေလောင်းပေး နေဖို့လည်း မလိုပါဘူး။ မိုးရာသီကုန်လို့ အပင်အတော်အတန်ကြီးလာတဲ့ အခါကျတော့ မိုးမရွာလည်း အမြစ်က ရှည်နေပြီမို့ ရေမလောင်းလည်း အပင်က ဆက်ပြီးရှင် သန်ကြီးထွားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ နွေရာသီနဲ့ ဆောင်းရာသီ ပူပြင်းခြောက်သွေ့တဲ့ အချိန်တွေမှာ အပင် စိုက်မယ်ဆိုရင်တော့ ရေမှန် မှန် လောင်းနိုင်မှပဲ အပင်ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ အပင်က ပေါက်ကာစ ဆိုတော့ အမြစ်က မရှည်သေးဘူး၊ မြေအောက်အနက်ကြီးက ရေကို သူ့ဖာ သာ ရှာဖွေပြီး မစုပ်ယူနိုင်သေးတဲ့အတွက် ဖြစ်ပါတယ်။

အဲဒီလိုပါပဲ။ ရင်းနှီးမြှုပ်နှံမှု များများလိုတဲ့ အလုပ်တွေ၊ အစပိုင်းမှာ ကုန် ကျစရိတ် များပြားတတ်တဲ့ အလုပ်တွေ၊ အသိုက်အ၀န်း တောင့်တင်း မှ အောင်မြင်နိုင်မယ့် အလုပ်တွေ၊ အဆက်အသွယ် ကောင်းကောင်း လိုတဲ့ အလုပ်တွေ၊ အဲဒီလို အလုပ်ကြီးကြီးတွေကို အလုပ်အကိုင် အဆင်ပြေ ပြီး အောင်မြင်မှုတွေ ရနေချိန်မှာ စတင်ပျိုးထောင်သင့်ပါတယ်။ဝင်ငွေကောင်း ပြီး အောင်မြင်မှုတွေရနေချိန်ဆိုတော့ လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှု တွေကိုလုပ်နိုင် ဖို့၊ ကုန်ကျစရိတ်တွေကို တတ်နိုင်ဖို့၊ အသိုက်အ၀န်းကို တည်ဆောက်နိုင်ဖို့၊ အဆက်အသွယ်ကောင်းတွေလည်းရှာနိုင်ဖို့ နီးစပ်ပါမယ်။ အဲဒီလို မဟုတ်ဘဲ အလုပ်က အတည်တကျ မဖြစ်သေး မဖြစ်တော့တဲ့အချိန်၊ အောင်မြင်မှုလည်း မရသေး မရတော့တဲ့အချိန်၊ ၀င်ငွေလည်း မကောင်းသေး မကောင်းတော့တဲ့ အချိန်မှာ အလုပ်ကြီးတွေကို အစပျိုး တည်ထောင်မယ်ဆိုရင် အခက်အခဲတွေ မျိုးစုံကို တန်းစီပြီး တွေ့ရရုံတင်မက ကူညီပံ့ပိုးမယ့်သူလည်း ရှာရခက်တတ် ပါတယ်။ မိုးတွင်းမို့ နေ့တိုင်း နေ့ရောညရော မိုးရွာတာကို အချိန်မရွေး ရေ ရနိုင်တာပဲလို့ အထင်မမှားသင့်သလို ဘ၀မှာ အောင်မြင်မှုတွေရနေချိန် ၀င်ငွေ ကောင်းနေချိန်မှာ ငါဟာ ကံကောင်းသူကြီးပဲ၊ လူတော်ကြီးပဲ၊ လူတတ် ကြီးပဲဆိုပြီး ပေါ့တီးပေါ့ဆ မနေသင့်ဘူး။ ပူပြင်းခြောက်သွေ့တဲ့ ရာသီတွေ ကို ရောက်တဲ့အခါ အဆင်ပြေအောင် သစ်ပင်ကြိုစိုက်ထားသလို ဗုံလုံတစ် လှည့် ငါးပျံတစ်လှည့် လောကကြီးမှာ ကံတရားအလှည့်အပြောင်းဖြစ်လာတဲ့ အခါ ရေခမ်းတော့မယ့် ကန်ထဲကငါးလို မဖြစ်ရအောင် ကြိုတင်စီမံရမှာ ဖြစ် ပါတယ်။

အဲဒါပြီးတော့ ရေတွင်းတူးတဲ့ ဥပမာလေးကို ဆက်ပြီး စဉ်းစားကြည့်စေ ချင်ပါတယ်။ နွေမိုးဆောင်း သုံးရာသီ ရှိတဲ့အထဲက နွေရာသီ ပူပြင်းခြောက်သွေ့တဲ့ အချိန်မှာ ရေတွင်းတူးရင် အဲဒီရေတွင်းဟာ တစ်နှစ် ပတ်လုံး ရေထွက်ဖို့ များပါတယ်။ ဒီလိုမှမဟုတ်ဘဲ ရေများတဲ့ မိုးရာသီတို့၊ ရေ သိပ်မနည်းသေးတဲ့ ဆောင်းရာသီတို့မှာ တူးမယ်ဆိုရင် တော့ အဲဒီရေတွင်း ဟာ ရေပေါတဲ့အခြားကလည်း ရေရနိုင်တဲ့ အချိန်တွေမှာ ရေရှိပေမယ့် အခြား ဘယ်ကမှ ရေမရနိုင်တော့လို့ တကယ်တမ်း ရေလိုအပ်တဲ့ နွေရာသီ လည်း ရောက်ရော ရေခမ်းပြီး ဘာမှ သုံးမရ ဖြစ်တတ်ပါတယ်။

အလုပ်ထဲမှာနဲ့ လူမှုဆက်ဆံရေး နယ်ပယ်မှာလည်း အစစ အရာရာ အဆင်ပြေပြီး အောင်မြင်မှုတွေ ရနေချိန်မှာ ကိုယ့်ကို ခေါ်ချင်ပြောချင် ခင်ချင် သူတွေက များနေတော့ ပေါင်းလို့သင်းလို့ အကောင်းဆုံး၊ ခင်စရာ အကောင်း ဆုံးလို့ ထင်ရတဲ့ လူတွေကို စိတ်ကြိုက် ရွေးချယ်ပြီး ပေါင်းသင်း မိတတ်ပါ တယ်။ ကြီးပွားချမ်းသာနေချိန် တိုးတက်အောင်မြင်နေချိန်မှာ သာရေးအ တွက်ရော၊ နာရေးအတွက်ရော၊ ဘာအကြောင်းမှ မရှိဘဲရော၊ အနားကို ၀ိုင်းဝိုင်းလည် ရောက်လာတတ်ကြတဲ့ အဲဒီလို လူတွေဟာ အားလုံးတော့ မဟုတ်ပေမဲ့ အတော်များများက နွေရာသီရဲ့ နောက်ဆုံးလ ရေခမ်းချိန် ရေရှား ပါးချိန် ရေတကယ်လိုအပ်ချိန်မှာ ခမ်းခြောက်သွားမယ့် ရေတွင်းလို ဖြစ်ဖို့ အလားအလာ ပိုများပါတယ်။

အလုပ်အကိုင် အဆင်မပြေ၊ ၀င်ငွေကျဆင်း၊ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ ပြီး နိမ့်ပါးနေချိန်မှာ ကိုယ့်ကို လိုလိုလားလား လက်ခံပေါင်းသင်းတဲ့သူ၊ နည်း နည်းဖြစ်ဖြစ် အချိန်ကုန် ငွေကုန်ခံပြီး ကူညီပံ့ပိုးတဲ့သူ၊ ကိုယ့်ဆီက ဘာမှ ပြန် မရနိုင်မှန်းသိရက်နဲ့ လိုအပ်ချက်တွေကို ပေးကမ်း ဖြည့်ဆည်း ပေးသူတွေ ဟာ နွေရာသီ ရေအနည်းဆုံး ဧပြီလ မေလလို အချိန်မျိုးမှာ လည်း ရေမခမ်း တဲ့ ရေတွင်းလို အားကိုးအားထားပြုထိုက်သူ မိတ်ဆွေ ကောင်း ဖြစ်နိုင်တဲ့ အလားအလာ ပိုများပါတယ်။

ဆိုလိုတာက ၀င်ငွေ၊ အလုပ်အကိုင်၊ ရာထူးဌာနန္တရ၊ စီးပွား လမ်းကောင်းနေ တိုးတက်ကြီးပွားနေတဲ့ အချိန်မှာရော၊ ဆုတ်ယုတ်ကျ ဆင်း နေတဲ့ အချိန်မှာရော သူ့အချိန်နဲ့သူ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်စ ရာတွေ ရှိနေပါတယ်။ အောင်မြင်မှုတွေရနေတဲ့အချိန်မှာ အောင်မြင်မှု ဂုဏ်ကြောင့် မေ့လျော့ မိန်းမောယစ်မူးမနေဘဲ မိမိသူတစ်ပါး နှစ်ဦးသား အတွက် ရေ ရှည်အကျိုးစီးပွားခိုင်မာစေမယ့်အလုပ်တွေကို ရှာကြံဖန်တီး တည်ဆောက်ရပါမယ်။ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာလည်း ဆုံးရှုံးမှု ဒဏ်ကို မခံနိုင်ဘဲ ဖြစ်ရလေခြင်းလို့ ၀မ်းနည်းပက်လက် စိတ်ဓာတ်တွေကျ၊ ကိုယ့်ကိုယ်ကို သနား၊ သူတစ်ပါးကို ဒေါသတွေထွက်၊ မနာလိုတွေဖြစ် နေ မယ့်အစား ဒီအချိန်မှာ မိတ်ဆွေတု မိတ်ဆွေယောင်၊ လက်တွဲဖော်ဆိုး၊ ဆရာ ဆိုး၊ တပည့်ဆိုးတွေ အနားကို ကပ်ချင်ကြမှာ မဟုတ်ဘူး၊ ငါ့အတွက် တစ်သက်လုံး ယုံကြည်စိတ်ချရမယ့် ရှားရှားပါးပါး မိတ်ကောင်း ဆွေကောင်း၊ လက်တွဲဖော်ကောင်း၊ ဆရာကောင်း၊ တပည့်ကောင်းတွေနဲ့ တွေ့နိုင်မယ့် အခွင့်အလမ်းသာတဲ့ အချိန်ပဲဆိုပြီး ကိုယ့်ရဲ့ တစ်နေ့တာ လုပ်စရာရှိတဲ့ အလုပ်တွေကို အားတက်သရော လုပ်၊ သွားစရာ ရှိတဲ့ နေရာတွေကို စိတ်ဝင်တစားသွားသင့်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။